ထိပ်ပြောင်၊ နောက်ပြောင်လို့ စိတ်ညစ်နေသလား?

ကျမ ၁၄-၁၅ နှစ်အရွယ်။ ကျမရဲ့မောင်ဝမ်းကွဲ တစ်ယောက် ၈-၉ နှစ်မှာ ဆံပင်ညှပ်ဆိုင်က အနာစက်ခေါ် တဲ့ပြည်တည်နာ ကူးလာပါတယ်။ (အဲ့ဒီအချိန်က တစ်ခါသုံး ဒါးတွေမပေါ်သေးပဲ သင်တုံးဒါး တစ်ချောင်း ထဲနဲ့အားလုံးကို ဆံပင်ညှပ်ပါ တယ်)။

သူ့ခေါင်း တစ်ခုလုံးပြည်တည် နာတွေနဲ့ပြည့်နေလို့ ရန်ကုန်ဆေးရုံကြီး အရေပြားဌာနကို သွားပြတော့ ဦးခေါင်းအရည်ခွံ ခွါရမယ် လို့ပြောလိုက်တယ် လို့သိရ ပါတယ်။ တကယ်ပြောတာလား၊ စလိုက်တာ လားတော့ မသိပါဘူး။

သူလည်းကြောက်လန့်ပြီး ဆေးရုံ မသွားတော့ပဲ သူတို့မိသားစု ကုနေကျ မြန်မာဆေးဆရာ နဲ့ပြပါတယ်။ အဲ့ဒီဆေးဆရာရဲ့ နံမည်တော့ မမှတ်မိ တော့ပါဘူး။ ဒါပေမဲ့သူ့ရဲ့ ညာဘက်လက်သန်းရဲ့ လက်သဲကရှည်နေ တာမို့ ကျမတို့က ဆရာလက်သဲလို့ အမည်ဝှက်ပေးထားပါတယ်။ (ဆရာဇီဝက အကြောင်းတွေ ဖတ်ရတော့မှ လက်သဲအရှည် ထားခြင်း ရဲ့ အဓိပ္ပါယ်ကို သဘောပေါက် လာပါတယ်)။

မြန်မာဆေးဆရာဆိုပေမဲ့ အနောက်တိုင်းဆေးဖိုးထက် ပိုဈေးကြီးပါတယ်။ ဆေးဖေါ်ဖို့ ကျပ် ၅၀၀ ပေးရ ပါတယ် (ရွှေဈေးနှစ်ထောင် ကျပ်၊ဆေးထိုးခ ၅ ကျပ်)။ သူက ဆေးအတွက် ကိုယ်တိုင်တောထဲ သွားပြီး ဆေးမြစ်တွေရှာပြီးမှ ကိုယ်တိုင်ဆေးဖေါ်တယ်လို့ သိရပါတယ်။ အတိုချုံပြောရရင် သူ့ဆေးနဲ့ မောင် ၀မ်း ကွဲရဲ့ခေါင်းပေါ်က အနာစက်တွေ အားလုံးပျောက်သွား ပါတယ်။ ဒါပေမဲ့ အနာတွေရဲ့နေရာမှာ အနာ ရွတ်တွေ ဖြစ်ပြီး တစ်ခေါင်းလုံး ဆံပင် တစ်ပင်မှမရှိ ပဲပြောင်လက်နေပါတယ်။ အဲ့ဒါနဲသူ့ကိုပြောပြတော့ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး ခေါင်းကို ပွတ်ခိုင်းပါတယ်။ အံသြလောက်အောင် မကြာခင်မှာ ဆံပင်တွေ ပေါက်လာတာ သူ့အရင်က ဆံပင်ထက် ပိုများတာကိုတွေ့ရပါတယ်။ အဲ့ဒီအကြောင်းတွေကို ယခုတိုင် မှတ်မိနေပါတယ်။ ဒါကြောင့် ထိပ်ပြောင် ၊နောက်ပြောင်သူ၊ ဆံပင်နည်းသူ၊ ပါးသူတွေတွေ့ရင် အရမ်းပြောပြချင်ပါတယ်။ ဒါပေမဲ့ ကျမမောင်ဝမ်းကွဲရဲ့ အနာရောဂါ အခြေအနေကြောင့်လား။ သူများအခြေ အနေနဲ့မတူမှာ စိုးပြီး မပြောဖြစ်ခဲ့ ပါဘူး။ အခု ကြက်သွန်နီ အကြောင်း ရှာဖတ်တော့ လက်တွေ့စမ်းသပ်မှု တစ်ခုအရ ကြက်သွန်နီအရည် နဲ့ဦးရည်ကို တစ်ပတ်နှစ်ကြိမ် ပွတ်ပေးရာ နှစ်လတွင် ဆံပင်များပေါက်လာ တာတွေ့ရတယ်လို့ ဆိုပါတယ်။ ကြက်သွန်နီရဲ့ အခြားသောကျန်းမာရေး အကျိုးပြုအစွမ်းသတ္တိများ ကိုလည်းဖေါ်ပြ လိုက်ပါတယ်။

ကြက်သွန်နီရဲ့ ကျန်းမာရေး အကျိုးပြုအစွမ်းသတ္တိတွေဟာ အလွန်များလှပါတယ်။ သူ့မှာ အစွမ်းထက်တဲ့ ပိုးသတ်တဲ့ ဂုဏ်သတ္တိ (anti-bacterial) နဲ့ အစွမ်းထက်တဲ့ ပိုးသန့်ရှင်းစေတဲ့ သတ္တိ (anti-septic) တွေရှိ တဲ့အတွက် ကြက်သွန်နီကို အသီးအနှံတို့ရဲ့ ဘုရင်လို့ခေါ်ပါတယ်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ဟာ နီးစပ်တဲ့ မျိုးများဖြစ်ပါတယ်။ ကြက်သွန်နီရဲ့ အရောင်ဟာ အဖြူ၊အနီ၊ အ၀ါ၊ နဲ့အစိမ်းရယ်လို့ အရောင်အမျိုးမျိုး ရှိပါတယ်။ အရောင်တွေ ကွဲပြားသလို၊ အရွယ်အစားနဲ့ အရသာလည်း အမျိုးမျိုးကွဲပြားပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ ဆာဖါ (organic sulpha) များကြောင့် ၎င်းတို့ကိုလှီးရင် မျက်စိစပ်စေ ပါတယ်။ အမျိုးအစား၊ လတ်ဆပ်မှု၊ ရင့်မှည့်မှုအခြေအနေ (maturity) ပေါ်မူတည်ပြီး ၎င်းတို့ တွင်ပါဝင်သော အာဟာရ ဓါတ်အနည်းအများ ကွဲပြားပါတယ်။

ကြက်သွန်နီမှာ ဗီတာမင် အေ၊ဘီ၊စီ၊ folic acid, calcium, phosphorus, magnesium, chromium, iron နှင့် fiber တွေများစွာ ပါဝင်ပါတယ်။

ခရစ်မပေါ်မှီ နှစ် လေးထောင်ကထဲက ကြက်သွန်နီကို ရောဂါအမျိုးမျိုး ကုသရာတွင် အသုံးပြုခဲ့တဲ့ မှတ်တမ်း များ ရှိပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းက ဒါဏ်ရာရသော စစ်သားများရဲ့အနာ သက်သာ ရန်နှင့် အနာ ကျက်ရန်အတွက် ကြက်သွန်နီအနှစ် (onion paste) ကို အသုံးပြုခဲ့ကြပါတယ်။

ကြက်သွန်နီ အသုံးပြုနိုင်သော ရောဂါများ။

၁။ သွေးအားနည်းခြင်း (Anemia)- ကြက်သွန်နီမှာပါဝင်တဲ့ သံဓါတ်နဲ့ folic acid တို့ကြောင့် သွေးအား နည်းခြင်းရောဂါကို သက်သာစေပါတယ်။

၂။ အဆီကျခြင်း (Anti-cholesterol) တစ်နေ့လျှင် အရွယ်တော်ကြက်သွန်နီ တစ်ခြမ်း စားပေး ခြင်းဖြင့် အဆီကျစေပြီး အဆီပိတ်နှလုံးရောဂါကို ကာကွယ်နိုင်ပါတယ်။

၃။ အရောင် သက်သာခြင်းသတ္တိ (anti-inflammmatory effect) ကြောင့် အဆစ်အမြစ် ရောင် ရောဂါ (arthritis) နဲ့ ဂေါက်ရောဂါ (gout) များတွင် အသုံးပြုနိုင်ပါတယ်။

၎။ ပိုးသတ်ခြင်း (anti-bacterial) ကြက်သွန်နီဟာ ရောဂါဖြစ်စေသော ပိုးများ၊ အထူးသဖြင့် ဆီးလမ်း ကြောင်းမှာ ရောဂါဖြစ်စေသော (E.coli) ပိုး၊ ၀မ်းလျော်၊ စမ်းကိုက်ရောဂါပိုး (Salmonella) နဲ့ တီဘီပိုး (TB) တို့ကို သတ်နိုင်စွမ်း ရှိပါတယ်။

၅။ သွေးတိုးရောဂါ (Hypertension) ကြက်သွန်နီအစိမ်း(၀ါ) အကျက်စားခြင်းဖြင့် သွေးတိုး ကျစေပါ တယ်။ သွေးကြဲစေပါတယ်။ သွေးကြောထဲမှ သွေးခဲမှုများကိုလည်း အရည်ပျော်စေပါတယ်။

၆။ အူမကြီးကင်ဆာ (Cancer of colon) ကြက်သွန်နီသည် အူမကြီးရှိ ကျန်းမာရေး အထောက် အကူပြု ပိုးမွှားများအား တိုးပွါးစေခြင်းဖြင့် အူမကြီးကင်ဆာကို ကာကွယ်နိုင်ပါသည်။

၇။ ၀မ်းချုပ်ခြင်း။ ဟင်းများတွင် ကြက်သွန်နီများစွာ ထည့်ချက်ခြင်းဖြင့် ၀မ်းချုပ်ခြင်းနှင့် လေလည်ခြင်း ကို သက်သာစေပါတယ်။

၈။ ဆီချိုရောဂါ ( Diabetes) ကြက်သွန်နီတွင်ပါဝင်သော chromium က အင်ဆူလင် ဓါတ် ထုတ်လုပ် မှုကောင်းစေခြင်းဖြင့် ဆီချိုရောဂါကို သက်သာစေပါတယ်။

၉။ နားအူခြင်း၊ နားတွင်း အသံမြည်နေခြင်း။ ကြက်သွန်နီရည် ဆွပ်ထားသော ၀ါဂွမ်းကိုနားတွင် ထည့်ခြင်းဖြင့် နားအူခြင်း၊ နားတွင်း အသံမြည်နေခြင်းတို့ ကို သက်သာစေပါတယ်။

၁၀။ ဆံပင်ပေါက်ခြင်း။ ကြက်သွန်နီ အရည်(၀ါ) ကြက်သွန်နီဖြင့် ဦးရည်ကို တစ်ပတ်နှစ်ကြိမ် ပွတ်ပေးပါ က နှစ်လတွင် ဆံပင်ပေါက်စေတယ်လို့ ဆိုပါတယ်။

၁၁။ အရိုးပါးရောဂါ (osteoporosis) ကြက်သွန်နီသည် အရိုးပါးရောဂါကိုလည်း သက်သာ စေပါတယ်။

၁၂။ အအေးမိခြင်း၊ ချွဲကပ်ခြင်း။ ကြက်သွန်နီသည် ခုခံအားကိုလည်း ကောင်းမွန်စေပါတယ်။ ကြက်သွန်နီ ရည်နှင့် ပျားရည်ဆတူ ရောပြီးတစ်နေ့လျှင် လ္ဘက်ရည်ဇွန်းဖြင့် ၃-၄ကြိမ်သောက် ပါက ချွဲများ အရည်ပျော်စေပြီး အအေးမိချောင်းဆိုးခြင်းကို ပျောက်ကင်းစေပါတယ်။

၁၃။ ကြက်သွန်နီကိုရေဖြင့် ရေထက်ဝက်ခမ်းသည် အထိပြုပ်ပြီးနောက် ၎င်းပြုပ်ရည်သောက်ပေးပါက ဆီပူခြင်းကို ပျောက်ကင်းစေပါတယ်။

၁၄။ ကာမအားသန်စွမ်းခြင်း။ ကြက်သွန်နီအဖြူမျိုးသည်အခြားမျိုးများထက် ကာမအား သန်စွမ်း ခြင်း သတ္တိပိုကောင်းပါတယ်။

သတိထားရန် အချက်များ။

ကြက်သွန်နီကို လေသလပ်သည့် အခန်းအပူချိန်၊နေရောင် တိုက်ရိုက် မရသောနေရာတွင် သိမ်းဆည်း နိုင် ပါတယ်။ အာလူးများနဲ့ အတူတူထားပါက အာလူးမှ အဆိုဓါတ်နဲ့ ethylene ဓါတ်ကြောင့်ကြက်သွန် နီများ ပုပ်လွယ်ပါတယ်။ လှီးထားသော ကြက်သွန်နီများအား လေလုံသောနေရာတွင် ၁-၂ ရက်ခန့်သိမ်ထား နိုင် ပါတယ်။ ကြက်သွန်နီလှီးစဉ် မျက်စီမစပ်အောင် ကြက်သွန်နီများကို မလှီးခင်တစ်နာရီ အအေးခံထားခြင်း (၀ါ) ရေတွင် စိမ်ပြီးအခွံနွှာခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ကျမ်းကိုး။
http://juicing-for-health.com/…/health-benefits-of-onion.ht…
မြတ်ပန်းရဂုံ

သင့်အတွက်ကျန်းမာရေး
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...