အိပ်မက်အကြောင်း သိကောင်းစရာ

၁။ သင့် အိပ်မက်၏ ၉၀% သည် သင်နိုး လျှင် မေ့သွား တတ်သည်။

အိပ်ရာနိုးပြီး ၅ မိနစ် အတွင်းတွင် အိပ်မက် တစ်ဝက်လောက်ကို မေ့သွားတတ်ပြီး၊ ၁၀ မိနစ်လောက် ကြာလျှင်တော့ ၉၀% လောက် ကို မေ့သွား တတ်ပါတယ်။

၂။ မျက်စိမမြင် သူများလည်း အိပ်မက် မက်ကြသည်။

လူများသည် မျက်စိမြင်သောအခါမှ အပြင်မှာမြင်သော အရာများကို အိပ်မက်ထဲ ထည့်မက်ကြသည်ဟု ထင်ကြလိမ့်မည်။ သို့သော် မွေးကတည်းက မျက်စိမမြင်သော သူပင်လျှင် အိပ်မက် မက်တတ်ကြသည်။ ၄င်းတို့ အိပ်မက်ထဲတွင် သူတို့ရင်းနှီးသော အသံ၊ အနံ့၊ အထိအတွေ့ နှင့် ခံစားချက်များ ပါဝင်ပါတယ်။

၃။ လူတိုင်း အိပ်မက် မက်ကြသည်။

ဦးနှောက်ထိခိုက်ပြီး သွပ်သွပ်ခါအောင် ရူးနေသူများမှလွဲပြီး ကျန်တဲ့ လူသားတိုင်း အိပ်မက် မက်ဖူးကြသည်။ သင် အိပ်မက်တခါမှ မမက်ဖူးဘူးဟုဆိုလျှင် သင်သည် ထိုအိပ်မက်များကို မေ့သွားသောကြောင့် ဖြစ်ပေလိမ့် မည်။ သို့မဟုတ်....

၎။ အိပ်မက်ထဲတွင် ကျနော်တို့ သိပြီးသော အကြောင်းအရာများကိုသာ မြင်တွေ့ရသည်။

ဥပမာ။ သင့်အိပ်မက်ထဲတွင် ပါဝင်သော သူသည် ပြင်ပလောကတွင် သင်ရင်းနှီးပြီးသောသူပင်ဖြစ်သည်။ ထိုသူ၏ မျက်နှာသည် အပြင်ကအတိုင်းပင်ဖြစ်သည်။ သို့သော် တခါတလေ မမှတ်မိနိုင်။ အဘယ့်ကြောင့် ဆိုသော် သင်ဘ၀ တလျောက်လုံးတွင် လူ ထောင်ပေါင်းများစွာကို တွေ့ရှိထားပြီးသော သင်၏ ဦးနှောက်မှ အိပ်မက်အတွက် အသုံးပြုတဲ့ ပုံရိပ်ဟာ အများကြီးဖြစ်နေတတ်သောကြောင့် ဖြစ်သည်။

၅။ အိပ်မက်ထဲတွင် တခါတလေ အရောင်များ မပါရှိပါ။

၁၂% သော အိပ်မက်များသည် အဖြူအမည်း သက်သက်ဖြစ်သည်။ ကျန် ရာခိုင်နှုန်းများတွင်သာ အရောင် ပါရှိသည်။ သုတေသန ပြုလုပ်ချက်များအရ ၁၉၁၅ ခုနှစ်မှ ၁၉၆၀ အထိ လူသားများသည် အဖြူအမည်း ဖြင့် သာ အများဆုံး အိပ်မက်မက်ကြပြီး ယနေ့ခေတ်မှာတော့ အသက် ၂၅ နှစ်အောက် လူငယ်များရဲ့ ၄.၄% ကသာ အဖြူအမည်း မက်ကြသည်။ ထိုကဲ့သို့ အရောင်မပါဘဲ မက်ခဲ့ခြင်းသည် ထိုအချိန်က ကြည့်ခဲ့ကြသော တီဗွီ အရောင်များနှင့် ဆက်စပ်မှု ရှိနေပါသည်။

၆။ အိပ်မက်များဟာ သင်္ကေတတစ်ခုဖြစ်ပါတယ်။

အကြောင်းအရာတစ်ခုကို အိပ်မက်မက်တဲ့အခါ တခါနှင့်တခါ မတူနိုင်ပါဘူး။ အိပ်မက်ထဲမှာ စကားပြောတဲ့ အခါ သင်္ကေတတစ်ခုနဲ့ သက်သက်မှတ်မှတ် ပြောပါတယ်။ ဥပမာ။ ဒီလူကို တွေ့ရင် ဒီအကြောင်းကို သာပြောပါတယ်။

၇။ စိတ်ခံစားမှုများနဲ့ ဆက်နွယ်ခြင်း။

အိပ်မက်များနဲ့ ဆက်နွယ်လို့ အများဆုံး ခံစားရမှုမှာ စိုးရိမ်ပူပန်ခြင်း ဖြစ်ပါတယ်။ အိပ်မက်ဆိုးတွေဟာ အိပ်မက်ကောင်းတွေထက် ပိုမက်တတ်ပါတယ်။

၈။ တစ်ညထဲမှာ အိပ်မက် ၄ ခုမှ ၇ ခုအထိ မက်နိုင်ပါတယ်။

ပျမ်းမျှအားဖြင့် အိပ်ချိန် တစ်နာရီ နှစ်နာရီလောက် အတွင်းမှာကို အဲ့ဒီ့လောက် မက်နိုင်ပါတယ်။

၉။ အပြင်မှ အသံများ အိပ်မက်ထဲ ၀င်လာခြင်း။

တခါတလေ အိပ်နေတဲ့အချိန်မှာ အပြင်က ထိတွေ့မှု၊ ကြားနေရတဲ့ ဆူညံသံ (သို့) သာယာနာပျော်ဖွယ် အသံများဟာ အိပ်မက်ထဲ ၀င်လာတတ်ပါတယ်။ နှိုးစက်မြည်တဲ့အချိန် အိပ်မက်ထဲကနေ ထ ပိတ်ဖူးမှာပေါ့။ ဒါဟာ အပြင်က လာတဲ့ ထိတွေ့မှုများကို စိတ်မှ အိပ်မက်အဖြစ် ပြန်လည် ပုံဖော်ပေးနေခြင်းကြောင့် ဖြစ် ပါတယ်။

၁၀။ ယောက်ျား နဲ့ မိန်းမ မက်သော အိပ်မက်များ မတူညီပါ။

အမျိုးသားများ မြင်မက်တဲ့ အိပ်မက် ၇၀% ထဲမှာ ဇတ်ကောင်ဟာ မိမိကိုယ်တိုင်မဟုတ်ဘဲ အခြားသောသူ များ ဖြစ်နေတတ်ပါတယ်။ နောက်တစ်ခုက ယောက်ျားများ မြင်မက်သူများဟာ ယောက်ျားများပင် ဖြစ်နေတတ်ပါတယ်။ အမျိုးသမီးများ အိပ်မက် မက်လျှင်တော့ ယောက်ျား၊ မိန်းမ အရေအတွက် အတူတူ ပါ ပါတယ်။ နောက် တစ်ချက်ကတော့ ယောက်ျားများဟာ မိန်းမများထက်ပိုပြီး အိပ်မက်ထဲမှာ စိတ်ထက်သန်ကြပါတယ်။

၁၁။ နိမိတ် ကြိုတင်ပြသော အိပ်မက်များ

သုတေသန ပြုလုပ်ထား ချက်များအရ ၁၈% မှ ၃၈% သော သူများဟာ နိမိတ်ပြ သကဲ့သို့သော အိပ်မက် များအား အနည်းဆုံး တစ်ကြိမ် ခန့် မြင်မက်ဖူးကြပါတယ်။ ၇၀% လောက်က အပြင်မှာ တကယ်ဖြစ်လာ တယ်လို့ ဆိုကြပါတယ်။

၁၂။ သင် ဟောက်နေတဲ့ အချိန်မှာ အိပ်မက် မမက်ပါဘူး

သက်သေပြစရာ မတွေ့ရှိသေးပေမယ့် ဒီအချက်ကို တော်တော်များများ လက်ခံထားကြပါတယ်။

၁၃။ အိပ်မက်ထဲက လိင်ကိစ္စ

တခါတလေ အိပ်မက်ထဲမှာ လိင်ကိစ္စ အကြောင်းအရာများ ဖြစ်ပေါ်လာတတ်ပါတယ်။ ဖြစ်လာခဲ့လျှင်လည်း အပြင်မှာ ဖြစ်သကဲ့သို့ စိတ်ခံစားမှုကို အပြည့်အ၀ ရပါတယ်။ ထိုကဲ့သို့ လိင်နှင့်ပတ်သက်သော ထိတွေ့ခြင်း ခံစားချက်များဟာ တခါတရံ အပြင်မှာထက်ပင် ပိုမိုပြင်းထန် တတ်ပါတယ်။

ဒါကတော့ ကျနော်တို့ မက်တဲ့ အိပ်မက်တွေအကြောင်း တစေ့တစောင်းပေါ့။

အာကာသနှင့် စကြ၀ဠာ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...