အတိုက်အခံပြောဆို တတ်သူများကြောင့် ဆုံးဖြတ်ချက်ကောင်းများ ချမှတ်နိုင်

By သမန်းကျား

လူတွေဟာ သာမန်တွေ့ ဆုံပွဲတွေမှာ အရာရာကို ရယ်မောပြီး သဘောတူ ပေးနိုင်ပေမယ့် တစ်ကယ့် တစ်ကယ် ဆုံးဖြတ်ချက်တွေ ချရမယ့် လုပ်ငန်း ခွင် ဆွေးနွေးမှုတွေ မှာတော့ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ကန့် ကွက်စရာ ရှိတာတွေကို ဘယ်သူ့ မှ အားမနာဘဲ လုပ်နေတတ် သူတွေ ရှိနိုင်ပါတယ်။ ဒါမေယ့် ဒီလိုလူတွေရှိ လို့ လည်း အဲဒီ ကုမ္ပဏီ၊ ရုံး၊ အဖွဲ့ အစည်းတွေက ပြင်ပဝေဖန် တိုက်ခိုက်မှုတွေကို ခံနိုင်မယ့် ဆုံးဖြတ်ချက် မျိုးတွေ ချမှတ်နိုင်တာလို့  စီးပွားရေး ပညာရှင်ကြီးတွေ က ပြောပါတယ်။

မနေ့ က အိမ်မှာ ညစာစားပွဲလေး ကျင်းပဖြစ်ခဲ့တယ်။ ဧည့်သည်အားလုံးကို သူ့ အဖွဲ့ နဲ့ သူ နေရာ ချပေးပြီးတော့ ဘယ်အဖွဲ့ နဲ့ မှ အဆင်မပြေတဲ့ဧည့်သည်တွေကျန်မှန်းမသိ ကျန်သွားတယ်။ ဒီတော့ စကားရောဖောရောပြောရင်း ကျွန်တော်တို့ ဝိုင်းလိုက်ရအောင်ဆိုပြီး ဖိတ်ခေါ်လိုက်တယ်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ ‘သွားပါပြီ’ ပေါ့။ တစ်ယောက်က သွားဆိုက်ဆရာဝန်၊ နောက် တစ်ယောက်က အထူးကုသမားတော်၊ စာရင်းစစ်ချုပ်၊ နာမည်ကြီး ပါမောက္ခနဲ့  ပြည်ထဲရေးဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိ တို့ နဲ့ ကျွန်တော် တစ်ဝိုင်းထဲထိုင်ရတာကိုး။ ဒီလူတွေနဲ့  စကားကို ဘယ်ကနေဘယ်လို စပြောရမှန်း မသိ ဖြစ်နေခဲ့ပါတယ်။

အိမ်ရှင်ဆိုတော့လည်း ကျွန်တော်က အစားနဲ့ ရော စကားနဲ့ ပါ ဧည့်ခံရတာပေါ့။ ဒါပေမယ့် ထူးထူး ဆန်းဆန်း ပါပဲ။ ကျွန်တော်တို့  ပြောနေဆိုနေတာတွေ အတော်များများကို သူတို့ သဘောကျထောက် ခံပေးပြီး သဘောမတူနိုင်ဘူး ဆိုရင် ရယ်နေလိုက်ကြတယ်။ ကျွန်တော်တို့ ဆွေးနွေးတာ အစုံပါ ပဲ။ ဗြိတိသျှနိုင်ငံရဲ့ ပညာရေးစနစ်ကနေ ဥရောပ သမဂ္ဂတွေပါ ပါလာတယ်။ တခြားဝိုင်းတွေကိုကြည့်ပြီး ကျွန်တော်ခေါင်းတညိတ်ညိတ်နဲ့ တွေးမိတယ်။ သူတို့ တောင် ငါတို့ လောက် အဆင်မပြေပါလားပေါ့။ လူတွေက ဒီလိုပျော်စရာကောင်းအောင် ဘာဖြစ်လို့ များ မဆက်ဆံတတ်ကြ တာပါလိမ့်။ ကုမ္ပဏီ အစည်းအဝေးတွေမှာ ဒီလိုပျော်စရာကောင်းအောင် ပြောတတ်တဲ့သူတွေ ဘာဖြစ်လို့ မပါတာ ပါလိမ့်ပေါ့။

ဒါပေမယ့်လည်း ဒါဟာ ညစာစားပွဲပါပဲလေ။ ဒီမှာအရေးကြီးဆုံးဖြတ်စရာတွေ မရှိလို့ သာ အားလုံးက အလိုက် အထိုက် ပြောပြီး ပျော်စရာကောင်းအောင် ၀ိုင်းလုပ်ပေးနေကြတာနေမှာပါ။ တစ်ကယ့်တစ်ကယ် ဆုံးဖြတ်ချက် ချရမယ့် ကိစ္စမျိုးဆိုရင် ဒီလူတွေလည်း ဆန့် ကျင့်ဘက်အသွင်ကိုဆောင်ဖို့  ၀န်လေးမယ့်သူ တစ်ယောက်မှ မပါဘူး ဆိုပြီး ကျွန်တော်နဲ့  ထမင်းအတူစားနေတဲ့ အလွှာခြင်းလုံးဝမတူတဲ့သူတွေကို ကျွန်တော် တစိမ့်စိမ့်ကြည့်ရင်း တွေးနေမိတယ်။

သေချာတာကတော့ ကုမ္ပဏီဘုတ်အဖွဲ့ အစည်းအဝေးတွေမှာ တစ်ယောက်နဲ့ တစ်ယောက် အတိုက်အခံ မပြောတဲ့ သူတွေချည်းဆိုရင် အတော်ပျော်စရာကောင်းနေလိမ့်မယ်ဆိုတာပါပဲ။ ရယ်လိုက်မောလိုက်နဲ့  ဆုံးဖြတ်ချက်တွေ တစ်ခုပြီးတစ်ခုချလို့  အစည်းအဝေးပြီးတာနဲ့  ညစာစားပွဲလေးတွေကျင်းလို့  ဘယ်လောက်ပျော်စရာကောင်းလိမ့် မလဲလို့  ကျွန်တော်တွေးမိပါတယ်။

ဒါပေမယ့် ဘုတ်အဖွဲ့ အစည်းအဝေးဆိုတာ တစ်ကယ့်ကို ခက်ခဲတဲ့ဆွေးနွေးမှုတွေနဲ့  အတိမ်းအစောင်းမခံတဲ့ ဆုံးဖြတ်ချက်တွေ ချရတာကိုး။ ကျွန်တော် ကိုယ်တိုင်လည်း ဘုတ်ဒါရိုက်တာ တစ်ဦးပါ။ လူတွေ တင်ပြသလာ သမျှကို စိမ်ခေါ်တဲ့မေးခွန်းမျိုးတွေမေးရတာ ကျွန်တော့်တာဝန်ပါ။ ဒါမှသာလျင် ပြင်ပက ဝေဖန်ထိုးနှက် တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံနိုင်မယ့် ဆုံးဖြတ်ချက်မျိုး ကျွန်တော်တို့ ချနိုင်မှာကိုး။ ဒီလို ကိုးလို့ ကန့် လန့် တွေ လိုက်မေးနေလို့ လည်း ကျွန်တော်တို့ ကုမ္ပဏီရဲ့ အရည်အသွေးက တဖြည်းဖြည်းတိုးတက်လာတယ်ဆိုတာ အမှန်ပဲလေ။

ကုမ္ပဏီ၊ရုံး၊အဖွဲ့ အစည်းတွေအနေနဲ့  ဟန်ချက်ညီမျှမှု ရရှိစေရေးအတွက် စဉ်းစားရမယ့် လမ်းကြောင်း ရှိပါတယ်။ ဒါပေမယ့် ဟန်ချက်မညီမျှမှု အနဲအကျဉ်းရှိတာက ပိုပြီးအကျိုးရှိပါတယ်။ ကိုယ်နဲ့ သဘောထားခြင်း မတိုက်ဆိုင်တဲ့ လူတွေအပေါ် အဆင်ပြေပြေနဲ့ ဆက်ဆံဆွေးနွေးနိုင်မယ်ဆိုရင် ပိုကောင်းတဲ့ ရလာဒ်တွေကို ရလာနိုင်ပါတယ်။

ကမာကောင်ထဲမှာ ပုလဲဖြစ်လာအောင် သဲဝင်နိုင်ဖို့  လိုပါတယ်။ ဒီလိုပဲ ပုလဲရတနာလို တန်ဖိုးရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အရေး တစ်ဖက်နဲ့ တစ်ဖက် အကြိတ်အနယ် ငြင်းခုန်ဆွေးနွေးတာတွေ လုပ်နိုင်ဖို့  လိုအပ်ပါတယ်။ ဒါကြောင့် အရေးကြီးဆုံးဖြတ်ချက်တစ်ခု ချရတော့မယ်ဆိုရင် ဒီ့ပြင်လူတွေ ဘယ်လိုဝေဖန်မလဲဆိုတာကို ကိုယ့်လူ အချင်းချင်းက ကြိုတင်ဝေဖန် တိုက်ခိုက် မေးခွန်းမေးမြန်း ငြင်းခုံဆွေးနွေး ကြမယ်ဆိုရင် ပိုပြီးပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ်နိုင် မှာပါ။

အဖွဲ့ အစည်းတိုင်းက သတိထားလိုက်နာရမယ့်အချက် (၂)ချက်ရှိပါတယ်။ အပြန်အလှန်လေးစားမှုနဲ့  အရည်အချင်း ပြည့်ဝတဲ့ ခေါင်းဆောင်တွေပါ။

အစည်းအဝေးခန်းမထဲ ရောက်လာ သူတွေအားလုံးမှာ လေးစားစရာတစ်ခုတော့ ရှိတယ် ဆိုတာကို လက်သင့်ခံရပါမယ်။ ဒီလူတွေက ကိုယ့်အကြိုက်လိုက်မပြောလို့  မုန်းမယ်၊ ပယ်ထားမယ်ဆိုရင် အဲဒီ ကုမ္ပဏီက ဘယ်လောက်မှ ကြာကြာခံမှာမဟုတ်ပါဘူး။ အကြံသစ်၊ ထင်မြင်ချက်သစ်၊ ဝေဖန်မှုအသစ်တွေကို ရင်မဆိုင်နိုင်ဘူးဆိုရင် အဲဒီကုမ္ပဏီရဲ့  တီထွင်ဖန်တီးနိုင်စွမ်းက လုံးဝယုတ်လျော့နေလို့ ပါပဲ။ လူတွေက သူတို့ ရဲ့  မတူကွဲပြားတဲ့အကြံနဲ့  ဖြေရှင်းချက်တွေကို လွတ်လပ်စွာပြောရေးဆိုခွင့်ရှိတယ်ဆိုတာသိရင် သိပ်ကောင်းတဲ့ အကြံ တွေ အမျိုးမျိုးကို ရရှိနိုင်ပါတယ်။

ဒါပေမယ့် တမင်တကာ ပြဿနာရှာနေဖို့ ပြောတာတော့ မဟုတ်ပါဘူး။ ဒီလိုလုပ်နေလို့  ရှေ့ ဆက် တိုးနိုင် မှာလည်း မဟုတ်ပါဘူး။ အပြုသဘောဆောင်ပြီး ဆောင်တဲ့ဆွေးနွေးချက်တွေကိုတော့ အလုပ်ဖြစ် သွားအောင်၊ အဖြေပေါ် အောင် ဆွေးနွေးဖို့  လိုအပ်ပါတယ်။ ဒါကတော့ တစ်ဖက်နဲ့ တစ်ဖက် အပြန် အလှန် လေးစားမှုရှိရမယ်ဆိုတာပဲပေါ့။

တစ်ခါ အရည်အချင်းပြည့်ဝတဲ့ခေါင်းဆောင်ကောင်းတွေရှိဖို့  လိုအပ်ပါသေးတယ်။ အငြင်းပွားမှုတွေကို အပြုသဘော ဆောင်တဲ့ လမ်းကြောင်းထဲ ဦးတည်ပေးနိုင်မယ့်သူမျိုး ဖြစ်ရပါမယ်။

အဖွဲ့ အစည်းရဲ့ ခေါင်းဆောင် ဒါမှမဟုတ် ဆွေးနွေးမှုတစ်ခုကို ဦးဆောင်နေသူမှာ ဒီအရည်အချင်းမျိုး မရှိလို့ မဖြစ်ပါဘူး။ မတူကွဲပြားတဲ့ အမြင်တွေ၊ အကြံတွေ ကို ပေါင်းစပ်ညှိနှိုင်းပြီး အဖြေရှာနိုင် သူမျိုး ဖြစ် ရပါမယ်။ အဲဒီအဖြေကနေ ဆုံးဖြတ်ချက်ကောင်းတွေ ရလာပြီး ရှေ့ ဆက် လုပ်ငန်းစဉ်တွေမှာ အကျိုးရှိတဲ့ လမ်းစဉ်တွေ ထွက်လာအောင် လုပ်တတ်တယ်ဆိုမှ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းတွေလို့  သတ်မှတ်နိုင်မှာပေါ့။

လူ့ သဘာဝကိုက အမြှောက်ကြိုက် တတ်ပါတယ်။ ကိုယ်ပြောသမျှ ‘ဟုတ်ကဲ့၊ မှန်ပါတယ်’ လုပ်နေရင် သဘောကျ ပါတယ်။ ကိုယ်ပြောတာကို ကန့် ကွက်မယ် ဆိုရင်တော့ အသက်အားဖြင့်ဖြစ်စေ၊ ၀ါအားဖြင့်ဖြစ်စေ၊ အတွေ့ အကြုံ အားဖြင့်ဖြစ်စေ၊ ရာထူးအားဖြင့်ဖြစ်စေ၊ အပေါင်းအသင်းအားဖြင့်ဖြစ်စေ တနည်းနည်းနဲ့  အနိုင်ယူပစ်လိုက်တတ်ကြ ပါတယ်။ ဒါပေမယ့် ဒီလို အနိုင်ယူနေလို့  သင့်လုပ်ငန်းအတွက် ရလာဒ်ကောင်းတွေ ထွက်လာမှာ မဟုတ်ပါဘူး။ ကိုယ့်ကို ဝေဖန်ရဲတဲ့၊ အတိုက်အခံပြောရဲတဲ့သူတွေဟာ ကိုယ့်ရုံးထဲမှာပဲ ရှိနေတာ ပိုကောင်းမလား၊ ပြင်ပထိုးနှက်မှု ကို လူသိရှင်ကြားခံမလားဆိုတာ သင်ပဲ စဉ်းစားကြည့်ရမှာပါ။

အနောက်တိုင်းနိုင်ငံတွေမှာတော့ အစည်းအဝေး ခန်းတွေထဲမှာ နားထောင်ရုံ သက်သက်မဟုတ်ဘဲ တက်ကြွပွင့်လင်း စွာ ဆွေးနွေးပြောဆိုငြင်းခုံရင်း အကောင်းဆုံးအဖြေကို ရှာတတ်ကြတာမို့  ကိုယ့်အကြိုက် လိုက်ပြီးပြောတတ်တဲ့ ၀န်ထမ်းတွေကိုပဲ မွေးမနေဘဲ မဟုတ်တာကို မဟုတ်တဲ့အတိုင်း ရဲတင်းပွင့်လင်း စွာ ပြောဆို တင်ပြဆွေးနွေးတတ်တဲ့ ၀န်ထမ်းတွေလည်း လိုအပ်တယ်ဆိုတာကို လေ့လာရေးသေား တင်ပြလိုက်ရပါတယ်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...