ကြက်သားမွမွ အစပ်ကြော်

***... ကြက်သားမွမွ အစပ်ကြော် အတွက် လိုအပ် တာလေးတွေ…

1. ကြက်တစ်ကောင် – ၁ ကီလိုခွဲခန်.
2. ရေ – 750 ml
3. ပါးပါးသေးသး လှီးထားသော ကြက်သွန်ဖြူ – ထမင်းစား ဇွန်း ၇ ဇွန်း
4. ဟင်းချိုမှုန်. – လက်ဖက်ရည် ဇွန်း ၁ ဇွန်းခွဲ
5. ဆား – လက်ဖက်ရည် ဇွန်း ၂ ဇွန်း
6. ဆီ – ဟင်းခတ်ဇွန်းကြီး ၈ ဇွန်း
7. ငရုတ်သီး အကြမ်းမှုန်. – ထမင်းစားဇွန်း ၄ ဇွန်း

***... ကြက်သားမွမွ အစပ်ကြော်လေး စကြော်ရအောင်…

အရေခွံခွာပြီး ၄ ပိုင်း ပိုင်းထားသော ကြက်တစ်ကောင် နှင့် ရေကို အိုးထဲထည့်ကာ အဖုံး ဖုံးပြီး high heat နှင့် ပြုတ်ပေးပါ။

ရေဆူပြီး အမြှုပ်များတက်လာလျှင် အမြှုပ်များအား ခပ်ထုတ်ပစ်ပါ။
ပြီးလျှင် medium heat သို.လျှော့ကာ အိုးအဖုံး ဖုံးပြီး မိနစ် ၅၀ ခန်. တည်ထားပါ။

အရည်အနည်းငယ်ကျန်ကာ အသားများနူးလာလျှင် အသားများကို ဇွန်းနှင့် ထိုးခြေကာ အရိုးများကို ဖယ်ထုတ်ပေးပါ။ (ဒီအချိန်မှစပြီး အိုးအဖုံး ဖုံးရန် မလိုတော့ပါ။)

ဆီ၊ အချိုမှုန်.၊ ဆား နှင့် ကြက်သွန်ဖြူထည့်ကာ medium heat နှင့် မိနစ် ၃၀ ခန်. ကြော်ပေးပါ။ (အိုးမကပ်စေရန် နှင့် အသားများပိုကြေမွသွားစေရန် ၃၊၄ မိနစ်ခြားလျှင် ၁၀ ခါလောက် ဇွန်းနှင့် ဖိခြေမွှေကြော်ပေးပါ။)

အရည်များလုံးဝခန်းကာ အသားများမွပြီး အတော်လေးအရောင်ပြောင်းလာလျှင် ငရုတ်သီးအကြမ်းမှုန်.ကို ထည့်ပါ။

High Heat တို. တိုးကာ ၁၀ မိနစ်ခန်.မွှေကြော်ပေးပါ။ (အောက်ပါပုံ အတိုင်း ဆီ နှင့် အသားများ ၂ ခါလောက် ပွတက်လာပြီးလျှင် မီးဖို မီးကိုပိတ်ပါ။)

ပြီးလျှင် ဆီစစ်ထားပါ။

ready made ကြာဇံပြုတ်ထဲ ထည့်စားစား၊ နံနံပင် အာလူးပါမုန်.ထဲ ထည့်စားစား ကြိုက်နှစ်သက်သလို စားနိုင်သော အရသာရှိလှတဲ့ ကြက်သားမွမွ အစပ်ကြော်လေး အသင့်ဖြစ်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...