သွားများကျ​ဥ်ြ​ခ​င်း၊ြေ​ကွ​လွှာများ ပျက်စီးြ​ခ​င်း​တို့​​ မြ​ဖ​စ်နို​င်ေ​စ​ရ​န် ဘယ်လြို​ပု​မူေ​န​ထိုင်ရ​မ​လဲ

Written by ကေတီအမ်

သွားများ ကျဉ်ခြင်း၊ ကြွေလွှာများ ပျက်စီးခြင်းတို့ မဖြစ်နိုင်စေရန် မည်သို့ ဂရုစိုက်နေထိုင် ရမည်နှင့် ပတ်သက်ပြီး သွားနှင့်ခံတွင်း အထူးကု ဆရာဝန် ဒေါက်တာ ဆောင်းလွင်အောင်က ယခုလို အကြံပြုပြောကြား ထားသည်။

ဓာတုဆေးများနှင့် မကြာခဏ သွားချေးချွတ်ခြင်း မပြုလုပ်သင့်

သွားများကိုဖြူဖွေးစေရန်အတွက် ဓာတုဆေးများနှင့် မကြာခဏသွားချေးချွတ်ပါက သွားများကျဉ်ခြင်း များဖြစ်လာ တတ်ကြောင်း သိရသည်။

“သွားကို ဓာတုပစ္စည်းတွေနဲ့ မကြာခဏချေးချွတ် တာမျိုးတွေကို ရှောင်ကျဉ်သင့်တယ်။ တချို့ဆရာဝန် တွေ က ကွမ်းစားထားတဲ့ သူတွေကို သွားကျောက်ခြစ်တယ်။ သွားချေးချွတ် တာတွေကို စက်တွေနဲ့မပွန်း မပဲ့စေမယ့်နည်းတွေနဲ့ ခြစ်တာမျိုးတွေမလုပ်ဘဲနဲ့ စက်တွေနဲ့ စားပစ်လိုက် တာမျိုးတွေ ရှိတယ်။ အဲဒီလို မျိုးတွေ လုပ်ရင်တော့ သွားအပေါ်ကြွေလွှာတွေ ပါးသွားပြီးတော့ သွားကျဉ်တဲ့ ဝေဒနာတွေ ခံစားရတတ် ပါတယ်” ဟု သွားနှင့် ခံတွင်း အထူးကုဆရာဝန် ဒေါက်တာ ဆောင်းလွင်အောင်က ပြောသည်။

သွားကျောက်ခြစ်ခြင်းကို ခြောက်လ တစ်ကြိမ်ခန့်သာ ပြုလုပ်သင့်

ယင်းအတွက်ကြောင့် သွားကျောက်ခြစ်ခြင်းကို ခြောက်လတစ်ခါခြစ်သင့်သော်လည်း မကြာခဏခြစ် ခြင်း မျိုးကိုတော့ မလုပ်သင့်ကြောင်း ယင်းသို့ မကြာခဏပြုလုပ်ပါက သွားကြွေသား လွှာများကို ထိခိုက် စေနိုင်ကြောင်း သိရသည်။

“အဓိက သွားပိုးပေါက်ကြောင့်ဖြစ်စေ၊ သွားကြွေသားလွှာကို ဓာတုဆေးတွေနဲ့ စားလို့ဖြစ်စေ၊ တချို့တွေ ကျတော့ သွားပိုးပေါက်တော့ မဟုတ်ဘူး။ သွားတိုက်တဲ့နေရာမှာ သွားတွေကို ဘေးတိုက်တစ်စောင်း တိုက်ကြတော့ သွားမှာမြောင်းတွေဖြစ်ကုန်တယ်။ အဲဒီမြောင်းလေးတွေကြောင့် ပိုးပေါက်လေးတွေဖြစ် သွားနိုင်တယ်။ ပထမကြွေသားလွှာတွေက ပါးသွားနိုင်တယ်” ဟုဆိုသည်။

အချဉ်ဓာတ်များတဲ့ အစားအသောက်တွေ ရှောင်သင့်

အစားအသောက်များတွင် အချဉ်ဓာတ်များသည့် အစားအသောက်များ (အက်ဆစ်ဓာတ်များ) သည် သွားကြွေလွှာကို ပါးသွားစေသည့်အတွက်ကြောင့် အချဉ်ဓာတ်များသည့်အစားအသောက်များ အလွန် အကျွံစားသုံးခြင်းကို ရှောင်ကျဉ်သင့်ကြောင်း သိရသည်။

“အချဉ်ဓာတ်များတဲ့ အစားအသောက်တွေကြောင့် သွားပေါ်ကကြွေသားလွှာတွေ ပျက်စီးခြင်းကိုခံရပြီး သွားအပေါက်တွေဖြစ်လာပြီးတော့လဲ သွားကျင်လာတတ်တယ်။ အစာမာမာတွေ စားတာ၊ အိပ်နေရင်း နဲ့သွားကြိတ်တာတွေက သွားကျဉ်ခြင်းကိုဖြစ်ပေါ်စေပါတယ်” ဟုဆိုသည်။

မာသော၊ ချိုသော အစားအစာများ မစားသင့်

ကွမ်းသီး၊ မာလကာသီး စသည့်မာသည့် အရာတစ်ခုခုကို ကိုက်မိပါကလည်း ကြွေသားလွှာများ ပဲ့သွား တတ်ကြောင်း သိရသည်။

“အချိုတွေစားမယ်၊ အချိုတွေကို ငုံထားမယ်ဆိုရင်လဲ အဲဒီအချိုတွေက ကြွေလွှာမှာကပ်မယ်။ ကပ် တော့ပိုးစား မယ်။ နောက်ဒုတိယကြွေသားလွှာပေါ်ရောက်လာပြီး အဲဒီအခါမှာ သွားကျဉ်တဲ့ဝေဒနာကို ခံစားရမယ်” ဟုဆိုသည်။

သွားတိုက်နည်း

သွားမှန်မှန်မတိုက်ခြင်း၊ သွားတိုက်သည့် အခါတွင်လည်း သွားတိုက်တံဖြင့် ဖိ၍ ခပ်ကြမ်းကြမ်းတိုက် ခြင်း၊ သွားပွတ်တံ ကြိုးများကို လန်ထွက်နေအောင် တိုက်ခြင်းတို့ကြောင့် သွားဖုံးများ ပွန်းပဲ့လာကာ အချိန် ကြာလာသည်နှင့်အမျှ သွားများပေါ်တွင် ဖုံးထားသော ကြွေသားလွှာများနှင့် သွားဖုံးတစ်သျှူးများ ပျက်စီး လာတတ်ကြောင်း သိရသည်။

ယင်းအခါတွင် သွားနှင့် အစားအစာများ တိုက်ရိုက်ထိတွေ့မှု ပိုများလာသည့်အတွက် သွားကျဉ်ခြင်း များ ဖြစ်ပေါ်လာတတ်ပြီး အပူအအေး အစားအသောက်များကို စားမိသောက် မိသည်နှင့် နာကျင်ခြင်း များ ဖြစ်ပေါ် လာတတ်ကြောင်း သိရသည်။

သွားကြွေလွှာများ ပျက်စီးခြင်းသည် လူတစ်ဦးချင်း၏ သွားနှင့်ခံတွင်းသန့်ရှင်းမှုရှိခြင်း၊ မရှိခြင်းနှင့် အစား အသောက်များ စားသည့် အလေ့အကျင့်များ၊ အခြားကျန်းမာရေးကိစ္စများတွင် တစ်ခုခုနှင့်သက် ဆိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

Democracy Today Daily
နိုဝင်ဘာ (၉) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...