လက်အခြောက်ခံ စက်များက တစ်ဆင့် ဘက်တီးရီးယား ကူးစက်စေနိုင်

ရဲရင့်တည်

ယူကေမှ ပညာရှင်များ မကြာသေးမှီက ပြုလုပ်ခဲ့သည့် လေ့ လာမှု တစ်ရပ်တွင် လက်အခြောက်ခံ စက်များနှင့် လက် သုပ်စက္ကူများတို့မှ ဘက်တီးရီးယား ကူးစက်နိုင် မှုနှုန်းကို လေ့ လာကြည့်ရာ လက်အခြောက်ခံ စက်များက လက်သုပ် စက္ကူတို့ ထက် ဘက်တီးရီးယား အဆပေါင်း ၂၇ ဆ ခန့် ကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

ယူကေတွင် ရှိသော လိစ်တက္ကသိုလ်မှ သုတေသီများက သန့်စင်ခန်းများတွင် တွေ့ရသည့် အများသုံး လက် အခြောက်ခံစက်များမှ တစ်ဆင့် ဘက်တီးရီးယား ကူးစက်နိုင်ပုံကို စမ်းသပ်လေ့လာ ခဲ့ကြရာ လက်အခြောက် ခံစက်များက မှုတ်ထုတ်လိုက်သော လေနွေးသည် အသုံးပြုသူ၏ လက်ပေါ်မှ ဘက်တီးရီးယားများကို လေထဲ သို့ပျံ့ နှံ့ စေကာ အခြားသုံးစွဲသူတစ်ဦးထံသို့ ကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ သုတေသီအဖွဲ့ကို ဦးဆောင် သူ ဇီဝပညာရှင် Mark Wilcox သည် သန့်စင်စွာ မဆေးကြောထားသောလက်များမှတစ် ဆင့် ဘက်တီးရီး ယား ပျံ့ နှံ့ နိုင်ပုံကို လေ့လာရန် စမ်းသပ်မှုမပြုလုပ်မှီ စမ်းသပ်ခံသူများ၏ လက်ပေါ် Lactobacilli ဘက်တီး ရီးယား ဖြင့်ဖုံးအုပ်စေခဲ့သည်။ လူတစ်ဦးကလက်ကို အခြောက်ခံပြီးသော် ယင်းအခြောက်ခံစက်များ၏ ၀န်းကျင်ရှိလေထုထဲတွင် သာသမန် ဘက်တီးရီးယားများက ငါးမိနစ်ထက်ပို၍ အသက်ရှင်နိုင်ကြာင်း သိရ သည်။ သို့သော်သုတေသီတို့ က စမ်းသပ်ခံသူများ၏လက်ပေါ် သုတ်လိမ်းထားသော လက်တိုဘဆီလီ ဘက်တီးရီးယားသည် လက်အခြောက်ခံစက် အသုံးပြုပြီး ၁၅ မိနစ်ခန့် အချိန်ထိလေထုထဲတွင် ရှိနေသေးကြောင်း တွေ့ရှိခဲ့သည်။ ထိုကဲ့သို့ စမ်းသပ်ရာတွင် နောက်ဆုံးပေါ်ဖြစ်သည့် တစ်နာရီမိုင် ၆၄၀ ကီလို မီတာနှုန်းဖြင့် လေမှုတ်သောအခြောက် ခံစက်များမှာ တစ်ရှူးစက္ကူများထက် ဘက်တီးရီးယား ၄.၅ ဆခန့် ပို၍ ကူးစက်စေပြီး ကမ္ဘာတစ်ဝန်း တွင်ကျယ်စွာအသုံးပြုနေသော လေနွေးဖြင့်အခြောက်ခံသည့် အခြောက်ခံစက် ပုံစံဟောင်းများသည် လက်သုပ်စက္ကူများထက် ဘက်တီးရီးယားပေါင်း ၂၇ ဆ ခန့် ပို၍ ကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါ သုတေသီတို့၏တွေ့ရှိချက်မှာ ဘက်တီးရီးယားပျံ့ နှံ့ ပုံကို ပို၍ သိရှိနားလည်စေနိုင်ပြီး ကူးစက်ရောဂါ များ အလွယ်တကူပျံ့ နှံ့ စေနိုင်သည့် အများသုံးလက်အခြောက်ခံစက်များကို မသုံးစွဲရန် သတိပေးနေသည်။ သန့်စင်ခန်းများသုံးပြီးလျှင် မိမိတို့  ၏လက်ကို သန့်စင်စွာဆေးကြောပါက ဘက်တီးရီးယားများကို အချိန်တို အတွင်းဖယ်ရှားနိုင်မည်ဖြစ်ပြီး လက်အခြောက်ခံရာ၌ဘက်တီးရီးယားပျံ့ နှံ့ နိုင်မည် မဟုတ်သော်လည်း
လက်ကိုသေခြာစွာ မဆေးကြောသူတို့မှ ဘက်တီးရီးယားများစွာ ကူးစက်နိုင်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...