ဘ၀မှာ သံဝေဂရလွယ်သော အချိန်အခါများ

၁။ ကံဆိုးမိုးမှောင် ကျတဲ့အခါ

သာမန် အချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်မင်တဲ့ လူတွေပါ။ ဟေးလား ၀ါးလား၊ ပျော်ပျော် ပါးပါး၊ စားကြ သောက်ကြနဲ့ တစ်ကယ့် ညီရင်းအကို အတိုင်းပါပဲ။ အဲ…ကံဆိုး မိုးမှောင် ကျပြီဟေ့ဆိုရင်.. သံဝေဂ ရစရာတွေ အများကြီးပဲ၊ ပတ်သက်မှာ ကြောက်လို့ အဝေးရှောင် သွားတဲ့လူ၊ မသိမမြင် သလိုနေတဲ့ လူ၊ ပြက်ရယ်ပြု တဲ့လူ၊ ရေနစ်ချိန်မှာ ၀ါးကူထိုးတဲ့လူ၊ အခွင့်သာတုန်းမှာ လက်နိုက်တဲ့လူ စသည် စသည်ဖြင့် တွေ့ရတတ်ပြီး တကယ်ကူညီတဲ့လူ ရှိတယ် ဆိုရင်တောင်မှ အရေအတွက် အားဖြင့် သံဝေဂ ရစရာကြီးပါ။

၂။ အကြီးအကျယ် ဖျားနာပြီးတဲ့အခါ

သာမန်အချိန်မှာ ဂုဏ်တွေ အဆင့်အတန်းတွေ အမည်နာမတွေ မျက်နာတွေ ပိုင်ဆိုင်မူတွေ ဟိုဟာ အရေးကြီး သလိုလို ဒီဟာပို အရေးကြီးသလိုလိုနဲ့ အကြီးအကျယ် ဖျားနာပြီဟေ့ဆိုရင် ကျန်းမာရေးထက် ဘာမှ အရေးမကြီး ပါလားဆိုတာ နားလည်သွားပါတယ်။ ကျန်းမာရေး ဆိုတာမျိုးက သူ့ကိုပိုင်ဆိုင်နေတဲ့ အချိန်အခါမှာ ဘာမှမဟုတ်သလို ခံစားရပေမဲ့ တကယ်ဆုံးရူံးသွားတဲ့ အခါကျရင် လောကကြီး တခုလုံး သံဝေဂ ရစရာတွေကြီးကြီးပါ။

၃။ ရာထူးပြုတ်ကျ သွားတဲ့အခါ

ရာထူး ဘုန်းမီးနေလ ထွန်းတောက်စဉ်အခါက စည်ကားလိုက်တဲ့ အသိမိတ်ဆွေများ၊ ဆွေမျိုးသင်္ဂံဟများ၊ သူငယ်ချင်းအပေါင်းအသင်းများ၊ အိမ်မှာဆိုရင်လည်း ဆွေမျိုးတွေက စုံလို့၊ အခါကြီးရက်ကြီးမှာ ကန်တော့ လာတဲ့လူတွေဆို ကန်တော့ဘို့ အလှည့်နဲ့ တန်းစီရတယ်။ ရုတ်တရက် ရာထူးပြုတ်သွားတော့ ဒီလူတွေ အားလုံး ကိုယ့်ကိုတွေ့ဖို့တောင် တရှောင်ရှောင်နဲ့၊ အားလုံးမျက်နာစိမ်းတွေလို ခံစားလိုက်ရတယ်။ တချိန် တုန်းက ပေးခဲ့ ကမ်းခဲ့ ကန်တော့ခဲ့ အဘ အဘကြီးလို့ နူတ်မှ တဖွဖွ ခေါ်ခဲ့ ထူးခဲ့ တာတွေအားလုံး ငါ့ရာထူးနဲ့သာ သက်ဆိုင်ပြီး ငါဆိုတဲ့ လူသား အစစ်အမှန်ကျတော့ စဉ်းစားလေ သံဝေဂ ရစရာဖြစ်လေ ပါလား။

၎။ ပင်စင်စားပြီးသွားတဲ့အခါ

အရင်တုန်းက တပည့်အရင်းခေါက်ခေါက်တွေ၊ ကိုယ့်ထက်ငယ်တဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ယုတ်ဆွအဆုံး ကိုယ့်အပေါင်းအသင်းဟောင်းတွေ၊ ကိုယ့်ကိုတဖြည်းဖြည်းနဲ့ မသိမသာ စွန့်ခွာ လာတယ်လို့ ခံစားလိုက်ရ တယ်။ ကိုယ့်ကိုကို တဖြည်းဖြည်း အသုံးမကျတဲ့ လူသား ဖြစ်သွားပါပြီလားဆိုပြီး သံသယ ၀င်မိတယ်။ တကယ်တမ်းကျတော့ အရင်တုန်းက ပိုင်ဆိုင်တယ်လို့ ထင်ခဲ့ရတဲ့ လေးစားကြည်ညို မူတွေ၊ နောက် လိုက်နောက်သား တွေ၊ ဂုဏ်ဒြပ်တွေ အားလုံးဟာ ကိုယ့်ကြောင့် အစစ်အမှန် မဟုတ်ပဲ ကိုယ့်လက်ထဲမှာ ရှိခဲ့တဲ့ လုပ်ပိုင်ခွင့်တွေ ပါကလား ဆိုပြီး သံဝေဂ ရမိပါတယ်။

၅ ။ သေဆုံးခါနီးတဲ့အခါ

ဒီတကြိမ်တော့ တကယ် သေဆုံးတာ့မယ် ဆိုတာ ကိုယ့်ကိုကို သိလိုက်တယ်။ မှားတာမှန်တာ၊ ကောင်းတာ ဆိုတာ၊ ဂုဏ်ရှိဂုဏ်မဲ့တာ၊ ပိုင်ဆိုင်တာ ဆုံးရူံးတာ တွေအားလုံး ကိုယ့်အတွက် ဘာမှအကျိုး မရှိတော့ပါဘူး။ ကိုယ်အရမ်းချစ်တဲ့ လူတွေကို အနီးအနားမှာ ရှိစေချင်တယ်။ ကိုယ်မုန်းခဲ့တဲ့ လူတွေကိုလည်း ခွင့်လွတ်ပါ လို့ တောင်းပန် လိုက်ချင်ပါတယ်။ ကိုယ့်ကို စော်ကားပစ်မှားခဲ့တဲ့ လူတွေကိုလည်း ခွင့်လွတ်ပါတယ်ဆိုတဲ့ အကြောင့် စိတ်ထဲမှာ ဘာမှ မထားတဲ့အကြောင်း ပြောသွားချင် ပါသေးတယ်။ ဒါပေမဲ့ ဘာမှပြောလို့ မရတော့ပါဘူး။ သူများဘေး ကပြောနေတာတွေ အားလုံးတော့ ကြားနေရသေးတယ်။ ရှင်းရှင်းကြီး သိနေသေးတယ်။ အမှန်တော့ သေခါနီးကျရင် နောင်တရစရာ အများကြီးပါ။ တန်ဖိုးထား သင့်တာတွေကို တန်ဖိုးမထားခဲ့ဘူး၊ ကြိုးစားသင့်တာတွေကို ကောင်းကောင်း မကြိုးစားခဲ့ဘူး။ ကိုယ်သေသွားတာ မကြောက် ဘူး ဆိုပေမဲ့လို့ ကျန်ခဲ့တဲ့ ကိုယ့်မိသားစုတွေကို စိတ်မချတာ အမှန်ပဲ၊ အော…နောက်ဆုံးတော့လည်း သံဝေဂ ရတာကလွဲလို့……………………………………….

Ref: Wechat
https://www.facebook.com/aung.k.latt.5?hc_location=timeline
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...