လက်ဖက်

Written by ထွန်းလှိုင်(မြိုင်)

လက်ဖက်သီးနှံကို တရုတ်ပြည်တွင် လေးရာစုနှစ် များက ဆေးဝါးအဖြစ် စတင်သုံးစွဲ ခဲ့ကြသည်။ ခုနှစ် ရာစုနှစ်များတွင် လက်ဖက်သည် အဖျော်ယမကာ အဖြစ် သောက်သုံးမှု များပြားလာသဖြင့် အခွန် စတင် ကောက်ခံ ခဲ့သည်ဟု သိရသည်။ ဘီစီ ၂၇၀၀ ခုနှစ်မှ အေဒီ ၁၆၁၀ ခုနှစ်အထိ လက်ဖက်ကို တရုတ် ပြည်တွင် လက်ဖက်မျိုးစေ့ကို ပေါက်ကံပြည့် ရှင်ဘုရင် အလောင်းစည်သူ မင်းကြီးက ငှက်တစ်ကောင်၏ အစာအိမ်အတွင်းမှ ရရှိခဲ့ရာ ထိုမှတစ်ဆင့် မျိုးပွား၍ အဆင့်ဆင့် စိုက်ပျိုးနိုင်ရန် မျိုးစေ့များ ပေးအပ်ခဲ့ခြင်း ဖြင့်လက်ဖက်ပင်များ မြန်မာပြည်အနှံ့ စတင်ပေါက်ရောက် ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ထိုသို့ ဘုရင်ပေးအပ်ချီးမြှင့်ရာ၌ ရှေးကတောင် ရိုးတောင်ပေါ်သားများက လက်တစ်ဖက်ဖြင့် ခံယူသည် ကိုအစွဲပြု၍ လက်တစ်ဖက်မှ လက်ဖက်ပင်ဖြစ်လာ ရသည်ဟု ရှေးအဆိုအရ သိရသည်။ (ပန်းပိ တောက်ဆောင်းပါးများ တက္ကသိုလ်တင်လက်ျာ) လက်ဖက်ကို ပလောင်စကားဖြင့် “မြန်း” ဟု ခေါ်ကြ သည်။ ရှမ်းဘာသာဖြင့် “နိမ့်” ဟုခေါ်သည်။ အဓိပ္ပာယ်မှာ ဇလုပ် ဟုခေါ်ဆိုသည်။ အလောင်းစည်သူ မင်းကြီးက ငှက်ဇလုပ်အတွင်းမှ ရသော သစ်စေ့ကိုပေးအပ် ခဲ့ခြင်း ဟူသော အကြောင်းအရင်းမှ စတင်ခဲ့ သည်ဟု ရှေးမှတ်တမ်းများအရ သိရသည်။

ရှေးပလောင် လူမျိုးများသည် လက်ဖက်စိုက်ပျိုးခြင်းကို ရိုးရာအလုပ် တစ်ခုကဲ့သို့ လုပ်ကိုင်စားသောက် နေ ထိုင်ကြသည့် အမျိုးသား၊ အမျိုးသမီးမရွေး လက်ဖက်သီးနှံမှရသော လက်ဖက်ရည်ကြမ်းကို ဝါးကျည်တောက် များတွင် ထည့်၍သောက်လေ့ရှိသည်။ မိုးမကျမီ၊ သင်္ကြန်မတိုင်မီ ပေါ်ဦးပေါ်ဖျား လက်ဖက်ကို မိုးရေလွတ် သည့်အတွက် ရွှေဖီမိုး လွတ်လက်ဖက်ဟုခေါ်ကြောင်း ရောင်းချသူများမှတစ်ဆင့် သိရသည်။ စာရေးသူတို့ ငယ်စဉ်က ရွှေဖီမိုးလွတ်လက်ဖက်ခြောက်တံဆိပ်ဖြင့် အထုပ်များရောင်းချ သည်ကို တွေ့ခဲ့ရသည်။ ထိုလက်ဖက်မှာ တော်သုံးလက်ဖက်ဖြစ်သည်ကို “နတ်ဆော်စီမံ၍ စားတော် ရန်ရွှေနန်းဝင်ဇမ္ဗူရစ် ရွှေခေတ် တင် ရွှေချည်မျှင်၊ ငွေချည်မျှင်၊ ရေမဝင်၊ မိုးမမီ ရွှေဖီလက်ဖက် နတ်သစ် ရွက်” ဟု ဦးပုညမေတ္တာစာတွင် စပ်ဆိုခဲ့သည်။ နှင်းအားကို အမှီပြု၍ထွက်သော လက်ဖက်ရွက်က လေးများကိုလည်း ပြာသို၊ တပို့တွဲလများ တွင် ဆွတ်ခူးကြသည်။ လက်ဖက်ကိုနှင်းတက် လက်ဖက်ဟု ခေါ်သည်။ ပေါ်ဦးပေါ်ဖျား လက်ဖက်ဖြစ်၍ ရှေး အခါက ဘုရင်မင်းမြတ်များ ဆက်သဘောလက်ဖက်ဖြစ် ရာ ဆူးချွန်အပ်ချောင်း ကလေးများကဲ့သို့ရှိပြီး အလွန်နူးညံ့သည်ဟု သိရသည်။ လက်ဖက်ရည်အိုးတစ် လုံးကို လက်သည်းချွန်မျှခတ်ရုံဖြင့် အဖန်အရသာ တစ်ရေနှစ်ရေ မပျက်သောက်နိုင်သည်။ ရွှေဖီဦးနှင်း တက်လက်ဖက်၊ ရွှေဖီမိုးလွတ်လက်ဖက်၊ ခါးကန် လက်ဖက်၊ ခါးကွက် (ခါးဝှက်) လက်ဖက်၊ ခါးနိုင်လက် ဖက်ဟူ၍ လက်ဖက်အမျိုးမျိုးရှိသည်။

လက်ဖက်ကို အများဆုံး တန်ခူး၊ ကဆုန်လများတွင် ခူးကြသည်။ ထိုခူးသော လက်ဖက်ခြောက်များကို ပေါင်း တင်ကာ နေခြောက်လှန်းရသည်။ နေခြောက်မလှန်းနိုင်၊ နေပူရှိန်ကောင်းစွာမရနိုင်သော လက် ဖက်များမှာ လက်ဖက်ခြောက်အဖြစ်သို့မရောက်ဘဲ အချိုခြောက် (သို့မဟုတ်) လက်ဖက်စို၊ လက်ဖက် စိမ်းဘဝ သို့ ရောက်သွားရပါသည်။ လက်ဖက်တွင် အဖန်ခြောက်၊ အချိုခြောက်၊ လက်ဖက်စိုဟူ၍ သုံး မျိုးခွဲထားသည်။ တန်ခူး၊ ကဆုန်နေပူရှိန်မြင့်ချိန်တွင် လက်ဖက်ရွက်များကိုခူးပြီး ပေါင်းအိုးကြီးများတွင် သွင်း၍ ပေါင်းတင်ရ သည်။ ပေါင်းတင်ထားသော လက်ဖက်များကို နယ်သားကျအောင် နယ်ပေးရ သည်။ လက်ဖက်များ အနယ်ကောင်းမှ လက်ဖက်ကောင်း ထွက်သည်ဟုသိရသည်။ ထိုနယ်ပြီးသော လက်ဖက်ကို နေပူရှိန်တွင် တစ်နေကုန်လှန်းရသည်။ တစ်နေ့နှင့် အပြီးလှန်းရသည်။ နေ့မကူးရပါ။ တစ်နေ့နှင့်အပြီးလှန်း၍ လည်းကောင်း၊ နေပူမရဘဲ တစ်နေ့နှင့်မခြောက်လျှင်လည်းကောင်း၊ လက် ဖက်မှာပွယောင်း လုံးထွေးသွား တက်ကာ လက်ဖက်ခြောက်အကောင်းစားမဖြစ်ဘဲ ဈေးကျသွားတတ် ကြောင်း သိရသည်။

ရှေးမြန်မာဘုရင်များ လက်ထက်က လက်ဖက်ကို မင်းခန်းမင်းနားပွဲ သဘင်တော်များတွင် ပုခက်တင်၊ ကင်ပွန်းတပ်၊ နားသ၊ နားသွင်း၊ လက်ထက်မင်္ဂလာပွဲများ၊ ဘာသာရေး၊ နာရေးမကျန် လက်ဖက်မပါ လျှင်မပြီး။ ထို့ကြောင့် မြန်မာမင်းများ လက်ထက်တွင် လက်ဖက်ရည်တော်သား လက်ဖက်အိုးကိုင်ဟူ၍ နန်းတွင်းအမှုထမ်းများရှိခဲ့သည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ညီတော် အိမ်ရှေ့မင်းသား ပေး အပ်တော်မူသော အဆောင်အယောင်များ၌ “လက်ဖက်အိုးတကောင်း မိတ်ဖုံး တစ်ဆယ့်နှစ်မြှောင့် မှန်တပ်၊ အနားပတ္တမြားသုံးရစ်စီ” ဟု ပါရှိသည်။ သက္ကရာဇ် ၉၀၀ ပြည့်နှစ် မင်းတရားရွှေထီးသည် ယိုးဒ ယားသို့ စတင်ချီတက်ရာတွင် အောင်ပွဲရစစ်သူကြီး ဘုရင့်နောင် ကျော်ထင်နော်ရထာအား ပတ္တမြားစီ သော ဦးပေါင်းသင်းကျစ်လေးမျက်နှာ၊ ပတ္တမြားသုံးရစ် စီကွမ်းခွက်၊ ပတ္တမြား လက်ဖက်အိုးများကို မြှောက်စားပေး သနားတော်မူသည်။ ထိုစစ်ပွဲတွင် ဘုရင့်နောင်၏ သားမှာ (၁၃) နှစ်သာရှိသေးသည်။ ဇေယျသီဟကိုလည်း ဖခင်ကိုကူ၍ တိုက်ပေးသောကြောင့် “မင်းရဲကျော်စွာ” ဟူသော ဘွဲ့အမည်နှင့် ရွှေကွမ်းခွက်၊ လက်ဖက်အိုး တကောင်းဖုံး မိုးကြိုးထွေးခံများ၊ ချီးမြှင့်ပေးသနားတော် မူခဲ့၏။ ဤမျှ လက်ဖက်ကို ထီးစဉ်နန်းဆက် အသုံး အဆောင် တစ်ခုအဖြစ် ထင်ပေါ်ခဲ့သည်။ ထို့ပြင်လက်ဖက်ကို ရုံးတော်ခုံတော်ရှေ့မှောက်တွင် တရားလို၊ တရားခံ နှစ်ယောက်သည် ခုံရုံးတော်များက ဆုံးဖြတ်ချက် ပေးပြီးသည့်အခါ နှစ်ဦးလက်ဆုံးစားကြရသည်။ ထိုသို့ စားသည်ကို လက်ဖက်လက်လှမ်းစားသည်ဟု ဆိုသည်။ တရားလို၊ တရားခံ၊ မျက်နှာစုံညီ သဘော တူသော အထိမ်းအမှတ်ပင်ဖြစ်သည်။ လက်ဖက် ကမ်းလှမ်းစားပြီးလျှင် တရားလည်းပြီးဆုံးခြင်းကိုရောက် ကာ နောက်နောင် အရှုပ်အထွေး မရှိစေရေး အယူခံမဝင်ရတော့ပေ။ ထို့ကြောင့် “ထူမတတ်သော်လည်း လက်ဖက်ထုပ်တတ်သည်” ဟူသော မြန် မာစကားပုံတစ်ခု ပေါ်ပေါက်ခဲ့သည်။ ကြွေးမြီးမှု၊ လင်မယားပြတ်စဲ ကွာရှင်းမှု စသည်များတွင်လည်း လက်ဖက် ကမ်းလှမ်းစားကာ လက်ဖက်စားဖြတ်စာများနှင့် တရား တဘောင်ကို စီရင်ဆုံးဖြတ်ခဲ့သည်။

သာရေး၊ နာရေး၊ ကင်ပွန်းတပ်၊ နာမည်ပေး၊ နားသ၊ နားထွင်အလှူမင်္ဂလာ အခမ်းအနား၊ ဘုရားကန် တော့ ပွဲ၊ နတ်ကန်တော့ပွဲကစ ဧည့်ဝတ်ပြုပါမကျန် လက်ဖက်ယဉ်ကျေးမှု ထွန်းကားလျက်ရှိသည်။ ရှေး ယခင်က ယခုခေတ်လို ဖိတ်စာများမပေါ်ခင်က အလှူမင်္ဂလာများတွင် လက်ဖက်ထုပ်ပိုးခြင်း၊ ကမ်းခြင်း များရှိခဲ့ရာ ထိုကမ်းသော မင်္ဂလာအခမ်းအနားသို့ မလာရောက်ဘဲ မနေရ၊ မပျက်မကွက်လာရောက်ပါ မည်ဟု ကတိ ဝန်ခံချက်ပေးခြင်း သဘောဖြစ်သည်။ မလာရောက်နိုင်ပါက ထိုလက်ဖက်ထုပ်ကို လက် မခံရ၊ မယူရပေ။ ဤမျှစည်းကမ်းစောင့်စည်းလှသော ရှေးမြန်မာတို့၏ လက်ဖက်ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်ပါသည်။

လက်ဖက်နှင့် ပတ်သက်၍ ဓာတ်စာရေထုံးကျမ်းများတွင် လက်ဖက်သည် အအေးလွန်ကဲ၏။ ဖန်၏။ လေကို ရွှင်စေ၏။ ဆီးဝမ်းချုပ်လျှင်သော်လည်းကောင်း လက်ဖက်စိမ်းရေနှင့် သနပ်ခါးရည်ကို တစ်ဝက် စီမျှအောင်ရော၍ တိုက်လျှင်ပျောက်နိုင်၏ ဟုပါရှိသည်။ တရုတ်ဆေးကျမ်းများတွင် လက်ဖက်သည် အားဆေးအဖြစ် ဖော်ပြထားသည်။ လက်ဖက်သည် အစာကိုကြေစေသည်။ အဖျားကိုလျော့စေသည်။ ပိုးမွှားများကို သတ်စေ၊ သေစေသည်။ ရေငတ်ခြင်း ကိုပြေစေသည်။ ဦးနှောက်ကြည်လင်၍ ထိုင်းမှိုင်း ခြင်း ကို ပျောက်ကင်းစေနိုင်သည်။ မျက်စေ့ အကြည်ဓာတ်ကို အားကောင်းစေသည်ဟု ဖော်ပြထားသည်။ တရုတ်ပညာရှိကြီး တစ်ဦးဖြစ်သော “လောဆူ” ဆိုသူက လက်ဖက်သည် သောကဗျာပါဒကို ငြိမ်းစေသည်။ အကြံသစ်၊ ဉာဏ်သစ်များကို ပေါ်စေသည်။ အာရုံငါးပါးတံခါးကို ပွင့်စေသည်ဟု ဆိုခဲ့ သည်။ ဂျပန်ဆေးကြမ်း များကလည်း လက်ဖက်သည် ဆေးဖက်ဝင်သည်ဟု ဆိုသည်။

ထို့ကြောင့် လက်ဖက်သီးနှံကို စီးပွားဖြစ်အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံအထိ စိုက်ပျိုးလာကြသည်။ ယနေ့ မြန် မာနိုင်ငံတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကျောက်မဲခရိုင်၊ ကွမ်းလုံ မြို့နယ်၊ လောက်ကိုင်ခရိုင်များတွင် စိုက်ပျိုးကြသည်။ တောင်ပိုင်းရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ လွယ်လင် ခရိုင်၊ လင်းခေးခရိုင်၊ ကရင်ပြည်နယ်၊ သံတောင်ဒေသများ၊ ချင်းပြည်နယ်များတွင်လည်း အများအပြား စိုက်ပျိုးကြသည်။ အရည်အသွေးအရ ဈေးနှုန်းအဆင့်ဆင့် ကွဲပြားလျက်ရှိကြသည်။

ယနေ့ကမ္ဘာတွင် လူတစ်ဦးလျှင် လက်ဖက်ခြောက် အနည်းဆုံး သုည ဒသမ ၅ ကီလိုဂရမ်မှ အများဆုံး ၃ ကီလိုဂရမ်အထိ သောက်သုံးလျက် ရှိကြောင်း လေ့လာ သိရှိရသည်။ ယနေ့ဈေးကွက်တွင် တရုတ် ပြည် အထုပ်ငယ်တစ်ထုပ်မှာ အမေရိကန်ဒေါ်လာ ၁၀၀ ရှိသည်။ အနောက်နိုင်ငံများမှ ထုတ်လုပ်သော အထုပ်ငယ် တစ်ထုပ်လျှင် ဒေါ်လာ ၄၀ မှ ဒေါ်လာ ၅၀ ကျော်အထိရှိသည်။ မြန်မာနိုင်ငံတွင် လက်ဖက် ခြောက်တစ်ပိဿ ဒေသပေါက်ဈေးနှုန်းမှာ အရည်အသွေးအလိုက် ၆၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ် အထိ ပေါက်ကြောင်း သိရသည်။

မြန်မာ့ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာအရ မြို့ရွာများ အကြောင်း အမျိုးမျိုးကြောင့် သွားရောက်သည့် အခါ လက်ဖက်ပွဲနှင့် လက်ဖက်ရည်ကြမ်းဝိုင်း မပါလျှင် မပြီးပေ။ တစ်နိုင်ငံလုံးတွင် ထမင်းဆိုင်၊ လက် ဖက်ရည် ဆိုင်၊ ကော်ဖီဆိုင်၊ လမ်းဘေး အကြော်ဆိုင်၊ မုန့်ဟင်းခါးဆိုင်များတွင် လက်ဖက်ရည် အခါးအ ခြောက်ခတ် ထားသော ရေနွေးကြမ်းအိုးတစ်လုံး အခမဲ့သောက်သုံးနိုင်သည့် အလေ့အထမြန်မာနိုင်ငံ တွင်ရှိသည်။ ပြည် ပ ခရီးသွားများ အတွေ့အကြုံအရ လက်ဖက်ခြောက်ခတ်ထားသော ရေနွေးကြမ်းအိုး တစ်လုံး သောက် သုံးလိုပါက လက်ဖက်ခြောက်အမျိုးအစားအပေါ်မူတည်ပြီး ကျသင့်ငွေပေးချေဝယ်ယူ သောက်သုံးရသည်ဟု ဆိုသည်။

သို့ဖြစ်၍ ရှေးရိုး စဉ်လာကောင်းရှိသော မြန်မာ့လက်ဖက် စိုက်ပျိုးရေး လုပ်ငန်းအား ယခုထက်တိုင်နိုင်ငံ အတွင်း လက်ဖက်စိုက်ပျိုးနိုင်သည့် ဒေသအလိုက် ဒေသခံပြည်သူများ ဝင်ငွေတိုး လုပ်ငန်း တစ်ရပ်အ ဖြစ် တိုးချဲ့စိုက်ပျိုးသွားရန် တိုက်တွန်း အကြံပြုအပ်ပါသည်။

ကြေးမုံသတင်းစာ
နိုဝင်ဘာ (၁၀) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...