လာ​မ​ည့်​ ပညာ​သ​င်နှစ်တွ​င် ကေ​လး​ဗ​ဟြို​ပု​ သ​င်ြ​ကား​န​ည်း​စ​န​စ် (CCA) ကို​ တ​စ်နိုင်ငံ​လုံး​တွ​င် သ​င်ြ​ကားေ​ပး​နိုင်မ​ည်

Written by အေတီကေ

လာမည့် ပညာသင်နှစ်တွင် ကလေးဗဟိုပြု သင်ကြား နည်းစနစ် (CCA) ကို တစ်နိုင်ငံလုံး၌ သင်ကြားပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကလေး ဗဟိုပြု သင်ကြားနည်းကို ၂၀၁၄ ခုနှစ် စတင် အကောင် အထည်ဖော်ခဲ့ပြီး JICA မြန်မာနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းစနစ်ကို မြန်မာနိုင်ငံ၏ မြို့ နယ် ၂၇၀ ကျော်တွင် အကောင်အ ထည်ဖော် ဆောင်ရွက်ပြီးစီး ခဲ့ပြီဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရန် ကျန် ရှိနေသေးသည့် မြို့နယ် တစ်ရာကျော်ကို လာမည့်နှစ်တွင် ဆက်လက် အကောင်အထည်ဖော် သွားမည်ဖြစ် သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သင်ကြားပေးနိုင် မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံပညာရေး သုတေသနအဖွဲ့ ဦးစီးဌာနမှ သိရသည်။

“မြို့နယ်ပေါင်း ၃၃၀ မှာ ၆၈ မြို့နယ်ကို JICA နဲ့ ပိုင်းလော့ပရောဂျက်အနေနဲ့ လုပ်ဆောင်ခဲ့ ပါတယ်။ ကျန်တဲ့ အထဲက မြို့နယ် ၁၇၀ လောက်ကိုတော့ ပညာရေးဝန်ကြီးဌာနကပဲ မူလတန်းကျောင်းတိုင်းမှာ ကလေး ဗဟိုပြုသင်ကြားနည်းကို ဆောင်ရွက်ခဲ့ပါတယ်။ လာမယ့်နှစ်အတွက် ကျွန်တော်တို့ ပစ်မှတ် ထားတာ ကတော့ မြို့နယ် ၃၃၀ စလုံးမှာ CCA သင်ကြားနိုင်ဖို့ပါ” ဟု မြန်မာနိုင်ငံ ပညာရေးသုတေသန အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အသင်းတို့ ပူးပေါင်း အကောင်အထည်ဖော် ခဲ့သော CCA သင်ကြားနည်းကို ၂၀၀၄ ခုနှစ် ၂၀၀၇ ခုနှစ်အထိ ၂၄ မြို့နယ်၊ ၂၀၀၉ ခုနှစ်တွင် သုံးမြို့ နယ်၊ ၂၀၁၀ ခုနှစ်တွင် ၁၉ မြို့နယ်၊ ၂၀၁၁ ခုနှစ်တွင် ၁၇ မြို့နယ်တို့၌ အကောင်အထည်ဖော် ဆောင် ရွက် ခဲ့ကြောင်း သိရသည်။

“အရည်အသွေးရှိတဲ့ ပညာရေးကို သွားနိုင်ဖို့အတွက် ကလေးတွေရဲ့ တီထွင်နိုင်စွမ်းတွေ၊ တွေးခေါ်ကြံ ဆမှုတွေကို မြှင့်တင်ပေးနိုင်မှရပါမယ်” ဟု ယင်းက ထပ်မံပြောကြားသည်။

CCA သင်ကြားရေးနည်းစနစ်ကို အကောင်အထည်ဖော်ရာတွင် အဆင့်မြင့်မြို့နယ်အဆင့်များတွင် အကောင် အထည်ဖော်၍ JICA မှကျွမ်းကျင်ပညာရှင်၊ မြို့နယ်ပညာရေးမှူးရုံးများမှ လ/ထ ပညာရေး မှူးများ၊ ကျောင်း အုပ် စုမှူးများနှင့် ပညာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဆောင် ရွက်ကြ ကြောင်း သိရသည်။

Democracy Today Daily
နိုဝင်ဘာလ (၂၃) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...