iOS 8.1.1 ကို TaiG Jailbreak Tool ဖြင့် Jailbreak လုပ်နိုင်ပြီ


iOS 8.1.1 & iOS 8.2 Beta version ကို TaiG Jailbreak Tool ဖြင့် Jailbreak လုပ်နိုင်ပါပြီ။TaiG Jailbreak Tool က Windows Users တွေ အတွက်သာ ထွက်သေးပါတယ်…. အသုံပြုချင်သော ဘော်ဘော် တို့အတွက် ပြန်ရှယ်ပေး လိုက်ပါတယ် ခင်ဗျ။

Jailbreak လုပ်လို့ရနိုင်မည် iDevices တွေကတော့

iPhone 6plus
iPhone 6
iPhone 5s
iPhone 5c
iPhone 5
iPhone 4s

iPad 2
iPad 3
iPad 4
iPad Air
iPad Air 2
iPad Mini
iPad Mini 2
iPad mini 3

တို့တွင် iOS 8.0 မှ iOS 8.1 ကို install လုပ်ထားသော iDevices တိုင်းကို Jailbreak လုပ်နိုင်ပါတယ်။ iOS 8.2 beta version ကိုလည်း jailbreak လုပ်နိုင်ပါတယ် ခင်ဗျ။

iOS 8.1.1 ကို TaiG tool ဖြင့် Windows ပေါ်တွင် Jailbreak လုပ်နည်းကို အောက်ကမှာ ဆက်ဖတ်ပေးပါ ခင်ဗျ။

Step 1: TaiG Jailbreak Tool ကို အောက်ကလင့်တွင် ရယူပါ။

TaiG Jailbreak Tool Download Here


Step 2: iOS 8.1.1 ကို install မလုပ်ရသေးလျှင် restore လုပ်ပေးပါ။(iOS 8.0, iOS 8.0.2, iOS 8.1 တို့ကိုလည်း Jailbreak လို့ရပါသည်)

Step 3: Find My iPhone ကို Settings → iCloud တွင် ဝင်ရောက်ပြီး ပိတ်ပေးပါ။

Step 4: Touch ID & Passcode တွေထည်.ထားလျှင် ဖြုတ်ပေးပါ။

Step 5: AirPlane mode ကို Control Center မှ ဝင်ပြီး Enable လုပ်ပေးပါ။

Step 6: TaiGJBreak_1006.exe Right click ခေါက်ပြီး Run as Administrator ဖြင့် ဖွင့်လိုက်ပါ။



Step 7: iOS device ကို ကွန်ပျူတာဖြင့် ချိတ်ပေးပါ။iOS device ကို TaiG tool မှ သိရပါမည်။ ပုံလေးထည်းမှာ မြှားပြထားသော Cydia ၊ 1.1.16 ကိုအမှန်ချစ်ပေးပါ။ အားလုံး အဆင်သင့်ဖြစ်လျှင် green jailbreak button ကို ကလစ်ပေးပါ။



Step 8:အောက်က ပုံလေးအတိုင်း ပေါ်လာအောင်စောင့်ပေးပါ။



Step 9: မိမိတို့ ၏ iDevices reboots ဖြစ်ပြီး ပြန်တက်လာရင် Cydia app ကို Home screen မှာတွင်မြင်ရပါလိမ်မည်။

Congratulations! iOS 8.1.1 install လုပ်ထားသော သင့်၏ iDevices ကို jailbreak လုပ်ပြီးပါပြီ။

www.crazyapple.me
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...