သော့ နှင့် ဖုန်းများ ပျောက်ဆုံးလျှင် ရှာဖွေပေးမည့် Motorola Keylink

Motorola က သော့နှင့် ဖုန်းများ ပျောက်ဆုံး လျှင် ခြေရာခံ ရှာဖွေပေးမည့် Keylink ဟု အမည်ပေး ထားသော ကိရိယာလေးကို တီထွင် လိုက်ပါသည်။

Keylink ကို Motorola Connect App နှင့် ချိတ်ဆက် အသုံးပြုရမည် ဖြစ်ပြီး ဒေါ်လာ ၂၄.၉၉ တန်ကြေးရှိသော Bluetooth Device ဖြစ်ပါသည်။ Keylink ကို သော့ ၊ စမတ်ဖုန်းနှင့် အခြားအရာဝတ္ထု များစွာတွင် တပ်ဆင်ရမည် ဖြစ်သည်။ Keylink တပ်ဆင် ထားသော သော့ သို့မဟုတ် စမတ်ဖုန်း သည် ပေတစ်ရာအတွင်း ပျောက်ဆုံး သွားလျှင် App မှ နေ၍ Keylink ကို အသံမြည်စေရန် ပြုလုပ်နိုင် ပါသည်။

ထို့အပြင် Keylink သည် အပြန်အလှန်အားဖြင့် အလုပ်လုပ်နိုင်ပါသည်။ သင်၏ စမတ်ဖုန်းပျောက်ဆုံးလျှင် Keylink ရှိ ခလုတ်ကို နှိပ်၍ ဖုန်းကို ရှာဖွေနိုင်ပါသည်။

Moto X, Droid Turbo နှင့် Android Lollipop မောင်းနှင်သော စမတ်ဖုန်းများ ပိုင်ဆိုင်သူများ အနေဖြင့် Keylink ကို Authentication Device အဖြစ် အသုံးပြုနိုင်ပါသည်။ Keylink ကို အဆိုပါ Device များအနီးသို့ ယူဆောင်လာသည်နှင့် ဖုန်းကို Unlock ပြုလုပ်ပေးမည် ဖြစ်သည်။

Keylink တွင် တစ်နှစ်တာ အသုံးခံသော ဘက်ထရီ ပါရှိပါသည်။ Keylink ကို Motorola ၀က်ဆိုက်နှင့် T-Mobile မှ မှာယူနိုင်ပြီ ဖြစ်သည်။ Keylink App ကို iOS, Android တို့အတွက် ပြုလုပ်ပေးထားပါသည်။

http://wp.me/p53MHN-k6

Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...