Posts

Showing posts from February, 2014

iPod Touch အတွက် iOS Firmware File များ...

Image
iPod Touch အတွက် Apple ကနေ ယခုအချိန်ထိ release လုပ်ထားတဲ့ iOS firmware updates file တွေကို အောက်မှာ တိုက်ရိုက် ဒေါင်းလုပ်ရယူနိုင်ပါတယ်... Note: Safari ကို အသုံးပြုပြီး firmware တွေကို ဒေါင်းလုပ်ရယူမယ်ဆိုရင် auto unzip feature ကို disable လုပ်ထားပါ... ဒါမှမဟုတ်  Chrome နဲ့ Firefox ကို အသုံးပြုနိုင်ပါတယ်... Direct download links for the latest verison of iOS firmware file for iPod touch: 6.1.6 (iPod touch 4G): iPod4,1_6.1.6_10B500_Restore.ipsw 7.0.6 (iPod touch 5G): iPod5,1_7.0.6_11B651_Restore.ipsw

iPhone အတွက် iOS Firmware File များ...

Image
iPhone တွေအတွက် Apple ကနေ ယခုအချိန်ထိ release လုပ်ထားတဲ့ iOS firmware updates file တွေကို တိုက်ရိုက် ဒေါင်းလုပ်ရယူနိုင်ပါတယ်... Note: Safari ကို အသုံးပြုပြီး firmware တွေကို ဒေါင်းလုပ်ရယူမယ်ဆိုရင် auto unzip feature ကို disable လုပ်ထားပါ... ဒါမှမဟုတ်  Chrome နဲ့ Firefox ကို အသုံးပြုနိုင်ပါတယ်... Direct download links for the latest verison of iOS firmware file for iPhone: 6.1.6 (iPhone 3GS): iPhone2,1_6.1.6_10B500_Restore.ipsw 7.0.6 (iPhone 4 GSM): iPhone3,1_7.0.6_11B651_Restore.ipsw 7.0.6 (iPhone 4 8GB): iPhone3,2_7.0.6_11B651_Restore.ipsw 7.0.6 (iPhone 4 CDMA): iPhone3,3_7.0.6_11B651_Restore.ipsw 7.0.6 (iPhone 4S): iPhone4,1_7.0.6_11B651_Restore.ipsw 7.0.6 (iPhone 5 GSM): iPhone5,1_7.0.6_11B651_Restore.ipsw

ဆုံးမမှုတွေ မှန်စေချင်

Image
လွန်ခဲ့တဲ့တစ်ပတ်ခန့်က မြို့ထဲကိုကိစ္စတစ်ခုနဲ့ရောက်ခဲ့တယ်။ ကျွန်တော်စီးတဲ့ကားက ပုဂ္ဂလိကစာသင် ဝိုင်းတစ်ခုရှေ့မှာ ရပ်သွားခဲ့တယ်။ အားလုံးရဲ့မျက်စိတွေက စာသင်ခန်းမရှေ့ကိုကြည့်နေကြလေ ရဲ့။ ကျောင်းသားတစ်ယောက် လူသွားစင်္ကြပေါ်မှာ နားရွက်နှစ်ဖက်ကိုင်ပြီး ထိုင်ထလုပ်နေတယ်။ ကျောင်း သားဆိုပေမယ့် ကိုးတန်း၊ ဆယ်တန်းအရွယ်ပါ။ ဒီဘက်ခေတ်မှာဆို လူပျိုပေါက်အရွယ်လို့ ဆိုရမှာပါ။ ကားပေါ်ကလူတွေက မှတ်ချက်အမျိုးမျိုးပေးကြပါတယ်။ လူမြင်ကွင်းကြီးမှာ မလုပ်သင့်ဘူး။ ဒဏ်မပေး သင့်ဘူး။ ဒဏ်မပေးသင့်ဘူး။ တချို့ကျတော့ ဒါမှမှတ်မှာ၊ အချိုးပြေမှာ။ အဲဒီလိုဒဏ်ပေးသင့်တယ်ဆို တာပါပဲ။ ကျွန်တော်ကတော့ ဘာမှတ်ချက်မှမပေးခဲ့ပေမယ့် "ကြီးကြီးမားမားမဟုတ်တဲ့ ဘဝရဲ့အမှား ငယ်အချို့တွေအတွက် နာကျင်စရာဒဏ်ပေးခြင်းမျိုး လူငယ်ကလေးအရွယ်တွေကို မပေးသင့်ဘူးလို့ စဉ်းစားမိခဲ့တယ်။

တက္ကသိုလ်အားလုံး ပေါင်းစည်းရေး UNESCO နှင့် နိုင်ငံတကာ တက္ကသိုလ်များ ကူညီ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ဝန်ကြီးဌာနအသီးသီးအောက် ရောက်ရှိနေသော အဆင့်မြင့်ပညာ တက္ကသိုလ်အားလုံး ပေါင်းစည်းရေး အတွက် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) နှင့် ပြည်ပတက္ကသိုလ် လေးခုမှ ပညာရှင်တို့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြုလုပ်သော တက္ကသိုလ်များ ပေါင်းစည်းရေး ညှိနှိုင်းပွဲတွင် နည်းပညာဆိုင်ရာ အကြံဉာဏ်များ ကူညီခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ ထံမှ သိရသည်။ နိုင်ငံတကာ အဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အဆိုပါ ပညာရှင်များက ပညာရေး ဝန်ကြီးဌာနနှင့် ပါမောက္ခချုပ် များထံ ရှင်းလင်း တင်ပြခဲ့ကြောင်း၊ အာရှနှင့် ပစိဖိတ်ဒေသတွင်း ပညာရေးတာဝန်ခံ ကလည်း တောင်ကိုရီးယား နိုင်ငံ၏ အဆင့်မြင့်ပညာရေး ပြောင်းလဲမှုနှင့် ပတ်သက်၍ အသိပေး ပြောကြားခဲ့ကြောင်း ယင်းညှိနှိုင်းပွဲ တက်ရောက်သူများက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ပိုလီတက္ကနစ်တက္ကသိုလ် တည်ထောင်မည်

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုလိုသူများ အတွက် မြန်မာနိုင်ငံတွင် ပထမဆုံး ပိုလီတက္ကနစ် တက္ကသိုလ်ကို တောင်ကိုရီးယားနိုင်ငံ ပိုလီတက္ကနစ် တက္ကသိုလ်နှင့် ပူးပေါင်းပြီး ရန်ကုန်မြို့တွင် တည်ထောင်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကိုကိုဦးက ပြောကြားသည်။ အဆိုပါတက္ကသိုလ် ဖွင့်လှစ်ရေးအတွက် တောင်ကိုရီးယား ပိုလီတက္ကနစ် တက္ကသိုလ်နှင့် နည်းပညာပိုင်း ဆိုင်ရာ သဘောတူ လက်မှတ် ရေးထိုးထားပြီး နားလည်မှုစာချွန်လွှာ (MoU) အတွက် ဆက်လက်ညှိနှိုင်း ထားကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတရုံးက MoU ရေးထိုးရန် ခွင့်ပြုထားသော် လည်း ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်အတွက် ဆွေးနွေး နေဆဲရှိကြောင်း ၄င်းက ထပ်လောင်း ပြောကြား သည်။

အိန္ဒိယတက္ကသိုလ်တွင် ဆော့ဖ်ဝဲဆိုင်ရာသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်

Image
အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဆော့ဖ်ဝဲနှင့် ပတ်သက်သည့် သင်တန်းကို အိန္ဒိယ နိုင်ငံတွင်ခြောက်လကြာအခမဲ့တက်ရောက်နိုင်ရန် ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထား၍ မန္တလေး ကွန်ပျူတာတက္ကသိုလ်သို့ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။ အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရပူးပေါင်းပြီး ယခုနှစ်မေ ၅ ရက်တွင်စတင်ဖွင့်လှစ်မည့် post graduate software development သင်တန်းကို အိန္ဒိယနိုင်ငံ The International Institute of Information Technology, Bangalore (lll TB) တွင်ခြောက်လနှင့် မန္တလေးမြို့တွင် သုံးလတက် ရောက်ရ မည်ဖြစ်ကြောင်း မန္တလေးကွန်ပျူတာတက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင်ကြေညာထားသည်။

တမာပင်ရဲ့လူ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့အချက်များ

Image
၁ – ထိခိုက်ရှနာများနှင့် အကောင်ကိုက်ခံရသော ဒဏ်ရာများ အတွက် ပြင်ပပိုးမ၀င်အောင် တားစီးပေးသောဆေး အဖြစ်လည်းကောင်း၊ ဘက်တီးရီးယားများနှင့် Virus များ ကိုသေစေနိုင်ပြီး သွေးကို အကောင်းဆုံးသန့် စင်ပေးတဲ့ ဆေးအဖြစ်ပါအသုံးပြုနိုင်ပါတယ်။ ၂ – အရေပြားပြဿနာများအတွက် တမာကုန်ကြမ်းကို အသုံးပြုပြီး ဆေးဆပ်ပြာများအဖြစ်နှင့် အရေပြားရောဂါ ကု ဆေးဝါးများအဖြစ်လည်း အမျိုးမျိုးပေါ်ထွက်နေပြီးဖြစ် ကာ နှင်းခူလိုရောဂါမျိုး အတွက်လည်း တမာရွက်ကိုကြိတ်ပြီး အနာပေါ် သိပ်ထားပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

အရိုးအဆစ် ရောင်ရမ်းခြင်းနှင့် ရှောင်ရန်၊ဆောင်ရန် ဓာတ်စာများ

Image
အရိုးအဆစ်ရောင် ရောဂါရှိသူများဟာ အစားအသောက်နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေ ကို မေးလေ့ ရှိကြတယ်။ ယူရစ်အက်စစ်များ၍ ဖြစ်သော ဂေါက်ရောဂါ၊ အဝလွန်၍ဖြစ်သော အရိုးကျီးပေါင်းတက် ရောဂါတို့ကတော့ အစားအသောက်ကို ဆင်ခြင်စားသောက်ဖို့ လိုတယ်။ ဂေါက်လို့ခေါ်တဲ့ အဆစ်ရောင် ရောဂါရှိရင် နေ့တိုင်း နို့တစ်ခွက် သောက်သင့်တယ်။ ရေကိုလည်း များများ သောက်သင့်တယ်။ ယူရစ်အက်စစ် မြင့် တက်စေတဲ့ သားငါးများမှာ ပါတဲ့ ဝမ်းတွင်း ကလီစာ၊ ငါးဥ၊ မျှစ်၊ ပဲမြစ်၊ အစေ့အဆန် များတဲ့ အဆီ၊ ဘီယာ၊ ဝိုင်နဲ့ စည်သွတ်ဘူးတွေကို ရှောင်သင့်တယ်။ အမဲသား များများစားခြင်း၊ ပင်လယ်စာ (ဂုံး၊ ခရု၊ ပြည်ကြီးငါး) တွေကို ရှောင်ရမယ်။အသီးအနှံကို စားလို့ရပေမဲ့ ခရမ်းချဉ်သီးနဲ့ အာလူးတို့မှာ ပါတဲ့ အယ်ကာလွိုက် တစ်မျိုးက လူတချို့ကို အရိုးအဆစ် ရောင်စေနိုင်လို့ ဆင်ခြင် ရပါမယ်။

လယ်ယာမြေပြဿနာကြောင့် ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြသတ်သေခဲ့သည့် အိန္ဒိယကလယ်သမား

Image
အိန္ဒိယ နိုင်ငံတွင် မြေပိုင်ဆိုင်ခွင့် မရသည့် ကိစ္စအတွက် လယ်သမားတစ်ဦးသည် မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။ လယ်သမား တစ်ဦးဖြစ်သော ပရာဘင်ဘိုနိုသည် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။ အာဆမ်ပြည်နယ် အစိုးရက ဂူဝါဟာတီ ဒေသရှိ တောင်ကုန်းများ အနီးတွင် နေထိုင်သူများကို မြေယာပိုင်ဆိုင်ခွင့် အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည့်နောက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာသည်။ အသက်(၄၅)နှစ်ရှိ ဘိုနိုက ယင်းဆန္ဒပြပွဲတွင် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။

၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့

Image
အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲမှာ အိပ်ပျော်သွားပြီး ဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ Chin Chean အမည်ရှိ ၄၇နှစ်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို အခေါင်းထဲမှာ ရွာသားတွေက စတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ဆယ်ကျော်သက်ကောင်မလေးရဲ့ မိသားစုကို အကြောင်းကြားခဲ့ကြပါတယ်။ Chin Chean ဟာ ၁၇နှစ်အရွယ်ကောင်မလေးရဲ့ ဈာပနကို တက်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာ အုတ်ဂူကို ည(၁၀)နာရီလောက်ကစပြီး တူးခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။

သင့်ကို ဗိုက်မပြည့်စေတဲ့ အစားအသောက်တွေ

Image
အစားအသောက်စားတယ်ဆိုတာ ဗိုက်ပြည့်စေဖို့မဟုတ်လား။ တကယ်လို့များ တချို့အစား အစာတွေဟာ သင့်ကိုဗိုက်ပြည့်စေတယ်လို့ ထင်အောင် ဟန်ဆောင်နေတာဆိုရင် သင်အံ့သြသွားမလား။ အစားအစာ တိုင်းဟာ သင့်ခန္ဓာကိုယ်ကို လုံလောက်တဲ့ စိတ်ကျေနပ်မှု မပေးပါဘူး။ ဒီတော့ သင့်ဦးနှောက်ကို ဗိုက်ပြည့်ပြီလို့ တွေးထင်စေပြီး သင့်စိတ်ကိုတော့ ခဏခဏဗိုက်ဆာ သလိုဖြစ်နေမယ့် အစားအသောက်တွေအကြောင်း ပြောကြည့်ရအောင်။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဖြင့် အမျိုးသမီးများ ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု နှုန်းကို လျှော့ချနိုင်

Image
ဟိုနိုလူလူ သြဂုတ် ၂၆ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည် အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။ ဟာဝိုင်ယီ တက္ကသိုလ်မှ သုတေသီ များသည် ၁၂ နှစ်ခွဲကြာ ကာလ အတောအတွင်း အရွယ် ရောက်ပြီးသူ ၁၈၅,၈၈၅ ဦးထံမှ ကျန်းမာရေး ဆိုင်ရာ အချက်အလက် များကို စုဆောင်း၍ လေ့လာ ဆန်းစစ်မှု များကို ပြုလုပ်ခဲ့ပြီး Nutrition ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း ဆင်ဟွာ သတင်း ဌာနက ထုတ်ပြန်ထား သည်။ သုတေသီ များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားရန် အလားအလာ ရှိသော အမျိုးသမီး ၁၅၂

ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား

Image
အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။

သင့်ကျန်းမာရေး အတွက် လက်ဆေးပါ

Image
''ကာကွယ် တားဆီးခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်'' ဟူသော ဆောင်ပုဒ်ဟာ ကျန်းမာရေး လိုက်စားချင်လာအောင် အလေ့အကျင့်ကောင်း၊ စနစ်ကောင်းတွေကို လိုက်နာဖို့နဲ့ ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ဖို့ အတွက်ဖြစ်ကြောင်း မှတ်သားရပါသည်။ ''သင့်ကျန်းမာရေးအတွက် လက်ဆေးပါ'' ဆိုရင် ဆပ်ပြာနဲ့ ရေကောင်းရေသန့်ကို ပြေးသတိရမှာ ဖြစ်ပါ တယ်။ ရေကောင်းရေသန့်နဲ့ သုံးစွဲနိုင်တဲ့ အခြေအနေရှိခြင်း၊ ဆပ်ပြာသုံးကာ သန့်သန့်ရှင်းရှင်း နေနိုင်တဲ့ အခြေအနေရှိခြင်းတို့ဟာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထောက်အကူ ပြုရုံသာမက ကိုယ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဘက်စုံ ဖွံ့ဖြိုးရေးကိုပါ အကူအညီ ပေးနိုင်တယ်။ ကမ္ဘာတစ်ဝန်း ရေကောင်းရေသန့် သုံးစွဲရမှုနဲ့ ဆပ်ပြာဖြင့် သန့်ရှင်း ဆေးကြောနိုင်မှု အစရှိတဲ့ ကလေးများ ဖွံ့ဖြိုးမှုနှုန်းဆိုင်ရာ ကောက်ယူထားတဲ့

ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ရန်ကုန်၊ Yuzana Hotel မှာ ပြုလုပ်ခဲ့တဲ့ "Miss 27th SEA GAMES MYANMAR" ရွေးချယ်ပွဲ စာနယ်ဇင်းရှင်းလင်းပွဲ

Image

ဖေဖော်ဝါရီလ (၂၅) ရက်၊ ရေကြည်မြို့ အခမဲ့ လူနာတင်ယဉ် ဖြစ်မြောက်ရေး ရန်ပုံငွေပွဲမှာ ပါဝင်ခဲ့ကြတဲ့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ထားထက်ထက် နှင့် ဂုဏ်ရည်အေးကျော်

Image

Blog ပေါ်မှာ ဓါတ်ပုံတွေအားလုံးကို Size တပြေးညီ ဖြစ်စေချင်ရင်...

Image
Blogger တွေအတွက် Blog ပေါ်မှာ ဓါတ်ပုံတွေအားလုံးကို Size တပြေးညီ ဖြစ်အောင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်... ဦးစွာ template ကို backup လုပ်ဖို့ မမေ့ပါနဲ့... ပြီးရင် Blog Dashboard >Template > Edit Html ရောက်ရင် Ctrl+F နဲ့ အောက်က tag ကို search လုပ်ပါ...

ကွန်ပြူတာတွေကို မြန်ဆန်စေပြီး လုံခြုံမှုပေးတဲ့ PC Cleaner Pro 2014 12.1.14.2.19 နောက်ဆုံးထွက်

Image
Features တွေကတော့... • Registry Cleaner • Increase Your PC’s Performance • Boost Your PC’s Speed • Certified Virus + Spyware Protection • Security Defense • Clean Your System

Connectify Hotspot နောက်ဆုံးထွက် update ပါ..

Image
OS Support : Xp/Vista/7/8 Size : 8 Mb Connectify Dispatch is easy-to-use Windows software that lets you combine multiple Wi-Fi, 3G or 4G, and Ethernet connections into one super-fast connection. Try Dispatch along with our software router, Connectify Hotspot PRO, absolutely risk-free!

Fix Your Slow-Waking MacBook with One Terminal Command

Image
Apple က ထုတ်လုပ်တဲ့ MacBook Pros နဲ့ MacBook Airs တွေမှာ laptop ကို power-saving mode မှာ ထားပေးတဲ့ Standby ခေါ် feature တခု ပါရှိပါတယ်... အဲဒါကြောင့် ဒီ laptop တွေမှာ battery life ကတော့ စပယ်ရှယ် ကောင်းပါတယ်... ဒါပေမဲ့ wake up လုပ်တဲ့နေရာမှာတော့ မြန်ဆန်မှု သိပ်မရှိလှပါ...  developer တစ်ဦးဖြစ်တဲ့ Erv Walter က အဲဒီ laptop တွေမှာ wake up လုပ်တာ မြန်ဆန်မှုရှိအောင် fix လုပ်နိုင်တဲ့ super quick command line တခုကို ဖန်တီးထားပါတယ်... fix လုပ်တဲ့နည်းက ရိုးရိုးလေးပါ... ဒီအောက်က

Sign in လုပ်ခိုင်းတဲ့ youtube videos တွေကို မလုပ်ပဲကြည့်နည်း...

Image
Youtube ပေါ်မှာ တချို့ဗွီဒီယိုတွေကို ကြည့်တဲ့အခါ အပေါ်ကအတိုင်း Sign in လုပ်ခိုင်းတာ ကြုံဖူးပါလိမ့်မယ်... sign in မလုပ်ချင်ဘူး... လုပ်ဖို့ youtube account လည်းမရှိဘူးဆိုရင်... ဒီနည်းလေးကို အသုံးပြုနိုင်ပါတယ်... ဥပမာ.. ဒီ youtube.com/watch?v=6LZM3_wp2ps ဆိုရင် sign in လုပ်မှ ကြည့်လို့ရမှာပါ...

iOS 6.1.6 မိတ်ဆွေများ p0sixspwn 1.4 tool ကိုသုံးပြီး untethered jailbreak လုပ်နိုင်ပြီ...

Image
 iOS 6.1.6 ကို untethered jailbreak လုပ်နိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်... Apple’s SSL security ကို fix လုပ်ဖို့ release လုပ်တဲ့ iOS 6.1.6 ဟာ iPhone 3GS နဲ့ iPod touch 4th generation တွေအတွက် ထုတ်လိုက်တဲ့ တခုတည်းသော firmware ဖြစ်ပါတယ်... iOS 7.0.6 ကတော့ အခြား iDevices တွေအတွက်ဖြစ်ပါတယ်... ဒီနေရာမှာ p0sixspwn untethered jailbreak tool ကို သုံးထားပါတယ်...

ရွှေပါရမီ ဖောင်ဒေးရှင်းက ယခုနှစ် တက္ကသိုလ်ဝင်ခွင့် ပညာသင်ဆု နှစ်ရာနီးပါး ထောက်ပံ့

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ အဆင့်မြင့်ပညာ ဆက်လက် သင်ယူရန် ခက်ခဲသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ ၁၉၃ ဦးကို ယခုအတွက် ပညာသင် ထောက်ပံ့ကြေးများကို ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်က ပြုလုပ်သည့် ဒုတိယ အကြိမ် တက္ကသိုလ် ပညာသင်ဆု ချီးမြှင့်ပွဲ၌ ပံ့ပိုးလိုက်ကြောင်း ရွှေပါရမီ ပညာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။ ယခင် ပညာသင်နှစ်မှ စတင် ချီးမြှင့်ခဲ့သော ရွှေပါရမီ ပညာရေး ဖောင်ဒေးရှင်း ပညာသင်ဆု အစီအစဉ်သည် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်နှင့် ပညာရေး တက္ကသိုလ်များသို့ တက်ရောက်ရန် ငွေကြေး ခက်ခဲသူများ အတွက် ရည်ရွယ်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဥပဒေပညာရေးတိုးမြှင့်ဖို့ ရန်ကုန်-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှုစီစဉ်

Image
စင်ကာပူက တက္ကသိုလ်နှစ်ခုနဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေဌာနတို့ တက္ကသိုလ်တွေကြားမှာ ဥပဒေပညာ ရေးတိုးမြှင့်ဖို့ ရည်ရွယ်ပြီးပူးပေါင်းဆောင်ရွက်မှုကို နောက်ငါးလကျော်အတွင်း စတင်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်းရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဦးတင်ထွန်းကပြောပါတယ်။ ဥပဒေပညာသင်ကြားရေး ဖွံ့ဖြိုးတိုးတက်အောင် ပညာသင်ယူနေသူတွေပိုပြီးပြည့်ဝအောင် နှစ်ဦးနှစ် ဖက် အပြန်အလှန်ပူးပေါင်းပြီး နားလည်မှုစာချွန်လွှာကို စင်ကာပူတက္ကသိုလ်နှစ်ခုနဲ့ ရန်ကုန်တက္ကသိုလ် နဲ့မန္တလေးတက္ကသိုလ်ဥပဒေဌာနတို့ လက်မှတ်ရေးထိုးကြတာပါ။

ဆွစ်ဇာလန် အလှူရှင်တွေရဲ့အထောက်အပံ့နဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေပေးမည်

Image
ဆွစ်ဇာလန်နိုင်ငံရှိ အလှူရှင်တွေရဲ့အထောက်အပံ့နဲ့ ပရိဘောဂဒီဇိုင်းရေးဆွဲခြင်းနဲ့ ထုတ်လုပ်မှုအ တတ်ပညာသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်းစတဲ့ အသက်မွေးဝမ်းကျောင်းသင် တန်းတွေကို Center for Vocational Training (CVT Myanmar) ကအခမဲ့သင်ကြားပေးမယ်လို့ သိရပါတယ်။ ပရိဘောဂသင်တန်းကို ပြည်တွင်းအတွေ့အကြုံရှိဆရာ၊ ဆရာမတွေနဲ့ ဆွစ်ဇာလန်နိုင်ငံက ကျွမ်းကျင် ပညာရှင်တွေပူးပေါင်းပြီး ပရိဘောဂပညာရပ်တွေနဲ့ အဆင့်မြင့်ပရိဘောဂတွေကို ဒီဇိုင်းရေးဆွဲတာ၊ တန်ဖိုးတွက်ချက်တာ၊ နည်းပညာနားလည်အောင်နဲ့ ကိုယ်တိုင်ထုတ်လုပ်တတ်အောင်စတဲ့ ပရိဘောဂ ပညာတွေကို စာတွေ့လက်တွေ့သင်ကြားပေးမယ်လို့ စီဗီတီမြန်မာက သိရပါတယ်။ သင်တန်းပြီးဆုံး ပါက ဆွစ်ဇာလန်နိုင်ငံပရိဘောဂသင်တန်းကျောင်းအဖွဲ့ရဲ့ အသိအမှတ်ပြုအောင်လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။

ယူကေစီးပွားရေး တက္ကသိုလ်ဖောင်ဒေးရှင်းပရိုဂရမ် မတ်လမှာတက်နိုင်

Image
ယူကေနိုင်ငံ Cass Business School မှာတက်ရောက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေက INTO City University ရဲ့ဖောင်ဒေးရှင်းပရိုဂရမ်ကနေ တက်ရောက်နိုင်ပြီလို့ သိရပါတယ်။ နိုင်ငံတကာက ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဂျီစီအီးအေအဆင့်ကို နှစ်နှစ်တက်ရောက်စရာမ လိုဘဲ အင်တူစီးတီးတက္ကသိုလ်ရဲ့ တက္ကသိုလ်အကြိုက စတင်ပြီးတက်ရောက်နိုင်အောင် ပေါင်းကူးတံ တားသဖွယ် စီစဉ်ပေးထားတဲ့ ပရိုဂရမ်ဖြစ်ပါတယ်။

Autodesk AutoCAD (2D/3D) 2014

Image
Autodesk AutoCAD (2D/3D) 2014 လိုချင်တဲ့ မိတ်ဆွေများ အောက်မှာဒေါင်းယူလိုက်ပါ... full version အတွက် အထဲမှာ instruction ပါပါတယ်... Feature: 2 GB of RAM (Recommended four GB). Six GB free house in terms of the value to put in. 1,024 x 768 show resolution with the right color (1,600 X 1,050 suggested ). On the planet wide internet human seven or later. Established from the transfer or optical disc. Download Here (10.30 MB) အဆင်ပြေပါစေ... ကိုမျိုး http://lwanmapyay.blogspot.com/

ဘောလုံးကစားသမားများ၌ မကြာခဏ ခေါင်းတိုက်လေ့ရှိသူများ နာတာရှည်ဝေဒနာပိုခံစားရနိုင်

Image
Health Updates Journal No. 106 ကနေဒါမှ Michael’s Hospital မှ လေ့လာသူများအဆိုအရ ဘောလုံးအားကစားသမားများ၌ မကြာခဏခေါင်းတိုက်ရသော ကစားသမားများမှာ ကျန်းမာရေးကို ပိုမို ဂရုစိုက်ရန်လိုကြောင်း ပြောကြားခဲ့ သည်။ Dr.Tom Schweizer က ပြီးခဲ့သည့်နှစ်များအတွင်း ကြုံတွေ့ခဲ့ရသည့် ဘောလုံးအားကစားသမားများ ၏ ဦးခေါင်းထိခိုက်မှုအခြေအနေ နှင့် ၎င်းတို့၏အကျိုးသက်ရောက်ပုံများအား စောင့်ကြည့်ခဲ့သည်။

လူကီးမီးယား(သွေးကင်ဆာ)နှင့် လျှပ်စစ်တာဝါတိုင်များ ဆက်စပ်မှု မရှိဟုဆို

Image
Health Updates Journal No. 106 လေ့လာမှု အသစ်တစ်ခုအရ ဗို့အားပမာဏများသော လျှပ်စစ်တာဝါတိုင်များအနီးတွင် နေထိုင်သော ကလေးများ၌ သွေးကင်ဆာတစ်မျိုးဖြစ်သော (Leukaemia) ဖြစ်ပွားသည်ဆိုသောအချက်မှာ မမှန်ကြောင်း University of Oxford မှ လေ့လာသူများက တင်ပြခဲ့သည်။

ဗီတာမင်စီထိုးခြင်းက ကင်ဆာရောဂါကုသရာမှာ အဓိကအခန်းကဏ္ဍတစ်ခု ဖြစ်လာနိုင်

Image
Health Updates Journal No. 106 အမေရိကန်မှ ဆရာဝန်များက ကင်ဆာရောဂါအတွက် ဓာတုကုထုံးခံယူနေရသည့် လူနာများတွင် ဗီတာမင်စီက အကျိုးဖြစ်ထွန်းမှု ကောင်းများဖြစ်ပေါ်စေနိုင်သည်ဟု အကြံပြုခဲ့သည်။ University of Kansas မှ လေ့လာသူများက သားဥအိမ်ကင်ဆာအားကုသရာ၌ ဗီတာမင်စီက အသုံးဝင်မ၀င် သိရရန် လေ့လာခဲ့ကြသည်။ ဗီတာမင်စီအား ယခင်က ကင်ဆာရောဂါကုသရန် သုံးခဲ့ဖူးသော်လည်းပါးစပ်မှ သောက်ခြင်းက မည်သည့်သက်ရောက်မှုမှ ထူးခြားစွာ ဖြစ်ပေါ်မ လာကြောင်း တွေ့ခဲ့ရသည်။

ကမ္ဘာ့ ကင်ဆာရောဂါဆိုင်ရာနေ့

Image
Health Updates Journal No. 106 ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ ၄ရက်နေ့ဟာ ကမ္ဘာ့ကင်ဆာရောဂါ ဆိုင်ရာနေ့ဖြစ်ပြီး ကင်ဆာရောဂါဆိုင်ရာ အသိပိုပြီး ကြွယ်ဝလာစေဖို့နဲ့ ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းတွေကို ပိုပြီးထိရောက်စေဖို့ ရည်ရွယ်ထားပါတယ်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာရောဂါ ထိန်းချုပ်ရေး အစည်းအရုံးက ဦးဆောင်ကျဉ်းပ တာဖြစ်ပြီး တစ်ကမ္ဘာလုံးက နိုင်ငံ ၁၂၀က ကင်ဆာတိုက်ဖျက်နေတဲ့ အဖွဲ့အစည်း ၄၇၀ ကျော်က တစ်ပြိုင်နက် ကျင်းပကြပါတယ်။

အမေရိကန်နိုင်ငံတွင် ဖန်တီးပြုလုပ်ထားသော မြင်လွှာဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့

Image
Health Updates Journal No. 106 အမေရိကန်နိုင်ငံမှာ မျက်စိအမြင်ကွယ်လုနီးပါးဖြစ်နေတဲ့ လူနာနှစ်ဦးမှာ ဖန်တီးပြုလုပ်ထားတဲ့ မြင်လွှာအတု (artificial retina)ုကို ခွဲစိတ်တပ်ဆင်ပေးနိုင်တယ်လို့ လေ့ လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။ တပ်ဆင်ပေးခဲ့တဲ့ မြင်လွှာကို Argus II retinal prothesis လို့ခေါ်ဆိုပြီး အမေရိကန်နိုင်ငံအစား အသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့ရဲ့ ထောက်ခံချက် ရရှိပြီးဖြစ်ပါတယ်။ လူနာဟာ အမြင်အာရုံကို နဂိုအတိုင်း ပြန်ရဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပြီး တစ်လကနေ သုံးလအထိ ကြာမြင့်နိုင်ပါတယ်။

ဗိုက်အောင့်ခြင်းကို သက်သာစေမယ့် အချစ်ဟော်မုန်း

Image
Health Updates Journal No. 106 အောက်ဆီတိုဆင်ဟော်မုန်းကို အချစ်ဟော်မုန်းလို့ လူသိများပါတယ်။ ဒါပေမယ့် အချစ်ဟော်မုန်းမှာ နာတာရှည်ဗိုက်အောင့်ခြင်းကို သက်သာစေတဲ့ အစွမ်းရှိနေကြောင်း သုတေသနတစ်ရပ်မှာ ဖော်ပြ ထားပါတယ်။ Queensland တက္ကသိုလ်မှ ပါမောက္ခ Paul Alewood ဟာ အောက်ဆီတိုဆင်ဟော်မုန်းဟာ နာတာရှည်ဗိုက်အောင့်၊ ဗိုက်နာခြင်းကို သက်သာစေတယ်ဆိုတာကို တွေ့ ရှိခဲ့ပါတယ်။ အဲဒီဟော်မုန်းဟာ လူမှုဆက်ဆံရေး နှောင်ဖွဲ့မှုကို တိုးပွားစေပြီးချစ်တင်းနှောတဲ့အခါ ထွက်ပေါ်တတ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ “အစာခြေစနစ်မှာ အောက်ဆီတိုဆင် ဟော်မုန်းဟာ ကြာကြာနေနိုင်ပြီး ဟော်မုန်းရဲ့ မော်လီကျူးတွေဟာ အူနဲ့ အစာအိမ်ရဲ့ အာရုံကြော receptorတွကို သက်ရောက်မှုရှိစေပါတယ်”လို့ ရှင်းပြထားပါတယ်။

HIV ပိုး ကူးစက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် မိန်းမကိုယ်လိမ်းခရင်

Image
Health Updates Journal No. 106 ငွေသတ္ထုမှရရှိတဲ့ နာနိုအမှုန်နဲ့ ပြုလုပ်ထားတဲ့ မိန်းမကိုယ်လိမ်းခရင်တစ်မျိုးဟာ HIV ဗိုင်းရပ်ပိုး ကူးစက် နိုင်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သုတေသနတစ်ခုမှာ ဖော်ပြထားပါ တယ်။ အဲဒီခရင်ကို အသုံးပြုပြီး မိနစ်ဝက်အတွင်းမှာ အစွမ်းပြမှာ ဖြစ်ပြီး ၇၂နာရီကြာ အာနိသင်ရှိတယ်လို့ သိရပါတယ်။ တွေ့ရှိခဲ့တဲ့ Texas တက္ကသိုလ်မှ သုတေသီတွေဟာ ငွေနာနိုအမှုန်က လူ့ကိုယ်ခန္ဓာထဲကို HIV ပိုးဝင်ရောက်ခြင်းမှ ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ ခရင်ကို လူသားတွေ ရဲ့ တစ်ရှုးနမူနာတွေမှာ စမ်းသပ်ခဲ့ပြီး သားအိမ်ခေါင်း အချွဲမြှေးထဲကို ဗိုင်းရပ်ပိုး မကူးစက်နိုင်တာကို သက်သေပြနိုင်တယ် လို့ ဖော်ပြထားပါတယ်။ မိန်းမကိုယ်မှာ လိမ်းရမှာဖြစ်ပေမယ့်လည်း ဗိုင်းရပ်ရဲ့ အစွမ်းကို နှိမ်နင်း နိုင်စွမ်းတွေ ရှိနေပြီး လိင်ဆက်ဆံဖက်ကိုပါ ကာကွယ်မှုပေးနိုင်တယ်လို့ သုတေသီ Lara Villegas က ပြောဆိုထားပါတယ်။

ရင်သားကင်ဆာတွင်သုံးသည့်ဆေးက အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါခံစားနေရသည့် HIV ဝေဒနာရှင်များ၏ မျှော်လင့်ချက်ဖြစ်လာနိုင်

Image
Health Updates Journal No. 106 နှစ်စဉ် HIV ဝေဒနာရှင်များအား အဓိကသေဆုံးစေသော တရားခံမှာ Cryptococcosis ဟုခေါ်သည့် မှိုရောဂါဖြစ်ပြီး ယင်းမှိုရောဂါအား ရင်သားကင်ဆာကုသရာ၌သုံးသည့် ဆေးကကုသနိုင်ကြောင်း သိရသည်။ University of Rochester မှ လေ့လာသူများက ရင်သားကင်ဆာ ဝေဒနာရှင်များ၌သုံးသည့် Tomoxifen ဆေးအား Cryptococcosis ကြောင့် အဆုတ်ရောင်နမိုးနီးယားနှင့် ဦးနှောက် အမြှေးရောင်ရောဂါ ခံစားနေရသည့် ကြွက်များတွင် စမ်းသပ်ခဲ့ကြသည်။

ကလေးငယ်များမှာ သွေးစစ်ရုံနဲ့ ဥာဏ်ရည်ကို သိနိုင်ပြီ

Image
Health Updates Journal No. 106 အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့ဟာ သွေးကိုစစ်ရုံနဲ့ ဥာဏ်ရည်ဥာဏ်သွေးချို့ယွင်းမှုရှိမရှိကို ခန့်မှန်းဖော်ထုတ်နိုင်တဲ့ စစ်ဆေးမှုတစ်မျိုးကို ထောက်ခံချက်ပေးခဲ့ပါ တယ်။ ဒါဟာ မျိုးဗီဇကုတ်စနစ်တွေကို စစ်ဆေးပေးတဲ့ သွေးစစ်နည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ စစ်ဆေးမှုအသစ်ကို အမေရိကန်နိုင်ငံ၊ ကယ်လိုဖိုးနီးယားအခြေစိုက် Affymetrix မှ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပြီး ကလေးငယ်ရဲ့ ခရိုမိုဇုန်း (chromosomes) တွေဟာ ဒေါင်း ရောဂါလက္ခဏာစု၊ DiGeorge ရောဂါစုနဲ့ အခြားဥာဏ်ရည်ဖွံဖြိုးမှု နိမ့်ကျနိုင်တဲ့ရောဂါတွေနဲ့ ဆက်စပ်နေမှုကို ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါ တယ်။အမေရိကန်နိုင်ငံက ကလေး ငယ်၂%ကနေ ၃%ဟာ ဥာဏ်ရည်ဖွံ့ ဖြိုးမှု နိမ့်ကျတဲ့ရောဂါတွေကို ခံစားနေရတယ်လို့ အမျိုးသားကျန်းမာရေး အင်စတီကျုက သတင်းထုတ်ပြန် ထားပါတယ်။

"ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံးနဲ့ ကုမယ်"

Image
ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာသွားပါလိမ့်မယ်။ လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။ ဒါက အိန္ဒိယမှ ကုထုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်က နေ ကို ကိုယ်စားပြုပြီး ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။ ခေါင်းကိုက်နေတဲ့ အတောအတွင်းမှာ ညာဘက်အပေါက်ကို ဖိပြီး လက်ဖြင့်ပိတ်လိုက်ပါ။

ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ

Image
မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ် လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ မြန်မာအစိုးရ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဦးဌေးအောင်က ဗီဇာကင်းလွတ်ခွင့် အတွက် နောက်လာမယ့်နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်မယ်လို့ ထင်မြင်ကြောင်း၊ လက်ရှိမှာ ထိုင်းနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ စိစစ်သုံးသပ်နေကြောင်း၊ ခွင့်ပြုမယ့်ရက် အတိအကျကိုတော့ မသိရသေးကြောင်း ပြောကြားခဲ့တယ်လို့ The Nation သတင်းက ဖေါ်ပြပါတယ်။

နှုတ်ခမ်းနီနှင့် သွားတိုက်ဆေးတွင် ပါသော ဓာတုပစ္စည်း များကြောင့် နှလုံး ကျန်းမာရေး ထိခိုက်နိုင်

Image
နှုတ်ခမ်းနီ၊ မျက်နှာသစ် ဆပ်ပြာနဲ့ သွားတိုက်ဆေးမှာ ပါဝင်မှုများတဲ့ ဓာတု ပစ္စည်းတွေဟာ နှလုံးနဲ့ ကြွက်သား (Muscle) ပြဿနာ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက သတိ ပေးလိုက်ပါတယ်။ Triclosanဆိုတဲ့ ဓာတု ပစ္စည်းဟာ အိမ်သုံး ပစ္စည်းအမျိုးအစား ၁၀၀ကျော်မှာ ပါဝင်နေပြီး ကြွက်သား (Muscle)နဲ့ နှလုံးကို ထိခိုက် စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီဓာတုပစ္စည်းကို ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာ ပစ္စည်းနဲ့ထိတွေ့ပြီး မိနစ်၂၀ အတွင်းမှာ နှလုံးလုပ်ငန်းဆောင်တာ ၂၅ရာခိုင်နှုန်း လျော့ကျသွားကြောင်း တွေ့ရှိခဲ့တာကြောင့် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ အခိုင်အမာ သက်သေပြနိုင်ခဲ့ပါတယ်။

ကလေးငယ်များကို လမ်းမှားရောက်စေကြောင်း ဝေဖန်မှုများကို မိုင်လီ တုံ့ပြန်

Image
အသက်(၂၁)နှစ်ရှိ Popဂီတ အဆိုတော်၏ အဖော်အချွတ် အသားပေး ဂီတဗီဒီယိုများနှင့် ဝတ်စားဆင်ယင်ပုံများက လူငယ်လူရွယ်များအတွက် လမ်းမှားရောက်စေမည့် အခြေအနေမျိုးအဖြစ် မိဘအများစုက ဝေဖန်ပြစ်တင်နေကြသည်။ သူမ၏ ပုံရိပ်သည် ကလေးငယ်များအတွက် အန္တရာယ် ပေးနိုင်မည့် ညစ်ညမ်းရုပ်ရှင် အပျော့စားမျိုး ဖြစ်လာကြောင်း ဝေဖန်မှုများကို မိုင်လီဆိုင်းရပ်စ်က ငြင်းဆန်တုံ့ပြန်လိုက်သည်။

အသည်းရောဂါများအတွက် အသုံးပြုသင့်သော ဆေးပင်များ (မုန်လာဥပင်)

Image
ယခုတစ်ပတ်တွင် အသည်းနှင့် ပတ်သက်၍ အသုံးပြုရန် ရေးသား တင်ပြလိုသော အပင်မှာ မုန်လာဥပင် ဖြစ်၏။ မုန်လာဥပင် ဆိုလျှင် တိုင်းရင်း ဆေးပညာရှင်များ သာမက တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ သိနိုင်မည်ဖြစ်၏။ မုန်လာပင်သည် အရွက်၊ ဥနှင့် အမြစ်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ရသော အပင်မျိုး ဖြစ်၏။ ၎င်း မုန်လာဥပင်မှာ ဆောင်းရာသီတွင် လှိုင်လှိုင်ပေါ်၏။ အထူးသဖြင့် အောက် အရပ် ဒေသခေါ် အကြေဒေသမှ အိမ်ရှင်မများ၊ အထက်အရပ်ခေါ် အညာဒေသနှင့်

ဆေးလိပ်သောက်သော အကျင့်ပျောက်စေရန်

Image
စွဲစွဲမြဲမြဲလုပ်ဆောင်လာခဲ့တဲ့ အလေ့အကျင့်တစ်ခုကို ဖြတ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်းလို မကောင်းတဲ့အလေ့အကျင့်ဆိုရင် ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲပါဦးမယ်။ အမျိုးသားကင်ဆာ ဌာနကနေ ဆေးလိပ်ပြတ်အောင် ဖြတ်တဲ့နည်းတွေ ကို အောက်ပါအတိုင်းဖော်ပြပေးထားသည်။

Samsung က Galaxy S5 ကို ကြေညာပြီ

Image
Samsung က စွမ်းဆောင်ရည်မြင့် Galaxy S5 ကို Mobile World Congress မှာ ကြေညာလိုက်ပါတယ်။ အနောက်ဘက်က Galaxy Note 3 လို Leather နဲ့ ဖုံးအုပ်ချုပ်လုပ်ထားသလို ထင်ရအောင် ပြုလုပ် ထားပေမယ့် ဒီဇိုင်း ကအနည်းငယ် ကွာခြားပါတယ်။ အရင်က သတင်းတွေအရ 4K Display တပ်ဆင်ထားမယ်လို့ သိရပေမယ့် တကယ်တမ်းမှာ Galaxy S5 မှာ ၅.၁ လက်မ Full HD Super AMOLED 1080p Display တပ်ဆင်ထားပါတယ်။ ဒါပေမယ့် S5 ရဲ့ Specification များ က ကောင်းမွန်ပါတယ်။ Qualcomm Snapdragon Quad-Core 2.5GHz Processor, 2GB RAM, 16 or 32 GB Storage တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 2.1 Megapixel Camera တပ်ဆင်ထားပါတယ်။ ကင်မရာက Ultra HD Video များ ကို ရိုက်ကူးပေးနိုင်ပါတယ်။ 2800mAh Battery တပ်ဆင်ထားပါတယ်။

Myanmar Model – Ariel Thuta

Image

Myanmar Model – Hnin Su Khine Oo | နှင်းစုခိုင်ဦး

Image

လာမယ့် မတ်လ (၄) ရက်နေ့မှာ ကျင်းပမယ့် Miss Globe Myanmar 2014 ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေတဲ့ ပြိုင်ပွဲဝင် အလှမယ်များ

Image
Here are snapshots of Miss Globe Myanmar 2014 (18) Shortlisted Contestants' Training Day on February 23, 2014, in Yangon. The Final Round of Miss Globe Myanmar will be held at the Karaweik Palace Hotel in Yangon on March 4, 2014. (Photos by Wai Yan)

Cirrhosis Diet အသဲခြောက် အစားအသောက်

Image
ဆရာ ကျွန်တော်က နယ်စပ်မှာ ကျန်းမာရေးလုပ်သားဆေးမှူးလုပ်နေပါတယ်။ ဆေးစာတွေမှာ အသဲခြောက်နေသူဟာ အသားဓါတ်မစားနဲ့ စားပါဆိုပြီး ဖတ်ရတယ်ဆရာ။ ဘယ်ဟာက မှန်ပါသလဲ။ • အသဲခြောက်နေသူဟာ အသီးတွေ၊ အသီးအနှံတွေ၊ ဖြူဖွေးသွားအောင်လုပ်မထားတဲ့ ဆန်-ဂျုံ နဲ့ အဲဒီကလုပ်တဲ့ အစားအစာတွေနဲ့ သင့်တော်တဲ့ (ပရိုတင်း) ဓါတ်ပါအစားတွေက ကောင်းပါတယ်။ • နေ့စဉ်ဗီတာမင်တွေပါဖြည့်သောက်တာ ကောင်းတယ်။ (ကေ)၊ (အေ)၊ (ဒီ) နဲ့ (အီး) လိုနိုင်တယ်။ သိထားဘို့က မျှတ-လုံလောက်တဲ့ အစားအစာတွေစားနေသူမှာ ဒီဗီတာမင်တွေက ပါနေပြီးဖြစ်တယ်။

Bell's palsy မျက်နှာတခြမ်းလေဖြတ်ခြင်း

Image
ဟဲလို ဒေါက်တာ ကျနော်အသိတစ်ယောက် ဦးခေါင်းတစ်ခြမ်း ကိုက်ပြီး ပါးတစ်ဖက်စောင်းနေတယ်။ ပြီးတော့ မျက်စိတစ်ဖက်လဲ မှိတ်လို့မရဘူးဖြစ်နေတယ်။ ခန္ဓာကိုယ် ကျန်းမာရေးကောင်းပါတယ်။ ဦးခေါင်းတစ်ဖက်ကိုက်ခဲနေပြီး စကားပြောရတာလဲ အဆင်မပြေဘူး။ မျက်စိတစ်ဖက်ကလဲ လုံးဝမှိတ်လို့မရဖြစ်နေတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံးပေးသေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဆရာ ကျေးဇူးပြု၍ bell palsy အကြောင်း မြန်မာလိုရှိရင် ဖတ်ချင်ပါတယ်။

Ischemic Heart Disease (IHD) နှလုံးသွေးကြောကျဉ်းရောဂါ

Image
Post Before “read more” နှလုံးဟာ တရက်မှာ ပျမ်းမျှအကြိမ် တစ်သိန်းလောက် ခုန်နေပြီး၊ သွေးထုထည် ဂါလံနှစ်ထောင်လောက် ညှစ်ထုတ်ပေးနေတယ်။ တသက်လုံး မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေးနေရပြီး အသက် ၇၀ အရွယ်ရှိသူတယောက်မှာ အကြိမ်ပေါင်း ၂ ဘီလီယံခွဲ ခုန်ပြီးဖြစ်တယ်။ ဒီလို အချိန်ပြည့် လုပ်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို နှလုံးသွေးကြောတွေက ထောက်ပံ့ပေးနေတယ်။ နှလုံးသွေးကြောတွေဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို လုံလောက်အောင် မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်းရောဂါ (IHD) ရလာမယ်။

Intestinal Tuberculosis အူ (တီဘီ)

Image
Mon, Jan 21, 2013 at 8:20 PM ကျွန်တော် အမေက အသက် ၆၂ ရှိပါပြီ။ ညာဖက်မှာ ဗိုက်မှာ နာနာနေလို့ ဆေးစစ်တာ ဗိုက်ထဲမှာ အကျိတ်တွေ့တယ် ပြောပါတယ်။ ကင်ဆာ မဟုတ်ဘူးတဲ့ ဆေးပေးတာတော့ သောက်ပြီးပါပြီ။ ဆေးစစ်ချက်ကို မေးလ်ပို့ပေးလာတယ်။