Posts

Showing posts from June, 2014

ချက်ချင်းဆိုသလို သိသိသာသာ ဈေးရောင်းကောင်းစေသော ယတြာနည်း

Image
တစ်နေ့ ကျွန်ုပ်ဗေဒင်ဟောခန်းတွင် ရှိနေစဉ် စာတစ်စောင် ရောက်လာသည်။ သို့ ဆရာ.. ကျွန်တော် လေးစားစွာဖြင့် ဆရာထံမှ စာရေးသား အကူအညီ တောင်းခံလိုက်ရပါတယ်။ ကျွန်တော် ကတော့ အခုလောလောဆယ် ဌာနတစ်ခုရဲ့ ၀န်ထမ်းအလုပ် လုပ်ပါတယ်။ အရင်တစ်ခါတုန်းက ၀န်ထမ်း အလုပ် ရာထူးတိုးစေတဲ့ ယတြာလုပ်လိုက်တာ အဆင်ပြေသွားပါတယ်ဆရာ။ အခုတော့ ကျွန်တော် အကူ အညီ တောင်းချင်တာက ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အမအတွက် ဖြစ်ပါတယ်။ ကျွန်တော့်အမက ဈေးသည်တစ်ဦးပါ။ အခုတလော သူ ဈေးရောင်း မကောင်းဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဆရာ့အနေနဲ့ ဈေးရောင်းကောင်းစေမယ့် ယတြာနည်းလေး တစ်ခုလောက် ညွန်ကြားပေးစေ လိုပါတယ်။ ဆရာ့ဆီမှာ တင်ထားတဲ့ တစ်ချို့ဈေးရောင်းကောင်းစေတဲ့ ယတြာနည်းတွေတော့ ရှိပါတယ်ဆရာ။ ဒါပေ မယ့် တစ်ချို့ယတြာတွေက နည်းနည်းများလုပ်ရတာ ခက်နေမလားလို့ပါ။ ဒါကြောင့် လွယ်လည်းလွယ် ကူမယ်။ ကုန်ကျစရိပ်လည်း သက်သာစေမယ့် ယတြာနည်းလေးများရှိရင် ညွန်ပြပေးစေလိုပါတယ်။ အထက်ပါအတိုင်း ကျွန်ုပ်ထံသို့ စာရေးသားပေးပို့ အကူအညီ တောင်းခံလာပါတယ်။ ဒါကြောင့် ဈေးရောင်းကောင်းစေသော ယတြာနည်းတစ်ခုကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အခုပြောပြမယ့် ယတြာက တော်တော်လည်း လွယ်က

ငမောက် ဘယ်ပျောက်နေသလဲ

Image
မြန်မာပြည်ဟာ အဖိုးတန် သယံဇာတတွေ တွင်းထွက် ကျောက်မျက်ရတနာတွေနဲ့ ပြည့်နှက်နေတဲ့ ရွှေနိုင်ငံလေး တစ်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ကတည်းက ရပ်တည် လာခဲ့သလို ကမ္ဘာကျော်စေခဲ့တဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေ ကြောင့်လည်း ကမ္ဘာ့အလည်မှာ နာမည်ဂုဏ်သတင်း ကျော်စောခဲ့ပါ တယ်။ ပြီးတော့ မြန်မာ့ နန်းတွင်းကျောက်မျက် ရတနာတွေ ဆိုတာကလည်း ကြားရုံကြားဖူးခဲ့ပြီး မြင်တွေ့ ခွင့် မရခဲ့ပေမယ့် လေးစားအားကျ ခဲ့ရတဲ့ သမိုင်းဝင် ရတနာတွေဖြစ်ခဲ့ပါတယ်။ ရတနာပုံရွှေတိုက်တော် စာရင်းအရ မြန်မာ့နန်းစဉ် ပတ္တမြားတွေကတော့... ၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီ ကိုးဆယ်ကျော်ရှိတဲ့ ငမောက်ပတ္တမြားကြီး ၂။ ဗဒုံမင်း လက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး လို့ခေါ်တဲ့ ပတ္တမြား ၃။ သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်း လက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် လေးဆယ် ကျော် လှော်ကားတင်ကြီး လို့ခေါ်တဲ့ ပတ္တမြား ၄။ အလေးချိန် ဆယ်ရတီရှိ ဆင်မတောလို့ခေါ်တဲ့ ပတ္တမြား ၅။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော်လို့ခေါ်တဲ့ ပတ္တမြား တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ နောက်ဆုံးသိမ်းခဲ့တဲ့ အချ

နာဂစ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ မိုးညအိပ်မက်မြူ ဇာတ်ကားအကြောင်း ပြန်လည်ပြောပြတဲ့ ဒါရိုက်တာကြည်ဖြူသျှင်

Image
" မိုးညအိပ်မက်မြူ" ဇာတ်ကားကို စရိုက်ကူးတဲ့အချိန်က မိုးတွင်းကာလ မဟုတ်ဘူး။ ရာသီဥတု သာယာ ကောင်းမွန်တဲ့အချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးကို တည်တယ်။ ဒါပေမဲ့ ပထမဆုံး စရိုက်ကူးတဲ့နေ့မှာပဲ နာဂစ်စပြီးဖြစ်တယ်။ အစ်မတို့ ရိုက်ကူးတဲ့ ရိုက်ကွင်းအိမ်က စားသောက်ဆိုင် တစ်ဆိုင်မှာပေါ့။ ဒီစား သောက်ဆိုင်က ညနေ ၄နာရီ လောက်ဆိုရင် ရှုတင်သိမ်းပေးရတယ်။ အဲဒီနေ့ကကျတော့ ဒီ နေ့ကတော့ မုန်တိုင်းဝင်မယ်။ ဒါကြောင့် ဆိုင်ကို စောစော ပိတ်မယ်လို့ပြောတယ်။ ဒါနဲ့အစ်မတို့ကလည်း ဒါဆို တစ်ညလုံးရိုက်မယ်ပေါ့။ ဒါပေမဲ့ ဆိုင်ရှင်က မုန်တိုင်းများ ဘာထင်နေလဲတဲ့။ အားလုံးပြန်ရမယ် လို့ပြောတယ်။ အဲဒီတော့ အစ်မတို့ စိတ်ထဲမှာ သဘောမကျဘူး။ မုန်တိုင်းများ ဘာထူးဆန်းသလဲပေါ့။ အစ်မတို့ တစ်သက်လုံးမှာ မုန်တိုင်းဝင်တဲ့အခါ ရန်ကုန်ဆိုတာ ဘာမှဖြစ်တာမျိုးမှ မဟုတ်တာ။ ဆိုင်ရှင်က အတင်းပြန်ခိုင်းလို့သာ ပြန်ခဲ့ရတယ်။ သိပ်ပြန်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့အဲဒီ ညမှာပဲ နာဂစ်မုန်တိုင်းကြီး ကြုံ ခဲ့ရတယ်။ အားလုံး ပျက်စီးခဲ့တယ်။ ပြန်တောင် မရိုက်ကူးနိုင်တော့ဘူး။ မိုးတွင်းတစ်တွင်းလုံး ကုန်အောင်ပြန်စောင့်ခဲ့ရတယ်။ မိုးကုန်လို့ ရာသီဥတု သာယာ ကောင်းမွန်တော့မှပဲ ဇာတ်ကားကို ပြ

ဧရာဝတီဘဏ်က အင်တာနက်ဘဏ် ဝန်ဆောင်မှု စတင်

Image
pic; www.abiederman.com ရန်ကုန်၊ ဇွန် ၂၉ အင်တာနက်လိုင်းမိသော ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းများဖြင့် ဘဏ်အပ်ငွေစာရင်း အချင်းချင်း ငွေလွှဲ ပြောင်းနိုင်ခြင်း၊ ငွေစာရင်းရှင်းတမ်းများ ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်သည့် အင်တာနက်ဘဏ် ဝန်ဆောင်မှု ကို ဧရာဝတီဘဏ်တွင် ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရ သည်။ Aya ibanking ဟု အမည်ပေးထားသည့် အဆိုပါ ဝန်ဆောင်မှုကို လုပ်ကိုင်ရန် ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပြီး ဘဏ်တွင် လျှောက်ထားကာ ယင်းဝန် ဆောင်မှု အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဧရာဝတီဘဏ်က ကြေညာသည်။ ငွေလွှဲပြောင်းခြင်းများကို လူကိုယ်တိုင် သွားရောက်ရန် မလိုအပ်ဘဲ အင်တာနက်သုံး၍ ပြုလုပ်နိုင်သည်မှာ ကောင်းမွန်သော်လည်း အင်တာနက်လိုင်း မကောင်း၍ ငွေလွှဲပြောင်းရာတွင် ကြန့်ကြာမှုများ ဖြစ်ပေါ် မည်ကို စိုးရိမ်ကြောင်း ယင်းစနစ်ကို အသုံးပြုရန် စိတ်ဝင်စားသော ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။ အင်တာနက် ဘဏ်စနစ်တွင် စာရင်းဖွင့်လှစ်ထားသူများကို အင်တာနက် ဘဏ်စာရင်းဆိုင်ရာ လုံခြုံရေး ပစ္စည်း (Hardware Token) တစ်ခုပေးမည်ဖြစ်ြ

စပါးအုံးမြွေ နဲ့ ဖားတို့ ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့

Image
အေသင်အောင် ပုံမှန်အားဖြင့်မြွေနဲ့ဖားတို့ဟာ သင့်မြတ်လှခြင်း မရှိပါဘူး။ မြွေဟာ ဖားကို သူ့ရဲ့ အစာအဖြစ်သာ သတ် မှတ်ထားလေ့ရှိပါတယ်။ ဒါကြောင့်မို့ ဖားတွေဟာ မြွေတွေနဲ့ ဝေးရာမှာ နေထိုင်လေ့ရှိပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ တိရိစ္ဆာန်ရုံ တစ်ရုံမှာတော့ စပါးအုံမြွေနဲ့ အစိမ်းရောင်ရှိတဲ့ ဖားတို့ ဟာ ချစ်ခင်ရင်းနှီးစွာ နေထိုင်နေတာကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ သေးငယ်လှတဲ့ အုန်းပင် ပေါ်မှာ မြွေကတွဲလောင်း အနေအထားနဲ့ ရှိနေပြီး ဖားက မြွေပေါ်ကို တက်ရောက်နေခြင်း ဖြစ်ပါတယ်။ ဒီမြင်ကွင်းကို ဓာတ်ပုံဆရာဖာမီက တွေ့ရှိခဲ့ပြီး မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။ ဖာမီရဲ့အဆိုအရ မြွေ ဟာ (၃)ပေနီးပါးလောက် ရှိပါတယ်။ ဒီမြင်ကွင်းကို မြင်တွေ့ပြီးနောက်ပိုင်းမှာ ဖာမီဟာ စိုးရိမ်ပူပန်ခဲ့ပြီး တာဝန်ရှိသူတွေကို သွားရောက် အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ ဖားနဲ့မြွေတို့ဟာ ဘာပြဿနာမှမရှိဘဲ အေးချမ်းစွာ နေထိုင်သွားခဲ့ကြပါတယ်။ အသက်(၃၉)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဖာမီက ကျွန်တော့်အနေနဲ့ ဖားကို မြွေက မျိုချလိုက်မှာ စိုးရိမ်ခဲ့ပါ တယ်။ ဒါပေမဲ့ မြွေဟာ ဖားကို ဘာမှ မလုပ်ခဲ့ပါဘူး။ ဖားနဲ့မြွေတို့

ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ

Image
အေသင်အောင် လက်ထပ်မင်္ဂလာပွဲ အများစုဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားလေ့ ရှိပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လက်ထပ် မင်္ဂလာပွဲကတော့ တကယ့်ကို ၀မ်းနည်း ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကင်ဆာ ရောဂါဝေဒနာခံစား နေရတဲ့ သူရဲ့နောက်ဆုံးခရီးကို ဖြောင့်ဖြူး စေဖို့ ကျင်းပပြု လုပ်ခဲ့တဲ့ လက်ထပ် မင်္ဂလာပွဲကြောင့် ဖြစ်ပါတယ်။ အသက် (၂၉) နှစ် အရွယ်ရှိတဲ့ ရိုဒန်ဟာ အသည်း ကင်ဆာရောဂါ ဝေဒနာ ခံစားနေရပါတယ်။ သူရဲ့ဝေဒနာဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး သေ မယ့်ရက်ကို စောင့်ဆိုင်း နေရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူ့ရဲ့ချစ်သူ ဖြစ်သူက လက်ထပ် မင်္ဂလာပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရိုဒန်ရဲ့ လက်ထပ် မင်္ဂလာပွဲကို မိသားစုတွေအပြင် ဆေးရုံဝန် ထမ်းတွေကလည်း ကူညီမှုတွေ ပေးခဲ့ကြပါတယ်။ ရိုဒန်ဟာ သေအံဆဲဆဲမှာ သူအရမ်းချစ်ရတဲ့ ချစ်သူကို လက်ထပ်ခဲ့ရလို့ အိပ်မက်တွေ အမှန်တကယ်ဖြစ်မြောက် သွားခဲ့ပါတယ်။ ရိုဒန်ဟာ သူ့ရဲ့ချစ်သူနဲ့ ဇူလိုင်လမှာ လက်ထပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မေလအတွင်းမှာ သူ့ရဲ့ ရောဂါဝေဒနာက အဆိုးရွားဆုံး အခြေအနေကို ရောက်လာခဲ့ပါတယ်။ ရိုဒန်ရဲ့ လက်ထပ်မင်္ဂလာပ

မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး

Image
pic; www.deviantart.com ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီဗျာလ်ကျေးရွာတွင် မှိုစားပြီး သားအဖလေးဦးစလုံး သေဆုံးသွားကာ သမီးဖြစ်သူမှာမူ ဆေးကုသမှု ဆက်လက်ခံယူနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ တောထဲမှရရှိလာသော ဒေသအခေါ် ဒေါင်းမှိုစားရာမှ သားအဖလေးဦး အစာအဆိပ်သင့်ခဲ့သဖြင့် ကျေးရွာဆရာဝန်နှင့်ပင် ဆေးကုသမှုခံယူခဲ့သည်။ ဇွန်လ ၂၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်သုံးရက်အကြာ ဇွန်လ ၂၇ ရက်တွင် ဖခင်နှင့် အငယ် ဆုံးသားတို့ သေဆုံးသွားပြီး သမီးဖြစ်သူနှင့် သားနှစ်ဦးတို့မှာ မသက်သာ၍ မြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သားနှစ်ဦးမှာ လမ်းတွင် သေဆုံးသွားခဲ့သည်။ သမီးဖြစ်သူမှာ ၀ယ်ဇလီဆေးရုံတွင် အတွင်းလူနာအဖြစ် ဆက်လက်ဆေးကုသမှုခံယူနေဆဲဖြစ်သည်ဟု တွီဗျာလ်ကျေးရွာသူတစ်ဦးက ပြောသည်။ 7Day News Journal No.425 Monday, June 30, 2014  ------------------------------------------------- ကိုမျိုး ( lwanmapyay.blogspot.com )

မြန်မာ့ပညာရေး အမှန်တရားနှင့် မဝေးစေချင်

Image
တစ်ခုခုတော့ လွဲနေပြီထင်ပါတယ်။ ဇွန်လ ၂၄ ရက်ထုတ် ဒီမိုကရေစီတူဒေးသတင်းစာမှာ ပါဝင်တဲ့ ‘‘အဝေးသင် တက္ကသိုလ်တွင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို သင်ကြားပေးနိုင်ရန် ဆောင် ရွက်မည်’’ဆိုသည့် သတင်းတစ်ပုဒ်ကို ဖတ်ရသဖြင့် ယင်းသတင်းပါအကြောင်းအရာ ကြောင့် ဤဆောင်း ပါးကို ရေးဖြစ်ခဲ့ပါတယ်။ ယင်းသတင်းပါအ ကြောင်းအရာတွင် ရန်ကုန်အဝေး သင်တက္ကသိုလ်၏ တာဝန် အရှိ ဆုံးပုဂ္ဂိုလ်တစ်ဦးက ‘‘အဝေးသင် ပညာရေးသည် နိုင်ငံတကာနှင့် ယှဉ်ကြည့်မယ်ဆိုလျှင် မဆိုး ကြောင်း၊ သူတို့နှင့် တန်းတူ သဘောမျိုးဖြစ်ကြောင်း၊ နှိုင်းယှဉ် မည်ဆိုရင် နှိုင်းယှဉ်လို့ရသည့် အနေအ ထားတွင် ရှိကြောင်း’’ ပြောဆိုထားသည်ကို ဖတ်ရသဖြင့်လွန်စွာ အံ့အားသင့်မိပါသည်။ နိုင်ငံတကာနှင့် နှိုင်းယှဉ်လို့ ရတယ်ဟု ဆိုထားခြင်းမှာ အဝေးသင်ပညာရေး၏ သင်ရိုးညွှန်းတမ်းများကို ဆိုလိုတာလား၊ အဝေးသင်ပညာရေးမှ ထွက်ပေါ်လာသော ဘွဲ့ရကျောင်းသားများ၏ အရည်အသွေးကို ဆိုလိုတာလား၊ ဒါမှမဟုတ် ဘွဲ့နှင်းသဘင် ခန်းမမှ နှစ်စဉ်ပုံမှန် ထွက်ပေါ်လာသည့် မြောက်မြားစွာသော ဘွဲ့ရ ကျောင်းသားများ၏ အရေအတွက်ကို ဆိုလိုတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါ။ မြန်မာနိုင်ငံ၏ လက်ရှိပညာ ရေးစနစ်ကိုကြည့်လျှင် နိုင်ငံတ ကာကို နှိုင်

ချော်လဲမကျစေရန် ကာကွယ်သင့်သည့် အချက်အလက်များ

Image
pic; anticap.wordpress.com ချော်လဲကျခြင်းမှာ သင်ထင်ထားသည်ထက် ပြဿနာများစွာ ပိုလာနိုင်သည်။ လူလတ်ပိုင်းများနှင့် အသက်ကြီး သူများ မသန်မစွမ်းဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ချော်လဲခြင်းကြောင့်ဖြစ်သည်။ လူများ အသက် ပိုကြီးလာချိန်တွင် ခန္ဓာကိုယ်ဟန်ချက်ညီစေသည့်အာရုံမှာ အားနည်းလာလေ့ရှိသည်။ သို့သော် ခန္ဓာကိုယ် ဟန်ချက်ညီစေရန် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် အသက်အရွယ်ကြောင့် ဖြစ်တတ်သော အကျိုးသက် ရောက်မှုများကို ပြောင်းပြန်လှန်ပစ်နိုင်သည်ဆိုခြင်းကို လူအများစုမသိကြပေ။ ရေကူးကန်တစ်ဝိုက်၊ ပန်းခြံထဲနှင့် သင်၏အိမ်ရှေ့လမ်းတို့တွင်မိုးရာသီစိုစွတ်နေချိန်၌ ခြေချော်ကျနိုင်မည့် အန္တရာယ်များကို လျစ် လျူမရှုပါနှင့်။ ယခင်က ထိမိ၊ တိုက်မိ၍ ပွန်းပဲ့ခြင်းတို့ကို စဉ်းစားပါ။နှစ်ကြိမ်ထက်ပို၍ သင်ဝင်တိုက်မိဖူးသော စားပွဲစွန်း(သို့မဟုတ်) အခြားပရိဘောဂများရှိပါက ဖယ်ရှားရှင်းလင်းပစ်ပါ။ ပရိ ဘောဂ အစိတ်အပိုင်းတစ်ခုတည်းကို တစ်နှစ်အတွင်း အကြိမ်များစွာ ၀င်တိုက်လေ့ရှိသဖြင့် ပွန်းပဲ့တတ် ခြင်းကို အမှန်တကယ် လျစ်လျူရှုတတ်သောလူများ ရှိတတ်ပါသည်။ ချော်လဲနိုင်သော ဖိနပ်များတွင် မြဲမြံစေမည့် အလွှာတစ်ခု ကပ်လိုက်ပါ။ ချော်လဲကျစေလုနီးပါး ဖြစ်စေ သည့် (

ပြည်ပတွင် ပညာသင်လိုသူများနှင့် စကော်လာငါးမျှားချိတ်

Image
ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အောင်မြင်ခဲ့သော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့ရရှိခဲ့သည့် တက္ကသိုလ်ဝင်တန်း အမှတ် စာရင်းများကို ထုတ်ယူကြည့်ရှုကာ မိမိတက်ရောက်နိုင်သည့် တက္ကသိုလ်များကိုလည်း ခန့်မှန်းရွေး ချယ်နိုင်ပြီဖြစ်သည်။ ထို့အတူ နိုင်ငံရပ်ခြားရှိ တက္ကသိုလ်၊ ကောလိပ်များသို့ သွားရောက် ပညာသင်ကြားရန် ပြင်ဆင်နေကြ သည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း မိမိတက်ရောက်လိုသည့် တက္ကသိုလ်များ၊ နိုင်ငံများကို ရွေးချယ်၍ ၀င်ခွင့်ရရှိရန် ပြင်ဆင်နေကြပြီဖြစ်သည်။ နိုင်ငံရပ်ခြားရှိ တက္ကသိုလ်များသို့ ၀င်ခွင့်ရရှိရန် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲများဖြစ်သော TOEFL(Test of English as a Foreign Language)၊IELTS( International English Language Testing System စာမေးပွဲများ၊LCCI(The London Chamber of Commerce & Industy)၊ ACCA (The Association of Chartered Certified Accountants)၊ IGCSE (International General Certificate of Secondary Education) နှင့် အမေရိကန်တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ် စာမေး ပွဲဖြစ်သော SAT(Scholastic Aptitude Test)၊ ACT(America

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အိမ်မွေးခွေးလေးများ

Image
လူသားများ၏ အကောင်းဆုံးသော မိတ်ဆွေများအဖြစ် ခွေးများကို သတ်မှတ် ညွှန်းဆိုလေ့ ရှိကြသည်။ ခွေးများ၏ ပင်ကိုသဘာဝ၊ သစ္စာစောင့်သိမှု၊ ရိုးသားမှုနှင့် လိမ္မာတတ်သိမှုများကြောင့် သမိုင်းတစ်လျှောက် လူသားများအတွက် ခင်မင်စရာ အကောင်းဆုံး အဖော်များအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် နိုင်ငံအလိုက်၊ ဒေသအလိုက် ပေါက်ဖွားမှု ကွဲပြားသည့် ခွေးမျိုးစိတ် အမျိုးမျိုး ရှိနေသလို ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် မျိုးရိုးတို့ကိုလိုက်ပြီး တန်ဖိုးသတ်မှတ်ချက်များလည်း ကွာဟလေ့ရှိ သည်။ အိမ်မွေးခွေးမျိုးနွယ် အများအပြားအနက် ကမ္ဘာပေါ်တွင် ဈေးနှုန်းအမြင့်ဆုံး၊ တန်ဖိုးအရှိဆုံးအဖြစ် ရပ်တည်နေသည့် (၁၀)မျိုးကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။ ၁၀။ Chow Chow အမွေးပွပွနှင့် ခွေးကြီးများသည် တရုတ်နိုင်ငံ ဇာတိဖြစ်ပြီး ရှေးနှစ်ပေါင်း များစွာကတည်းက အဆင့်ဆင့် ပေါက်ဖွားဆင်းသက်လာသည့် မျိုးနွယ်များ ဖြစ်ကြသည်။ ကြီးမားသော ဦးခေါင်းနှင့် အမွေးစုတ်ဖွား အမြီးများ ရှိတတ်သည်။ ၎င်းတို့သည် လူကို သေသည်အထိ ကိုက်နိုင်သည့်အတွက် အန္တရာယ်ရှိသော ခွေးမျိုးစိတ် တစ်ခုအဖြစ်လည်း သတ်မှတ်ခံရသည်။ အိမ်စောင့် ခွေးများအဖြစ် အသုံးပြုရန်မူ အထူးသင့်လျော်သည်။ Chow Chowတို့သည် လူစိမ်းမ

မနက်ပိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ဒီနည်းလမ်းတွေက ကူညီပေးနိုင်

Image
မေသော် on 2014-06-30 16:30 သင်က မနက်ပိုင်း စောစော ထတတ်တဲ့သူ ဖြစ်ရင်တောင် ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ် တဲ့သူ တစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်လွယ်တာတော့ မဟုတ်ပါဘူး။ ကိုယ်က မနက်ပိုင်း လေ့ကျင့်ခန်း လေးလုပ်၊ ပေါ့ပေါ့ပါးပါး ရုံးသွား၊ အလုပ်သွားနိုင်တဲ့သူ တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့ ခုပြောပြ ပေးမယ့် နည်းလမ်းလေးတွေက သင့်ကို ကူညီပေးနိုင် ပါလိမ့်မယ်။ ၁။အထုပ်အပိုး ပြင်ထားပါ။ ညနေအလုပ်က ပြန်ရောက်ပြီဆိုတာနဲ့ GYM ကစားတဲ့အခါ ယူသွားမယ့် အိတ်ထဲကို အရင်ဝတ်နေကျ အားကစားဝတ်စုံ အဟောင်းတွေ ဖယ်ပြီး အသစ်တစ်စုံ ထည့်ထားလိုက်ပါ။ မနက်ကို အရမ်းစောစောထ ပြင်ဆင်ဖို့ အချိန်ပေးစရာ မလိုတော့ဘူးပေါ့။ ၂။ဘယ်သူ့ အကူအညီမှ မပါပဲ ကိုယ့်ဘာသာကိုယ် မနက်ထနိုင်အောင် ကြိုးစားပါ။ နှိုးစက်နာရီရဲ့ အကူအညီမပါဘဲ ကိုယ့်ဘာသာကိုယ် မနက်ထနိုင်အောင် ကြိုးစားပါ။ လူတစ်ယောက် အတွက် အခက်ခဲဆုံး အပိုင်းက မနက်ထရတာပါပဲ။ အိပ်ယာကနိုးပြီ၊ ထနိုင်ပြီဆိုလို့ကတော့ လေ့ကျင့်ခန်း လုပ်ရတာ ဒီလောက်ကြီး ပင်ပန်းခက်ခဲတာ မဟုတ်ပါဘူး။ အဓိကက အိပ်ယာထနိုင်အောင် လုပ်ပါ။ ၃။ရင်ပြည့်ရင်ခံစေမယ့် အစားအစာတွေ အများကြီး မစားပါနဲ့။ လေ့ကျင့်ခန်း မလုပ်ခင် စားတဲ့ မနက်စာဟာ အများ

အချစ်ရေးနဲ့ပတ်သတ်ပြီး စဉ်းစားနေပါပြီလို့ ဖွင့်ဟလိုက်တဲ့ မိုးယုစံ

Image
ခင်ဆွေသက် on 2014-06-30 15:40 သက်တန့်ရောင် နှလုံးသားဆိုတဲ့ ဗီဒီယိုကားကို ပြေတီဦး ဒါရိုက်တာနေပိုင်တို့နဲ့ ရိုက်ကူးနေတဲ့ မိုးယုစံ က ဒီဇာတ်ကား ရိုက်ပြီးရင်တော့ ခဏနားပြီး လလယ်လောက်မှ ပြန်ရိုက်မယ်လို့ ဆိုလာပါတယ်။ ချစ်စ ဖွယ် အပြုံးပိုင်ရှင် မိုးယုဟာ အနုပညာလောကထဲမှာ ချစ်ရေးချစ်ရာ ဘယ်သူဘယ်ဝါ ဆိုတာ မကြားရသူမို့ သူမရဲ့ အချစ်ရေးအကြောင်းကို ခုလို မေးကြည့်ဖြစ်တဲ့အခါ  “အချစ်ရေးကတော့ ခုချိန်မှာ ကြည်ကြည် လင်လင် ပါပဲ။ စဉ်းစားသင့်တဲ့ အရွယ်လဲ ရောက်လာပြီဆိုတော့ စဉ်းစားနေတယ်ပေါ့နော်။ ဒါပေမဲ့လဲ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ကို စဉ်းစားတဲ့အခါမှာ မိုးယု ကိုယ်တိုင်ကလဲ အများကြီး စဉ်းစားတတ်တဲ့ လူထဲမှာ ပါတဲ့အတွက် လွယ်လွယ်နဲ့ လက်မခံတတ် ဘူး။ အပြင်လောကက လူမှ၊ အနုပညာ အသိုင်းအ၀ိုင်း ထဲကမှဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဖူးစာ ပါရင်တော့ နီးနီးပဲဖြစ်ဖြစ် ဝေးဝေး ပဲဖြစ်ဖြစ် မဆုံနိုင်ဘူးထင်ပေမဲ့လဲ ဆုံနိုင်တာပဲ။ အဓိကက ကိုယ့်ကို တကယ်ချစ်ဖို့ပဲ လိုပါတယ်” လို့ သူမက ပြောပြပေးခဲ့ပါတယ်။ Trend Myanmar ------------------------------------------------- ကိုမျိုး ( lwanmapyay.blogspot.com )

ခေါင်းမှာ တက်တူးသစ်ထိုးလိုက်တဲ့ Kelly Osbourne

Image
Jack the Ripper on 2014-06-30 14:50 Heavy Metal အဆိုတော်ကြီး Ozzy Osbourne ရဲ့သမီး pop star Kelly Osbourne ဟာပြီးခဲ့တဲ့ တစ်ပါတ်ထဲမှာ တက်တူးအသစ် ထိုးလိုက်ပြီး မထိုးခင်နဲ့ ထိုးပြီး ဓာတ်ပုံတွေကို တနင်္ဂနွေနေ့က Instagram ပေါ်မှာတင်ခဲ့ပါတယ်။ Kelly ဟာ သူမရဲ့ တက်တူးအသစ်ကို ကောင်းမွန်ပြီး နာကျင်လွယ်တဲ့ ဦးခေါင်းဘေးနေရာမှာထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ Kelly ဟာမကြာသေးခင်က သူမရဲ့ ခရမ်းနုရောင်ဆံပင်ကို တစ်ခြမ်းရိပ်ခဲ့တာဖြစ်ပြီး စနေနေ့မှာတော့ သူမရဲ့ရိပ်ထားတဲ့ ဦးခေါင်းဘက် အခြမ်းမှာ ‘Stories’ ဆိုတဲ့စကားလုံး တက်တူးကို ထိုးခဲ့တာဖြစ်ပါတယ်။ ‘#opps ဒီည ငါဘာလုပ်မိပါလိမ့်။ စိတ်မကောင်းပါဘူး အမေနဲ့အဖေရေ ဒါပေမယ့် သမီ ဒါကိုချစ်တယ်’ လို့ ပုံစာမှာ ရေးထားပါတယ်။ Kelly ရဲ့ တက်တူးကို တက်တူးဆရာ Dr. Woo က ဟောလိဝုဒ်က Shamrock Social Club တက်တူး ပါလာမှာ ထိုးခဲ့တာဖြစ်ပါတယ်။ Ref:starpulse.com Trend Myanmar ------------------------------------------------- ကိုမျိုး ( lwanmapyay.blogspot.com )

iMobile I Style 8.2 ကို thai offical Rom ပြန်တင်နည်း

Image
I Mobile I Style 8.2 ကို thai offical Rom ပြန်တင်ခြင်တဲ့ ဘော်ဒါများအတွက် ဈေးသက်သာပြီ မျက်နှာပြင်အရွယ်စား အနည်းငယ်ကြီးတာဖြစ် လူတောတော များများ ၀ယ်သုံးကြပါတယ် ဒီ i style 8.2 က ကျွန်တော်တို့ မြန်မာတွေအတွက် အားနည်ချက်တစ်ခုတော့ ၇ှိပါတယ် ဘာလဲဆိုတော Root ဖောက် ပြီ fontchanger နဲ့ font သွင်းလိုက်တာနဲ့ Logo မှာ ရပ်နေတက်တဲ့ error ပါဘဲ အလုံတိုင် မဟုတ်ပါ ကြုံဖူသလောက် 5 လုံမှာ 2 လုံလောက် Firmware ပြန်တင်ရပါတယ် ကဲ Logo မှာရပ်နေပြီ တိုင်ပတ်နေ တဲ့ ဘော်ဒါတွေ အတွက် တိုင်မပတ်ရအောင် အောက်မှာ လိုအပ်တဲ့ဖိုင်းတွေ ဒေါင်းလိုက်ပါ FlashTools ကိုဒေါင်းရန် I Style 8.2 Firmware ကိုဒေါင်းရန် ကျန်တဲ့အပိုင်က တစ်ခြာ I Style ဖုန်းတွေ Rom တင်သလိုပါဘဲ ပြီရင် ဇယာကွက်ပုံစံ flash toot တက်လာပြီဆိုရင် ဒုတိယစာတန် Seatter-Loading နေရာမှာနှိပ်ပြီ စောစောက ဒေါင်းထားတဲ့ ဖိုင်းဝဲလ်ဖိုဒါ ကိုဖွင့်လိုက်ပြီ အထဲက MT65xx........ စာတန်ကိုရွေးပေးလိုက် ပါ ဒါဆိုအာလုံ အိုကေနေပါပြီ firmware တင်မဲ့ဖုန်းမှာ အရင်ဆုံ ဖုန်းကိုပိတ်ပြီ ဘတ်ထရီးဖြုတ်လိုက်ပါ ပြီရင် usb ကြိုးထိုးပြီ ချိတ်ဆက်ပေးလိုက်ပါ ပြီရင်ဘတ်ထရီ ပြန်ထဲပြီ ဒီအတိုင်ထားလိုက်ပါ ပါဝါဖ

မှတ်စုများကို Dropbox နဲ့ Google Drive မှာ သိမ်းပေးမယ့် Sync Notes

Image
Android အတွက် မှတ်စုမှတ်တဲ့ App များစွာ ရှိပါတယ်။ Google Keep က ကောင်းမွန်တဲ့ Note App တစ်ခုဖြစ်ပြီး မှတ်ချင်တာတွေကို အလွယ်တကူ မှတ်သားနိုင်ပါတယ်။ မှတ်သားထားတာတွေကို သင့်ရဲ့ Google Account မှာ Sync လုပ်ပြီး သိမ်းပေးမှာဖြစ်ပါတယ်။ အဲဒီအတွက် မှတ်စုများကို သင်ဘယ်နေရာ ရောက်ရောက်အသုံးပြုနိုင်ပါတယ်။ Evernote က စွမ်းဆောင်ချက်များစွာ ပါတဲ့ App ဖြစ်ပြီး Android , iOS ,Windows, Mac တို့အပြင် Platform များစွာမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ချက် များစွာပါတဲ့ အတွက် Evernote ဟာ အသုံးပြုရတာ လွယ်ကူမှုမရှိပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့ မှတ်စုမှတ်သား တဲ့ App ကို အသုံးပြုချင်ရင် Sync Notes ကို အသုံးပြုပါ။ နာမည်အတိုင်းပဲ မှတ်စုများကို Dropbox နဲ့ Google Drive မှာ Sync လုပ်ပေးမှာဖြစ်ပါတယ်။ အဲဒီအတွက် မှတ်စုများကို သင်ဘယ်နေ ရာရောက် ရောက် အသုံးပြုနိုင်ပါတယ်။ Sync Notes ရဲ့ User Interface က ရိုးရှင်းပြီး အသုံးပြုရတာ လွယ်ကူပါ တယ်။  Sync Notes မှာ စွမ်းဆောင်ချက် သိပ်မပါဘဲ မှတ်စုများ လျှင်မြန်စွာ မှတ်သားနိုင်အောင် ဒီဇိုင်းလုပ်ထား ပါတယ်။ Sync Note ဟာ မှတ်စုများကို Cloud မှာ သိမ်းပေးတယ်ဆိုပေမယ့် သင့်ရဲ့ A

Mobile Browser များမှာ ၀က်ဆိုက်များရဲ့ Desktop Version ကို ကြည့်ရှုနိုင်မယ့် နည်းများ

Image
ဝက်ဆိုက်အများစုက မိုဘိုင်းဖုန်းများအတွက် Mobile Version များ ပြုလုပ်ပေး ထားကြပါတယ်။ Mobile Version များက Bandwidth ကို လျှော့ချပေးသလို မျက်နှာပြင်သေးတဲ့ ဖုန်းများမှာ ကြည့်ရှုရ အဆင်ပြေ စေပါတယ်။ ဒါပေမယ့် ၀က်ဆိုက်တစ်ခုရဲ့ Desktop Version ကို မိုဘိုင်းဖုန်းကနေ အသုံးပြုချင်တဲ့ အခြေအနေများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းဟာ မျက်နှာပြင်ကြီးရင် Desktop Version နဲ့ ၀က်ဆိုက်များ ကြည့်ချင်မှာပါ။ အချို့ဝက်ဆိုက်များက မိုဘိုင်းဗားရှင်းမှာ စွမ်းဆောင်ချက်အချို့ကို ဖယ်ရှားထားတဲ့အတွက် အဲဒီစွမ်းဆောင်ချက်များကို အသုံးပြုချင်ရင် Desktop Version ကို အသုံးပြုချင်မှာပါ။ မိုဘိုင်းဗားရှင်းရဲ့ အားနည်းချက်နောက်တစ်ခုက Navigate ပြုလုပ်ရတာ အခက်အခဲရှိပါတယ်။  ဥပမာ အားဖြင့် IMDB ၀က်ဆိုက်ကိုကြည့်ပါ။ IMDB ၀က်ဆိုက်မှာ ဟာသရုပ်ရှင်မင်းသား Will Ferrell ပါဝင်ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ချင်တယ်ဆိုပါစို့။ ဘရောက်စာကနေ Will Ferrell ရဲ့ IMDB Page ကို သွားပါ။ Full Filmography ကို နှိပ်ပါ။ ဒါဆိုရင် Will Ferrell ပါဝင်ပတ်သက်တဲ့ ကဏ္ဍများကို လင့်များအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ လင့်တစ် ခုချင်းစီကို နှိပ်ပြီး ဇာတ်ကားတစ်ခုချင်းစီမ

Online Account များကို ကာကွယ်ဖို့ နည်းငါးနည်း

Image
Internet မှာ အကောင့်တွေ Hack ခံရတဲ့ သတင်းတွေ နေ့ တိုင်းကြားနေပါတယ်။ အဲဒီအတွက် သင့်ရဲ့ Online Account တွေကို ကာကွယ်ထားဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာ သင့်အကောင့်တွေကို ကာကွယ် ဖို့နည်း (၅) နည်းကို တင်ပြလိုက်ပါတယ်။ Strong Passwords တွေကို အမြဲအသုံးပြုပါ။ ------------------------------------------------- Passwords တွေကို ရိုးရိုးရှင်းရှင်းပေးခြင်းဟာ ဖောက်ထွင်းခံရဖို့ လွယ်ကူတဲ့ အတွက် သင့် Passwords တွေကို Strong ဖြစ်အောင် ပြုလုပ်သင့်ပါတယ်။ မှတ်ရလည်းလွယ်တဲ့ ဖောက်ထွင်းရခက်တဲ့ Passwords တွေပေးရင်တော့ အကောင်းဆုံးပါပဲ။ ကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ အောက်က အချက်တွေကို လိုက်နာသင့်ပါတယ်။ • Dictionary ထဲမှာမပါတဲ့ စကားလုံးမျိုးကိုသုံးပါ။ • Special Characters, Numbers တွေကို အသုံးပြုပါ။ • Upper Case,Lower Case Letters တွေကိုရောနှောသုံးပါ။ • စကားလုံးအနည်းဆုံး (၁၀) လုံးပါဝင်သင့်ပါတယ်။ • Birthdate, Postal Code, Phone Number တို့ လို မှန်းဆရလွယ်တဲ့ Number တွေ၊ စကားလုံးတွေကို အသုံးမပြုသင့်ပါ။  မှတ်ရလွယ်ပြီး ကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ နည်းတွေ ရှိပါတယ်။ • Letters တွေနေရာမ

Xperia Z1 C6903 အတွက် version 4.4.4 Firmwares

Image
Xperia Z1 အတွက် version 4.4.4 Firmware တွေ့လို့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ Xperia Z1 User များ စိတ်ဝင်စားရင် Download ရယူနိုင်ပါတယ်။ Xperia Z1 14.4.A.0.108 firmware update https://mega.co.nz/#!EUB1iShT!LvuRjifeagbPj2MF-h4HpTNPVy7P4QnR4B3BjNjsBBk (C6903_14.4.A.0.108_Generic FR 1276-5833_R5C) https://mega.co.nz/#!0BcmSZYQ!36kF6xadD0EuVJst-DceYyQoTzZhV2NJmbAXp5eWQAY (C6903_14.4.A.0.108 – KitKat 4.4.4 – Conan206_Customized AE) https://mega.co.nz/#!EIY0UBpZ!nbqPqDqcJGeFpv-tyX3yoGyGagpfPKjGzSGLzy7hvSc (C6903_14.4.A.0.108_1276_7937_R3C Customized SG.ftf) Credit ; Original Owner ……….::::: အဆင်ပြေပါစေ :::::………. Source;MMAS ------------------------------------------------- ကိုမျိုး ( lwanmapyay.blogspot.com )

oppo r831 ကို root ဖောက် မယ် firmware ပြန်တင်မယ်

Image
oppo r831 ကို root ဖောက် ပြီး တိုင် ပါတ် နေ တဲ့  ဘော်ဒါ တွေ အတွက်ပါ။ ကျ နော် တော့  font changer တွေ သုံး တာ များ လို့  firmware ပါ လှည့်  တင် လိုက် ရ တယ်။ဒီ ပိုစ့် လေး မှာ တော့  root ဖောက်တာ ရော မြန်မာစာ မှန်ကန် အောင် သွင်း ယူ ပုံရော firmware ပြန် တင် နည်းပါ တစ်ခါ တည်း ဖော် ပြ ပေး လိုက် ပါတယ်။အားလုံး ကို ကွန်ပျူ တာ မလို ပဲ လုပ် ဆောင် နိုင်ပါတယ်။ root ဖောက် ရန် ပြင် ဆင်ခြင်း ====================== အရင်ဆုံးလိုအပ် တဲ့  root apk ကို ဒီမှာ ဒေါင်းပါ။ ပြီးရင် ထုံးစံအတိုင်း setting ကနေ unknown source ကို အမှန်ခြစ်ပေးပြီးရင် install လုပ်ဆောင် ပါ။ root apk ကို install လုပ်ပြီးရင် update တောင်းလာပါ လိမ့် မယ်။ update ပေးလိုက်ပါ။ပြီးရင် အပေါ် က root ဆို တာလေး ကို နိုပ် လိုက်ပါ။ ဖုန်းမှာ restat မကျ ပဲ root acess ရသွားပါပြီ။ မြန်မာစာမှန်ကန် အောင် သွင်းယူ နည်း ==============================  အရင်ဆုံး mmaio font changer ကို ဒီမှာ install လုပ်ပါ။ zawgyi font ကို ဒီမှာ install လုပ်ပါ။ ကီးဘုတ် အတွက် ဒီမှာ ဒေါင်းပါ။ ပြီး ရင် အားလုံးကို install လုပ်ပါ။ zawgyi font ကိုဖွင့် ပြီး 4.2 /4.2 အတွက် သီးသန

ZawgyiOne-Ghost TTF မြန်မာဖောင့်(စမ်ဆောင်း 4.3 အထက်ဖုန်းများ မြန်မာစာ 100% မှန်အောင်လုပ်နည်း.... )

Image
ဇော်ဂျီသရဲ မြန်မာဖောင့် ပန့်ပန့်အော်တာမှ ကြိုက်တဲ့ ကိုကိုမမများအတွက်..... စမ်ဆောင်းဖုန်းမှာ ပါဝင် လာတဲ့ ZawgyiOne2008 မြန်မာဖောင့်ကို ဇော်ဂျီသရဲဖောင့်လေး ထပ်လုပ်ပေး လိုက်ပါတယ် ။ ““ အသုံးပြုရန် မိမိဖုန်းမှာ Root ရှိထားဖို့ လိုအပ်ပါတယ် ”” မှတ်ချက် ။ ။ စမ်ဆောင်းမှာပါတဲ့ 2008 ကို သရဲအဖြစ် ပြုပြင်ထားခြင်းဖြစ်လို့ မိမိဖုန်းရဲ့စာမှန်မှု အနေ အထား တိုင်းသာ ရမှာဖြစ်ပါတယ် ။ ဘာဆော့ဝဲမှ ထောက်ပံ့ပေးစရာ မလိုပါဘူး ကျနော်ပေးထားတဲ့ ဖိုင်လေးကို ညွှန်ပြထားတဲ့ ဖိုဒါထဲသို့ ထည့်ပေးလိုက်ယုံနဲ့ မြန်မာစာ 100% မှန်သွားမှာ ဖြစ်ပါတယ် ဒီမှာလေ့လာ ဖတ်ရှု လုပ်ဆောင်လိုက်ပါ http://freemobilesharing.blogspot.com/2014/05/43-100.html xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx TTF မြန်မာဖောင့် ထည့်နည်းကတော့ အရမ်းလွယ်ကူပါတယ် အားလုံးလဲ သိပြီးသားဖြစ်မှာပါ ။. မြန်မာစာပါဝင်လာတဲ့ Samsung ဖုန်းတွေကတော့ ကျနော့် TTF ဖိုင်လေးကို ZawgyiOne2008 ဆိုပြီး နာမည်ပေးပြီး ညွှန်ပြထားတဲ့ ဖိုဒါထဲကို သွားထည့်ပြီး လုပ်ပေးလိုက်ယုံပါပဲ ။ မြန်မာစာ မပါဝင်တဲ့ Samsung ဖုန်းနဲ့ တခြားဖုန်းတွေကတော့ ကျနော့် TTF ဖိုင်လေးကို DroidSansFallback ဆိုပြီး နာမည်ပေးပြီ

တရုတ်မှ တင်သွင်းလာသော ကျန်းမာရေး ထိခိုက်စေနိုင်သည့် ကျင်းထုံခြင်ဆေးခွေကို သုံးစွဲခြင်းမပြုရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က သတိပေးကြေညာချက် ထပ်မံထုတ်ပြန်

Image
Written by: မင်းသီဟဇော် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ကျင်းထုံခြင်ဆေးခွေကို သုံးစွဲခြင်း မပြုရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က သတိပေးကြေညာချက် ထပ်မံထုတ်ပြန်ခဲ့ကြေင်း သတင်းရရှိ သည်။ အဆိုပါ သတိပေး ထုတ်ပြန်ချက်တွင် ယခုအခါ မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ နည်းလမ်းမျိုးစုံဖြင့် မှတ်ပုံ တင်ခွင့်ပြုထားခြင်း မရှိသော အဆိပ်ရှိပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် ကျင်းထုံခြင်ဆေးခွေများ ၀င်ရောက် လျက်ရှိကြောင်း၊ ၎င်းခြင်ဆေးခွေများအား ပြည်သူများ သုံးစွဲခြင်း မပြုကြရန် လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကျင်းထုံခြင်ဆေးခွေ အမည်ဖြင့် မည်သည့်ခြင်ဆေးခွေကိုမျှ ပိုးသတ်ဆေး ဥပဒေနှင့် အညီ မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်တွင် တွေ့ရှိရသော ကျင်းထုံတံဆိပ် ခြင်ဆေးခွေ နမူနာများကို စစ်ဆေးခဲ့ရာတွင် ကျင်းထုံတံဆိပ်ဖြင့် ခြင်ဆေးခွေများပေါ်၌ ဖော်ပြထားသော အမျိုးအစား ဓာတုပစ္စည်း၏ ပါဝင်မှုရာခိုင်နှုန်း ၀ ဒသမ ၀၈ သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အများဆုံး ပါဝင်ရမည့် ပမာဏ ၀ ဒသမ ၀၄ ရာခိုင်နှုန်းထက် ပိုမိုပါဝင်နေသဖြင့် သုံးစွဲ