Posts

Showing posts from July, 2014

ဘရာဇီးထောင်တွင် စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း ၄ ရက် ထောင်ဒဏ် လျော့ချ

Image
ဘရာဇီးနိုင်ငံ ရှိ ထောင်အချို့မှာ ပြစ်ဒဏ်ခံ ထောင်သား များကို အထူးအခွင့် အရေး များ ပေးတဲ့ အစီ အစဉ်များ ရှိပါတယ်။ ယင်း ကတော့ စာအုပ် တစ်အုပ် ဖတ်ပီးတိုင်း ထောင်ရက် ၄ ရက် လျော့ချ ပေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ယင်းဟာလည်း အကန့်အသတ်နဲ့ ရှိပါတယ်။ တစ်နှစ်ပတ်လုံး အတွက် ၄၈ ရက် လျော့ချလို့ ရအောင် အခွင့်အရေး တစ်ခု ပေးထားခြင်း ဖြစ် ပါတယ်။ ဒါ့အပြင် အခြားသော လူမှုရေး လုပ်ငန်း များဖြင့်လည်း ထောင် ရက် လျော့ချ ပေးတာ ရှိပါ သေးတယ်။ ဥပမာ လျှပ်စစ် ဓာတ်အား ထုတ်ရန် စက်ဘီးစက် နင်းတာမျိုးတို့ ဘာတို့ ဖြစ်ပါတယ်။ သေဒဏ်ကျခံရသူက လွဲလို့ ယင်း အခွင့်အရေး များကို ရရှိပြီး ထောင်ကနေ ထွက်တဲ့ အခါ အသက်မွေး လုပ်ကိုင်နိုင်ရန်လည်း ပညာရပ် အချို့ များ ကို သင်ကြား ပေးကြောင်း သိရပါတယ်။ Ref: dyknow အောင်ခမ်း (www.innewsmyanmar.com) -------------------------------------- ကိုမျိုး( lwanmapyay.blogspot.com ) လွမ်းမပြေ သုတရပ်ဝန်း | Facebook

Myanmar Ooredoo Using Guide

Image
Ooredoo အသုံးပြုရန် အတွက် ဒီ using guide လေးကို ဖတ်ပေးစေချင် ပါတယ်။ Ooredoo sim card တွေ အသုံးပြုဖို့ အတွက် ဘာတွေ သိသင့်လဲ ဘာတွေ လိုအပ်လဲ ဆောင်ရန် ရှောင်ရန် လေးပါ။  Ooredoo Sim Card ဆိုသည်မှာ GSM အမျိုးအစား ဖြစ်ပါတယ်။ ရန်ကုန် မန္တလေး နေပြည်တော် ၃ နေရာပဲ အသုံးပြုလို့ ရဦးမှာဖြစ် ပါတယ်။ Ooredoo Sim Card ကို အသုံးပြုဖို့အတွက် Huawei ဖုန်းတွေနဲ့ သုံးလို့ သိပ်အဆင်မပြေ ကြောင်းသိရပါတယ်။ Samsung တွေနဲ့ ဆိုရင်တော့ အိုခေတယ်လို့ ပြောကြ ပါတယ်။ ထူးခြားမှုတစ်ခုကတော့ Ooredoo Sim Card အသုံးပြုတဲ့ ဟန်းဆက်တွေမှာ Root မဖောက် ခိုင်းပါဘူးခဗျာ … သူပေးထားတဲ့ ဖုန်းတွေက မြန်မာဖောင့် auto ပါလာပြီးသား မို့ဖြစ်ပါတယ်။ သူဖုန်းပေး ထားတဲ့ default ဖုန်းဆိုတာ ကတော့ SINGTECH အမည်ရတဲ့ Touch အမျိုးအစားဖုန်းပဲ ဖြစ်ပါတယ် ခဗျာ … ဖုန်း အဝင်အထွက် ဈေးနှုန်းတွေကတော့ ၂ မျိုး ရှီကြောင်း သိရပါတယ်။ Ooredoo to Ooredoo ခေါ်ရင် ၂၅ ကျပ် ဖြစ်ပြီး Ooredoo to Other Network ကိုခေါ်ရင် ၃၅ ကျပ် ဖြစ်ပါတယ်ခဗျာ။ Keypad နဲ့ရတဲ့ ဖုန်း ၁ ခုပဲ ရှိသေးကြောင်း သိရပါတယ်။ ထို Keypad ဖုန်းတွင် video calling ပါရရှီကြောင်း သိရ ပါတယ်။ ထို Keypad အမျိုးအ

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန် ထက်မြတ် ဟုဆို

Image
အမျိုးသမီး တွေဟာ လေ့လာ သင်ယူ ရာမှာ အမျိုးသား တွေထက် လျင်လျင်မြန်မြန် တတ်မြောက် ကြတယ်လို့ လေ့လာချက် အသစ် တစ်ခုအရ သိရှိရ ပါတယ်။ အကြောင်း ကတော့ သူတို့တွေ မကြာခဏ ဆိုသလို ခွဲခြား ဆက်ဆံ ခံရတာကြောင့် ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ အသက်(၅၇) နှစ်ရှိ မတူညီ ကွဲပြားတဲ့ နေထိုင်မှု ပုံစံမှလာကြတဲ့ လူပေါင်း ၃၁,၀၀၀ ယောက်ရဲ့ ဦးနှောက်တွေကို အသေအချာ စစ်ဆေးမှု ပြုလုပ်ခဲ့ ပါတယ်။ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးက လူနေမှု အဆင့်အတန်း မြင့်မြင့်နဲ့ နေထိုင်ခဲ့တဲ့ အချိန်မှာ သင်ယူမှုမှာ ပိုမိုလျင်မြန်မှု ရှိပြီး လူနေမှုဘ၀မှာ အဆင်ပြေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် သင်ယူ တတ်မြောက် ကြပါ တယ်။ Proceedings of the National Academy of Sciences မှာ ဖော်ပြထားတဲ့ လေ့လာချက်အရ အမျိုးသား တွေထက် အမျိုးသမီးတွေက ဥာဏနဲ့ လုပ်ရတဲ့ အလုပ်တွေကို ရရှိနိုင်ဖို့ ပိုပြီး ကြိုးစားရုန်းကန် ရတဲ့ အတွက် သင်ယူလေ့လာရာမှာ ဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ အစွမ်းအစတွေကို တန်ဖိုးထား မခံရတာ သိသာ ထင်ရှားပါတယ်။ ဒါကြောင့် ဒီလို အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်လို့ လေ့လာချက်ပြုလုပ်သ

သံဓာတ် ချို့တဲ့သည့် လက္ခဏာများ

Image
အောက်ဖော်ပြပါ ရောဂါလက္ခဏာ များကို သတိပြု မိပါက ဒေါက်ခွရွက် (Spinach)နှင့် အမဲသားသုပ် စတင် စားသုံးပေးပါ။  အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးဌာန CDCP ၏ လက်ရှိ စာရင်း ဇယားများအရ အမျိုးသမီးများ ၏ ၉ ရာခိုင်နှုန်းမှာ သံဓာတ် ချို့တဲ့မှုကြောင့် ဆိုးကျိုးများ ခံစားနေ ရကြောင်း သိရသည်။ သို့သော် သံဓာတ် ချို့တဲ့နေသည့် ရုပ်ပိုင်းဆိုင်ရာ တက်တက်ြ ကွကြွရှိသော အမျိုးသမီးများ အရေအတွက်မှာ ပို၍ ပင်မြင့်မားကြောင်း ကျွမ်းကျင် ပညာရှင်များက ပြောသည်။ သံဓာတ် ချို့တဲ့မှုကို အောက်ပါ လက္ခဏာရပ် များကို ကြည့်၍ သိရှိနိုင်သည်။ ပင်ပန်းနွမ်းနယ်ခြင်း အောက်စီဂျင် သယ်ဆောင်သည့် သွေးနီဆဲလ်များအတွင်း ပါဝင်သော ဟေမိုဂလိုဘင်ကို ထုတ်လုပ်ရန် ခန္ဓာကိုယ်က သံဓာတ်(Iron)ကို အသုံးပြုသည်။ ကျန်းမာသန်စွမ်းသည့် သွေးဆဲလ်များ လုံလောက် သော ပမာဏမရှိပါက မောပန်းနွမ်းနယ်မှုကို စတင်ခံစားလာရ မည်ဖြစ်သည်။ အာရုံစိုက်ရန် ခက်ခဲခြင်း သံဓာတ် ချို့တဲ့မှုနှင့်အတူ လူများတွင် အာရုံကြောများကြား ဆက်သွယ် ဆောင်ရွက်ပေးသော ဓာတုဒြပ် ပေါင်းမှာလည်း အပြောင်းအလဲ ရှိမည်ဖြစ်သည်။ သံဓာတ် ချို့တဲ့မှုကြောင့် ယင်းဒြပ်ပေါင်း လုပ်ဆောင် ချက်မှာ သာမန်ထက်လျော့ကျသွားနိုင်သည်။ စိတ်ပါဝ

မြန်မာလူမျိုး တစ်ရာနီးပါး ဗီဇာအတုများဖြင့် မလေးရှားတွင် ဖမ်းဆီးခံထားရ

Image
မလေးရှား နိုင်ငံသို့ အလည်အပတ် ဗီဇာ (Visit Visa) ဖြင့် သွားရောက် ခဲ့သော မြန်မာနိုင်ငံသား ၉၂ ဦးသည် ၎င်းတို့ ကိုင်ဆောင် ထားသော ဗီဇာ များမှာ အတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လေဆိပ်တွင် ဖမ်းဆီးခံရ ကြောင်း သတင်း ရရှိသည်။ ဇူလိုင် ၈ ရက်တွင် မလေး ရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၇၂ ဦးနှင့် ဇူလိုင် ၂၄ ရက် တွင် သွားရောက်သော မြန်မာနိုင်ငံသား ၂၀ ဦးတို့မှာ ဗီဇာအတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးက လေဆိပ်တွင် ဖမ်းဆီးထား ပြီး အကျဉ်းထောင်များသို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိသည်။ ၎င်းတို့သည် ကြိမ်ဒဏ် အပါအဝင် အနည်းဆုံး ထောင်ဒဏ်ခြောက်လ ကျခံရဖွယ် ရှိကြောင်း ဖမ်းဆီးခံရ မှုတွင် ပါဝင်သော မိသားစုဝင်များက ပြောကြားသည်။ ဖမ်းဆီး ခံထားရသူများ အတွက် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ကိုင်တွယ် ဖြေရှင်းနေကြောင်း သံရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ‘‘လူဦးရေက ရေတွက်နေ တုန်းပဲ ရှိသေးပါတယ်။ အဲဒီ သတင်းကြားတဲ့နေ့က လေဆိပ်ကို သွားပြီး ဆက်သွယ် ခဲ့ပါတယ်။ အခုချိန်မှာ ပြောလို့ မရသေးပါဘူး။ သံရုံးကတော့ ဖြေရှင်းပေးဖို့လုပ် နေပါတယ်’’ ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာ

မန္တလေးတွင် စတင်ရောင်းခဲ့သော Ooredoo Sim card များ ပြင်ပပေါက်ဈေး မြင့်တက်

Image
၂၀၁၄ ခုနှစ် ဇူလိုင် (၂၉) ရက်နေ့မှ အစပြု၍ Ooredoo Myanmar ၏ sim cardများကို စတင်ရောင်းချ လျက်ရှိရာ ၀ယ်ယူလိုသူ အရေအတွက် မြင့်တက် လာကြောင်း မန္တလေးမြို့ အခြေစိုက် မိုင်ဘိုင်းလ်ဆိုင် များမှ တစ်ဆင့် သိရှိရသည်။ “ကျွန်တော် သိတဲ့အချိန်က ညနေ ၃ နာရီလောက် ပဲ ရှိသေးတယ်။ တစ်ချို့ ဆိုင်တွေ မှာတော့ ကုန် သွားပြီ။ ၂၆လမ်း၊ ၈၄လမ်းအနီး ကရိန်းဘိုး ဆိုင်မှာ သွားဝယ်တော့ မနက်ဖြန် မနက် လာခဲ့လို့ ပြောတယ်။ တစ်ကတ်ကို (၁၅၀၀)နဲ့ ရောင်းတာ၊မှတ်ပုံတင် မိတ္ထူနဲ့ တစ်ယောက် တစ်ကတ်ပဲ ရောင်း တယ်”ဟု ကိုမြင့်အောင် (အမည်လွှဲ)က ပြောကြားခဲ့သည်။  Ooredoo Simcard အချင်းချင်း ဆက်သွယ် ပြောဆိုပါက တစ်မိနစ်လျှင် ဖုန်းပြောဆိုခ (၂၅) Ooredoo Network မှ တစ်ခြားNetwork သို့ ဖုန်းပြောဆို ပါက တစ်မိနစ်လျှင် (၃၅) ကျပ် ကျသင့်မည် ဖြစ်ကြောင်း ကနဦး သတင်းများ အရ သိရှိရသည်။ SMS ပေးပို့ပါက တစ်စောင်လျှင် (၂၅) ကျပ် ခန့်ကျသင့် မည်ဖြစ် ကာ Mobile Data ပမာဏ(1) MB အသုံးပြုလျှင် (၂၅) ကျပ် ကောက်ခံမည် ဖြစ်ကြောင်း မန်္တလေး မိုဘိုင်းလ်ဆိုင် အသိုက်အ၀န်းမှ တစ်ဆင့် ကြားသိရသည်။  “ညနေပိုင်းမှာ ၀ယ်မယ်ဆိုပြီး သွားမေးတော့ ကတ်တွေ ကုန်သွားပြီတဲ့။ နောက်နေ့အတွက် ကို

စေ့စပ်ပြီး (၄၂) နှစ်ကြာပြီးမှ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်

Image
အင်္ဂလန်နိုင်ငံ၊ ဟက်ဒါ စဖီးလ်မြို့မှာ နေထိုင်တဲ့ ဒေးဗစ် ဘာကာနဲ့ ဒါဖင်သော့ပ် တို့ဟာ စေ့စပ်ပြီး (၄၂) နှစ်ကြာမှ လက်ထပ် မင်္ဂလာပွဲကို ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ သူတို့ဟာ ၁၉၇၂ တုန်းက ပွဲ တစ်ခုမှာ ဆုံတွေ့ပြီးနောက် စေ့စပ်မှုပြု လုပ်ခဲ့ပါ တယ်။ ဒေးဗစ် ဘာကာက လက်ထပ်တဲ့ ဘ၀ကို မလိုချင်တာမို့ အခုလိုနှစ်ပေါင်း များစွာ ကြာမြင့် သွားခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒါဖင် သော့ပ်ဟာ ဒေးဗစ် ဘာကာနဲ့ စေ့စပ်ပြီး တဲ့နောက် အခြား ယောက်ျားတစ်ဦးနဲ့ အိမ်ထောင် ပြုခဲ့တာ ကလေးနှစ်ဦး ရရှိခဲ့ပါတယ်။ ဒီနောက် သူတို့နှစ်ဦးဟာ ပြန်လည် ဆုံတွေ့ခဲ့ကြပြီး ချစ်သူတွေ အဖြစ်နဲ့သာ နေထိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်မှာ ဒါဖင်သော့ပ်ဟာ နှစ်လုံးရောဂါ ဝေဒနာ ခံစားပြီး တဲ့နောက် နေထိုင်နေဖို့ နှစ်သိပ် မရှိတော့ဘူးလို့ တွေးမိပြီး လက်ထပ်ဖို့ စဉ်းစားခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ထပ်ပွဲကို ဒါဖင်သော့ပ်ရဲ့ အသက် (၈၂) နှစ်ပြည့်မွေးနေ့မှာ ကျင်းပ ခဲ့ပါတယ်။ ဒါဖင် သော့ပ်က မျှော်လင့် ထားတာထက် ပိုပြည့်စုံခဲ့တဲ့ မင်္ဂလာပွဲ ဖြစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ဒေးဗစ်ဘာ ကလေ ကလည်း ဇနီးဖြစ်သူ မရှိလျှင် ဘာတွေဖြစ် မလဲဆိုတာ မသိပေမယ့် အမြဲတမ်း ချစ်သွားမည် ဖြစ်ကြောင်း ပြော

ပျောက်ဆုံးတော့မှာလား အငြိမ့်သဘင်

Image
မျိုးမြင့်စံ ပျူခေတ် ကြေးရုပ်များကို ကြည့်ကြည့်။ နံရံ ဆေးရေး ရှေးရှေး ပုဂံခေတ် ပန်းချီ လက်ရာ များကိုပဲ ကြည့်ကြည့်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် မြန်မာ့ တူရိယာ တီးခတ်မှုနှင့် အတူ မြူးထူးက ခုန်နေသည့် အနုသုခုမ သဘင် ပညာရှင် ကြီးများကို အထင်းသား မြင်တွေ့ကြ ရမည် ဖြစ်သည်။ သူတို့သည် မြန်မာဘုရင် အဆက်ဆက် မြစိမ်းဖက်နှင့် ပုဆစ်ဒူးတုတ် ပွဲတော် တည်ခင်း ချီးမြှင့် ဂုဏ်ပြုမှုကို ခံယူခဲ့ ကြရသည့် မြန်မာ့ အနုသုခုမ သဘင် ပညာရှင် ကြီးများ ဖြစ်ခဲ့ကြသည်။ မြန်မာ့ သဘင်ပညာရပ်တွင် မြေ၀ိုင်းမှသည် စင်မြင့်ထက်သို့ အဆင့်ဆင့် တိုးတက် မြင့်မားလာခဲ့သည့် ဂရိတ်ဦးဖိုးစိန်၊ ယောက်ျား မင်းသမီး အောင်ဗလ၊ ရွှေမန်းတင်မောင်၊ လေဘာတီ မမြရင် အစရှိသဖြင့် သဘင် ပညာရှင်ကြီးများ၏ တစ်ခေတ် တစ်ခါက ရွှေရောင်လွှမ်းသော ညများရှိခဲ့သည်။ တစ်ခေတ် တစ်ခါဆီက အငြိမ့်မင်းသမီး၊ လူရွှင်တော်၊ မြန်မာ့တူရိယာ ဆိုင်းဝိုင်းတို့ဖြင့် ခေတ်အဆက် ဆက် ဟန်ချက်ညီညီ မြိုင်မြိုင် ဆိုင်ဆိုင် အသုံးတော်ခံ တင်ဆက်က ပြခဲ့ကြသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမ သဘင် ပညာရပ်သည် ယခုအချိန်တွင် မှေးမှိန် လာခဲ့ချေပြီ။ မြန်မာနို

**ရွှေဆန်**

Image
ဟန်လင်းအောင် ကမ္ဘာ တစ်ဝန်း ဗီတာမင် အေ ချို့တဲ့သည့် ကလေးငယ် သန်း (၂၅၀) လောက် ရှိသည်။ ထိုပမာဏ၏ သုံးပုံနှစ်ပုံသည် ကျောင်းနေ အရွယ် မတိုင်မီ ကလေးငယ်များ ဖြစ်သည်။ ဗီတာမင် အေ ချို့တဲ့ ခြင်းကြောင့် ကမ္ဘာတစ်ဝန်း ကလေးငယ်နှင့် အမျိုးသမီး သန်းနှင့် ချီပြီး မျက်စိ ကွယ်ခြင်း မှသည် သေဆုံး ခြင်းများထိ နှစ်စဉ် ဖြစ်ပွားနေသည်။ ကလေးများ စားသောက် ရသည့် အစားအစာများ ထဲတွင် အဓိက အသက် ဓာတ်ဖြစ်သော ဗီတာမင် “အေ ချို့တဲ့ခြင်း သို့မဟုတ် လုံးဝမပါခြင်း မျိုး နှစ်ရှည် ဖြစ်ပွားနေပါက ကလေးများသည် ငယ်စဉ် မှာပင် မျက်စိ ကွယ်ရသည်။ ဗီတာမင် “အေ ချို့တဲ့သော ကလေးများသည် အခြား ကလေးများနှင့် ယှဉ်လျှင် ကူးစက်ရောဂါ အမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေလည်း ပိုများသည်။ ဂျွန်ဟော့ကင်း တက္ကသိုလ် သုတေသနအဖွဲ့ က ၁၉၉၂ ခုနှစ်တွင် တွက်ချက်မှု အရ ဗီတာမင် “အေ သာလုံလောက်အောင် ဖြည့်ဆည်းပေးနိုင် လျှင် ကမ္ဘာတစ်ဝန်း တစ်နှစ်ကို ကျောင်းနေအရွယ် မရောက် သေးသော ကလေးငယ် သေဆုံးနှုန်းကို (၁ ဒသမ ၃) သန်းမှ (၂ ဒသမ ၅) သန်း ကြားထိ လျှော့ချနိုင် မည်ဟု ဖော်ပြထားသည်။ ဗီတာမင် အေ ဖြန့်ဖြူးရေး လှုပ်ရှားမှုများစွာလည်း လုပ်ခဲ့

Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင် ရောင်းချပေးမည်

Image
ရန်ကုန် - စိုးစည်သူ Telenor မှ 4G အထိ အသုံး ပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀)အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့် ၀န်ဆောင်မှု များကိုလည်း ထည့်သွင်း ဆောင်ရွက် ထားကြောင်း Telenor Mynmar မှ သိရသည်။ Telenor အနေနဲ့တော့ စပြီးကတိ ပေးထားတဲ့ အတိုင်း လိုင်စင်ရပြီး ရှစ်လ အကြာ မှ ရောင်းချပေးမယ်။ ဆင်းကတ်က 2G,3G သုံး လို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ ရောင်းချပေးဖို့ စီစဉ် ထားတယ် ဟု Telenor Myanmar မှ ပြန်ကြားရေ တာဝန်ခံ ကိုစိုးသူက ပြောသည်။ 4G အထိ အသုံးပြုနိုင်သည့် ဆင်းကတ် များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး ဆင်းကတ် ၀ယ်ယူရာတွင် မှတ်ပုံတင် တစ်ခုဖြင့် လိုသလောက် ၀ယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းကတ်များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀) သတ်မှတ်ထား သော်လည်း ငွေဖြည့်ကတ်မှာမူ တစ်မိနစ် (၂၅) ကျပ်နှုန်းဖြင့် အကြမ်းဖျင်း သတ်မှတ်ထားပြီး အင်တာနက် အသုံးပြုခမှာ လက်ရှိ MPT ဈေးနှုန်းထက် လျော့နည်းသွား မည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။ ဘယ်သူပဲ ရောင်းရောင်

သင့်စမတ်ဖုန်းအား Walkie Talkie အဖြစ် ပြောင်းလဲပေးမည့် ကိရိယာ

Image
သင့်အနေဖြင့် တောတွင်း၌ လမ်းလျှောက်ခြင်း ကိုဖြစ်စေ၊ သို့မဟုတ် တောင်တက်ခြင်း ကိုဖြစ်စေ နှစ်သက်သူ ဖြစ်ပါက goTenna ကို ယခုပင် ၀ယ်ယူ အသုံးပြုသင့် သည်ဟု အကြံပေးလို ပါသည်။ အဘယ်ကြောင့် ဆိုသော် စမတ်ဖုန်း ဆိုသည်မှာ ၄င်းအတွက် ထုတ်လွှင့် ပေးထားသော ဧရိယာ အ၀န်း၌သာ ဖုန်းလိုင်း မိခြင်းသာ ဖြစ်ပြီး သတ်မှတ်နေရာ ကျော်သွားပါက သင့်ကို ဆက်သွယ်မှု ဧရိယာပြင်ပတွင် ရောက်ရှိနေတော့ မည်ဖြစ် သည်။ ၄င်းအချိန်၌ သင့်အတွက် ဆက်သွယ်မှု တစ်စုံတစ်ရာ လိုအပ်လာပါက ဧ၇ိယာရှိသောနေရာ ၊မြို့ပေါ်တွင် နေထိုင်သော သူများအတွက် တစ်စုံတစ်ရာ အရေး မကြီးသော်လည်း ယခုကဲ့သို့ တောတွင်း ၊တောင်ပေါ် များ၌ ရောက်ရှိနေပါက စိတ်ပူပန်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။ goTenna ဆိုသည်မှာ ရေဒီယိုလှိုင်းများကို အသုံးပြု၍ မိုင် ၅၀ ပတ်လည်အတွင်း ဖုန်းလိုင်းမရှိသည့် နေရာ၌ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ပေးမည့် ကိရိယာဖြစ်ပါသည်။ သို့သော် ထိုသို့အချင်းချင်း ဆက်သွယ်ဆောင်ရွက် ရန်အတွက် တစ်ဦးနှင့်တစ်ဦး goTenna ပစ္စည်း ကိ၇ိယာ တစ်ခုစီ ကိုင် ဆောင်ထားရမည်ဖြစ်ပေသည်။ goTenna ပစ္စည်းအနေဖြင့် Bluetooth မှတစ်ဆင့် မည့်သည့် iOS၊သို့မဟုတ် Android နှင့်မဆို ချိတ်ဆက် အ

မည်သည့် User Manual ကိုမဆို အွန်လိုင်းမှာ ရှာဖွေခြင်း

Image
သင့်ရဲ့ပီစီ၊ တက်ဘလက်သို့မဟုတ် အခြားသော device အဟောင်းတွေ သို့မဟုတ် အသစ်တွေ အတွက် သုံးစွဲသူ လမ်းညွှန်ချက် စာအုပ် လိုအပ် ပါသလား ? Robert Zak က သင့် အနေဖြင့် သုံးစွဲသူ လမ်းညွှန် စာအုပ် User Guide များကို အွန်လိုင်းမှာ ဘယ်နေရာတွေ ကနေ ရှာဖွေလို့ ရနိုင်မလဲ ဆိုတာ တင်ပြ ထားပါတယ်။ ခေတ်သစ် hardware ပစ္စည်း တွေဖြစ်တဲ့ ပီစီ များမှသည် ရေခဲသေတ္တာ တွေအထိ သူတို့နဲ့အတူ အသုံးပြုမှု လမ်းညွှန် စာအုပ်များနဲ့အတူ လာကြ ပါတ်ယ။ အကယ်၍ ပါမလာခဲ့ရင် သင့်အနေဖြင့် manual စာအုပ်ကို လှန်လှော ဖတ်ရှုနိုင်မှာ မဟုတ်ပါ ဘူး။ သင့်အနေဖြင့် မကြာခဏဆိုသလိုပဲ ထုတ်လုပ်သူများရဲ့ website ကနေ online manual တွေကို ရှာဖွေလေ့ရှိ မှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း သင့်ရဲ့ ပစ္စည်းတွေရဲ့ ထုတ်လုပ်သူ နဲ့မော်ဒယ် နံပါတ် တွေကို Google မှာ ရိုက်ထည့် ရှာဖွေမှာဖြစ်ပါတယ်။ အများစုသော ပီစီ၊ တက်ဘလက်၊ ဖုန်းနဲ့ ဒီဂျစ်တယ် ကင်မရာတွေမှာ သူတို့ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ လမ်းညွှန်ချက်များကို ထည့် သွင်း ပေးထားကြပါတယ်။ သင့်အနေဖြင့် စာရွက်တွေအနေနဲ့လည်းရရှိနိုင်မှာဖြစ်ပေမဲ့ အွန်လိုင်းမှာ ရနိုင်မဲ့ digital manuals များက များစွာသော အကျိုးဖြစ်ထွန်းမှုတွေကိုရရှိနိုင်မှ

လက်ကိုင်ဖုန်း လိုချင်သည့် ၁၁ နှစ်သား စတိုးဆိုင် ဖောက်ထွင်း

Image
မော်လမြိုင်၊ ဇူလိုင် ၃၀ ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီး ပေါ်တွင် ရှိသည့် ပေါင်မြို့နယ် ကျွဲခြံကျေးရွာ အလယ်ပိုင်းရှိ စတိုးဆိုင်ကို အသက် ၁၁ နှစ် အရွယ်သာ ရှိသေးသည့် ကလေးငယ် တစ်ဦးက လက်ကိုင်ဖုန်း ရယူလိုသည့် စိတ်ဖြင့် ဖောက် ထွင်း ခဲ့ခြင်းကြောင့် ဇူလိုင်လ ၂၈ ရက်နေ့ ညက ဖမ်းဆီး ခဲ့ရကြောင်း ယင်းဒေသခံ များက ပြောကြားသည်။ “အဲဒီနေ့ ည ၁၀ နာရီလောက်က ကားမီးရောင် တွေကို ကွယ်ပြီး ဆိုင်ခန်း တံခါးကို ခဲနဲ့ ထုနေတာတွေ့လို့ စောင့်ကြည့် နေလိုက်တယ်။ ခဏကြာတော့ ဖယောင်းတိုင်မီး တွေ့လို့ ဆိုင်ရှင် တွေကိုခေါ်ပြီး ဖမ်းလိုက်တာ” ဟု ယင်းဆိုင်ခန်းနှင့် မျက်နှာချင်းဆိုင် တွင် နေထိုင်သည့် ဦးစိုးဝင်းက ပြောဆိုသည်။ အဆိုပါ ကလေးငယ်သည် တံခါးတွင် ရိုက်ထားသည့် သံချက်များကို ဝက်အူလှည့်ဖြင့် ထိုးဖွင့်ပြီး ဆိုင်ခန်း အတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆိုင်ခန်းတွင် အဖိုးတန် ပစ္စည်းများစွာ ရှိသော်လည်း ဖုန်းများ ထည့်ထားသည့် မှန်ဗီရိုသော့ကိုသာ ယူထားသောကြောင့် လက်ကိုင်ဖုန်း ရယူလိုသည့် ဆန္ဒတစ်ခု တည်းသာ ဖြစ်နိုင်ကြောင်း စတိုးဆိုင်ရှင် ဦးမြင့်ဆွေက မှတ်ချက်ပြုသည်။ စတိုးဆိုင် ဖောက်ထွင်း ခံခဲ့ရသော်လည်း ကလေးငယ်၏ ရှေ့ရေးအတွက် ရဲစခန်းတ

ခုတစ်မျိုး တော်ကြာတစ်မျိုး ပညာရေး ရလဒ်ဆိုး

Image
အစိုးရ ကျောင်းတွေမှာ ယိုးဒယား မြန်မာ ဆက်ဆံရေး သမိုင်းကို မသင်တော့ဘူး ဆိုတဲ့ သတင်းကို ဖတ်ရ ပြန်တယ်။ စစ်အစိုးရတွေ အုပ်ချုပ် ကတည်းက ပညာရေး မှာလည်း လိုတစ်မျိုး၊ မလိုတစ်မျိုး ဝါဒကို လိုက်ပြီး အကောင် အထည် ဖော်ပေးခဲ့ ရတာကို ပြန်ပြီး သတိရလိုက် တာကြောင့် အသည်း နာမိတယ်။ မြန်မာ စစ်အစိုးရဟာ ထိုင်းနဲ့ ပလဲနံ ပသင့်ပြီး ပလူး ချင်ရင် ‘ထိုင်း’ ဆိုတဲ့ စကားကို တွင်တွင် သုံးတယ်။ ထိုင်းနဲ့ မတည့်တော့ဘူး၊ တစ်ခုခု ပြဿနာပေါ်လာရင် ‘ယိုးဒယား’ ဆိုပြီး ပြောင်းသုံး ကြတယ်။ ဒါကို စာနယ်ဇင်း လောက မှာပါ တစ်ခေတ်က ထင်ဟပ်စေ ခဲ့တယ်။ စာပေစိစစ်ရေး ထားတဲ့ ခေတ်တုန်းက ထိုင်းလို့ရေးရင်၊ ယိုးဒယားလို့ ပြင်ခိုင်းတာမျိုးတွေ ရှိခဲ့တယ်။ စစ်အစိုးရခေတ်မှာ ပညာရှင်တွေလည်း အသုံးချခံကြရတာပဲ။ ကျွန်တော်လေးစားခဲ့ရတဲ့ ပညာရေးဌာနက ဒေါက်တာမကြီး တစ်ယောက်ဟာဆိုရင် ယိုးဒယား မကောင်းကြောင်း လက်စောင်းထက်ထက်နဲ့ အစိုးရမီဒီယာတွေမှာ ခပ်သွက်သွက်ရေးခဲ့တာပေါ့။ သမိုင်းကလည်း နှံ့စပ်တော့ ငယ်ကျိုးငယ်နာတွေ ပြန်ဖော်ပြီးတော့ ဆော်သလိုလို အရေးအသားတွေကြောင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးများက မြှောက်စားခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ပိုင်း ထိုင်းနဲ့ မြန်မာ ပြန်ပြီးတည့်သ

Viber တွင် မြန်မာစာနှင့် မြန်မာစတစ်ကာများ လပိုင်းအတွင်း သုံးနိုင်တော့မည် ဟုဆို

Image
ရန်ကုန်၊ ဇူလိုင် ၃၀ မြန်မာနိုင်ငံတွင် လူဦးရေ ငါးသန်းခန့် အသုံးပြု နေသော Viber မိုဘိုင်းလ် ဆက်သွယ်ရေး စနစ်တွင် မြန်မာစာနှင့် မြန်မာ စတစ်ကာများ အသုံးပြုနိုင်ရန် စီစဉ်လျက် ရှိရာ လပိုင်းအတွင်း အသုံးပြုနိုင်ဖွယ် ရှိကြောင်း Viber ကုမ္ပဏီ၏ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မန်နေဂျာ Mrs. Crystal Lee ၏ အဆိုအရ သိရသည်။ “မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို အခြေခံပြီး မြန်မာ စာလုံးပါသော ပျော်ရွှင်စရာ ပုံတွေကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်အောင် လုပ်ဆောင်နေတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါစနစ်တွင် မြန်မာစာနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ ရုပ်ပုံ စတစ်ကာများကို လပိုင်းအတွင်း အသုံးပြုနိုင် ရန် စီစဉ်လျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ရုပ်ပုံစတစ်ကာများကို လတ်တလောတွင် အခမဲ့ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခကြေးငွေဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း Gulixo မှ CEO Mr. Raphael Dana က ဆိုသည်။ ကမ္ဘာ့ထိပ်တန်း သုတေသန အဖွဲ့အစည်းဖြစ်သော On Device Research ၏ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်စာတိုပို့စနစ် Applications အသုံးပြုသူများ၏ ၇၅ ရာခိုင်နှုန်းမှာ Viber ကို

အမျိုးသားများ နဲ့  ဆီးကျိတ်ပြဿ နာ

Image
“ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး” ဟူသော ဆိုရိုးစကား အတိုင်း အမျိုးသား များကို ဒုက္ခပေးလေ့ ရှိသော ဆီးကျိတ်ကို ဆေးပညာအရ သုက်ရည် ဂလင်းဟု ဆိုကြသည်။ သက်လတ်ပိုင်း အရွယ်သို့   ရောက် ရှိလာသော အမျိုးသား တစ်ယောက်တွင်၊ သုက်ရည် ဂလင်းပြဿနာ ဖြစ်လာနိုင်ချေ အလွန် များပြား လာသည့်အတွက် ဆရာဝန်နှင့် မှန်မှန် ဆေးစစ်ဘို့ လိုနေပါပြီ်။ < ဆီးကျိတ်၏ အရေးပါပုံ > ဆီးကျိတ်သည် မျိုးပွားစေသည့် အကျိတ်ဖြစ်ပြီး၊ သစ်ကျားသီးအရွယ်ခန့် ရှိ၏။ ထိုအကျိတ်သည် ဆီးအိမ်၏ အောက်ခြေတွင် တည်ရှိကာ၊ လိင်ကျန်းမာရေးနှင့် ဖို/မ မျိုးပွားခြင်း အတွက် အရေးပါသည့် အကျိတ်ဖြစ် သည်။ သုက်ရည်လွှတ် နေစဉ်အတွင်း ထိုဂလင်းက အဖြူရောင် သုက်ရည်ကို ထုတ်ပေးသည်။ လူတို့ သည် အသက်အရွယ်ကြီင်္းရင့် လာသည်နှင့်အမျှ ခန္ဓာ ကိုယ်အတွင်းရှိ အခြား အင်္ဂါအဖွဲ့ အစည်းများနှင့် ဂလင်းများက လိုက်၍ ကြီးထွားလာခြင်း မရှိတတ်ကြသော်ငြား၊ သုက်ရည် ဂလင်းကတော့ ဆက်လက် ကြီးထွား ဆဲဖြစ်သည်။ ထိုဂလင်း အရွယ်အစားသည် ဝှေးစေ့မှ ထွက်ရှိသော ဟိုမုန်းဓာတ်ပမာဏ ပေါ် မူတည်ကာ၊ အသက်အရွယ် ကြီးလာသည်နှင့် အမျှ၊ ဟိုမုန်း ထွက်ရှိမှုလည်း ကျဆင်းတတ်သည်။ < ဆီးကျိတ်ကင်ဆာ နှင့် အခြားရောဂါများ > ဆီးကျိတ

Samsung Phone Korea Devices အတွက် CWM Recovery (working)

Image
Galaxy S3 ( Android 4.3 ) SHW-M440S SHV-E210S / K / L CWM Recovery Link  http://www.mediafire.com/?jloiio0bd8mpkpb ————————— Galaxy S4 ( Android 4.3 , 4.4.2 ) SHV-E300S / K / L CWM Recovery Link http://www.mediafire.com/?hmx493z63ypi0b2 —————————– Galaxy S4 LTE-A ( Android 4.3 , 4.4.2 ) SHV-E330S / K ( L တော့ မစမ်းရသေး ) CWM Recovery Link http://www.mediafire.com/download/hw44e718z1ouzeh/GalaxyS4-CWM-6.0.4.4-GT-i9505.tar ——————————– Galaxy Note 2 ( Android 4.3 , 4.4.2 ) SHV-E250S / K / L CWM Recovery Link http://www.mediafire.com/?b21s7an9qcvjsqx ——————————— Galaxy Note 3 ( Android 4.4.2 ) SM-N900S / K / L CWM Recovery Link http://www.mediafire.com/?umztw65whsal5nl ——————————— Galaxy S5 SM-G900S / K / L CWM Recovery Link http://www.mediafire.com/download/tm8o32nrhm3wpuc/unofficial_philz_touch_6.41.6-g900s.tar http://www.mediafire.com/?d20gdg3febe824p ——————————— Galaxy

အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုး

Image
တစ်ခါတုန်း ကပေါ့ ဘုရားသခင်က လူသား မိန်းမကို ဖန်ဆင်းနေတဲ့ အချိန်ကာလ အတွင်း ၆ ရက်မြောက် နေ့မှာ နတ်သမီး တစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ ဘုရားသခင်ကို မေးတယ်.. “ ဒီတစ်ခု လေးကို ဘုရားသခင်က ဘာလို့အချိန် အများကြီး ယူပြီး ဖန်ဆင်း နေရတာလဲ ” ဘုရားသခင်က နတ်သမီးကို ကြည်ပြီး ပြောတယ်.. “ အခု ဖန်တီးနေတဲ့ လူသား မိန်းမရဲ့ အစိတ် ပိုင်းတွေကို တွေ့လား ”  နတ်သမီးက ဖန်တီးလက်စ လူသား မိန်းမကို သေသေချာချာ ကြည့် လိုက်တယ်.. ဘုရားသခင်က ဆက်ပြောတယ်.. သူ ဖန်တီးပြီး ဖြစ်တဲ့ လူသား မိန်းမရဲ့ လက်နှစ်ချေင်းကို ညွှန်ပြ လိုက်ပြီး..  “ ဒီလက်နှစ်ချောင်းနဲ့ သူမဟာ ခန္ဓာကိုယ်ပေါ်က အ၀တ်တွေကို လျှော် ဖွပ်နိုင်တယ် အိမ်ထဲမှာ ရှိတဲ့ ပစ္စည်း အမျိုး ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ပြောင်းနိုင်တယ် အရသာ ထူးကဲတဲ့ အစားအသောက် တွေကိုလည်း ချက်ပြုတ် ပြင်ဆင် ပေးနိုင်တယ် ဒါ့အပြင် ကလေးငယ်တွေ ကိုလည်း ချီမပြုစု ပေးနိုင်သေး တယ် အဲဒီ လက်နှစ်ဖက်နဲ့ပဲ ဒူးနာတာက အစ လူတစ်ဖက်သား အသည်းကွဲတာ အဆုံး သူ ပျောက်ကင်း အောင် စွမ်းဆောင် ပေးနိုင်တယ် နတ်သမီး ” ဘုရားသခင်ရဲ့ စကားကြောင့် နတ်သမီးက လူသား မိန်းမကို အထင် ကြီးသွားတယ် ပြီးတော့ ဘုရား သခင်ကို ထပ်မေးတယ်