Posts

Showing posts from 2015

ကလေးငယ်တစ်ဦး စပျစ်သီး လည်ပင်းထဲ ဆို့နင်ပြီး သေဆုံး

Image
ယူကေနိုင်ငံက အသက် ၂ နှစ်အရွယ် Jacob Jenkins အမည်ရှိ ကလေးငယ်ဟာ စပျစ်သီး စားနေရင်း စပျစ်သီးတလုံး လည်ပင်းထဲမှာ ဆို့နင်ပြီး အသက်ရှုလမ်းကြောင်း ပိတ်ကာ သေဆုံး သွားပါတယ်... Pizza Hut အမည်ရ စားသောက်ဆိုင် တခုမှာပါ... မိဘတွေက ပီဇာမှာယူပြီး စောင့်ဆိုင်းနေစဉ်အတွင်း ကလေးငယ်ဟာ စားပွဲပေါ်ရှိ စပျစ်သီးတွေကို စားနေစဉ် အခုလို ဖြစ်သွားတာပါ... စားသောက်ဆိုင်ရှိ ဝန်ထမ်းတွေက ကြိုးစားပြီး ကူညီခဲ့ပေမဲ့ မအောင်မြင်ပဲ... အရေးပေါ် လူနာ ယာဉ်တွေ ရောက်လာချိန်မှာတော့ ကလေးငယ်ရဲ့နှလုံးဟာ အလုပ်မလုပ်တော့ ပါဘူး... ဆေးရုံ ကိုရောက်ပြီး မကြာခင်မှာ ကွယ်လွန်သွားပါတယ်... သားဖြစ်သူ Jacob ဟာ မိခင်ဖြစ်သူ Abigail Wilson ရဲ့ မွေးနေ့အတွက် Pizza Hut စားသောက်ဆိုင်ကို သွားချင်တယ်ဆိုတာကြောင့် မိဘ ၂ ပါးက လိုက်ပို့ပေးရင်း စားသောက်ဆိုင်မှာ အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ ခဲ့ရတာပါ... ကလေးငယ်မိဘများ သတိပြုနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်...။ ကိုမျိုး Ref: dailymail.co.uk ------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

ငွေမကုန်စေသော ဆီးချိုပျောက်ဆေး တစ်ခွက်

Image
၉၆-ပါးထက် မကသော ဝေဒနာများစွာ ရှိကြသလို၊ သဘာဝ တရားကြီရဲ့ ဆုလာဘ်အဖြစ် ဆေးဖက်ဝင်တဲ့ နွယ်မြက်သစ်ပင်တွေ လည်း မိမိတို့ လက်တစ်ကမ်းမှာ အဆင်သင့် ရှိနေကြပါတယ်။ သို့ သော် အကျိုးရှိရှိ မသုံးနိုင်ခြင်းက လွန်စွာမှ နှမြော စရာကောင်း လှပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာ လူတွေကို ဒုက္ခအပေးဆုံးနှင့် ဘေးထွက်ဆိုးကျိုး အများဆုံးရောဂါဟာ ဆီးချို (Diabetics) ရောဂါ ဖြစ်ပါတယ်။ ဆီးချိုရောဂါဆိုတာ ဆီးထဲမှာ သကြားဓာတ် များလာသည့် ဆိုးရွားသော ရောဂါတစ်ရပ်ဖြစ်ပြီး၊ ထိုရောဂါ စွဲကပ်ပါက ခန္ဓာကိုယ် အတွင်းအပြင် အနာရောဂါတို့ ပျောက်ကင်းဖို့  ခဲယဉ်းသွားပါပြီ။ ဆေးသိပ္ပံနည်းအရ ဓာတုပစ္စည်းများဖြင့် စီမံဖော်စပ်ထားတဲ့ ဆီးချိုပျောက်ဆေးများဟာ၊ ဆီးချိုပမာဏကို ထိန်းထားနိုင်သော် လည်း အမြစ်ပျောက်နိုင်စွမ်းမရှိသလို၊ နာတာရှည် ဆီးချိုရောဂါရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ကျောက်ကပ်ပျက်စီးစေတဲ့ သာ ဓကများစွာကို မိမိပတ်ဝန်းကျင်မှာ မြင်တွေ့ ကြားသိနေရပါတယ်။ သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ ကြက်ဟင်းခါး၊ ကင်းပုန်သီး(အခါး)၊ ရှားစောင်းခါးသီး၊ ကြောင်လျာသီး၊ တောင် ဆီးဖြူသီး၊ ခံတက်ရွက်၊ တောကြက်မောက်၊ ပျားမြီးရွက်ပင်၊ ကင်ပွန်းချဉ်ရွက်၊ တရုတ်စံကားပင်၏ပင်စည်အခေါက်

ရေခဲသေတ္တာထဲ သိမ်းမထားသင့်တဲ့ အစားအစာ (၇)မျိုး

Image
ရေခဲသေတ္တာဆိုတာ အစားအစာတွေကို လတ်ဆတ်စေဖို့ ၊ မပုပ်မသိုးစေဘဲ တာရှည်ခံဖို့ ၊ ကျမ္မာရေးနဲ့  ညီညွတ်စေဖို့ ဆိုပြီး အပူ ချိန်လျော့ချ၍ အအေးခံ သိမ်းဆည်း ထားတဲ့ နေရာလေးဖြစ်တာမို့  ဇိမ်ခံပစ္စည်း မဟုတ်ဘဲ၊ အိမ်တစ်အိမ် အတွက် မရှိမဖြစ်ပစ္စည်း တစ်ခုလေးဘဲ ဖြစ်ပါတယ်။ အိမ်ရှင်မများအတွက် သက်မဲ့ အတွင်းရေးမှူး (လက်ထောက်)ဆိုလဲ မမှားပါဘူး။ သို့ သော် သဘာဝ နဲ့ ဆန့် ကျင်ပြီး အပူချိန်လျော့ချကာ အအေးခံပေး ထားတာဖြစ်လို့ ၊ အစားအစာ (အားလုံး) ကိုတော့ ရေခဲသေတ္တာထဲ ထဲ့သိမ်းလို့  မရနိုင်ပါဘူး။ အချို့ အစားအစာတွေကို အေးခဲ ထားလိုက်တဲ့အခါ မူလအနံ့ အရသာကို ပျက်ပြယ် သွားစေတဲ့အပြင်၊ အချိန်မ တိုင်ခင် ပုပ်သိုးနွမ်းအိ သွားစေတတ်ပါတယ်။ (၁) အာလူး။ အာလူးတွေက အလင်းသိပ်မကြိုက်ကြပါဘူး။ ခြောက်သွေ့ တဲ့နေရာနဲ့ သဘာဝအခန်းအပူချိန်ကိုသာ ကြိုက်ကြပါတယ်။ အကယ် ၍ အာလူးကို ရေခဲသေတ္တာထဲ ထည့်လိုက်တဲ့အခါ၊ သူ့ ရဲ့ မူလအရသာများ ပျက်စီးသွားပါတော့တယ်။ ဒါ့ပြင် ချက်ပြုတ်တဲ့အခါ တော်တော်နဲ့ မနူးအိလာတော့ဘဲ၊ စားတဲ့အခါမှာ မာဆတ်ဆတ်ဖြစ်သွားပါတယ်။ အာလူးအခွံပေါ်မှာ အစိမ်းရောင်သန်းနေရင် (လုံးဝ)မ၀ယ်ပါနဲ့ ။ အဆိပ်ဖြစ်စေတတ်လို့ ပါ။ (ထို့ နည်းတူစွာပင် ပိန်းဥ၊ ကန

လုပ်ငန်းခွင်အတွင်း အောင်မြင်မှုရစေတဲ့ သော့ချက်တစ်ချို့

Image
တစ်ခါတစ်ရံမှာ လူတိုင်းလိုလို လုပ်ငန်းခွင် အတွင်းမှာ မတူညီတဲ့ပြိုင် ဆိုင်မှုတွေနဲ့၊ ခက်ခဲကျပ်တည်းရတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ကြရတဲ့ အခါမျိုးရှိကြပါတယ်။ ဒီလို အတွေ့အကြုံမျိုးတွေဟာ အများအားဖြင့် ထိပ်တန်း တစ်နေရာကို ရရှိဖို့ကြိုးစားကြတဲ့ လူတွေအတွက် စိန်ခေါ်မှု တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်မှုကို ကြိုးပမ်းနေကြတဲ့ လူတွေအတွက် ဘယ်လိုစိန်ခေါ် မှုတွေဖြစ်ဖြစ် ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားခြင်းဟာ အရေးကြီးတဲ့သော့ ချက်ဖြစ်တယ် ဆိုတာ သိရှိနေဖို့ လိုပါတယ်။ ဒါဆိုရင် လုပ်ငန်းခွင်အတွင်းမှာ အောင်မြင် တဲ့ လူတစ်ယောက်ဖြစ်ရပ်တည်နိုင်ဖို့ဘယ်လိုအခြေအနေမျိုးကို ကြိုးပမ်းနိုင်ဖို့လိုပါသလဲ။ ဒီအတွက် ထိရောက်တဲ့နည်းလမ်းတွေများစွာရှိရာ လက်လှမ်းမှီသလောက် သော့ချက်တစ်ချို့ကို ဝေမျဖော်ပြပေးလိုက်ပါတယ်။ ရဲဘော်ရဲဘက်စိတ်ထားရှိပါ လုပ်ငန်းခွင်တစ်ခုမှာ ခိုင်မာတဲ့အောင်မြင်မှုတစ်ခုကိုရရှိစေဖို့ မိမိရဲ့လုပ်ဖော်ကိုင်ဘက်တွေအပေါ် ရဲဘော်ရဲဘက်စိတ်ထားရှိတတ်ဖို့လိုပါတယ်။လုပ်ငန်းခွင်ဆိုတာ အပေါင်းအစုနဲ့ဖွဲ့စည်းလုပ်ဆောင်ရတာကြောင့် တစ်ဦးကိုတစ်ဦး ရဲဖော်ရဲဘက်စိတ်အပြည့်နဲ့ပူးပေါင်းလုပ်ဆောင်နိုင်မှ ရေရှည်အောင်မြင်တဲ့လူတစ်ယောက်အဖြစ်လုပ

ဗေဒင်မေးခြင်းရဲ့ ကောင်းကျိုးဆိုးကျိုး

Image
လူတိုင်းဟာ အနာဂတ်ကို သိခွင့်ရမယ်ဆို သိချင်ကြတာချည်းပါပဲ။ ဒါကြောင့် ဗေဒင်မေးခြင်း၊ လက္ခဏာကြည့်ခြင်း၊ ရှေ့ဖြစ်ဟောခြင်း စတာတွေဟာ ကမ္ဘာအနှံ့မှာ ခေတ်စားနေကြတာဖြစ်ပါတယ်။ အရှေ့တိုင်းမှာသာမက အနောက်တိုင်းမှာလည်း ဗေဒင်ပညာကို စိတ်ဝင်စားကြတဲ့သူတွေ အများကြီးပါပဲ။ အရှေ့တိုင်းမှာလိုပဲ အနောက်တိုင်းမှာလည်း သတင်းစာတွေ၊ မဂ္ဂဇင်းတွေမှာ ဗေဒင်ဟောစာတမ်းတွေ နေ့စဉ်လစဉ် ထည့်ကြပါတယ်။ တိုင်းမ် မဂ္ဂဇင်းက ဆောင်းပါးတစ်ပုဒ်မှာ ပဲရစ်မြို့တစ်မြို့တည်းမှာတင် ဗေဒင်ပညာရှင်ပေါင်း ခြောက်သောင်းခန့်ရှိတယ်လို့ ဖတ်ရဖူးပါတယ်။ အမေရိကန်သမ္မတ ရေဂင်နဲ့ သူ့ဇနီး ဟာလည်း အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ မချခင်မှာ အမျိုးသမီးဗေဒင်ပညာရှင်တစ်ဦးနဲ့ အမြဲပုံမှန် ဆွေးနွေးတယ်လို့ ဆိုပါတယ်။ ဗေဒင်ဟောခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေအများကြီးရှိကြပေမဲ့ တကယ်ပညာရှင်အစစ်ကတော့ အမြဲလိုလို မတွေ့နိုင်ပါဘူး။ ဗေဒင်ပညာရှင်စစ်စစ် ဆိုတာ ဗေဒင်ပညာရပ်ကိုပိုင်နိုင်သူလည်း ဖြစ်နိုင်သလို မွေးရာပါဆဌမအာရုံကြောင့် ရှေ့ဖြစ်နောက်ဖြစ်ကို မြင်ရသူလည်းဖြစ်နိုင်ပါတယ်။ ပညာရှင်အစစ် ဟုတ်မဟုတ်ကိုတော့ မိမ် ဗေဒင်မေးကြည့်ရုံနဲ့ မကြာခင်မှာပဲ သိနိုင်ပါတယ်။ မိမိရဲ့ အတိတ်ကို အနီးစပ်ဆုံး မှန

အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင်

Image
၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambuco ပြည်နယ်က ရွာလေး တစ်ရွာမှာ ရှိတဲ့ လယ်သမား မိသားစု ကနေ ကောင်လေး တစ်ယောက်မွေးဖွား ခဲ့တယ်။ အဲဒီ မိသားစုဟာ ဆင်းရဲလွန်း တာကြောင့် ကောင်လေးဟာ (၄)နှစ်သား အရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံ လိုက်ရောင်း ခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ ရပါဘူး။ ကျောင်းစတက်တဲ့ အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော် သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ် ရပါတယ်။ ကောင်လေး(၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင် သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံ သွားခဲ့ကြတယ်။ ကောင်လေး သုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး "ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်ပေးမယ်"လို့ဆိုတယ်။ အဲဒီတုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား(၂ဝ)ရတာပါ။ အခု(၁ဝ)ဆလောက်ရမယ့် ပိုက်ဆံက မိုးပေါ်က ကျလာတဲ့ မုန့်တွေလိုပဲ ကောင်ေ

ခေတ်သစ် ဇိမ်ခံမယ်

Image
 “လောလော ဆယ်တော့ လူတစ်ကိုယ်လုံးပုံစံ လေမှုတ်ရုပ်ပဲ ရှိတယ် အစ်ကို။ ဈေးနှုန်းကတော့ တစ်သိန်း ရှစ်သောင်းပါ။ ဒီထက်ပိုကောင်းတဲ့ လူအစစ်လို အရုပ်မျိုး လိုချင်ရင်တော့ ဈေးကြီးမယ်။ ဟိုကို လှမ်းမှာမှ ရမယ်” ရန်ကုန်မြို့ရှိ နာမည်ကျော် ဖက်ရှင်စတိုးဆိုင် တစ်ခု၏ နောက်ပိုင်း အခန်းလေးတစ်ခု အတွင်းမှ ကစားစရာ အရုပ် ရောင်းချနေသည့် မြင်ကွင်းဖြစ်သည်။ စိတ်ရှည်လက်ရှည် ရှင်းပြနေသော အသက်၂၅ ဝန်းကျင် စတိုးဆိုင် အရောင်းဝန်ထမ်း လူငယ်လေး ရှေ့တွင် ထုတ်ပြသည့် ကစားစရာ အရုပ်များကို ကိုင်တွယ် ကြည့်ရှုနေကြသူများ ကတော့ အရုပ်ဖြင့် ဆော့ကစား သည့် ကလေးငယ် အရွယ်များ မဟုတ်။ အသက်(၃၀)အရွယ် လူလတ်ပိုင်း နှစ်ဦးသာ ဖြစ်သည်။ အဆိုပါလူလတ်ပိုင်းအရွယ် နှစ်ဦး လာရောက်ဝယ်ယူနေသည်မှာ ယခုနောက်ပိုင်း မြို့ပြနေ လူတန်းစား အကြား တွင်ကျယ်စပြုနေပြီ ဖြစ်သည့် Sex Toy (ခေါ်) လူကြီးကစားစရာ အရုပ်များပင် ဖြစ်သည်။ ထိုလူကြီး ကစားစရာ များမှာ လူကြီးများကို လိင်ဖျော်ဖြေရာတွင် အသုံးပြုသော ခေတ်သစ်ဇိမ်ခံမယ်၊ အပျော်မယ်ဟု ဆိုလျှင်လည်း မမှားနိုင်ပေ။ မြို့ပြ ရပ်ဝန်းသည် လူဦးရေသိပ်သည်းဆ နှင့်အတူ စားရေးသောက်ရေး မှအစ အခြေခံကျသည့် နေရေး ထိုင်ရေး အဆုံး အကျပ်အတည်းများစွာ ဖြစ

သင့်ခန္ဓာကိုယ်က ပြောသော သင့်ကျန်းမာရေး

Image
by မိုရ်မိုရ် (YUFL) ကျန်းမာရေးကောင်းခြင်းက စိုပြည်နုပျိုတဲ့ ရုပ်ရည်ကို ဖော်ဆောင်ပေးပါတယ်။ သင်ဟာ တစ်ခါတစ်ရံမှာ ဆံပင်ကျွတ်တာ၊ အရေးအကြောင်း ဖြစ်တာ စတာတွေကို အသက်ရလာလို့၊ စိတ်ဖိစီးမှုများလို့ ဖြစ်တာလို့ ထင်မိပါလိမ့်မယ်။ ဒါပေမဲ့ ဒါက အမြဲတမ်း အတွက်တော့ မမှန်ကန်ပါဘူး။ ဒီပြဿနာတွေရဲ့ အရင်းအမြစ်က သင်မသိတဲ့ သင့်ရဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နေနိုင်လို့ ပါပဲ။ ၁။ ခြေဖ၀ါးတွေ၊ ခြေဖမိုးတွေ ခါတိုင်းထက် ရောင်ကိုင်းနေပါသလား။ ခြေထောက် အကြောလွဲခြင်း၊ ခိုက်မိခြင်း၊ ထိခိုက် ဒဏ်ရာရခြင်း၊ ပိုးမွှားဝင်ခြင်း စတဲ့ အခြေအနေတွေက ခြေထောက်တွေကို ရောင်ကိုင်း စေနိုင် ပါတယ်။ ကိုယ်ဝန်ဆောင်ထားခြင်း၊ အ၀လွန်ခြင်းတွေကလည်း ခြေဖမိုးတွေကို ရောင်ကိုင်း စေနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာက နှလုံး အလုပ်လုပ်ပုံ မမှန်လို့ သွေးလည်ပတ်မှု မကောင်းခြင်းကြောင့် ဖြစ်တဲ့ လက္ခဏာ ဖြစ်ကောင်း ဖြစ်နိုင် ပါသေးတယ်။ ၂။ မျက်လုံးတွေက အရမ်းပင်ပန်း နွမ်းနယ်နေပုံ ပေါ်နေပါသလား။ မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖြစ်ခြင်းတို့က အိပ်ရေးပျက်တာများလို့လည်း ဖြစ်နိုင်သလို စားသောက်ပုံကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ သင်စားတဲ့ အစားအစာတွေမှာ ဆားအများအပြား ထည့်စားသုံးနေမိခြင်း

မျက်ခုံးတွေ ဘာလို့ လှုပ်နေတာလဲ၊ မျက်ကွင်းတွေ ဘာလို့ ညိုနေတာလဲနဲ့ အခြား သိချင်စရာလေးများ

Image
by ကိုထိုက် မျက်ခုံး ခဏခဏ လှုပ်နေရင် ဘာများဖြစ်မလဲဟု စိတ်ထင့် လာတတ်သည်။ မျက်ကွင်းတွေ ညိုလာပြီဆို တစ်ခုခုများ ဖြစ်တော့မလား စိုးရိမ်ကြသည်။ အအိပ်များသွားလျှင် ကိုယ်လက် မအီမသာတွေ ဖြစ်ပြီး လေးလံ ထိုင်းမှိုင်း သွားရတာကရော ဘာကြောင့်လဲ။ လူပင်ပန်း လာရင်း ဖြူဖတ်ဖြူရော် ဖြစ်သွားတာ ကရော အသို့နည်း။ ဇတ်ခနဲ ဇတ်ခနဲ မျက်ခုံးလှုပ်တာ ဘာကြောင့်လဲ။ လူသည် ပင်ပန်း နွမ်းနယ်နေသည့်အခါ၊ စိတ်ဖိစီးနေသည့်အခါ၊ အသောက်လွန်သည့် အခါမျိုးတွင် အာရုံကြောများ အားနည်းလာတတ်သည်။ မျက်လုံးတစ်ဝိုက်က ကြွက်သားများသည် နူးညံ့သိမ်မွေ့ကြသည်။ ၎င်းတို့ကို ထိန်းချုပ်သော အာရုံကြောစနစ် အားနည်းပါက လှုပ်ရှားမှု ဖောက်ပြန်တတ်ပြီး ဇတ်ခနဲ ဇတ်ခနဲ ဆောင့်ပြီး လှုပ်ရှားတတ်ကြသည်။ ထိုသို့ လှုပ်ခြင်းကို မျက်ခုံးလှုပ်ခြင်း (သို့မဟုတ်) မျက်ခွံတွေ လှုပ်နေခြင်းဟု ဆိုကြခြင်း ဖြစ်သည်။ အိပ်ရေး၀၀ အိပ်လိုက်ပြီး လူက လန်းဆန်း အားရှိသွားလျှင် ထိုသို့ လှုပ်နေတာ အလိုလို ပျောက်သွားသည်။ အသောက်လွန်လို့ ဖြစ်ရသူများ အနေဖြင့်လည်း အသောက်လျှော့ခြင်းဖြင့် ထိုကိစ္စ ပြေလည်နိုင်သည်။ အိပ်ရာနိုးရင် အာပုပ်စော်ဘာကြောင့် နံ။ အာခြောက်ခြင်းကြောင့် ဖြစ်သည်

ဖုန်းအဓိက ၀ါဒီတို့ ကြီးစိုးရာ ယနေ့ကမ္ဘာ

Image
စာဖတ်သူဟာ ဖုန်းအဓိက ၀ါဒီလား။ စာဖတ်သူ၏ ချစ်သူ၊ ခင်ပွန်း/ဇနီးသည်ကရော ဖုန်းအဓိက ၀ါဒီလား။ အမှန်အတိုင်းသာ ဖြေကြကြေးဆိုလျှင် ယနေ့ဖုန်း ကိုင်နေသော လူသား အများစုကြီးကား ဖုန်းအဓိက ၀ါဒီများဟု အဖြေထွက် လာလိမ့်မည်။ ကိုယ့်အတွက် ဦးစားအပေးရဆုံး၊ အချိန်အပေးရဆုံး အရာကို ပြောပါဟုဆိုလျှင် ဖုန်းဟု ရဲရဲဖြေမည့်သူနှင့် မရဲတရဲ ကျိတ်ပြီး ဖြေမည့်သူတို့က အများစုကြီး ဖြစ်လိမ့်မည်။ ဖုန်းကိုင်နေသော်လည်း ဖုန်း၏လွှမ်းမိုးမှုကို မခံဘဲဖုန်းကို နိုင်နင်းစွာ အသုံးချနိုင်သူက အနည်းစုသာ ရှိလိမ့်မည်။ ဖုန်းအဓိက ၀ါဒီများ၏ အထင်ရှားဆုံး လက္ခဏာမှာ လူကြားသူကြား မိတ်ဆွေများနှင့် စကားပြောနေချိန်မျိုးမှာပင် ဖုန်းထုတ်ကြည့်ဖို့ ၀န်မလေးခြင်း ဖြစ်သည်။ ထိုသို့ တစ်ဖက်သားကို အလေးမထားဘဲ ဖုန်းထုတ် ကလိခြင်းသည် မိတ်ဆွေ သူငယ်ချင်း ဆက်ဆံရေး၊ အလုပ်ခွင်တွင်း ဆက်ဆံရေးမှသည် ချစ်သူချင်း ဆက်ဆံရေး၊ လင်မယားချင်း ဆက်ဆံရေးကိုပါ ကြီးစွာထိခိုက် စေလျက်ရှိကြောင်း Computers in Human Behaviour ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှု စစ်တမ်း တစ်ရပ်ကလည်း ဆိုလိုက်သည်။ ချစ်သူချင်း၊ လင်မယားချင်း စကားပြောဆိုနေချိန်တွင် တစ်ယောက်ယောက်က ဖုန်းကောက်ကိုင်ပြီ

ကလေးများကို အမှန်တကယ် ရင်ဖွင့်အောင် ပြုလုပ်နည်းများ

Image
ကလေးများကို သူတို့လေးတွေရဲ့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ရင်ဖွင့်စေချင်ရင် ၊ ကလေးများ သင့်ကို သူတို့ရဲ့ လျို့ဝှက်ချက် ကလေးတွေကို ပြောပြစေချင်ရင်၊ အောက်ပါ နည်းလမ်းအတိုင်း လုပ်ကြည့်ကြရအောင်… အနည်းဆုံးတော့ သင့်နဲ့ သင့်ကလေး ဆက်ဆံရေး တော်တော် အဆင်ပြေသွား ပါလိမ့်မယ်။ ၁။ ချီးကျူးစရာ အကြောင်းအရာ ပေါ်ပေါက်လာရင် ရက်ရက်ရောရော ချီးကျူးပေးပါ။ ချီးကျူးရတဲ့ အကြောင်းအရာများကို သင်ကလေးအား သေသေချာချာ ရှင်းပြပါ။ ချီးကျူးသင့် ချီးကျူးထိုက်တယ်လို့ ကလေးခံစားမိပါစေ။ ချီးကျူးတဲ့ အကြောင်းအရာအားလုံး အမှန်ဖြစ်ဖို့ လိုပါတယ်။ ၂။ ကလေးကို အပြောနဲ့မဟုတ်ပဲ၊ လက်တွေ့မှာ သူငယ်ချင်လိုမြင်ကြည့်ပြီး ပေါင်းကြည့်ပါ။ သူငယ်ချင်းပုံစံနဲ့ပေါင်းရင် ဆုံးမတာတွေ နည်းသွားပြီး တိုင်ပင်တာတွေများသွားတယ်။ ၃။ ပုခုန်းလေးကို ပုပ်လိုက်၊ ခေါင်းကလေးကိုကိုင်လိုက်၊ မျက်နာကလေးကိုပွတ်လိုက်၊ အခွင့်အခါ ကြုံတိုင်း ပြုလုပ်ပါ။ အပြုအမူဟာ စကားလုံးထက် ပိုမိုထိရောက်တတ်ပါတယ်။ ၄။ ကိစ္စတစ်ခုခု (သို့) အဖြစ်အပျက်တစ်ခုခု အပေါ်မှာထားရှိတဲ့ မိမိရဲ့ ထင်မြင်ယူဆချက်နဲ့ ခံစားချက်တွေကို ကလေးနဲ့ တိုင်ပင်သလိုလိုနဲ့ ပြောပြပါ။ ၅။ “ငါမင်းကိုစေတနာနဲ့ ပြောနေတာ၊ မင်း ဒ

ဘာက ပိုပြီးအရေးကြီးပါသလဲ

Image
မိမိကလေးတွေကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ပျိုးထောင်ဖို့ ဘာတွေက ပိုပြီး အရေးကြီးပါသလဲ။ စာတော်တယ်။ လိမ္မာတယ်။ မိဘစကား နားထောင်တယ်။ သိတတ်တယ်။ ဒါတွေ လုံလောက်ပြီလား။ ကိုယ်ပိုင်အမြင်ရှိခြင်းဟာ စကားနားထောင်တာထက် ပိုမိုအရေးကြီးပါတယ်။ ၀ါသနာရှိခြင်းဟာ စာမေးပွဲ ရမှတ်ကောင်းခြင်းထက်ပိုမိုအရေးကြီးပါတယ်။ စိတ်ရင်းခံကောင်းခြင်းဟာ မှားခြင်းမှန်ခြင်းထက်ပိုမို အရေးကြီးပါတယ်။ ပျော်ရွှင်မူ ခံစားတတ်ခြင်းဟာ ပြည့်စုံခြင်းထက် ပိုမို အရေးကြီးတတ်ပါတယ်။ ယုံကြည်ခြင်းဟာ ရှိခိုးဦးချခြင်းထက် ပိုမိုအရေးကြီးပါတယ်။ ရင့်ကျက်လာခြင်းဟာ အနိုင်အရူံးထက် ပိုမို အရေးကြီးပါတယ်။ ကိုယ့်ကိုကို စမ်းစစ်တတ်ခြင်းဟာ သူများကို အကဲခတ် ဝေဖန်တတ်ခြင်း ထက် ပိုမို အရေးကြီးပါတယ်။ Ref: Wechat  https://www.facebook.com/photo.php?fbid=1491349414498791&set=a.1375453979421669.1073741828.100008712392309&type=3&theater -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

အမြန်ခေတ် ကုန်တော့မည့်သူများ (သို့) အမြန် out သွားမည့်သူများ၊ သင်ပါဝင်နေပြီလား

Image
၁။ ၈နာရီ အပြင် သင်ယူလေ့လာမူ မရှိသောလူ လူလူချင်းရဲ့ ကွာခြားချက်ဆိုတာ အားလပ်တဲ့ အချိန်ကို ဘယ်လို အသုံးချသလဲ အပေါ် မူတည်တယ်လို့ ဖတ်မှတ်လေ့လာဖူးပါတယ်။ အောင်မြင်တဲ့ လူများကို လေ့လာကြည့်ရင် အချိန်ပိုနေသူများ၊ ပျင်ရိငြီးငွေ့နေ သူများ မဟုတ်ကြပဲ အချိန်ကို ညစ်ထုတ်နေသူများ၊ ကြိုးစားပြီး လေ့လာနေသူများ ဖြစ်ကြပါတယ်။ အားလပ်ချိန်လေးကိုလုပြီး ဘာမှမလေ့လာပဲ နေရင်တော့ အမြန် out သွားနိုင်ပါတယ်။ ၂။ အသစ်အဆန်းအပေါ် တုန့်ပြန်မူ နောင်နှေးသောလူ အသစ်အဆန်း မှန်သမျှ သံသယ ကြားထဲကနေ၊ ဆန့်ကျင်တဲ့ အသံတွေကြားထဲကနေ ထွက်ပေါ်လာတတ်ပါတယ်။ အသစ်အဆန်းတွေဟာလည်း စီးပွားရေး အခွင့်အလမ်း များစွာ လိုက်ပါလာတတ်ပါတယ်။ ခေတ်ကြီးကို အမီလိုက်နိုင်တဲ့လူ၊ ကြိုမြင်နိုင်တဲ့ လူများအဖို့ အသစ်အဆန်းအားလုံး ဟာ အခွင့်အရေးတွေကြီးကြီးပါ။ အသစ်အဆန်းကို ငြင်းဆန်နေရင်တော့ အမြန် out သွားတတ်ပါတယ်။ ဥပမာ ကာလာအိုကေ ကို မနှစ်သက်သူ၊ Smart ဖုန်းကို သုံးဖို့ ငြင်းဆန်တဲ့လူ စသည်တို့ ဖြစ်ပါတယ်။ ၃။ တစ်ဦးတစ်ယောက်ထဲပဲ ရုန်းကန်တတ်တဲ့လူ ပူးပေါင်းဆောင်ရွက်ခြင်းလောကမှာ ၁ + ၁ ဟာ ၂ ထက်ကြီးပါတယ်။ အသင်းအဖွဲ့ စိတ်ဓါတ်၊ အသင်းအဖွဲ့ ရုန်းကန်ရတဲ့ ခေတ်ကြီးဖြစ်နေပါတယ်။ ၁+၁ = ၂

ထူးချွန်တဲ့ ကလေးတွေကို ဒီလိုပျိုးထောင်ကြပါတယ်

Image
၁။ နေ့တိုင်း အနည်းဆုံး နာရီဝက်ခန့် အချိန်ယူပြီး သင့်ကလေးနဲ့ ဆွေးနွေးပါ။ ၂။ အိမ်မှာနေတယ်ဆိုပေမဲ့လည်း “ မင်္ဂလာပါ။ Good morning, Good night, စတဲ့ ယဉ်ကျေးတဲ့ စကားတွေနဲ့ နူတ်ဆက်သင့်ပါတယ်။ ၃။ ကလေးများ ငယ်စဉ်မှ စ၍ တစ်ကိုယ်ရည် သန့်ရှင်းရေး ကို အကျင့်ပါပါစေ။ ၄။ ကလေးရဲ့ စိတ်တွင်းစကားကို သေသေချာချာ နားထောင်ကြည့်ပါ။ စိတ်ရှည်ပါ။ မေတ္တာအပြည့်အ၀ သုံးပါ။ ပျော်ရွှင်တဲ့စိတ်နဲ့ နားထောင်ပေးပါ။ ၅။ ကလေးကို သတိပေးတယ်ဆိုပြီးတော့မှ ကလေးရဲ့ အနာဟောင်းကို ခဏခဏ သွားမဆွ ပါနဲ့ ၆။ ကလေးအပြစ်တစ်ခုခု လုပ်မိရင် လေးလေးနက်နက် သဘောထားပြီး ရှင်းပြပါ။ ဆုံးမပါ။ ရ။ မိဘဆိုပြီးတော့မှ အမြဲတမ်း မျက်နာကြီး တည်မနေပါနှင့်၊ ကလေးတွေနဲ့ အတူ ရယ်မောနိုင်ပါစေ။ရယ်မောသံဟာ ကလေးတွေကို သူတို့ဘ၀ကို ပိုမို နှစ်သက်စေပါတယ်။ အပြုသဘော ပိုဆောင်ပါတယ်။ဘယ်အရာမဆို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ ပါးပါး ကြည့်မြင်တတ်တဲ့ အကျင့် ရှိသွားစေတတ်ပါတယ်။ ၈။ ကလေးတွေကို ပုံ ပြင်ပြောပြတဲ့အခါ စိတ်ရှည်ပါ။ အကျိုးဖြစ်ထွန်းစေမဲ့ ပုံပြင်ကို ရွေးဖတ်ပြပါ။ ၉။ ကိုယ်ဘ၀မှာ မအောင်မြင်ခဲ့တဲ့ ရည်ရွယ်ချက်တွေကို ကလေးအပေါ် ပုံမလွှဲပြောင်းပါနဲ့၊ မပုံချပါနဲ့ ၁၀။ ကလေးရဲ့ အခြေအနေမှန်အေ

ရွှေချဉ်ပေါင်၏ ကျန်းမာရေး လျို့ဝှက်ချက်များ

Image
ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ကြော်၊ ဟင်းချို၊ ချဉ်ရည်ဟင်း...စသည့် ထမင်းမြိန်ဟင်းလျာများအဖြစ် စားေ လ့ရှိကြပါတယ်။ အသား ထူတဲ့ အနီရောင်ချဉ်ပေါင်ဖူးတို့ ကို ကြော်၍သော်လည်းကောင်း၊ ချဉ်ရည် ဟင်းအဖြစ်ပါ ချက်စားနိုင်ပါတယ်။ တချို့ အရပ်ဒေသ များမှာ အရွက်ရင့်ရင့်၊ အပွင့်နှင့် အသီးတို့  ကို နေပူပူတွင် အခြောက်လှန်းပြီး လက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါတယ်။ ချဉ် ပေါင်ဖူး နှင့် ချဉ်ပေါင်ပွင့်တို့ ကို ထန်းလျက်(သို့ မဟုတ်)သကြား ဖြင့်ယိုထိုး၍သော်လည်းကောင်း၊ အနောက်နိုင် ငံများတွင် Jam၊ သကြားရည်အနှစ်၊ ရှာလကာရည် စသည်ဖြင့် စားသုံးကြပါတယ်။ ချဉ်ပေါင်ဖူးယိုက အနံ့ အရသာပိုစူးတာကြောင့်၊ ၄င်းကို ဇီးယို ထက်ပို၍ လူကြိုက်များကြပါတယ်။ ဒါ့အပြင် အသီးရင့်ရင့် ကို သကြား၊ ဆားအနည်းငယ်တို့ ဖြင့်ရောကြိုပြီး ဆူလာပါက အအေးခံ ၍ ဖျော်ရည်အဖြစ်သောက်သုံး နိုင်ပါတယ်။ (ချဉ်ပေါင် နှင့် မြန်မာ့ဆေးစွမ်း) မြန်မာပြည်တွင် (က) ချဉ်ပေါင်ခါး(ခ) ချဉ်ပေါင်ဖြူ(ဂ) ချဉ်ပေါင်နီလက်ချား ဟူ၍ သုံးမျိုးရှိပါတယ်။ (က) ချဉ်၍ အနည်းငယ်ငံ သော ချဉ်ပေါင်ခါးဟာ သုံးပေမှ ငါးပေအထိမြင့်ပြီး၊ နူးညံ့သော ဆူး နှင့်အမွှေး များပါရှိပါတယ်။ အရွက်ပေါ်မှာ လေးခု၊ ငါးခု အကွဲ မျာ

သွေးတိုးရောဂါအစ အဆီတိုးခြင်းက

Image
Written by ကြည်လွင်မြင့် (မုဒြာ) သွေးတိုးရောဂါဖြစ်သူ တစ်နေ့တခြား တိုးပွားလာနေသည်။ မြန်မာလူမျိုးများသည် လယ်ယာစိုက်ပျိုး ရေးနိုင်ငံဖြစ်၍ သဘာဝဆန်နှင့် အသီးအနှံကိုအဓိကထား စားသုံးသူများဖြစ်သဖြင့် သွေးတိုးရောဂါဟူ သည်မှာ လွန်ခဲ့သော နှစ် ၅၀ ကခေတ်မစားသေးပေ။ ဈေးကွက်စီးပွားရေးဖွင့်ပေးပြီး ၂၆ နှစ်အတွင်းမှာ နိုင်ငံခြားတိုင်းပြည်များမှ အစားအသောက်များနှင့် ဆေးဝါးမျိုးစုံ ဝင်ရောက်လာပြီးနောက်တွင် သွေးတိုး ရောဂါဖြစ်ပွားမှုနှုန်းမှာ ချက်ချင်းပင်မြင့်တက်လာခဲ့သည်။ သွေးတိုးရောဂါသည် အငန်တစ်ခုတည်းရှောင်ရုံဖြင့် ပြီးသည့်ရောဂါဟုအချို့က ထင်နေကြသည်။ အဆီတိုးခြင်းသည် သွေးတိုး၏မူလအကြောင်းအရင်းဖြစ်သည်ကို သတိမထားမိကြပေ။ ကျန်းမာရေး ဗဟုသုတနည်းပါးကြသဖြင့် သွေးတိုးရောဂါကို ခန္ဓာကိုယ်တွင်းရှိ သွေးများတိုးပွားလာသည့်ရောဂါဟု ထင်နေသူများလည်း ရှိနေဆဲဖြစ်သည်။ သွေးတိုးရောဂါသည် လူဝပြီးသွေးများတိုးပွားလာခြင်းမဟုတ် ပါ။ သွေးကို နှလုံးကတွန်းပို့သည့် ဖိအားတိုးလာခြင်း၊ သွေးကြောများကို သွေးပို့သည့်အားမြင့်တက်ပြီး သွေးကြောများက မခံနိုင်ဖြစ်လာခြင်းသာဖြစ်သည်။ လူပိန်သည်ဖြစ်စေ၊ ဝသည်ဖြစ်စေ သွေးဖိအားတိုး လာလျှင် သွေးတိုးရောဂါဖြစ်နိုင်သည်။ ရှေးက

ဝက်ခြံများက ပြောပြသော သင့်ကျန်းမာရေးအကြောင်း

Image
  Written by ပေါက်ပေါက် မျက်နှာပေါ်မှာပေါက်နေတဲ့ ဝက်ခြံကိုကြည့်ပြီး အရေပြားဆရာဝန်တွေက လူနာရဲ့ရောဂါကို ဟော ကိန်းထုတ်ကြသလို တရုတ်တိုင်းရင်းသမားတော်တွေကလည်း မျက်နှာအသားအရေနဲ့ ဝက်ခြံကိုကြည့် ၍ဆေးကုသရာ ထိရောက်မှုရှိတယ်လို့ ဆိုကြပါတယ်။ ဒါ ‘Face Mapping’ ကုသနည်းလေးပါတဲ့။ ဒီ ဆောင်းပါးလေးကိုဖတ်ရှုရင်း မျက်နှာပေါ်ကဝက်ခြံအနေအထားကိုကြည့်ပြီး မိမိကျန်းမာရေးအခြေအ နေကို တစေ့တစောင်းအကဲခတ်ပြီး ဝေဒနာကြီးကြီးမားမားမဖြစ်ခင် ကြိုတင်ကာကွယ်ထားနိုင်ကြဖို့ အောက်ပါအတိုင်း မျှဝေလိုက်ရပါတယ်။ (၁) နဖူးပြင်ပေါ်က ဝက်ခြံများ ဆီးအိမ်နဲ့ အစာချေလမ်းကြောင်းပေါ်မှာ ပြဿနာတစ်ခုခုရှိနေပါပြီ။ ဒါ့ပြင် အစာမကြေခြင်း၊ ရေဓာတ် မလုံလောက်ခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များခြင်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။ အဲဒီ နေရာတွေမှာ မကြာခဏဆိုသလို ဝက်ခြံပေါက်ခဲ့ရင် ရေများများသောက်ပြီး အာဟာရပြည့်ဝတဲ့ အစား အစာတွေ ပိုစားပေးရပါမယ်။ (ဆေးသုတေသီတွေရဲ့ အဆိုအမိန့်များအရ အမျိုးသမီးတွေ အများဆုံး ပေါက်လေ့ရှိတဲ့နေရာ ဖြစ်ပါတယ်တဲ့) (၂) မျက်ခုံးမွေးနှစ်ခုအလယ်ကောင်တည့်တည့်က ဝက်ခြံများ ၎င်းနေရာကို T-Zone လို့ခေါ်ပါတယ်။ အသည်းရောဂါနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဒါကြောင့် အသည်း ကိုထ

LENOVO A536 Lastest Firmware

Image
Lenovo A536 ကို Lastest Firmware တောင်းထားတဲ့အကိုအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုအပ်နေတဲ့အကိုရေ အောက်ကလင့်ကနေ Download ရယူလိုက်ပါ။ size ကတော့ 943.2MB ရှိပါတယ်။ Flashtool လေးပါတင်ပေး ထားပါတယ်။ Lenovo A536 Firmware >>> https://cloud.mail.ru/public/79ff40f6b0b2/A536_S147_140910_ROW.rar SP Flashtool >>> http://lenovo-forums.ru/index.php?app=core&module=attach§ion=attach&attach_id=44090 အဆင်ပြေကြပါစေ ခင်ဗျာ။ Warmly Welcome Ko Htoo ( MMAS )   -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Samsung Galaxy Mega 6.3 LTE ( GT-I9205 ) Lastest Firmware

Image
Samsung Galaxy Mega 6.3 LTE အတွက် Lastest Firmware လေးတင်ပေးလိုက်ပါတယ်။ လိုအပ်လို့တောင်းထားတဲ့အကို နဲ့ အတူအခြား လိုအပ်သူများလဲ ရယူနိုင်ပါတယ်။ လိုအပ်တာလေးတွေရယူရင်း Firmware တင်နည်းလေးပါလေ့လာ လိုက်ပါ။ Firmware Package >>> http://d-h.st/dsu Odin >>> https://drive.google.com/file/d/0B2JXIgO_oxW8VkhyeENRYnByRms/edit?pli=1 Tutorial —————- ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။ Odin က PDA ဆိုတဲ့နေရာမှာ Firmware ဖိုင်ကိုထည့်လိုက်ပါ။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။ Download mode >>> volume down + Home + power ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။ Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။ Odin မှာ PASS ပြပြီး ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။ ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Firmware တင်ခြင်းပြီးဆုံးပါပြီ။ အဆင်ပြေပါစေ။ Warmly Welcome Ko Htoo ( MMAS )   -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )

တယ်လီနောကဒ်မှာ ငွေမရှိလည်း Facebook အခမဲ့ သုံးနည်း

Image
တယ်လီနော ဆင်းကဒ် သုံးတဲ့အခါ ဖုန်းဘေလ် မရှိလည်း Facebook အသုံးပြုလို့ရပါတယ်။ ယင်းကဲ့သို့ အသုံးပြုဖို့အတွက် ဖုန်းထဲမှာ Opera Mini Browser ကို Download ဆွဲထားဖို့တော့ လိုပါလိမ့်မယ်။ Opera Mini Browser ရှိပြီဆိုရင် m.facebook.com ကိုဝင်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ ပုံတွေ၊ စာတွေ၊ ဗီဒီယီုတွေကြည့်နိုင် မြင်နိုင်မှာ ဖြစ်ပြီး Downlaod လည်း အခမဲ့ ဆွဲလို့ရ ပါတယ်။ ဒါပေမယ့် မိနစ် ၂၀ ထက် ကျော်တဲ့ ဗီဒီယိုဆိုရင် ငွေဖြတ်ပါလိမ့်မယ်။ ဘေလ်မရှိရင်တော့ မရပါဘူး။ Telnor ကဒ် သုံးရင် Opera Mini Browser ဖြစ်ဖြစ်ဘယ် Browser ကနေပဲ ဖြစ်ဖြစ် 0.facebook.com ကို အသုံးပြုရင်တော့ အခမဲ့ ဖြစ်ပါတယ်။ သူ့ဆီကနေ ဆိုရင်ောတ့ ပုံတွေကို မြင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် status တွေကို မြင့်ရ ပါလိမ့်မယ်။ ဒီတော့ Mini Browser ကို အသုံးပြုပြီး m.facebook.com ကို ဝင်တာက အကောင်းဆုံး ဖြစ်ပါတယ်။ ဖုန်းဘေလ်မကုန်ပဲ Facebook အသုံးပြုနိုင်အောင် Opera နဲ့ Telenor တို့ သဘောတူညီချက်ယူပြီး ဖန်တီးပေးထားတဲ့ အစီစဉ် ဖြစ်ပါတယ်။ ဒါ့အပြင် Opera Mini ကနေဆိုရင်လည်း wikipedia ကို အသုံးပြုမယ်ဆိုရင် အခမဲ့ပဲ ဖြစ်ပါတယ်။ ဖုန်းဘေလ်မကုန်ပဲ သုံးချင်သူများအတွက် နည်းလမ်း

Root Lenovo A 2010 How to root rooting 2015

Image
Lenovo A2010 ကို Root လုပ်ဖို့ Root Tool လေးနှစ်ခုကိုတင်ပြပေးလိုက်ပါတယ်။ အောက်က Root Tool လေးနှစ်ခုကို Download ရယူပြီး Root လုပ်ကြည့်လိုက်ပါအုံး။ Root လုပ်နိုင်ရန် လိုအပ်တဲ့ ဖိုင်ကိုအရင် Download ရယူလိုက်ပါ။ Download Here >>> http://up.media1fire.com/8f85d1fo2bxp ( Kingo Root ) Download Here >>> http://up.media1fire.com/xedvhuidpuuv# ( One Click Root ) Download ရယူလို့ရလာတဲ့ rar file ထဲက .exe ကို Run လိုက်ပါ။Root Tool ကို install လုပ်ခိုင်းပါမယ်။ install လုပ်လိုက်ပါ။ install ပြီးရင်တော့ ဖုန်းကို USB Debugging တို့ Unknow Source တို့ on ပြီး Normal mode ကနေပဲ USB ကြိုး ချိတ်ဆက်ပြီး ROOT လုပ်ပေးလိုက်ပါ။ Root ANY Android Device 4.2.2, 4.3, 4.4 , 5.0, 5.0.2 , 5.1.1, 5.1.2, 5.2.2 Jelly Bean, Kit Kat, Lollipop One Click……. အဆင်ပြေပါစေ။ Warmly Welcome Ko Htoo ( MMAS )   -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Huawei G700-T00 အတွက် B124 Flashtool Firmware

Image
Huawei G700-T00 အတွက် Firmware တောင်းထားလို့တင်ပေးလိုက်ပါတယ်။ ရှာလို့တွေ့တဲ့လင့်က အဆင်မပြေဘူးဆိုလို့ ပြန်လည်မျှဝေပေးလိုက်တာပါ။ ကျတော် လင့်နှစ်ခုနဲ့တွေ့လို့ တင်ပေးလိုက်ပါတယ်။ ကြိုက်နှစ်သက်ရာလင့်ကနေ Download ရယူလိုက်ပါ။ Dev-Host.com >>> http://d-h.st/xMh Google Drive >>> https://drive.google.com/file/d/0B9otGooNOcQBbGF2eDVzMkhOUG8/view?pli=1 အဆင်ပြေပါစေ။ Warmly Welcome Ko Htoo ( MMAS )   -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+