MacForUs Back Online


ဝမ်းသာစရာ သတင်းကောင်းလေးပါပဲ (သိပြီးကြပြီလားတော့ မသိဘူး) iOS 8 အတွက် third-party မြန်မာကီးဘုတ်များ၊ Font profiles များ၊ ထွက်ပေါ်လာပြီးနောက် Jailbroken device များတွင် မြန်မာစာ အားထားရသော Cydia source တစ်ခုဖြစ်သည့် "cydia dot macforus dot com" source error ဖြစ်ကာ သွင်းယူလို့ မရတော့ပါဘူး..။

ဒါကြောင့်မို့ Jailbroken device များမှာပါ Font profiles များသွင်းယူပြီး မြန်မာစာကို ဖတ်ရှုကြရပါတယ်..။

Font profile ရဲ့အားနည်းချက်ကတော့ ဥပမာ Facebook App မှာဆိုလျှင် Page, Note တို့ကို ထပ်ဆင့် ဝင်ပါက မြန်မာစာကို ဖော်ပြနိုင်ခြင်း မရှိသကဲ့သို့ Safari မှာဆိုလျှင်လည်း Zawgyi Font Force bookmark ကို အသုံးပြုနေရဆဲ ဖြစ်ပါတယ်..။

MacForUs အလုပ်မလုပ်တော့တဲ့အတွက် ကိုစေတန်ဆီကို (iOS အမြင့်) Myanmar font တွေကို .deb file အဖြစ် ပြန်လည် ထုတ်ပေးဖို့ message ပို့ပြီး မေတ္တာရပ်ခံခဲ့ပါတယ်...။
ယခုတော့ "cydia dot macforus dot com" back online (အသက်ဝင်ပြီး အွန်လိုင်းပေါ် ပြန်ရောက်လာပါပြီ)။
iOS 8.0 ကနေ iOS 8.1.1 Jailbroken device တွေမှာ မြန်မာစာကို လုံးဝ အဆင်ပြေပြေ ရေးသားဖတ်ရှုနိုင်ဖို့ဆိုရင်...:

၁) Cydia -> Sources -> Edit -> Add မှာ "cydia.macforus.com" နှင့် "ttkz.me/apt/" နှစ်ခုကို သွင်းယူပါ။ 

၂) MacForUs ၏ source မှ "Zawgyi iOS 7.1.2 Font" ကိုသာ Install လုပ်ပါ။ 
၃) ttkz ၏ source မှ "Zawgyi-One Fix for Notes.app" ကိုသာ သွင်းယူပါ။
**Note App အတွက် မြန်မာစာ မမြင်ရသည့် ပြဿနာ ဖြေရှင်းရန်ဖြစ်သည်** 

၎) Note App တွင် မြန်မာစာကို ဖတ်နိုင်ရေးနိုင်သော်လည်း "ေ" "ြ " စသည့် အက္ခရာများ ရိုက်လို့ မရသည်ကိုတွေ့ရပါတယ်။ ဒီပြဿနာကို ပြေလည်ဖို့ ဆိုရင်တော့ "Zawgyi profile" ကိုသွင်းယူဖို့အတွက် AppStore မှ "MyFont" ကိုသွင်းယူဖို့ လိုအပ်ပါတယ်..။

>> Download & Install MyFont

အားလုံးပြည့်စုံသွားတဲ့အခါမှာ မြန်မာစာကို နေရာမရွေးမှာ ဖတ်ရှု ရေးသားနိုင်သွားပါပြီ..။
ဖော်ပြပါ ဆောင်းပါးသည် Jailbroken device များအတွက် မြန်မာစာ အဆင်ပြေစေမည့် နောက်ဆုံး အဆင့် အနေအထားဖြစ်ပါတယ်..။

MacForUs ပြန်လည် အသက်ဝင်နေသည်ကို သတင်းပေးပါသော ကိုအမေ့သားကို အထူးကျေးဇူး တင်ရှိပါတယ်..။

credit@မိုးသိကြား 
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...