စိတ်ဓာတ်ကျနေလား သူငယ်ချင်း?

အရင်ဆုံးပြောချင် တာကတော့ စိတ်ဓာတ် ကျတယ်ဆိုတာ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ ကျွန်တော် တို့ လူသား အားလုံး စိတ်ဓာတ် ကျတတ်ကြ ပါတယ်။ ပိုက်ဆံမရှိလို့၊ ချစ်သူနဲ့ အဆင်မပြေလို့ မိသားစုနဲ့ အဆင်မပြေလို့၊ အလုပ်မှာ အဆင်မပြေလို့၊ စာမေးပွဲကျလို့၊ ရုပ်မလှလို့ အမျိုးမျိုးကို စိတ်ဓာတ်ကျနေ တတ်ကျ ပါတယ်။ စိတ်ဓာတ် ကျတာ ဆင်းရဲချမ်းသာ မရွေးပါဘူး။ ပိုက်ဆံ ချမ်းသာတဲ့ သူတွေတော့ စိတ်ချမ်းသာ မယ်လို့ သင်ထင်ကောင်း ထင်ပါလိမ့်မယ်။

တကယ်တော့ သင်ထင်သလို မဟုတ်ပါဘူး။ ဥပမာဆိုပါစို့ သင်က သိပ်မချမ်းသာဘူး။ သာမန် ရုံးဝန်ထမ်း တစ်ယောက်။ သင့်မှာ သင်အရမ်းကြိုက်တဲ့ Iphone လေးရှိ တယ်ဆိုပါစို့။ အဲဒိ Iphone လေး taxi ပေါ် မှာ မေ့ကျန် ခဲ့တယ် ဆိုပါစို့။ သင်ဘယ်လို ခံစားရမလဲ? ခဏလောက်တွေး ကြည့်လိုက်ပါ။

၇သိန်း၊ ၈သိန်း လောက်တန်တဲ့ ပစ္စည်းတစ်ခုအတွက်တောင် သင်အဲ့ဒိလောက် စိတ်သောကတွေရောက်ပြီး
စိုးရိမ်ပူပန် တတ်နေရင် သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့ သူတွေရော ဘယ်လိုစိတ်ထဲမှာ ဖြစ်နေမယ် ထင်လဲ? သူတို့တွေက ဒီလောက် ချမ်းသာရင်တော်ပါပြီ ဆိုပြီးရပ်သွားတဲ့သူ မရှိပါဘူး။ ဒိထက် ပိုချမ်း သာအောင် လုပ်နေကြတဲ့ သူတွေချည်းပါပဲ။ သူတို့မှာရှိတဲ့ ချမ်းသာမှုတွေကို မပျောက်ပျက်အောင် အမြဲ ထိန်းသိမ်းနေ ရပါတယ်။ တကယ်တော့ အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုပါ။ လူတွေက ပျော်ရွှင်မှုရဖို့ ပိုက်ဆံ က အဓိကကျတယ်လို့ သတ်မှတ်လိုက်တယ်။အဲဒိတော့ ပိုက်ဆံ = ပျော်ရွှင်မှုဆိုတဲ့ ညီမျှခြင်းနဲ့ သူတို့ ဘ၀ကို ဘောင်ခတ်လိုက် ပါတယ်။ သူတို့ အဲဒိဘောင်ထဲမှာ နေထိုင်ကြတယ်။

ဒါပေမဲ့သူတို့ ပျော်ရွှင်ခြင်း အစစ်အမှန်ကို မရရှိကြပါဘူး။ သူတို့ဘ၀တွေကိုလောဘတွေနဲ့ အနားသတ် လိုက်တယ်။ သူတို့ရဲ့ညီမျှခြင်းက လောဘ+ပိုက်ဆံ=ပျော်ရွှင်မှုဖြစ်လာတယ်။ ကြာလာတော့ညီမျှခြင်းရဲ့ တစ်ဘက်ခြမ်းက ပျော်ရွှင်မှုသူတို့ဆီမှာ မရှိတော့ဘူး။သူတို့ဆီမှာ ကျန်ခဲ့တာက လောဘ+ပိုက်ဆံ ဖြစ်သွား တယ်။ သူတို့ရဲ့ဘ၀တွေက ဘာနဲ့တူလဲ ဆိုတော့ ကျောက်တုံး အကြီးကြီး တစ်တုံးကို အရမ်းမတ်တဲ့ တောင် ကုန်းပေါ်ကို တွန်းတင်နေရသလိုပဲ။ သူတို့ တက်တာမြင့်လာလေလေ အဲဒိကျောက်တုံးကြီးကို နောက်ပြန်
မကျအောင် အားပိုစိုက်ရလေလေပါပဲ။ တစ်ချို့ကလည်း အဲဒိကျောက်တုန်းကြီး တွန်းနေတုန်း အရမ်းလှတဲ့ ကြယ်လေးတွေရယ် ပတ်ဝန်းကျင်က ငှက်ကလေးတွေရဲ့ တေးဆိုသံတွေကို မခံစားမိလိုက်ကြဘူး။ တစ်ချို့ ကလည်း မနိုင်တဲ့ ကျောက်တုန်းကြီးမို့လို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျ ကြတယ်။ တစ်ချို့ကလည်း ချွေးသံ တရဲရဲနဲ့။ တစ်ချို့ကတော့ ထိပ်ဆုံးရောက် သွားကြတယ်။ ဒါပေမယ့် နောက်ထပ် တက်ရမယ့် တောင်တွေ အများကြီးရှိမှန်း အပေါ်ဆုံးရောက်မှ သိခွင့်ရလိုက်တယ်။ ပိုက်ဆံနဲ့ သတ်မှတ်ထားတဲ့ အောင်မြင် မှုနောက်ကို လိုက်ရင်း ဘ၀မှာ အရေးကြီးဆုံး အရာအားလုံးကို ဆုံးရှုံးလိုက်ရတယ်။ ပိုက်ဆံအရေးမကြီး ဘူးလား လို့မေးရင်တော့ အရေးကြီးပါတယ်။ ဒါပေမဲ့ပျော်ရွှင်မှုရဲ့ အဓိက အကြောင်းရင်းတော့ မဟုတ်ပါဘူး။ ပိုက်ဆံက အစိတ်အပိုင်းတစ်ခုထက် မပိုပါဘူး။ ဒါပေမယ့် ဒါကသတ်မှတ်တဲ့ သူပေါ်မှာတော့ မူတည်ပါ တယ်။ ပိုက်ဆံကပျော်ရွှင်မှုလို့ သင်သတ် မှတ်ရင်တော့ ပိုက်ဆံတွေရှာပြီး ပျော်အောင်စမ်း သပ်ကြည့်လို့ရ ပါတယ်။

သင်ကအဲ့ဒိလို မထင်ဘူးဆိုရင်တော့ အောက်ပါနည်းလမ်း(၃)မျိုး အတိုင်းစမ်းကြည့် လိုက်ပါ။ သင်ရဲ့ ကျနေတဲ့ စိတ်ဓာတ်တွေပြန်တက် လာပါလိမ့်မယ်။

(၁) အတွေးတွေပြောင်းလဲ ကြည့်လိုက်ပါ။

ကျွန်တော်တို့ ဘုရားရှင်ကပြောတယ်။ “The mind is everything. What you think you become” –Buddha စိတ်က အရာရာပါပဲ။ သင်တွေးတဲ့အတိုင်း သင်ဖြစ်လာလိမ့်မယ်။ ဥပမာ သင်ကြုံဖူးလား? သင်မှန်ထဲ ကြည့်လိုက်တော့ တစ်ခါတစ်လေ သင့်ရုပ်က ကြည့်ကောင်းနေ တတ်ပါတယ်။ အဲဒိအချိန်ဆို သင့်ကိုယ်သင် အားရနေပါလိမ့်မယ်။ လူရှေ့သူရှေ့ကို ထွက်တော့လည်း ယုံကြည်မှုအပြည့်နဲ့ ဖြစ်နေပါ လိမ့်မယ်။ အဲ့ဒိလိုနေ့မျိုးဆို ဘာပဲ လုပ်လုပ်အောင်မြင် တာများတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက မှန်ကြည့်ပြီး ကိုယ့်အပြစ်ကိုယ် အရှာကြဆုံး လူသားမျိုးနွယ်တွေဖြစ်နေပါတယ်။ နှာခေါင်းမလှဘူး၊ နားရွက် ကားတယ်၊မျက်လုံးကဆွေတယ် စသဖြင့် ကိုယ့်ကိုကို တမုန်းကဲ့ရဲ့ပြီး စိတ်ဓာတ်ကိုအောက်ဆုံးထိ ဆွဲချ လိုက်ကြတတ်ပါတယ်။ အဲဒိလိုနေ့မျိုးဆို စိတ်ဓာတ်တွေကျလို့ပေါ့။

သင့်ကိုယ်သင် ယုံကြည်မှုက ကျသွားတယ်။ အကျိုးဆက်အနေနဲ့ တစ်နေ့လုံး ဘာလုပ်လုပ်အဆင် မပြေဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲ ပြန်သုံးသပ်ကြည့်ရအောင်။ သင့်ရုပ်က ဒီရုပ်ပဲ။ ပြောင်းသွားတာ သင့်စိတ်။ သင့်စိတ်က သင့်ကို အကျဉ်းချပစ်လိုက်တယ်။ သင်ကလည်း အကျဉ်းချခံရအောင်ကို မရမက လိုက်တွေးတယ်။ တကယ်တော့ လွင့်မျောနေတဲ့ တိမ်တွေကိုလည်း ဆင်ရုပ်တွေ၊ ကျားရုပ်တွေ အဖြစ်မြင် ကြည့်လိုက်လို့ ရတယ်။ ညဘက်ခေါင်း ရင်းမှာထောင်ထားတဲ့ ဖျာလိပ်ကြီးကိုလည်း သရဲလို့တွေးပစ်လိုက် လို့ရတယ်။

အဲဒိတော့ သေချာပြန်စဉ်းစားရင် ပျော်ရွှင်မှုရဖို့ဆိုတာ စိတ်ကိုပြင်ရမှာပါ။ ပိုက်ဆံ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ညီမျှခြင်း ချချင်ရင်လည်း ရပါတယ်။ဒါပေမဲ့ အဲလိုစဉ်းစားရင်တော့ စိတ်ချမ်းသာဖို့ ပိုက်ဆံအရင်ရှာ ရပါလိမ့်မယ်။ သင်ဒီစာကိုဖတ်နေကတည်းက သင်စိတ်ဓာတ်ပြန်တက် ချင်တဲ့သူဆိုတာ သေချာပါတယ်။
သင့်အတွေးတွေ နည်းနည်းလောက်ပြောင်းကြည့်ပါ။ သင့်ရဲ့အထက်က သူတွေချည်းပဲ မကြည့်ပါနဲ့။ မော့ ကြည့် လွန်းရင်လည်း ဇာတ်ညောင်းတတ်ပါတယ်။ အညောင်းပြေအညာပြေ အောက်ကို တစ်ချက်လောက် ကြည့်ကြည်ပါ။

သင်စိတ်ဓာတ် ကျနေတယ်ဆိုရင် Bus ကားတွေ ကြားထဲပြေးလွှားပြီး ပန်းရောင်းနေတဲ့ ကလေးတွေ၊ သူများကျောင်းစိမ်း ၀တ်စုံလေးတွေ ကိုငေးကြည့်နေတဲ့ ကလေးတွေ၊ တစ်နေ့လုံးမှာ ထမင်းတစ်နပ်ပဲ စားရတဲ့သူတွေ၊ အာဖရိကက၂ရက်မှ တစ်ခါလောက် အစားအစာ စားခွင့်ရတဲ့ ကလေးတွေ သင်အားနာ နိုင်ပါတယ်။ သင်ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိတယ် လို့ထင်ရင် ဆယ်တန်းမှာ သင်ခဲ့ရဖူးတဲ့ Helen Keller ကို အားနာပါအုံး။ မျက်စိလည်း မမြင်နားလည်းမကြားခဲ့တဲ့ Helenတောင် ဘ၀ကို ရင်ဆိုင်နိုင်ရင် သင်ကရော? သင့်မျက်လုံး မလှဘူးထင်ရင် တစ်ခါလောက် မျက်စိမှိတ်ပြီး လမ်းလျှောက် ကြည့်ပါအုံး။

မျက်စိမမြင်တဲ့ သူတစ်ယောက် ဆိုရင်ရောဘယ်လိုနေမလဲ? သင်အရမ်း ကံကောင်းပါတယ်။ သင်ဒီစာကို ဖတ်နေနို်င်ပါတယ်။ ဘ၀ရဲ့ အလှအပတွေကို ခံစားနိုင်ပါတယ်။ မနက်ဖြန်ဆိုတာ မသေချာတဲ့ အရာမို့လို့ လက်ရှိအချိန်ကိုလေးစားပါ။ ဘယ်တော့မှ မကောင်းတဲ့ စိတ်ဓာတ်နဲ့ အရာရာကိုမကြည့်ပါနဲ့။ အဲဒါဟာ စိတ်ဓာတ် ကျရခြင်းရဲ့ အဓိကအကြောင်းရင်း တစ်ခုပါ။

“အချုပ်ခန်းထဲက အကျဉ်းကျခံထားရတဲ့ အကျဉ်းသား၂ယောက်က ပြတင်းပေါက် အပြင်ဘက်ကိုပြိုင်တူ ကြည့်လိုက်တယ်။ ပထမတစ်ယောက်ကပြောတယ် အပြင်မှာရေဗွက်တွေချည်းပဲ ၊စိတ်ပျက်ဖို့ကောင်း လိုက်တာတဲ့။ ဒုတိယ တစ်ယောက်ကပြောတယ် ဒီညလသာတယ်နော်။ ကြယ်တွေလည်းစုံပြီး အရမ်း လှလိုက်တာတဲ့”

လူတွေရဲ့အတွေးတွေဟာ လူတွေရဲ့ပျော်ရွှင်မှုပါပဲ။ အရာရာကို အတတ်နိုင်ဆုံး အကောင်းမြင်ကြည့်ပါ။ သင်အရင်ထက် စိတ်ချမ်းသာ လာတာတွေ့ရ ပါလိမ့်မယ်။

(၂) သင့်ကိုသင် ချီးကျူးပါ။

သင့်ကိုယ်သင် အမြဲအပြစ်ရှာနေတာကို ခဏလောက်ရပ်ပြီး သင့်ကိုသင် ချီးကျူးပါ။ သင်ဘာပဲ လုပ်လုပ် တစ်ခုခုအောင်အောင်မြင်မြင်ပြီး ဆုံးသွားရင် သင့်ကိုယ်သင် ချီးကျူးဖို့ မမေ့ပါနဲ့။ လူတိုင်းလူတိုင်းမှာ ပင်ကိုယ် အရည်အချင်းရှိပါတယ်။သင့်မှာလည်း ရှိပါတယ်။ သင့်မှာချီးကျူးစရာ တစ်ခုမှ မရှိဘူးလို့ သင်ထင်လို့လား? ချီးကျူးစရာ တစ်ခုရအောင် ဖန်တီးပါ။ ဥပမာ စိတ်သဘောထားကောင်းအောင် နေကြည့်ပါ။ ဒါဟာ အတော် ကို ချီးကျူးစရာကောင်းတဲ့ အရာမျိုးပါ။ ဒါမှမဟုတ် ကိုယ့်ကိုကိုနှိမ့်ချပြီး နေကြည့်ပါ။ ဒါဟာလည်း လူတိုင်း မလုပ်နိုင်တဲ့ အရည်အသွေးပါ။ ဒါမှမဟုတ် အချိန်လေးစားတဲ့သူ တစ်ယောက်ဖြစ်အောင်နေကြည့်ပါ။ ဒါကလည်းတော်တော်ကို ချီးကျူးစရာကောင်းတဲ့ အချက်ပါ။ အဲဒါတွေလုပ်ဖို့ သင်ပိုက်ဆံ တစ်ပြားမှ မလိုပါဘူး။ လုပ်ချင်တဲ့ ဆန္ဒပဲ လိုအပ်ပါတယ်။ နောက်တစ်ချက် အရေးကြီးတာက သူများကိုလည်း ချီးကျူးပါ။ ရိုးရိုးသားသား ချီးကျူးတာက ချီးကျူးခံရသူလည်း စိတ်ချမ်းသာပါတယ်။

(၃) ဘောင်ထဲမှာ မနေပါနဲ့။

သင့်ကို သင်ဘောင်ခတ်ထားတာ အရမ်းဆိုးပါတယ်။ တစ်ခုခုကို မလုပ်နိုင်ဘူး၊ အခက်အခဲတစ်ခုကို မဖြတ်ကျော်နိုင်ဘူး စသဖြင့်တွေးရတာအရမ်းလွယ်ပါတယ်။ဒါပေမဲ့ အဲ့ဒီလိုတွေးတာဟာ ဘာမှကို အသုံး မ၀င်ပါဘူး။သင့်ရဲ့ comfort zone ထဲက ထွက်ကြည့်ပါ။ ဥပမာ သင်က English စာသင်တန်းတစ်ခုမှာ အမြဲတမ်းရှေ့ထွက်ပြီး မပြောရဲဘူး ဆိုပါစို့။ တစ်ခါလောက် ထွက်ပြောဖြစ်အောင် ထွက်ပြောပါ။ အဲ့ဒိလို များများလုပ်ပေးမှ သင့်ကိုသင် ယုံကြည်မှု တက်လာမှာပါ။ အကျိုးဆက်အနေနဲ့ သင့်ကိုယ်သင် ချီးကျူးဖို့ အရာတွေ တိုးလာမှာပါ။ သင့်ကိုသင် လက်ခံပါ။ ဒီအချက်က အရမ်းအရေးကြီးပါတယ်။ သင်အသား မဲသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ၀သည်ဖြစ်စေ ၊ ပိန်သည်ဖြစ်စေ သင့်ကိုသင် လက်မခံသေးသ၍ ဖုံးကွယ်ဖို့ ကြိုးစားနေသ၍ သင်မလုံခြုံမှုတွေနဲ့ စိတ်ဆင်းရဲနေအုံးမှာပါ။ လောကကြီးနဲ့ အသားကျဖို့ ဆိုတာ အရင်ဆုံး သင့်ကိုယ်သင် လက်ခံရပါတယ်။ သင့်ကိုယ်သင် လက်ခံသွားရင် သင့်ရဲ့ရုပ်ရည်ဟာ သိသိ သာသာကိုပြောင်းလဲ သွားပါလိမ့်မယ်။ ယုံကြည်မှုအပြည့်နဲ့ အရမ်းကိုကြည့်ကောင်းနေ ပါလိမ့်မယ်။ အမေရိကန် လူမည်း Rapperတွေကိုတွေ့ဖူးမှာပေါ့။ အသားမည်းမည်းနဲ့ ရုပ်ချောလို့လား? မချောပါဘူး။
ဒါပေမဲ့ ယုံကြည်မှုအပြည့်နဲ့ အရမ်းကိုကြည့်ကောင်း ပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှုဟာ သင့်ရဲ့ရုပ်ရည် ကို အများအမြင်မှာပြောင်းလဲ ပစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ကို သင်လက်ခံပါ။ ယုံကြည်ပါ။

ဘောင်ထဲမှာမနေပါနဲ့။ ဘောင်အပြင် ထွက်ကြည့်ပါ။ အပြင်မှာအရမ်းလှပါတယ်။ သင့်စိတ်ကို အကျဉ်း မချထားပါနဲ့။

စိတ်ဓာတ်ကျနေသူတွေအတွက် အကျိုးတစ်စုံတစ်ရာရှိမယ်လို့ မျှော်လင့်ပါတယ်။

မိုးရှင်း (I.M.T)
www.reddotnetwork.com.mm
https://www.facebook.com/RedDotNetwork/photos/a.472233129575954.1073741828.381 --------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...