အ၀လွန်ရောဂါ အဖြေရှာ

တသွင်သွင် တိုက်ခတ်နေသော လေပြေလေညင်းက လူကို လန်းဆန်း သွားစေ၏။ First Container Bar & Grill စားသောက်ဆိုင် က ဒုတိယ ထပ်တွင် ထိုင်ရင်း ဒေါက်တာ ကျော်ဆွေသိန်းသည် အဝေး ကို ငေးကြည့်ရင်း လေညင်းခံ နေ၏။

မကြာမီ ဧည့်သည်များ ရောက်လာတော့မည်။

တောင်ဥက္ကလာပမြို့နယ် ၊ ဝေဇယန္တာလမ်း၊ အမှတ် ၂၇၆ A တွင်တည်ရှိသော ထိုဆိုင်သည် သန့်ရှင်း သပ်ရပ်၍ စမတ်ကျ၏။

ကားရပ်ရန်နေရာကျယ် ကျယ်ဝန်းဝန်းရှိ၏။

မန္တလေးမှ ဧည့်သည်များ အား ဧည့်ခံရန် ထိုဆိုင်ကလေးကို ဒေါက်တာတင်မောင်ဆွေကရွေး ချယ်ခဲ့၏။

ယခု ဒေါက်တာ တင် မောင်ဆွေက ဦးဆောင်ကာခေါ် လာမည်ဖြစ်၏။

မန္တလေးမှ ဧည့်သည်များ ဖြစ်သော ဒေါက်တာ ခင်စမ်းညွန့်၊ ဒေါက်တာ သင်းသင်းအောင်၊ ဒေါက်တာ ခင်နန်းဝင်း၊ ဒေါက်တာ ညိုညိုမြင့်၊ ဒေါက်တာမင်းမင်းလှိုင် တို့အပေါ်ထပ်သို့ တက်လာကြ၏။

မိမိထက်ဝါကြီးသူများ ဖြစ်၍ ဒေါက်တာကျော်ဆွေသိန်း က ထိုင်ရာမှထကာခရီးဦးကြိုပြု လိုက်၏။

''မင်္ဂလာပါ မမ။ ကြွပါ၊ အားလုံးစီစဉ်ထားပါတယ်''

''ကျေးဇူးပါပဲ ဆရာ ကျော်''

''ဆရာကျော်၊ ဒီမှာဘာ တွေရလဲ''

''ဥရောပအစားအစာ အာရှအစားအစာ အစုံရပါတယ်။ ဟင်းမယ်အမျိုး ၅ဝ ရှိပါတယ်။ ကြိုက်တာမှာပါ''

''နာမည်ကြီးတာတွေ ပြော ပြပါဦး''

''Pepper Hot Plate ရယ်၊ Grilled Pork Chop ရယ၊် Seafood Oyster Omellet တွေ နာမည်ကြီး ပါတယ်''

''ဟုတ်ကဲ့၊ ဘာတွေနဲ့ လုပ်ထားတာလဲဟင်''

''Pepper Hot Plate က ဒီလိုပါ၊ အသားစိမ်းရယ်၊ ပင်လယ်စာရယ်၊ အသီးအရွက်ရယ်ကို Hot Plate ထဲထည့်၊ ဘေးက ကြက်ဥ ဖောက်ထည့်ပြီးတော့ နှမ်းဆီစစ် စစ်နဲ့ မိနစ် ၂ဝ လောက်ကြော် တယ်၊ ကျက်တော့ သုံးဆောင်လို့ရ ပါပြီ''

''ဟုတ်ကဲ့ဆရာကျော်''

''Grilled Pork Chop က ဒီလိုပါ၊ ဝက်သားကို တစ်ယောက် စာ တစ်တုံးရအောင် သေသေသပ် သပ်လှီး ထားပါတယ်။ ဒါကို ကင် လိုက်တယ်။ ပြီးတော့ အာလူးမ ကျက်တကျက်ပြုတ်ကို အိုးကင်းပူ တိုက်တယ်။ အသီးအရွက်ကို ရေ နွေးနဲ့ ပြုတ်ထားတယ်၊ အားလုံး ပြီးတော့ ချိစ်ရယ် ထောပတ်ရယ်နဲ့ နယ်ပြီး အိုးကင်းပူ ထပ်တိုက်တယ်၊ ပြီးရင် ဆော့စ်နဲ့ တွဲစားရပါတယ်''

''ကောင်းတယ် ဆရာ ကျော်၊ ဒါဆိုအဲဒါတွေမှာပေးပါ''

''ဟုတ်ကဲ့ မမ၊ ရပါတယ်''

''မမ Pork Cho စားလို့ ဖြစ်ပါ့မလား''

''ရပါတယ် ခင်နန်းဝင်း ရယ်၊ မမက ဘယ်လောက်စားစား မဝဘူး''

''တော်သေးတာပေါ့၊ ကျွန် မတော့မစားရဲဘူး၊ စားရင်ဝလာ တယ်''

''အေး၊ တချို့က ဘယ် လောက်စားစား မဝဘူး၊ တချို့ ကျတော့နည်းနည်းလေးစားတာနဲ့ ဝလာတယ်၊ ဘာကွာလဲ မသိဘူး''

''မျိုးရိုးဗီဇကလည်း အ ရေးပါတယ်ခင်ဗျ''

''ဆရာကျော်က သိနေတာ ပဲ၊ ပြောပြပါဦး''

''ဒီလိုပါ၊ Nature ဆိုတဲ့ ဂျာနယ်ထဲက ဆောင်းပါးမှာပါလာပါ တယ်၊ သုတေသီတွေ New Gene Region တွေ တွေ့ထားပါတယ်။ဒီ Gene တွေက အဝလွန်တာနဲ့ ဆက်စက်နေပါတယ်။ ဒီ Gene တွေ ကွာခြားမှုကြောင့် အချို့ကပို ပြီး ဝလွယ်နေပါတယ်''

''ဟုတ်ကဲ့ ဆရာကျော်''

''သုတေသီတွေက လူ ပေါင်းသုံးသိန်းကျော်ရဲ့ DNA တွေကို ခွဲခြမ်းစိတ်ဖြာပြီးလေ့လာခဲ့ပါတယ်၊သူတို့က Genetic Map of Obesity ဆိုပြီး စုဆောင်း ပြုစု ထားပါတယ်''

''လူသုံးသိန်းဆိုတော့ ဧရာ မ လေ့လာမှုကြီးပဲ''

''ဟုတ်ပါတယ်၊ အခု MAP ကလည်း ခုချိန်အထိစာရင်း ကောက်ယူမှုအရေးအကြီးဆုံးပါပဲ၊ Largest Ever Genetic MAP ပါပဲ တဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

''ဒီမျိုးရိုးဗီဇတွေက ဦး နှောက်နဲ့ လုပ်ငန်းသဘောဆက် နွယ်မှုရှိတယ်။ ဒါကြောင့်အဝလွန်တာဟာ တစ်စိတ် တစ်ပိုင်းအနေနဲ့ Neurologic Basis လို့ ပညာရှင် တွေက ယူဆကြတယ်''

''ဟုတ်ကဲ့ဆရာကျော်''

''သုတေသီတွေက International Giant Consortium က ပါရဂူတွေဗျ၊ Giant ဆိုတာက လည်း အတိုကောက် စကားလုံးပါ။ အပြည့်အစုံက Genetic Investigation of Anthropometric Traitတဲ့ ခင်ဗျ။ သူတို့က Body Mass Index နဲ့ မျိုးရိုးဗီဇ ဆက်စပ်ပုံ ကို လေ့လာခဲ့တယ်။

''ဟုတ်ကဲ့ ဆရာကျော်''

''မျိုးရိုးဗီဇက အဆီတွေ ဘယ်လိုစုဆောင်းတယ်ဆိုတဲ့ အပေါ်မှာ သြဇာသက်ရောက်မှု ရှိတယ်တဲ့၊ ဥပမာ- ဗိုက်မှာအဆီစု တာက ပေါင်မှာ အဆီစုတာထက် ပိုအရေးကြီးတယ်၊ ဗိုက်အဆီက ကျန်းမာရေးပြဿနာ ပိုပြီးဖြစ်စေ တယ်တဲ့''

''အသစ်တွေ့တဲ့ Gene က ဘယ်လောက်ရှိတယ်တဲ့လဲ''

'' 33 Newly Pinpointed Gene Region တွေက ခန္ဓာကိုယ် အဆီစုဝေးမှုနဲ့ သက်ဆိုင်နေတယ်၊ ဒါကိုလေ့လာရင် ဘာကြောင့် တ ချို့လူတွေက ဗိုက်မှာအဆီပိုစုရသ လဲလိုတာသိရမယ်တဲ့''

''သိရရင် ကောင်းတာပေါ့၊ ဗိုက်မှာ အဆီစုရင် အလှပျက် တယ်''

ပြီးတော့ Body Mass Index ကို သြဇာလွှမ်းမိုးနေတဲ့ Genetic Location ပေါင်း ၆ဝ ကျော်ကိုလည်းတွေ့ ထားပြီးပြီ။ အ ရင်က ၂ဝလောက်ပဲရှာတွေ့တာ၊ ခု သုံးဆကျော်ပိုသိလာရတယ်''

''ဟုတ်ကဲ့ ဆရာကျော်''

''တချို့ မျိုးရိုးဗီဇတွေက ဗဟိုဦးနှောက် အာရုံကြောစနစ်နဲ့ ဆက်စပ်မှုရှိနေတယ်၊ University of Michigan က ပါရဂူပါမောက္ခ Elizabeth Speliotes ကပြော တယ်။ ခုတွေ့ရှိချက်က အံ့သြစရာ ပါပဲတဲ့၊ အရင်က ခုလိုဆက်သွယ်မှု ကို လုံးဝမစဉ်းစားခဲ့မိပါဘူးတဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

''အရင်က အဝလွန်တာဟာ ဇီဝကမ္မဖြစ်စဉ်နဲ့ပဲ ဆက်စပ် မယ်ထင်ထားခဲ့တာတဲ့၊ ခုတော့ဇီဝ ကမ္မဖြစ်စဉ် သာမက အာရုံကြော စနစ်နဲ့ လည်းဆက်စပ်မှုရှိမှန်း သိ လာရပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

''သုတေသီတွေက တချို့ မျိုးရိုးဗီဇတွေဟာ အစာစားလို စိတ်ကိုလွှမ်းမိုးထားလိမ့်မယ်လို့ ယူဆတယ်၊ တချို့မျိုးရိုးဗီဇတွေက တော့ အစားအစာနဲ့ ပတ်သက်တဲ့ မှတ်ဥာဏ်နဲ့ သင်ယူလေ့လာမှုကို လွှမ်းမိုးမယ်လို့ ယူဆထားတယ်''

''ဟုတ်ကဲ့ ဆရာကျော်''

''တချို့ Genetic Region တွေ အကြောင်း သေသေချာချာ မသိရသေးဘူး။ လေ့လာစရာတွေ ကျန်ပါသေး တယ်။ ပါမောက္ခကြီး ပြော တာက မျိုးရိုးဗီဇတွေရဲ့လုပ် ငန်းဆောင်တာဟာ သိပ်ကို ရှုပ် ထွေးပါတယ်တဲ့။ အဝလွန်ရောဂါ နဲ့ ပတ်သတ်တာက မျိုးရိုးဗီဇတစ် ခုတည်းမဟုတ်ပါဘူးတဲ့၊Single Gene မဟုတ်တာကို ဆိုလိုတာပါ၊ ခု လက်ရှိ အခြေအနေမှာ လူတိုင်း အတွက် အဖြေတစ်ခုရှာပေးဖို့ မ လွယ်သေးပါဘူး တဲ့။ ယေဘုယျအ ကြံပေးချက်ပဲ ပေးနိုင်ဦးမှာပါတဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

'' ဒါပေမယ့် ဆက်ပြီး လေ့လာရင် တစ်နေ့ကျပိုပြီး တိကျတဲ့ အဖြေရမှာပါတဲ့၊ လူတစ်ဦးချင်းစီ အတွက် သီးသန့် အဖြေမျိုးပေါ့ဗျာ၊ More Tallored Advice ပေါ့ဗျာ၊ Professor Peter Weissberg ဆိုတာက ဗြိတိသျှနှလုံးအသင်းကြီး က ပါရဂူဗျ၊ သူကပြောတယ်၊ ဗိုက် မှာ အဆီစုတာဟာ ဆီးချိုနဲ့နှလုံး ဖြစ်နိုင်ခြေ များစေပါတယ်တဲ့။ ဒါပေမယ့် ဗိုက်မှာဘာဖြစ်လို့ အဆီစုရလာလဲဆိုတာကို သေသေ ချာချာ မသိရသေးပါ ဘူးတဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

''ခုသုတေသနက အရေးကြီးပါတယ်တဲ့၊ သုတေသနအပေါ် အခြေခံပြီး Genetic Test တွေက ပေါ်လာ မှာဖြစ်ပါတယ်တဲ့၊ ဘယ် သူတွေနောင်မှာ အဝလွန်မလဲဆိုတာ ကြိုတင် သိလာပါလိမ့်မယ်တဲ့။ ဆီးချိုနဲ့ အဝလွန် ဆက်စပ်တာတွေ လည်းသိလာပါမှာတဲ့။ Biochemical Pataway တွေကိုလည်း သိလာ မှာပါတဲ့၊ နှလုံးရောဂါနဲ့ ဆက်စပ်မှု ကိုလည်း သိလာမှာပါတဲ့''

''သိလာရင်ပိုပြီး ကြိုတင် ကာကွယ်နိုင်မှာပေါ့နော်''

''ဟုတ်ပါတယ်၊ ခုလိုသိလာရင် အဝလွန်ရောဂါမဖြစ် အောင် ကြိုတင်ကာကွယ်နိုင်မယ်၊ အဝလွန်ရောဂါ ရဲ့ နောက် ဆက်တွဲ ရောဂါ ဆိုးတွေ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်နိုင်မယ့် အလား အလာကောင်းတွေပေါ့ဗျာ''

''ရောဂါ ကြိုတင်ကာ ကွယ်နိုင်ရင် သိပ်ကောင်းတာပေါ့၊ ဆီးချိုတို့၊ နှလုံးတို့က ခုခေတ်မှာ ဖြစ်နှုန်းများလာပြီ''

''ဟုတ်ပါတယ်၊ခုသုတေသနဟာ အလွန်ကောင်းတဲ့ သုတေသနပါပဲ၊ ဆက်ပြီးလည်းလေ့လာ ကြဦးမှာပါ၊ စကားကောင်းနေလိုက် တာ၊ သုံးဆောင်ကြပါ၊ လို တာရှိလည်း ထပ်မှာကြပါ''

''ဟုတ်ကဲ့ ကျေးဇူးပါပဲ ရှင်''

''ကျွန်တော်မန္တလေး ရောက်တုန်းက မမတို့ ဝိုင်းစောင့် ရှောက်ခဲ့ကြပါတယ်၊ ခုတစ်ပြန် ပြန်ပြီးဧည့်ခံတာပါ''

''ကျွန်မတို့က လူအုပ် ကောင်းတယ်၊ ဆရာကုန်ကျစရိတ် သိပ်များသွားမလားပဲ''

''ဒီအတွက်မပူပါနဲ့၊ ပထမအစီအစဉ်က ကျွန်တော်ရယ်၊ ကို ဆွေရယ် နှစ်ယောက်ပေါင်း တာဝန်ယူဖို့ပါ၊ ခုဒကာပေါ်သွားပြီ။ ကျွန်တော် တို့ တာဝန်မရှိတော့ဘူး''

''ဟုတ်လား။ ဒကာက ဘယ်သူလဲ''

''စာရေးဆရာမောင်ညို ပြာပါ၊ ဆရာက ဝတ္ထုတိုနာမည် ကြီးတယ်။ ''ကြယ်များလွန်လျှင်'' ဆိုရင် အရမ်းကျော်ကြားတယ်၊ သူ့ကို မြန်မာ ချက်ကော့ဗ်လို့ တင်စားခေါ် ကြတယ်၊ ဆရာက ဦးရွှေနုလမ်းထဲ မှာ နှစ်ထပ်တိုက်ကြီးနဲ့နေတာ''

''သူဌေးပေါ့''

''ဟုတ်တယ်။ နဂိုမိဘကလည်း ချမ်းသာတယ်၊ ခုဆရာက ''ညို''စာပေတိုက်ထောင်ထားတယ်၊ သူ့ဝတ္ထုတိုပေါင်းချုပ်တွေကို ဂျပန် ဘာသာပြန်ပြီးပြီ။ ဂျပန်ကစာပေ တိုက်တစ်တိုက်က ဝယ်ပြီးပြန်တာ၊ ဂျပန်မှာထုတ်တော့ရောင်း ကောင်းတယ်၊ သူတို့စာမူခက ရာခိုင်နှုန်းနဲ့ ပေးတာ၊ရောင်းရလေလေ ပိုရလေ လေပဲ''

''သြော်-ဒါကြောင့် ဟယ် ရီပေါ်တာရေးတဲ့ စာရေးဆရာမ သန်းကြွယ်သူဌေးဖြစ်တာကို''

''ဟုတ်ပါတယ် ခုဆရာလည်း ငွေတွေအများကြီးရတယ်၊ သူက အလှူလုပ်ချင်တယ်၊ ဆရာ မတို့ ရောက်မှန်း သိတော့ကျွေးမွေး စရိတ် တာဝန်ယူသွားတယ်၊ တော် ကြာ သူလာလိမ့်မယ်၊ စားသာစား အားမနာနဲ့''

တစ်ဖွဲ့လုံးတက်ညီလက် ညီ် အားပေးကြရာ မကြာမီ ပန်း ကန်အလွတ်များသာ ကျန်ရစ်ခဲ့ လေတော့၏။

အောင်(ဆေး-၁)
ရည်ညွှန်းချက်။ ။ BBC News မှ "Fat Map Largest Genetic Blueprint of Obesity
Revealed " ဆေးပညာဆောင်းပါး ကို မှီငြမ်းကိုးကားပါသည်။

ဈေးကွက်ဂျာနယ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...