အဆိပ်အတောက် ပါဝင်မှု အများဆုံး သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စာရင်း

ကမ္ဘာ့ အဖွဲ့အစည်းဖြစ်တဲ့ Environment Working Group (EWG) မှ ပိုးသတ်ဆေး ပါဝင်မှု အများဆုံးနဲ့ အနည်းဆုံး သစ်သီးနဲ့ ဟင်းသီး ဟင်းရွက် စာရင်းတွေ နှစ်စဉ်ပြုစု ထုတ်ဝေ ခဲ့ပါတယ်။

ပန်းသီးကလည်း နှစ်ပေါင်း အတော်ကြာ အဲဒီ စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ပါဝင်တယ်။ အကြောင်း က ရေရှည် လတ်ဆတ်နေစေဖို့ မရိတ်သိမ်းခင်နဲ့ ရိတ်သိမ်းပြီးအချိန် ဆေးဖျန်းခံနေ ရလို့ပဲဖြစ်ပါတယ်။

နှစ်အနည်းငယ်ကြာ အသန့်ရှင်းဆုံး စာရင်းရဲ့ ထပ်ဆုံးနေရာ ရထားတာက ထောပတ်သီးဖြစ်ပါတယ်။ နာမူနာအဖြစ် စစ်ဆေးတဲ့ ထောပတ်သီးမှာ ပိုးသတ်ဆေး ၁% သာတွေ့ရှိခဲ့တယ်။

အလေးချိန် အရဆိုရင် အာလူးက ပိုးသတ်ဆေး အများဆုံးပါဝင်တယ်။ သာမန် ငရုတ်ကောင်းမှာ ပိုးသတ်ဆေး ၁၅ မျိုးတွေ့နိုင်တယ်။ မက်မွန်သီး၊ ခရမ်းချဉ်သီးနဲ့ ပန်းသီးတွေမှာ ပိုးသတ်ဆေး ၁၂ မျိုးခန့် ပါဝင်တယ်။

နောက်ပြီး ဘယ်သစ်သီးများနဲ့ ဟင်းသီးဟင်းများက ပိုးသတ်ဆေး အများဆုံးနဲ့ အနည်းဆုံး ပါဝင်လဲဆိုတာ သိရှိနိုင်ပါတယ်။

ပိုးသတ်ဆေး အများဆုံးရှိတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စာရင်း

ပန်းသီး
အာလူး
မက်မွန်သီး
ခရမ်းချဉ်သီး
တရုတ်နံနံကြီး
မက်မွန်တစ်မျိုး
ပဲသီး
ဒေါက်ခွ
သခွားသီး
စတော်ဘယ်ရီသီး
ငရုတ်ကောင်း
စပျစ်သီး

ပိုးသတ်ဆေး အနည်းဆုံးရှိတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စာရင်း

ပန်းဂေါ်ဖီ
ပြောင်းဖူး
ကစွန်းဥ
ကြက်သွန်နီ
ထောပတ်
နာနတ်သီး
သစ်တော်သီး
သင်္ဘောသီး
သရက်သီး
ကီဝီသီး
ဖရဲသီး
ရှောက်ခါးသီးကြီး
ဂေါ်ဖီထုပ်

ကမ္ဘာ့အပူပိုင်းဒေသတွေမှာ စိုက်ပျိုးထားတဲ့ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေမှာ အသန့်ဆုံးနဲ့ အသက် အန္တရာယ် အကင်းဆုံးဖြစ်ကြောင်း သတိထား မိနိုင်ပါလိမ့်မယ်။

Trend Myanmar
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...