နွေရာသီရဲ့ အပူဒဏ် ကိုဘယ်လို အံတုကြမလဲ

မြန်မာနိုင်ငံ တစ်ဝန်းမှာ အအေးဒဏ်လျော့ပါး လာပြီး အပူဒဏ်တွေ တစ်ဖြည်းဖြည်းမြင့်တက် လာနေပြီဖြစ်ပါတယ်။ မြို့နေ လူထုတွေရဲ့  နှုတ် ဖျားမှာလည်း ပူလာပြီဆိုတဲ့ စကားက အပြောများ လာ ကြပါပြီ။ မြန်မာနိုင်ငံ အလယ်ပိုင်း ရပ်ဝန်းဒေ သတွေ မှာဆိုရင် ပိုလို့ အပူ ရှိန်မြင့်နေလောက်ပြီဖြစ် ပါတယ်။ လူတွေရဲ့ တီထွင် ဖန်တီးမှုနဲ့အတူ သဘာဝ သယံဇာတတွေ ပျက်သုဉ်း မှုတွေကြောင့် အခုခေတ်ကာလမှာ ရာသီဥတုဖောက်ပြန်မှုတွေ ပိုလို့များလာပါ တယ်။ နွေရာသီ မှာ အပူရှိန်ဟာ ရှေးအရင်ခေတ်ကာလထက် ပိုပူလာပါတယ်။ အပူဒဏ်ပြင်းထန် လွန်းတဲ့အခါ လူတွေ ဟာ နေထိုင် မကောင်းအဖြစ် များကြပါတယ်။ အထူးသဖြင့် နုနယ်တဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ် အိုတွေ ဆိုရင် ပိုလို့ခံနိုင်ရည်အားနည်းကြပါတယ်။ဒါကြောင့် ဒီလို ရာသီမျိုးမှာ ကျန်းမာစွာနေ ထိုင်နိုင်ဖို့ အတွက် လူတွေဟာ ဂရုတစ်စိုက်နေထိုင် တတ်ဖို့ လိုပါတယ်။

ရေများများသောက်ပေးပါ

ပူပြင်းတဲ့ ရာသီဖြစ်တာကြောင့် လူတွေမှာ ချွေးတစ်ပြိုက်ပြိုက်နဲ့ ကိုယ်ခန္ဓာမှာ အရည်ဓာတ် ဆုံးရှုံးမှုတွေ ပိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့်ဒီလို ပူအိုက်တဲ့ ရာသီတွေမှာ ရေကို များများသောက်ပေးဖို့ လိုသလို အပြင်ထွက်ပြီး လှုပ်ရှားနေရသူတွေ အနေနဲ့ ဓာတ်ဆားရည်တွေကို ဆောင်ထား သင့်ပါတယ်။ချွေးထွက် များပြီး အရည်ဓာတ် ဆုံးရှုံး များမှုကြောင့် မူးမေ့လဲကျတာတွေ မဖြစ်စေဖို့အတွက်ဖြစ်ပါတယ်။

အဝတ်အထည် တွေကို ဂရုစိုက်ဝတ်ဆင်ပါ

အပြင်ထွက်တဲ့အခါ နေအပူဒဏ်ကို ကာကွယ်ပေးတဲ့ ထီး၊ ဦးထုပ် တို့ဆောင်းဖို့ မမေ့သင့်ပါ။ အကျီ င်္ အဝတ်အထည်တွေကိုလည်း အရောင်ဖျော့ဖျော့လေးတွေ၊ အဖြူရောင်လေးတွေ ၊ချွေးစုပ်လွယ်ကူစေတဲ့ ချည်သားထည်လေးတွေ ကို ရွေးချယ်ဝတ်ဆင်ဖို့ သတိရှိရပါမယ်။မိမိတို့ ဝတ်ဆင်တဲ့ အဝတ်အထည်တွေ ကလည်း အခုလို ပူပြင်းတဲ့ရာသီမှာ သတိမထားမိနိုင်ရင်အရမ်းကို သက်ရောက်မှုပေးပါတယ်။ အသား အရေတွေ ကိုနေလောင်ဒဏ်ခံရလွန်းရင် အရေပြားအတွင်းမှာ တစ်ရှုးတွေကို ပျက်စီးစေပါတယ်။ နောက်ပြီး အရေပြားကင်ဆာဖြစ်စေဖို့ အခွင့်အလမ်း များစေပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့ အခါတိုင်း အပူဒဏ်ကို ကာကွယ်မှုတွေပြုလုပ်ပြီး သွားလာခြင်းက ဒီပူပြင်းတဲ့ ရာသီအတွင်းမှာ ကျန်းမာစွာနေထိုင်မှု စနစ်တစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။

ကျန်းမာစွာ စားသောက်ပါ

အပူရှိန်ကြီးတဲ့ကာလမှာ အစားအစာတွေကို ဂရုတစ်စိုက် စားသောက်တာ ကလည်း မမေ့သင့်တဲ့ အချက် တစ်ခုဖြစ်ပါတယ်။အပူရှိန် ပြင်းတာကြောင့် အစားအစာတွေဟာ အလွယ်တကူ ပုတ်သိုးလွယ်တတ်ကြ ပါတယ်။ သစ်သီးဝလံတွေကိုအတတ်နိုင်ဆုံးများများစားပေးသင့်ပါတယ်။ ဒါဟာ အပူရှိန်ဒဏ်ကြောင့် လူတွေရဲ့နွမ်းနယ်မှုဒဏ်ကို ကာကွယ်ပေးစေပါတယ်။ဒါကြောင့်လတ်ဆတ်တဲ့ရာသီပေါ် သီးနှံတွေ၊ ဟင်းသီး ဟင်းရွက်တွေ ၊ အသားငါး နဲ့ ဥတွေဟာ နွေရာသီမှာ ကျန်းမာရေး အတွက် အထောက် အကူပြုဆုံး အစားအစာတွေဖြစ်ပါတယ်။

အရိပ်အာဝါသအောက်မှာနေထိုင်ပါ

အတတ်နိုင်ဆုံးမိမိတို့ပတ်ဝန်းကျင်ကိုအေးမြအောင်ပြုလုပ်ပြီး အပူဒဏ်က သက်သာအောင်နေထိုင် သင့်ပါ တယ်။ အပူရှိန်မြင့်လွန်းတဲ့အခါ လူတွေဟာ မူးမေ့လဲကျခြင်း၊ နှလုံးခုန်မြန်ခြင်း ၊ ခေါင်းကိုက်ခြင်း၊ စိတ် ရှုပ်ထွေးခြင်း၊ သတိလက်လွတ်ခြင်း ဖြစ်ခြင်းတို့ဖြစ်တတ်ကြပါတယ်။ အများအားဖြင့် မြန်မာနိုင်ငံမှာ လူတန်းစား အမျိုးမျိုး နေထိုင်နေကြတာဖြစ်တာကြောင့် မိမိတို့ပတ်ဝန်းကျင်မှာ မိမိတို့တတ်နိုင် တာလေးနဲ့ အေးမြအောင် ကြိုးစားနေထိုင်ကြခြင်းဖြင့် အပူဒဏ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါ ဘယတွေ ကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။

မိမိကိုယ်ကို ဂရုစိုက်ပါ

ဒီလို ပူပြင်းတဲ့ရာသီမှာ လူတွေအများကြုံရတာက ရေချိုးမှားခြင်းဘဲဖြစ်ပါတယ်။ ပူလွန်းတာကြောင့် အကြိမ်ကြိမ် ရေချိုးခြင်း ၊ နေပူထဲက ပြန်လာပြီး ရေချိုးမိခြင်း ၊ အရက်သောက်ပြီး ပန်ကာ အကြာကြီး ဖွင့်ပြီး အိပ်မိခြင်း၊ နေပူထဲက ပြန်လာပြီး ရေခဲရည် သောက်မိခြင်းတို့ဟာ မိမိတို့ရဲ့ကျန်းမာရေးကို အဆိုးရွားဆုံး ထိခိုက်စေမှုဖြစ်တတ်ပါတယ်။ဒါကြောင့် မိမိကိုယ်ကို ဂရုစိုက်တဲ့အနေနဲ့ အချိန်ကာလ ကိုကြည့်ပြီး အပြင် ထွက်ခြင်း၊ အတတ်နိုင်ဆုံးနေအေးချိန်မှ အပြင်ထွက်ခြင်း၊ အဲကွန်းခန်းထဲမှ ထွက်လာပြီး နေပူကျဲကျဲထဲကို လှမ်းထွက် တာတွေကို သတိထားရှောင်ကြဉ်ခြင်း၊ ရာသီနဲ့ကိုက်ညီစွာ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်ခြင်း ၊ အားလပ်ရက်တွေမှာ ရေကူးခြင်း ၊ မျတတဲ့လေ့ကျင့်ခန်း လုပ်ခြင်း အစရှိတဲ့ လုပ်ဆောင်မှုတွေနဲ့ ပူပြင်းတဲ့နွေရာသီကို အကျိုးရှိရှိ ဖြတ်ကျော်နိုင်ပါတယ်။

Yangon Life
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...