အလေ့အကျင့် ဆိုးလေးတွေကို ဘယ်လို ဖျောက်မလဲ

By မိုရ်မိုရ် (YUFEL)

လူအတော် များများမှာ ပတ်ဝန်းကျင် အတွက် စိတ်အနှောင့် အယှက် ဖြစ်စရာ၊ လူတွေကိုယ့်ကို အထင် အမြင် သေးစရာ၊ အလှပျက်စရာ အကျင့်ဆိုးလေးတွေ အနည်းနဲ့ အများ ရှိတတ်ကြ ပါတယ်။ အဲဒီ့အကျင့် ဆိုးတွေက ကိုယ့်ကိုယ် ကိုယ် ပြုမူနေမှန်း မသိလိုက်ဘဲ လူအများကြားမှာ အမှတ်မထင် ပြုမူမိတတ်ကြ ပါတယ်။ ဥပမာ- လက်သည်း ကိုက်တာ၊ ဆံပင်ကို တစ်ချိန်လုံး ကိုင်နေတာ၊ လက်မ စုပ်နေတာ စသဖြင့်ပေါ့။ အဲဒီလို အကျင့် ဆိုးတွေကို ဖျောက်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

၁။ လက်သည်းကိုက်ခြင်း

လက်သည်းကိုက်တဲ့ အကျင့်က ကလေး လေးယောက်မှာ တစ်ယောက်သာ ပြုမူပေမယ့် အရွယ်ရောက်ပြီး သူနှစ်ယောက်မှာ တစ်ယောက် ပြုမူတတ်ကြောင်း အံ့အားသင့်ဖွယ် လေ့လာ တွေ့ရှိရပါတယ်။

- အနီးအနားမှာ လက်သည်းညှပ်၊ တံစဉ်းတစ်ခုခု ဆောင်ပါ။

- လက်သည်းနီ ဆိုးတာကလည်း လက်သည်း မကိုက်မိဖို့ အဟန့် ဖြစ်စေပါတယ်။

- လက်ချောင်းတွေကို ပတ်တီး စည်းထားတာကလည်း လက်သည်း မကိုက်မိဖို့ တားဆီး ပေးပါတယ်။

- လက်အိတ်ဝတ်ပါ။

၂။ လက်မစုပ်ခြင်း

ကလေးတွေ သာမက တချို့ လူကြီးတွေမှာလည်း လက်မစုပ်တဲ့ အကျင့်လေး ရှိတတ်ပါတယ်။ စိတ်လှုပ်ရှား တဲ့ အခါမှာပဲ ဖြစ်ဖြစ် အိပ်ပျော်နေစဉ်ပဲ ဖြစ်ဖြစ် လက်မ စုပ်မိတတ်ပါတယ်။

- လက်မကို တိပ်ကပ်ထားပါ။

- လက်မကို လက်သည်းနီဆိုးထားပါ။

- ညဘက် အိပ်တဲ့အခါ ခေါင်းအုံးကို ဖက်အိပ်ပါ။

၃။ လူလယ်ခေါင်မှာ နှာခေါင်းနှိုက်ခြင်း

တချို့လူတွေက လူလယ်ခေါင်မှာ အမှတ်မထင် ပြုမူမိတတ်ပါတယ်။ ဒါက တခြား လူတွေအတွက် စိတ် အနှောင့်အယှက် ဖြစ်စရာ ကောင်းသလောက် ထိုအပြုအမူက ရုပ်ဆိုးလှပါတယ်။

- မနက်စောစော မျက်နှာသစ်တိုင်း နှာခေါင်း အတွင်းကို ဆေးကြော သန့်စင်ပါ။

- မှန်ရှေ့မှာ ထိုအပြုအမူကို လုပ်ကြည့်ပြီး လူတွေကြားထဲမှာ ထိုအရာက ဘယ်လောက် ရုပ်ဆိုးကြောင်း သိပါစေ။

- လက်အိတ်ဝတ်ပါ။

၎။ အချိန်ဆွဲခြင်း

ကိုယ်မလုပ်ချင်တဲ့ အလုပ်ကို အချိန်ဆွဲပြီးမှ လုပ်တာ လူ့သဘာဝ ပါ။ ဒါပေမယ့် အဲဒီအကျင့်က စိတ်ဖိစီးမှု များပြီး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်စေပါတယ်။ ဥပမာ- စာကျက်တာကို အချိန်ဆွဲပြီး စာမေးပွဲ နီးမှ ကျက်ရင် စိတ်ဖိစီးမှု များတတ်သလိုမျိုးပေါ့။

- အလုပ်တွေကို ခွဲလုပ်ပါ။

- အချိန်ဇယားဆွဲပါ။ဘယ်အချိန် အပြီး လုပ်မယ်ဆိုတာ သတ်မှတ်ပါ။

- ဘာလုပ်စရာတွေ ရှိလဲဆိုတာ ရေးမှတ်ထားပါ။

- အရေးအကြီးဆုံး အရာကို ဦးစားပေး လုပ်ပါ။

- အချိန်တွေကို အကျိုးရှိရှိ အသုံးချပါ။


The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...