နယ်သာလင်၊ မတ် ၁၉
ဒတ်ခ်ျဖက်ရှင် ဒီဇိုင်နာတစ်ဦးဖြစ်သူ ပေါ်လင်း ဗန် ဒွန်ဂျန်ဆိုသူသည် နေရောင်ခြည်စွမ်းအင်ပြား အချပ် ၁၂၀ ပါသည့် အင်္ကျီ ကိုတီထွင်လိုက်ပြီး ယင်းအင်္ကျီမှ ဖုန်းများကို အားပြန်သွင်းနိုင်သည့် ဓာတ်အားများကို ထုတ်နိုင်မည်ဖြစ်ကြောင်း NL Times သတင်းတွင်ဖော်ပြ ထားသည်။
နေရောင်ထဲသို့ ယင်းအင်္ကျီကိုဝတ်ပြီးသွားလျှင် လျှပ်စစ်ဓာတ်အား 1 Watt ခန့်ကို ထုတ်ပေးနိုင်သည့် စွမ်းအင် ရရှိမည်ဖြစ်ပြီး ၎င်းပမာဏသည် ဖုန်းတစ်လုံးကို နာရီပေါင်းများစွာ အားပြန်သွင်းနိုင်သည့် အနေအထားဖြစ်ကြောင်း ယင်းသတင်းကဆို သည်။
ယင်းအင်္ကျီကိုထုတ်လုပ်သည့် Holst Centre ကုမ္ပဏီကလည်း မကြာမီ နေရောင်ထဲတွင် ဆိုလာ အင်္ကျီများဖြင့် ဖက်ရှင် ရှိုးပွဲတစ်ခုကို ပြသနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ နေရောင်မှစွမ်းအင်ကို မိမိကိုယ် မှပြန်ထုတ်နိုင်သည်ဆိုခြင်းကို လက်တွေ့ ပွဲထုတ်ပြသနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။
ချည်သားနှင့် ဆိုလာပြားများ ပေါင်းစပ် ရက်လုပ်ခြင်းကို မိမိတို့ စိတ်ကူးရှိသလို ပြုလုပ်နိုင်ကြောင်း၊ ဆိုလာ Chip ပြားများ သည် ယခုအခါဈေးအလွန်သက်သာပြီး ထုတ်လုပ်ရာတွင်စရိတ်နည်းကြောင်း၊ ဆိုလာပြားနှင့် ချည်ထည်ကိုပေါင်းစပ်ထား သည့် အင်္ကျီများကို မီးပူထိုးရာတွင်လည်း ပြဿနာမရှိကြောင်း ပေါ်လင်းကဆိုသည်။
အင်္ကျီကိုဝတ်ဆင်သည့်သူတစ်ဦးသည် ဖုန်းတစ်လုံးစာခန့် ပမာဏရှိသည့် ဘက်ထရီ အပိုတစ်ခု ကိုလည်း ဆောင်ထားရန်လိုပြီး နေရောင်မှ စုပ်ယူရရှိသည့် ဓာတ်အားများကို ယင်းဘက်ထရီအတွင်း သိုလှောင် ထားပေးမည်ဖြစ်ကာ၊ ဘယ်ထရီမှ စွမ်းအင်ကို ဖုန်းနှင့် ချိတ်ဆက်ပြီး ပြန်လည် သုံးစွဲနိုင် မည်ဖြစ်သည်။
ယခုအခါ ချည်သားနှင့် ငွေပြားများပေါင်းစပ်ခြင်းဖြင့်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုကို စမ်းသပ် လျက်ရှိရာ ချည်မျှင်မှ ထုတ်လုက်သည့် လျှပ်စစ်အားကိုလည်း လူတိုင်းစိတ်ဝင်စားကြကြောင်း NL Times တွင်ရေးသားထားသည်။
http://www.maukkha.org
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...