ခေတ်အမြင် ခေတ်အတွေးနှင့် ပညာရေး

နိုင်ငံခြားမှ ခေတ္တအလည် အပတ်ရောက်ရှိနေသော အငြိမ်း စားပါမောက္ခ ဦးနှင်းမောင်က ကချင်ရိုးရာ အစားအစာ စားလိုသည် ဆို၍ ဒေါက် တာ ကျော်ဆွေသိန်း သည် ''မလိခူး'' ကချင်ရိုးရာ စားအသောက် ဆိုင်သို့ ကြိုတင် ရောက် ရှိနေ၏။

ထိုဆိုင်သည် စမ်းချောင်း မြို့နယ် ရှမ်းလမ်းမှတ်တိုင်၊ ဗားကရာလမ်း နှင့် ကျွန်းတောလမ်း ထောင့်၊ စမ်းချောင်း မီးသတ်ဘေးတွင် တည်ရှိ၏။

ထိုဆိုင်တွင် ကချင်ရိုးရာ အစားအစာများ သာမက သစ်သီး ဖျော်ရည်မျိုးစုံနှင့် Soft Drink မျိုး စုံပါရရှိနိုင်၏။

မကြာမီ ဒေါက်တာတင် မောင်ဆွေဦးဆောင်၍ ခေါ်လာ သော ဧည့်သည်တစ်စုရောက်ရှိ လာ၏။

ထိုအုပ်စုတွင် ပါမောက္ခ ဦးနှင်းမောင်၊ ဘာသာပြန်ဆရာ မောင်သိန်းငှက် (ကယားပြည်)၊ အငြိမ်းစားကျောင်း အုပ်ကြီး ဦးမြသာ၊ မူလတန်းပြ ဆရာကလေးမောင်ရွှေ သွေးနှင့် ကဗျာဆရာမောင်တိုင်ပြာ တို့ပါဝင်၏။

'' ကြွကြပါ ဆရာကြီးတို့ နေရာထိုင်ခင်း အဆင်သင့်ပါပဲ''

ဒေါက်တာ ကျော်ဆွေ သိန်းက ခရီးဦးကြိုပြုလိုက်၏။

စာပေလောကတွင် '' က ယားကြီး'' ဟု လူသိများသော မောင်သိန်းငှက်က မေးလိုက်၏။

''ဆရာကျော် ဘာတွေရ လဲ ပြောပြပါဦး''

''ကချင်ရိုးရာ အစားအစာ တွေရပါတယ်။ နမူနာတစ်ခုပြောပြ ပါ့မယ်။ ကချင်ရိုးရာ ထမင်းနယ် ဆိုတာရ ပါတယ်။ ရှတ်ဂျမ်လို့ခေါ် ပါတယ်၊ ကချင်ရိုးရာ ဟင်းခတ်အ မွှေးအကြိုင်တွေ သုံးပြီးစီမံထားပါ တယ်။ မဂရန့်ရယ်၊ မကျန်းစေ့ရယ်၊ ဖယ်ဖယ်ရွက်ရယ်ပါပါတယ်။ အသားဟင်းနဲ့ ထမင်းရောနယ်ထား တာပါ။ တွဲဖက်သုံးဆောင်ဖို့ မက်လင်ချဉ်ဟင်းရည်လည်း စီမံပေးပါတယ်''

''အသားက ဘာတွေရတာ လဲ''

''အစုံပါပဲ၊ ကြက်၊ဝက်၊ ငါး၊ အမဲ၊ အစုံရပါတယ်။ နောက် တစ်မျိုးက ကချင်ရိုးရာ ပဲပုပ်ထ မင်းနယ်ပါ၊ ပဲပုပ် ရယ်၊ ဆားရယ်၊ ဆီမွှေးရယ်၊ ကြက်သွန်ကြော်ရယ်နဲ့ စီမံထားတာပါ။ မျှစ်ချဉ်တို့ ကမ်ချီတို့နဲ့ တွဲစားရပါတယ်။ သက် သတ်လွတ် စားချင်ရင်လည်းရပါ တယ်။ ဒါမှ မဟုတ် အသားဟင်းတစ် မျိုးနဲ့ တွဲစားရင်းလည်း ရပါတယ်''

''ဟာ-ဟုတ်ပြီ နှစ်မျိုး စလုံး မှာဗျာ၊ အရသာမျိုးစုံ မြည်းရတာ ပေါ့''

''ရပါတယ် ကယားကြီး၊ မှာပေးပါ့မယ်''

ပညာရေးလောကတွင် ဦးမြသာအား ''မြေလျှောက်ဝိဇ္ဇာ'' ဟု လူသိများကြ၏။ အဂ္ဂိရတ် ဝါသနာပါပြီး အစဉ်ဖိုထိုးနေတတ်၍ ဖြစ်၏။

ဦးမြသာသည် လွန်စွာအ မေးအမြန်းထူ၏။

''ဦးနှင်းမောင်၊ ဆရာတွေ ရဲ့ တာဝန်အကြောင်းဆွေးနွေးပါ ဦး''

''ဟုတ်ကဲ့ ဝိဇ္ဇာကြီး၊ ဆွေး နွေးပါ့မယ်။ အမေရိကားက ဆရာ တွေခမျာ အတော်တာဝန်ကြီးကြ ရှာတယ်။ စာသင်သား ဗဟိုပြုစာ သင်ခန်းစီမံခန့်ခွဲမှုကိုလုပ်မယ်ဆိုရင် ကြိုသိထားစရာတွေရှိတယ်တဲ့ဗျ။ ကျောင်းတွေရဲ့ တာဝန်ကို သိရမယ်။ အမေရိကန်ဆရာတွေ ရင် ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို သိရမယ်။ ပြီးတော့ လတ် တလောသင် ရိုးညွှန်းတမ်း အပြောင်းအလဲတွေ ကိုသိရမယ်။ ပညာရေးလောက တစ်ခုလုံးပြုပြင်ပြောင်း လဲနေတာ တွေကိုလည်း မျက်ခြည်မပြတ်သိ နေရမယ်။ သိစရာတွေ များတယ်ဗျ''

''ဒါပေါ့ဗျာ၊ ဆရာဆိုတာ လေ့လာမှုအားကောင်းရမယ်''

''ကျောင်းတွေကလည်း တာဝန်ကြီးတယ်။ ပညာရေး ဆိုင်ရာ ရိုက်ခတ်မှုတင်မကဘူး၊ နိုင်ငံ ရေးနဲ့ လူမှုရေး ရိုက်ခတ်မှုတွေလည်း ရှိနေတယ်၊ ကျောင်းဆိုတာ ဆရာနဲ့ တပည့်ချည်းပဲ ကွက်စဉ်းစားလို့မရဘူး။ ဆရာနဲ့ တပည့်က ပညာရေးရဲ့ ဗဟိုချက် ဆိုပေမယ့် ဘေးကပါဝင် ပတ်သက်နေတာတွေလည်း မေ့ထားလို့မရဘူး''

''ဘာတွေများလဲ ဦးနှင်း မောင်''

''ကျောင်းအုပ်ကြီး၊ ခရိုင်အဆင့် ပညာရေးဝန်ထမ်း၊ ဘာသာ ရပ်ကျွမ်းကျင်သူ၊ ကျောင်းအုပ်ချုပ် ရေး အဖွဲ့၊ ပြည်နယ်ဥပဒေပြု အမတ်တွေ၊ လွှတ်တော်အဆင့် ဥပ ဒေပြုအမတ်တွေ၊ မူဝါဒရေးဆွဲသူ တွေ စသဖြင့် အများကြီးပါဝင် ပတ်သက်နေတယ်''

''ဟုတ်ကဲ့ ဦးနှင်းမောင်''

''ပတ်ဝန်းကျင် ရိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ကျောင်း တွင်း ပြဿနာတိုင်းကို ဆရာတွေအပေါ် လွှဲချလို့ တရားမမျှတဘူးတဲ့။ ပတ်ဝန်း ကျင် ကလည်းအရေး ကြီးပါတယ်တဲ့။ ပတ်ဝန်းကျင်က ပညာရေးကို တန်ဖိုး ထားတဲ့ ပတ်ဝန်းကျင်မျိုးဖြစ်ရပါမယ်တဲ့။ ပညာ ရေး ရန်ပုံငွေ လုံလုံလောက်လောက် ရှိရပါမယ်တဲ့။ အုပ်ချုပ်သူတွေ၊ မူဝါဒရေးဆွဲသူတွေကအောက်ခြေက လိုအပ်ချက်ကို သိနေရ ပါမယ်တဲ့။

ဒါတွေပြည့်စုံမှ ဆရာတွေဟာ သူ ရဲ့လုပ်ငန်းကို စွမ်းစွမ်းတမံ ထမ်း ဆောင်နိုင်မှာပါတဲ့''

''ဟုတ်တယ် ပံ့ပိုးမှု လို တယ်။ ပံ့ပိုးမှုမပြည့်စုံရင် မအောင် မြင်ဘူး''

''ဆရာတွေဟာ ပစ်ပယ် ထားခြင်းခံရရင် လုပ်ငန်းမအောင် မြင်ဘူးတဲ့၊ အားပေးမှု လိုပါတယ်တဲ့။ အုပ်ချုပ် သူတွေက အားပေးမှသင် ကြားရေး လုပ်ငန်းပြည့်စုံအောင် မြင်မှဖြစ်ပါတယ်တဲ့''

''ဟုတ်ကဲ့ ဦးနှင်းမောင်''

''ဆရာတွေဟာ ကျောင်း သားသဘာဝကို နားလည်ရမယ်တဲ့။ ကလေးနဲ့ လူကြီးဟာ အခြေအနေ တစ်ရပ်ကို တုံ့ပြန်ရာမှာ မတူကြ ဘူး။ ကလေးမှာ သီးခြား ကိုယ်ရည် ကိုယ်သွေးရှိတယ်။ သီး ခြားအကျင့်ရှိတယ်။ ဒါကိုဆရာက လေ့လာထားရမယ်။ ကြိုတင်သိ ထားရမယ်။ ဒါမှ သင်ကြားရေး အောင်မြင်မယ်''

''ဟုတ်ကဲ့ ဦးနှင်းမောင်''

''ဆိုးသွမ်းကလေးတွေကို လေ့လာရာမှာ မိသားစု နဲ့ ပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှု ပါသလို ကျောင်း ပတ်ဝန်းကျင်က ရိုက်ခတ် မှုလည်း ပါတာတွေ့ရတယ်တဲ့။ ဒါ တွေနဲ့ ပတ်သက်လို့ သုတေသန တွေလည်း လုပ်ထားတယ်။ Bellon နဲ့ Blank ဆိုတဲ့ ပါရဂူတွေ က သု တေသန စာတမ်းတစ်စောင်မှာ တင်ပြခဲ့ တယ်။ ကျောင်းသားရဲ့ ပင် ကိုယ် အရည်အချင်းနဲ့ နောက်ခံ အခြေအနေဟာ အရေးပါပါတယ်တဲ့။ ဒါပေမယ့် ပိုပြီးအရေးကြီးတာက School Climateပါတဲ့။ ဆရာ တွေဟာ School Climate ကို ကောင်း အောင် လုပ်နိုင်ပါတယ်တဲ့။ ကလေးရဲ့အပြူအမူကောင်းလာ အောင် ပြုပြင် ထိန်းကျောင်းနိုင်ပါ တယ်တဲ့။ ဒါကြောင့် ဆရာတွေဟာ တာဝန်ကြီး ပါတယ်တဲ့''

''ဟုတ်တာပေါ့ ဦးနှင်းမောင်''

''ပါရဂူတွေ အကြံပေးထားတာက School wide Management နဲ့ပတ်သက်တဲ့ System တစ်ခု စီစဉ် ထားဖို့ တိုက်တွန်းထား တယ်။ မူဝါဒချမှတ်သူတွေက သင့်လျော်တဲ့ မူဝါဒတွေရေးဆွဲပေးမယ်၊ ဒါကိုအ ကောင် အထည်ပေါ်လာအောင်ဆရာ တွေက လုပ်ပေး မယ်။ကျောင်းသား တွေကလည်း ရည်မှန်း ချက်ပြည့် မြောက်အောင် ကြိုးစားမယ်၊ ခုလိုညီညီညာညာကြိုးစားရင် အဲဒီ System အောင်မြင် မယ်တဲ့''

''ဟုတ်ကဲ့ ဦးနှင်းမောင်''

''သူတို့စနစ်မှာ Observable Teacher Behaviours ဆို တာရှိတယ်။ အဲဒါတွေက ဆရာ တွေနဲ့ဆိုင်တယ်။ ဒီအချက်တွေက Positive Climate ကိုရစေတယ်။ ဆရာတွေဟာ ဒါတွေကို လေ့လာ ထားရမယ်တဲ့''

''ဘာတွေများလဲ၊ပြောပြ ပါဦး ဦးနှင်းမောင်''

''ဒီအချက်တွေက Sincerity Positive Expectation Respect Tolerace Concern Cooperation Credibility Consistency တဲ့၊ ဒီအချက်တွေနဲ့ ပြည့်စုံရင် Positive Climate ဖြစ်လာမယ်။ ကျောင်းသားတွေ အတွက် လေ့ လာသင်ယူမှုအောင်မြင်စေမယ့် စာသင်ခန်းပတ်ဝန်းကျင် အနေအ ထားကို ရရှိစေမှာဖြစ်ပါ တယ်တဲ့''

''ဟုတ်ကဲ့ ဦးနှင်းမောင်''

''ဆရာတွေဟာ မိမိကိုယ် မိမိယုံကြည်ရမယ်၊ မိမိမှာသင်ကြား ရေးစွမ်းရည်ရှိတယ်ဆိုတာ လက်ခံရမယ်၊ တစ်ခါတလေတချို့ ကလေး ကို စာသင်လို့မရမယ့်ကလေးဆိုပြီး ယူဆတာရှိတယ်၊ တကယ်တော့ အဲသလို မယူဆရဘူး၊ ကြိုးစားသင် ရမယ်။ အဲသလို ကလေးမျိုးကို အောင်အောင်မြင်မြင် သင်နိုင်ရမယ်လို့ ဇွဲရှိရှိ ကြိုးစားရမယ်၊ ဒါမှ ဆရာ ဟာ အောင်မြင်တဲ့ ဆရာကောင်း ဖြစ်မယ်တဲ့''

''ဟုတ်ကဲ့ ဦးနှင်းမောင်''

''သင်ကြားရေး အောင်မြင် ဖို့ သုတေသီတွေအမျိုးမျိုးကြံဆကြတယ်၊ Supportive Approach တွေ တွေးတော ကြံစည်ကြတယ်၊ Purkey နဲ့ Novak ဆိုတဲ့ ပါရဂူ နှစ်ဦးက ပညာရေး သဘောတရား တစ်ခု တီထွင်ထားတယ်၊ Invitational Tbachina တဲ့၊ ဒီသဘော တ ရားက Self-concept Approach ဖြစ်တယ်။ ဒီသဘောတရားက Basic Principle လေးခု ပေါ်မှာ အခြေခံထားတယ်''

''ဘာတွေများလဲ ဦးနှင်း မောင်''

''ပထမအချက်က ကလေးတိုင်းဟာ စွမ်းဆောင်ရည် ရှိတယ်။ သာတူညီမျှ အခွင့်အရေးပေး ရမယ်တဲ့၊ ဒုတိယအချက်က သင်ကြား ရေး ဟာ လက်တွဲဆောင်ရွက် ရမယ့် လုပ်ငန်းဖြစ်တယ်တဲ့၊ တတိ ယအချက်က ကလေးတိုင်းမှာ ပုန်း ကွယ်နေတဲ့ အရည်အချင်းတွေ ရှိ နေတယ်တဲ့ စတုတ္ထအချက်က ကိုယ်ထိလက်ရောက် ကူညီတတ်ပြီး အရည်အချင်းပြည့်ဝတဲ့ ဆရာ တွေဟာ ကလေးတွေဖွံ့ဖြိုး လာ အောင်စွမ်းဆောင်နိုင်မှု ရှိပါတယ် တဲ့''

''ကောင်းတယ် ဦးနှင်း မောင်''

''Wong ဆိုတဲ့ သုတေသီ က Invitational Teachina နဲ့ ပတ် သက်လို့ ဥပမာတစ်ခုပေးထားတယ်၊ ဆိုကြ ပါစို့၊ ဆရာတစ်ယောက်ရဲ့ အတန်းကိုနှစ်စမှာကျောင်းသားသစ် တစ်ယောက်ရောက် လာတယ်ပေါ၊့ ကျောင်း သားက ဆိုးတယ်လို့ နာ မည်ကြီးတယ်။ ဆရာက ဒီကလေးကို ငြိမ်နေအောင် ခပ်ကြမ်းကြမ်း ဆုံးမဖို့ စိတ်ကူး ရင် ဒါဟာ Invitational Teaching မဟုတ်ဘူးတဲ့၊ ဆရာက ဒီကလေးကို စာသင်နှစ် တစ်နှစ် အတွင်းပြောင်း လဲလာအောင် ပြုပြင်မယ်၊ စည်းရုံးမယ်၊ သူ့ကို အတန်းခေါင်းဆောင် လုပ်ခိုင်း ပြီးအားပေး မယ်၊ ဒါဆိုရင် Invitational Teaching ဖြစ်သွားပြီးတဲ့''

''ရှင်းပါပြီ ဦးနှင်းမောင်''

''ဆိုးသွမ်းတဲ့ ကလေးကို ပြုပြင်ရာမှာအခက်အခဲတော့ရှိတာပေါ့၊ တစ်ခါထဲ မအောင်မြင်ဘူး။ ထပ်ခါထပ်ခါ ကြိုးစားရတယ်၊ မ အောင်မြင် ရင်လည်း စိတ်ဓာတ်မ ကျရဘူး။ ကလေးကိုလည်း ခွင့် လွတ်ရမယ်၊ ထပ်ပြီး ကြိုးစားရ မယ်''

''ကြိုးစားရမှာပေါ့၊ ဇွဲရှိမှ ဆရာကောင်းဖြစ်မယ်''

''မှန်တယ်၊ ရေသာခိုချင်ရင်ဆရာမလုပ်နဲ့၊ အချောင်ခိုချင်ရင် ဆရာမလုပ်နဲ့၊ ဆရာဘဝက ပင်ပန်းတယ်၊ ရုန်းကန်ရတယ်၊ အ နစ်နာခံ ရတယ်။ စိမ်ခေါ်မှုမျိုးစုံ ရင်ဆိုင်ရမယ်၊ ဖိအားပေးတာခံရမယ်။ တော်ရုံဇွဲနဲ့ မရဘူး။ ဝါသနာ ပါမှဖြစ်မှာ။ ဆရာလုပ်မယ်ကြံရင် မဆုံးဖြတ် ခင် သေသေချာချာအ ချိန်ယူစဉ်းစားသင့် တယ်''

''မှန်တယ်ဗျ၊ စဉ်းစားသင့် တယ်''

''ကဲ-ဦးနှင်းမောင်၊မှာ ထားတဲ့ စားဖွယ်သောက်ဖွယ်တွေ ရောက်လာပြီ၊ သုံးဆောင်ပါဦး''

''ကျေးဇူးပါပဲဗျ၊ ကျွန်တော်က ငယ်စဉ်က ကချင်ပြည်နယ်မှာ တာဝန်ကျဖူးတယ်၊ ကချင်စာကို စားဖူးတော့ မစားရတာကြာလို့ ထပ်စား ချင်နေတာ''

''ဆရာတာဝန်ကျတုန်းက ခပ်ငယ်ငယ်ရှိဦးမှာပေါ့''

''ဟုတ်တယ်၊ဘွဲ့ကြိုဒီဂရီ ရခါစပေါ့။ မဟာဝိဇ္ဇာကိုလုပ်သက် သုံးနှစ်ရမှ ပြန်တက်ရတာ။ ပြီးမှ ပါရဂူဘွဲ့ အတွက် အမေရိကား သွားရ တာ''

''ဒါဆို ဆရာက ကချင် စာတင်မကဘူး ကချင်မလေး လည်း လွမ်းနေလို့ အလွမ်းပြေစား ချင်တာ ဖြစ် မယ်နော် ဟဲ ဟဲ''

''ကယားကြီးက တယ် လည်း နောက်တတ်သကိုး၊ ဟဲ ဟဲ''

ထိုစဉ် ဒေါက်တာပွင့်သက် တင်ဦးဆောင်သော ဆရာဝန်မ ငယ်ငယ်ချောချော ကလေးတစ် သိုက်ရောက် ရှိလာရာ ဒေါက် တာ ကျော်ဆွေသိန်း က နေရာထိုင်ခင်း စီစဉ်ပေးလိုက်၏။

''တွေ့လား ဆရာကျော်က တယ်သွက်တာဗျ''

''ကျွန်တော်ငယ်ငယ်က ဆရာကျော်ထက် သွက်တာဗျ ဟဲ ဟဲ''

ဦးနှင်းမောင်လည်း ကိုယ် ရည်သွေးပြောစကားကြောင့် အား လုံးက တဝါးဝါးနှင့် သဘောကျ သွား ကြလေတော့၏။

အောင်(ဆေး-၁)

ရည်ညွှန်းချက်။ ။Indiana University of Pennsylvania မှ ပညာရေးပါရဂူ Professor Beatrice S Fennimore ရေး သားပြု စု သော "Student Chntered Classroom Management" စာအုပ်ကိုမှီငြမ်းကိုးကားပါသည်။

ဈေးကွက်ဂျာနယ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...