ဒန့်သလွန်သီး၏ ဆေးဘက်ဝင် အာနိသင်များ

ဒန့်သလွန်သီး ကတော့ ဟင်းချက်ရာတွင် ထည့်ချက်လေ့ရှိတဲ့ အသီးတစ်မျိုးဖြစ် ပါတယ်။ ၎င်းအသီးဟာ တန်ဖိုးရှိလှတဲ့ ကျန်းမာရေး အာနိသင် တွေကိုပေးစွမ်း ပါတယ်။

ဒန့်သလွန်သီးဟာ အပူနာများ အတွက် ကောင်း မွန်စေပြီး မျက်စိ အတွက်လည်း မှီဝဲပေးသင့် ပါတယ်။ ဒါ့အပြင် ဒန့်သလွန်သီးဟာ ကလေးငယ် များကို သံကောင် တုပ်ကောင်းများ ကင်းရှင်းစေနိုင် ပါတယ်။ ဟင်းချက်ရာတွင် ထည့်ချက်ပြီး ကျွေးနိုင် ပါတယ်။

ဒန့်သလွန်စေ့ကို အမှုန့်ပြုလုပ်ပြီး နားအတွင်းသို့ ထည့်ပေးပါက နားကိုက်ခြင်း နားပြည်ယို ခြင်းများ အတွက် အထူးပင် ကောင်းမွန်စေ ပါတယ်။ အစေးကလည်း အစွမ်းထက် အာနိသင် ပါရှိပါတယ်။ ထိုအစေးကို ပါးစပ်တွင် ငုံပေးခြင်း အားဖြင့် သွားပုပ်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင် ပါတယ်။

ဒါ့အပြင် အပွင့်ကလည်း အသုံးဝင်လှပါတယ်။ သလိပ် ရောဂါ၊ လေဖောက ပြန်သော ရောဂါ များနှင့် ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်းအတွက် ကောင်းမွန်လှပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...