စ​မတ်ဖု​န်းများ​၏ေ​ကာ​င်းကျိုး၊ ဆိုြး​ပ​စ်

Written by ခ​င​္ေ​မာင္ညိ​ဳ(ေ​ဘာ​ဂေ​ဗ​ဒ)

ယခုတပတ်ထုတ် The Economist စာစောင်တွင် စမတ်ဖုန်းတွေ အကြောင်းကိုရေး ထား သည့် ဆောင်း ပါးတစ်ပုဒ်ကို ဖတ်ရသည်။ ကိုယ်တိုင် ကလည်း၊ ဖုန်းရောဂါကြီးသူ၊ ဇနီးနှင့်သမီး မျက်နှာထက် ဖုန်းမျက် နှာပြင်ကို၊ ကြည့်နေသည့် အချိန်က ပိုများသူဆိုတော့ ထိုဆောင်းပါးကို စိတ်ဝင် စားသည်မှာ မဆန်း။ ကြည့်လေ ‘စမတ် ဖုန်းများ သည် နေရာတကာ ပျံ့နှံ့နေသည်။ စွဲလမ်းတတ်သည်၊ ပြောင်းလဲပစ်နိုင် သည် တဲ့။

၂၀၀၇ ခုနှစ် ဇန်နဝါရီလက ပေါ်ပေါက်လာခဲ့သော ပလပ်စတစ်၊ သတ္တုနှင့်၊ ဆီလီကွန် ပေါင်းစပ်ထား သော ထိုဖုန်းသည် လောကကြီးကို ပြောင်းလဲပစ်မည်ဟုကြွေးကြော်ခဲ့သလို (၂၁) ရာစုတွင် အရောင်းရဆုံး အသုံးအဆောင်တစ်ခု ဖြစ်လာခဲ့သည်။ ကွန်ပျူတာတွေထက် လေးဆရောင်းကောင်းသည်။ အရွယ်ရောက် လူကြီးတဝက်ခန့်က စမတ်ဖုန်းကိုင်ကြ၊ ၂၀၂၀ တွင် ၈၀ ရာခိုင်နှုန်း ကိုင်ကြမည်။

အမေရိကန်တွေက တစ်နေ့ နှစ်နာရီကျော်ကြာ သုံးကြသည်။ ဗြိတိသျှဆယ်ကျော်သက်တွေက ရုပ်မြင် သံကြားတွေ ကွန်ပျူတာတွေ၊ ဂိမ်းတွေထက်မိုဘိုင်းဖုန်းတွေကို ပိုသဘောကျကြသည်။ တကယ်လည်း၊ မိုဘိုင်းဖုန်းမှာက၊ ရုပ်သံတွေ၊ ကွန်ပျူတာတွေ၊ ဂိမ်းတွေအားလုံးပါသည်။ စမတ်ဖုန်းကိုင်သူ ၈၀ ရာခိုင်နှုန်းက အိပ်ရာမှထထချင်း ၁၅ မိနစ်အတွင်း တယ်လီဖုန်းကောက်ကိုင်ပြီး စာအဝင်စစ်ကြ၊ သတင်းဖတ်ကြသည်။ ဇနီးမောင်နှံနှစ်ယောက်ထဲ အတူရှိချိန်၌ပင် မိုဘိုင်းဖုန်းသုံးသည်ဟု ဝန်ခံသူက လည်း ၁၀ ရာခိုင်နှုန်းရှိသည်။

အိပ်ခန်းထဲမှာသာမဟုတ်၊ ဘဝတွင် ရှင်သန်ရေး၊ လုပ်ငန်းတွေ ပုံစံသစ်ဖြစ်ပေါ်ရေး၊ လူ့အဖွဲ့အစည်း ကို ပြောင်းလဲပစ်ရေးတို့အတွက်ပါ အသုံးဝင်အရေးပါသည်။ စမတ်ဖုန်းတွေက၊ အရွယ်ငယ်သော်လည်း ယခင်က ဧရာမကွန်ပျူတာကြီးတွေ လုပ်နိုင်သည့်အလုပ်တွေ၊ ကိန်းဂဏန်းအတွက်အချက်တွေကို နိုင် နင်းသည်။ စရိတ်လည်းသက်သာသည်။ စရိတ်တွေက ထပ်လည်ကျဦးမည်။ လက်ကိုင်ဖုန်းက ကိုယ် သွားလေရာပါနေပြီး ဘယ်သူနှင့် ဘယ်လောက်စကားပြောတာ ဘယ်ဝက်ဘ်ဆိုက်ဝင်ကြည့်တာ၊ ဘယ် သွားတာတွေ အကုန်သိရှိ မှတ်တမ်း တင်ထားသည့်အပြင် ကိုယ့်ကျန်းမာရေး ဘယ်လောက်ကောင်း သည်ကိုပင် သိနေနိုင်သည်။ ထိုသတင်း အချက်အလက်တွေက လူတစ်ဦးတစ်ယောက် အတွက် လည်း ကောင်း၊ စီးပွားရေး လုပ်ငန်းတွေ အတွက်လည်းကောင်း အသုံးဝင်သည်။

တယ်လီဖုန်း Application (Apps) တွေက သတင်း အချက်အလက်တွေ စုပေးသည်။ စရိတ် သက်သာ ဈေးနှုန်းသက်သာတာတွေသာမက တွဲရမည့်သူတွေနှင့် ချိတ်ပေးသည်။ အနာဂတ်တွင် တယ်လီဖုန်း တွေက ကိုယ့်အကြောင်းသိလွန်းနေပြီး အလုပ်အကိုင်ပြောင်းရန်၊ အကြံပြုကောင်းပြုမည်။ သို့မဟုတ် ကိုယ့်နှလုံးခုန်သံ မူမမှန်သည်ကို၊ ကိုယ်အရင်သိထားပြီး၊ ဆရာဝန်နှင့် တွေ့ဆုံပြသ ခွင့်တောင်းချင် တောင်းပေးထားနိုင်မည်။

တယ်လီဖုန်းကို တချိန်လုံးငုံ့ကြည့်နေလျှင် ဇက်ကြောတွေ၊ ခါးရိုးတွေပင်ပန်းမည်မှာ ယာယီမျှ သာဖြစ် နိုင်သော်လည်း ဖုန်းမရှိလျှင် မနေတတ်၊ မထိုင်တတ်၊ လက်ထဲကိုင်ထားစရာ မရှိလျှင် ဟာတာ တာဖြစ် လောက်အောင် စွဲလမ်းမှု၊ အားကိုးမှုရောဂါဖြစ်နိုင်သည်။ နာရီမပါ ကားမမောင်းရလျှင် မနေတတ် တာ မျိုး၊ တယ်လီဖုန်းမပါလျှင် ဘဝပျက်သလောက် ခံစားလာရမည်။ ကြောက်စရာ အကောင်းဆုံးမှာ တယ် လီဖုန်းတွေက ကိုယ်နှင့်ပတ်သက်သည့် သတင်း အချက်အလက်တွေကို လူတကာလျှောက်ဝေမည် သို့မဟုတ် ရောင်းစားမည့် ကိစ္စဖြစ်သည်။

ယခုအခါ ကိုယ်ပြောသမျှ ကြားဖြတ်နားထောင်နိုင်သူ ဆင်းမ်ကဒ်တွေအားလုံးရှိ အချက်အလက်တွေ အားလုံးရယူနိုင်သူတွေ ဒီမိုကရေစီနိုင်ငံတွေမှာရော အာဏာရှင်နိုင်ငံတွေမှာပါ ရှိနေပြီ။ ကိုယ့်ရဲ့လျှို့ဝှက် ချက်တွေ ကိုယ်ရေးကိုယ်တာကိစ္စတွေ အရှက်တကွဲ အကျိုးနည်းဖြစ်စရာကိစ္စတွေ ပေါက်ကြား သွားနိုင် သည်။ တဘက်တွင်၊ စိုးရိမ်စရာတွေရှိသလို အခြားတဘက်တွင် အကျိုးကျေးဇူးတွေရှိရာ အကျိုးကျေးဇူးတွေ က သာလွန်သည်ဟု တွက်ဆကြသည်။

တယ်လီဖုန်းတွေက လူသန်းထောင်ချီပြီး စုပေးနိုင်သည်။ ယခုအခါ ဈေးအပေါဆုံး စမတ်ဖုန်းတွေ က၊ လေးသောင်းလောက်သာ တန်ရာယခုထက်ပို၍ ဈေးကျဦးမည်ဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ ဖွယ်ရှိသည်။ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်တွေကို နိုင်ငံသားတွေကမှတ်တမ်းတင်ကြ၊ ဖြန့်ဝေ ကြ၊ ကွဲပြားသော သဘောထားတွေ ဖော်ထုတ်ဖို့အတွက်လည်း အသုံးဝင်သည်။

ယခင်ကလို အစိုးရကသာ ပြည်သူတွေကိုစုံစမ်းထောက်လှမ်းရန်အတွက် တဖက်သတ် အသုံးချနိုင် တာမျိုး မဟုတ်၊ စိန်ခေါ်စရာ လက်နက်ကိရိယာတစ်ခုလည်း ဖြစ်လာနေသည်။

ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို စီးပွားရေးလုပ်ငန်းတွေက စိတ်ဝင်စားသလို သုတေသန လုပ်ငန်းများအတွက်လည်း အထောက်အကူဖြစ်သည်။ လူ့အဖွဲ့အစည်းအကြောင်း သန်း ခေါင် စာရင်းကောက်သလို စမတ်ဖုန်းတွေက ဆောင်ရွက်ပေးနိုင်သည်။ ပြီးတော့ ရလဒ်ထွက်ဖို့ အရေး နှစ်ရှည် လများ စောင့်ဆိုင်းစရာမလို ချက်ချင်းအဖြေထုတ်ပေးနိုင်သည်။ သင့်တော်သော စည်းမျဉ်း စည်းကမ်းများ ချမှတ်ပြီးဘယ်သူဘယ်ဝါ မဖော်ပြဘဲ ကိန်းဂဏန်းအချက်အလက်များကို ယာဉ်ကြော ထိန်းရန်၊ ရာဇဝတ် မှုတွေ တားဆီးရန်၊ ကူးစက်ရောဂါများကို ဟန့်တားရန်တို့အတွက် အသုံးပြုနိုင် သည်။

အကြီးမားဆုံးသော အကျိုးတရားမှာ စီးပွားရေးအရရရှိသော ရလဒ်ဖြစ်သည်။ လူတစ်ရာမှာ၊ တယ်လီ ဖုန်း ၁၀ လုံးတိုးလာလျှင် တစ်ဦးကျသင့်ငွေ ၁ ရာခိုင်နှုန်းကျော် တိုးစေနိုင်သည်။ ဘဏ်အသုံးပြုမှုများ လာစေနိုင်သည်ဟု ဆိုသည်။ စီးပွားရေးလုပ်ငန်းတွေကိုလည်း၊ မကြားဘူးသော မြန်နှုန်းများဖြင့် ပြောင်း လဲနိုင်သည်။ Uber ၏သက်တမ်း ငါးနှစ်၊ မပြည့်သေးသော်လည်း ၅၅ နိုင်ငံတွင်သုံးနေပြီ။ Whats App သည် ၂၀၀၉ ကပေါ်ခဲ့သော်လည်း တနေ့တနေ့ စာတိုကုဋေလောက်ပို့နေနိုင်ပြီ။ တယ်လီ ဖုန်းတွေကို၊ ပလက်ဖောင်းအပြည့် အသုံးပြုကာ၊ လုပ်ငန်းငယ်တွေက စိတ်ကူးတစ်ခုကို စရိတ်သက် သက်သာသာနှင့် စမ်းသပ်အသုံးပြုနိုင်မည်။ လူတွေသဘောကျ၍ ကမ္ဘာနှင့်ချီ၍ ပျံ့နှံ့သွားနိုင်သည်။ ကမ္ဘာနှင့်ချီ၍ တီထွင် ဖန်တီးနိုင်စွမ်း ဖြစ်ပေါ်စေသည်။

နည်းပညာတို့၏ သဘော သဘာဝကပင်လျှင် လူ့အဖွဲ့အစည်းကို မေးခွန်းထုတ်လေ့ရှိသည်။ အထူးသ ဖြင့်၊ လူတွေက နည်းပညာတွေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလာသည့်အခါ နည်းပညာ တွေ က ပြဿနာရှာတတ်သည်။ စမတ်ဖုန်းများသည်လည်း ထို့အတူပင် ဖြစ်သည်။

နိုင်ငံသားတွေကို စမတ်ဖုန်းတွေမှတစ်ဆင့် မျက်လုံးဒေါက်ထောက်ကြည့်နေခြင်းကို အကာအကွယ် မပေးနိုင်လျှင် အချို့လူတွေ ဒုက္ခရောက်မည်။ ကျောခိုင်းသူတွေလည်းရှိမည်။ လူ့အဖွဲ့အစည်းက စီးပွားရေးလုပ်ငန်းများအနေဖြင့် ကိုယ်ရေးကိုယ်တာကိစ္စနှင့် အကျိုးအမြတ်ကို ချင့်ချိန်တတ်စေရန် တန်ဖိုးတွေ စံချိန်စံညွှန်းတွေ သတ်မှတ်ပေးရမည်။ မည်သည့် အတိုင်းအတာအထိ လက်ခံနိုင်သည်ကို အစိုးရတွေက တိတိကျကျ သတ်မှတ်ပေးရမည်။ တဖက်တွင် ရှစ်နှစ်အတွင်း စမတ်ဖုန်းတွေ အပြေး သန်သလောက်ကို လူ့အဖွဲ့အစည်းနှင့်အစိုးရတွေက နောက်ကောက်ကျနေဆဲဖြစ်သည်။

(ညွှန်း - Plaret of the Phone)

ကြေးမုံသတင်းစာ
မတ်လ (၉) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...