အမျိုးသား တစ်ဦးအဖြစ် ၄၃ နှစ်ကြာအောင် ဟန်ဆောင်ခဲ့သော အမျိုးသမီး

အီဂျစ်နိုင်ငံက ဆီဆာအဒူဒါအူလို့ အမည်ရှိတဲ့ အမျိုးသမီး တစ်ဦးဟာ ဘ၀နေထိုင် ရပ်တည်မှု အတွက် ဆယ်စုနှစ် လေး ခုကျော်လောက် ယော င်္ကျား တစ်ယောက်အဖြစ် ဟန်ဆောင်နေထိုင် ခဲ့ပါတယ်။

ဆီဆာဟာ သူမနေထိုင်တဲ့ ယောင်္ကျားလွှမ်းမိုးတဲ့ လူ့အသိုင်းအ၀ိုင်းရဲ့ စံနူန်းတွေကြောင့် အခု လို နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ယောင်္ကျား တစ်ယောက်လိုပဲ ၀တ်စားလေ့ ရှိပါတယ်။ အခုဆိုရင် အသက် ၆၄ နှစ် ရှိနေပြီ ဖြစ်တဲ့ သူမကို စံပြမိခင်ဆိုတဲ့ နာမည်နဲ့ ဂုဏ်ပြုထားကြပါတယ်။

အသက် ၂၁ နှစ် အရွယ်မှာ သူမဟာ ခင်ပွန်း ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး သမီးလေးကို မွေးဖွားအပြီးမှာ ၀င်ငွေ မရှိတဲ့ အခြေအနေဆိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ ဆီဆာတို့ဒေသမှာ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့် မပေး တာမို့ ယောင်္ကျား တစ်ယောက်လို ဟန်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူမ ဟန်ဆောင်ခဲ့တဲ့ ပုံစံ ကတော့ ယောင်္ကျားတွေ ၀တ်ဆင်တဲ့ တာကွီရာ ဦးထုပ်၊ ၀တ်ရုံရှည်နဲ့ အနက်ရောင် ဖိနပ်တွေ ၀တ်ဆင် ခဲ့တာပဲ ဖြစ်ပါတယ်။

အလုပ်သမား တစ်ယောက်အဖြစ် နှစ်အတော်ကြာ ဖြတ်သန်းခဲ့ပြီး သမီးဖြစ်သူ ယောင်္ကျားရတော့လည်း သမက် ဖြစ်သူ မကျန်းမာလို့ ပိုဒုက္ခရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ မြေးတွေကိုလည်း သူမကပဲ လုပ်ကျွေး ခဲ့ရပါ တယ်။ ဆီဆာက ဒီလိုဟန်ဆောင်နေစဉ်အတွင်းမှာ တကယ့်ယောင်္ကျားတွေကို ရှောင်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ဆီဆာရဲ့ သမီးဖြစ်သူ ဟူဒါကတော့ သူတို့ရဲ့မိခင်ဟာ ခုချိန်ထိ မိသားစုကို ထောက်ပံ့နေဆဲလို့ ဆိုခဲ့ပါတယ်။

Ref - Al Arabiya
http://www.planet.com.mm
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...