ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာ သင်တန်းသားများခေါ်ယူ

ရန်ကုန် နည်းပညာ တက္ကသိုလ်မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် ဘွဲ့လွန်ဒီပလိုမာ သင်တန်း များကို ဇွန်လ ၁ ရက်တွင် စတင်ကာ ဖွင့်လှစ် သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒီပလိုမာသင်တန်းများကို မြို့ပြ အင်ဂျင်နီယာဌာန၊ စက်မှု အင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန၊ အီလက် ထရောနစ် အင်ဂျင်နီယာဌာန၊ မက္ကာထရောနစ် အင်ဂျင်နီယာဌာန၊ ဓာတု အင်ဂျင်နီယာဌာန၊ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဌာန၊ သတ္တုတူးဖော်ရေး အင်ဂျင်နီယာဌာန၊ ရေနံ အင်ဂျင်နီယာ ဌာန၊ သတ္တုဗေဒ အင်ဂျင်နီယာဌာန၊ အင်ဂျင်နီယာ ဘူမိဗေဒ ဌာနတို့တွင် မိမိကြိုက်နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ် တက်ရောက်နိုင် မည်ဖြစ်သည်။

ဘွဲ့လွန်ဒီပလိုမာသင်တန်းသည် တစ်နှစ်သင်တန်းဖြစ်ပြီး ဘွဲ့လွန်ဒီပလိုမာသင်တန်းများတွင် မဟာဘွဲ့ သင်တန်းသို့ တက်ရောက်ခွင့် ရရှိသူများအား ၎င်းဘာသာရပ်တွင် မဟာဘွဲ့ တစ်နှစ်သင်တန်းသို့ ဆက်လက် တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

ဝင်ခွင့်လျှောက်ထားလိုသူများသည် သတ်မှတ်ထားသော လျှောက်လွှာနှင့်အတူ မိမိလျှောက်ထားမည့် ဘာသာရပ်ပေါ်မူတည်ကာ အခြေခံဘွဲ့လိုအပ်ချက်ပါ ဘွဲ့လက်မှတ် (မူရင်းနှင့် မိတ္တူ) တို့ကို ပူးတွဲတင်ပြ ရမည် ဖြစ်သည်။ ဧပြီလ ၃၀ ရက် နောက်ဆုံးထားကာ ကိုယ်တိုင်လျှောက်ထား ရမည်ဖြစ်ပြီး ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲအဖြစ် ရန်ကုန် နည်းပညာတက္ကသိုလ်၊ ကြို့ကုန်း၊ အင်းစိန်၌ မေလ ၇ ရက်တွင် နံနက် ၉နာရီမှ နေ့လယ် ၁၂ နာရီအထိအင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ မေလ ၈ ရက်တွင် သက်ဆိုင်ရာ ဘာသာရပ်ကိုလည်းကောင်း ဖြေဆိုရမည်ဖြစ် သည်။

သင်တန်းအတွက် လူတွေ့စစ်ဆေးခံမည့် အမည်စာရင်းကို မေလ၂၅ ရက်တွင် ထုတ်ပြန်ပေး မည်ဖြစ်ပြီး မေလ ၂၇ ရက်တွင် လူတွေ့စစ်ဆေးခြင်းကို ပြုလုပ်မည်ဖြစ်သည်။ သင်တန်း တက်ရောက်ခွင့် ရရှိသူ များကို မေလ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာပေး မည်ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ကြို့ကုန်း၊ အင်းစိန်၊ ဖုန်း - ၀၁ ၆၄၂၄၁၃ သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။

Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...