မြေအိုး ကြက်သားထမင်း



မလေးရှားစတိုင် မြေအိုး ကြက်သားထမင်း ချက်နည်းပါ။ မြေအိုးနဲ့ ချက်ထားတာမို့ စားတဲ့အခါ ပူပူလေးနဲ့ အရသာ အရမ်းကောင်းမွန်ပါတယ်။ အရင်ဆုံး မြေအိုးထဲကို ထမင်းထည့်၊ ပြီမှ ကြက်သား၊ မှို၊ ကြက်အူချောင်း ထည့်ပြီ မီးနည်းနည်းဖြင့် မြေအိုးဖြင့်ပေါင်းချက်ထားလို့လည်း ပြောလို့ရပါတယ်။ လုပ်စားရလည်း လွယ်ပြီ နေ့လည်စာ၊ ညနေစာအဖြစ်နဲ့ လုပ်စားနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
ဆန် – ၂ခွက် (ရေစင်အောင် ဆေးထားပါ)
ကြက်အူချောင်း – ၂ချောင်း (အပါးအစောင်းလှီးပြီ ဆီဖြင့် ၁မိနစ်ခန့် ကြော်ပေးထားပါ)
ကြက်ပေါင် – ၂ခု (အတုံးများ တုံးထားပါ)
မှိုပွင့်ခြောက် – ၅ခု (ရေနွေးပြုတ်ပြီ အညှာဖြတ် ၄ခြမ်းခြမ်းပါ)
ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ဆန်ဝိုင် – စားပွဲတင်ဇွန်း ၂ဇွန်း
ဂျင်း – လက်တဆစ် (ထောင်း အရည်ညှစ်ပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)



ထမင်းချက်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲ ရေ(သို့) ကြက်ပြုတ်ရည် ၃ခွက်ကိုထည့်ပြီ ရိုးရိုးထမင်း ချက်သလို ချက်ပေးပါ။

၂။ ထမင်းကျက်ခါနီးလျှင် မီးပိတ်လိုက်ပါ။

ချက်ပြုတ်နည်း


၁။ အရင်ဆုံး ဇောက်ပန်းကန်တစ်ခုထဲ (ကြက်ပေါင်၊ ခရုဆီ၊ ပဲငံပြာရည်(အကြည်)၊ အနောက်၊ ကြက်သွန်ဖြူ။ ဆန်ဝိုင်၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သကြား) တို့ကို သမအောင် ရောနုယ်ကာ အနည်းဆုံး နာရီဝက်ခန့် နုပ်ထားပေးပါ။



၂။ ပြီနောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ကြက်သားများကို အရောင်ရသည်အထိ ၁မိနစ်ခန့် ရောကြော်ပေးပါ။

၃။ ပြီလျှင် မှို၊ ကြက်အူချောင်းများ ထည့်ပြီ ကြက်သားဖြင့် သမအောင် မိနစ်ဝက်ခန့် ရောမွှေပေးပါ။

၃။ ပြီမှ မြေအိုးထဲ ထမင်းထည့်ပါ။ ထမင်းပေါ်မှ ကြက်သား၊ မှို၊ ကြက်အူချောင်း၊ ဆော့ရည်များ ထည့်ပြီ အဖုံးအုပ် ၂၀-၂၅မိနစ်ခန့် မီးနည်းနည်းဖြင့် ကြက်သားကျက်သည်အထိ ချက်ပေးပါ။





၎။ မြေအိုး ကြက်သားထမင်း ရပြီဆိုလျှင် အဖုံးဖွင့်ပြီ အပေါ်မှ ကြက်သွန်မြိတ်များ ဖြူးပေးပါ။



၅။ အရသာရှိသော မလေးရှားစတိုင် မြေအိုး ကြက်သားထမင်းကို သုံးဆောင်နိုင်ပါပြီ…


 
 
C@Wutyee Food House
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...