ေ​ခါ​င​္းေ​ဆာင္မႈ​ဆိုင္ရာ အစ​ည​္း​အေ​ဝးနှ​င့်​ ပညာ​သင်ဆု လျှောက်ထား​နို​င်

Written by စန္ဒာဝင်း

The Chrysalis International Young Leaders Conference ကို Australia နိုင်ငံ Brisbane မြို့ Queensland University အတွင်းရှိ Emmanuel College တွင် ဇွန် ၂၈ ရက်မှဇူလိုင် ၅ ရက်အထိ တစ်ပတ်တိတိ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း Edulink Australia မှ ပညာရေး အတိုင်ပင်ခံ မဇင်မာစိုး ကပြောသည်။

“နိုင်ငံတကာကျောင်းသား၊ ကျောင်းသူအားလုံးပါဝင်တဲ့ ရက်သတ္တပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ အစီ အစဉ်တွေပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်ပန်းတိုင်နဲ့ အခွင့်အလမ်းကောင်းတွေကို သူတို့ရဲ့နိုင်ငံ၊ တက္ကသိုလ်နဲ့ကျောင်းတွေမှာ တန်ဖိုးရှိတဲ့ခေါင်းဆောင်နိုင်မှု စွမ်းရည်တိုးတက်လာစေလို ဖို့ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါ The Chrysalis International Young Leaders Conference မှတစ်ဆင့် မိမိကိုယ်ကို ယုံ ကြည်မှုရရှိစေခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းများ တိုးတက်လာခြင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာများ ကို လူမှုအဖွဲ့အစည်းနှင့် ပညာရေးနယ်ပယ်တွင် ဦးဆောင်နေသော လူများမှ guest speaker အနေ ဖြင့် ပါဝင်ဆွေးနွေးပေးခြင်း၊ Piersim စနစ်ကိုအသုံးပြု၍ လေ့ကျင့်သင်ကြားပေးခြင်း၊ စိတ်ဝင်စားဖွယ် ရာ Social activities များပါဝင်မည်ဖြစ်သည်။

Chrysalis conference တက်ရောက်ပြီးနောက် လူငယ်များအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ဦးဆောင်နိုင်မှုစွမ်းရည်များ ပိုမိုတိုးတက်လာနိုင်ခြင်းစသည့် ရရှိမည်ဖြစ်ပြီးအဆိုပါ Conference တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် IELTS 5.5 (သို့မဟုတ်) IELTS 5.5 နှင့်ညီမျှသော အရည်အချင်းရှိထားရန် လိုအပ်ကြောင်းသိရသည်။

Scholarship အစီအစဉ်များလည်းရှိပြီး စိတ်ပါဝင်စားသူများအနေဖြင့် မတ် ၂၈ ရက် နောက်ဆုံးထား၍ Edu Link Australia တယ်လီဖုန်းနံပါတ် ၀၉-၂၅၂၅၆၉၁၁၃၊ ၀၉-၇၃၁၉၆၃၅၀၊ www.edulink australia.com သို့ဆက်သွယ်လျှောက်ထားနိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ကြေးမုံသတင်းစာ
ဖေဖော်ဝါရီလ (၂၃) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...