ငါးနှင့်ပင်လယ်စာကို အရွက်ဖြင့် တွဲဖက်စားပေးခြင်းဖြင့် ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့ချနိုင်

By သမန်းကျား၊ ရတနာပုံ

ပင်လယ်စာနှင့် ငါးတို့ ကို အရွက် များများဖြင့် စားသုံးပေးလျင် ပခုံးရိုးကင်ဆာ အန္တရယ်ကို အတိုင်းအတာ တစ်ခုအထိ လျော့ချနိုင် မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လိုမာလင်ဒါ တက္ကသိုလ်မှ သုတေသီများက ထုတ်ပြန်ကြေငြာ သည်။

ဟင်းသီးဟင်းရွက် အစားများ သူတွေမှာ ကင်ဆာရောဂါတွေ ဖြစ်ပွားမှုနှူန်း နဲတဲ့အပြင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့  အ၀လွန်တဲ့ရောဂါတွေပါ ဖြစ်ပွားမှုနှူန်း နဲတာကိုတွေ့ ရပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်ပိုစားတဲ့ လူတွေမှာ ပခုံးရိုးကင်ဆာဖြစ်ပွားမှုနှူန်းကလည်း သိသာထင်ရှားစွာ လျော့နဲ တာကိုတွေ့ ရတဲ့အတွက် လေ့လာဆန်းစစ် မှု များအရ ပင်လယ်စာ၊ ငါးနဲ့ အသီးအရွက်တွေကို စနစ်တကျ စားပေးမယ်ဆိုရင် ကင်ဆာဖြစ်ပွားမှုနှူန်း နဲသွားမယ်လို့  ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

သုတေသီများသည် သက်သတ်လွတ်စားသုံးသူ လူပေါင်း ၇၇၆၅၉ ဦးတို့ ၏ အစားအစာစားသောက်မှု ဆိုင်ရာ စစ်တမ်း အမေးအဖြေများ၊ ဆေးကုသမှုမှတ်တမ်းများ၊ ကင်ဆာရောဂါသည်အဖြစ် မှတ်ပုံတင် ထားခြင်း များကို လေ့လာဆန်းစစ် ခဲ့ပြီး ၄င်းတို့ ၏ ဆေးလိပ်နှင့်အရက်သောက်သုံးမှုတို့ ကိုပါ ထည့်သွင်း တွက်ချက်ခဲ့ရာဝယ် သက်သတ်လွတ်စားသူများ သည် အသားစားသူများထက် ကင်ဆာဖြစ်ပွားနိုင်ခြေ ၂၂ ရာခိုင်နှူန်း နဲပါးသည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်လကို ငါး အနဲဆုံး တစ်ကြိမ်စားပေးပြီး အသားစားတဲ့ နှူန်းကိုလည်း တစ်ကြိမ်ထက်မပိုတဲ့ သက်သတ် လွတ် စားသူ တွေမှာ ကင်ဆာဖြစ်ပွားမှုနှူန်းက ၄၃ ရာခိုင်နှူန်းတောင် လျော့နဲတာကို တွေ့ ရပါတယ်။ ကြက်ဥ၊ နွားနို့ တို့ ကိုစားပေး တဲ့ သက်သတ်လွတ်သမားတွေမှာတော့ ၁၈ ရာခိုင်နှူန်း လျော့တာကိုတွေ့ ရပြီး ကြက်ဥ၊ နွားနို့ ၊ ငါး၊ အသား တို့ ကို တစ်လတစ်ကြိမ်လောက် စားပေးတဲ့သူတွေမှာတော့ ၁၆ ရာခိုင်နှူန်း လျော့နဲတာကို တွေ့ ရပါတယ်ဟု ၄င်းက ဆက် လက် ပြောပြသည်။ ငါးနှင့်အသား စားခြင်း ကို တစ်ပတ်တစ်ကြိမ်နှူန်းအထိ လျော့ချနိုင်လျင်ပင် အကျိုးများစွာရှိပြီး ကင်ဆာဖြစ်ပွားနိုင်ခြေ အနည်းဆုံး ၈ ရာခိုင်နှူန်း လျော့သွားနိုင်ကြောင်း သိရသည်။

ကင်ဆာအန္တရယ် လျော့ချဖို့  အပြည့်အ၀သက်သတ်လွတ်စားပေးဖို့  မလိုအပ်ပါဘူး။ ကြက်ဥ၊ နွားနို့ နဲ့  ငါးစားတဲ့နှူန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ဖို့ ဘဲ လိုအပ်တာပါ။ ကမ္ဘာ့လူဦးရေကြီး တစ်ရပ် လုံးရဲ့  ၄ ဒသမ ၇ ရာခိုင်နှူန်း ဟာ တစ်ချိန်မဟုတ်တစ်ချိန်မှာ ပခုံးရိုးကင်ဆာကို ခံစားရနိုင်ပါတယ်။ ဒါ ၂၀၀၉-၁၁ နှစ်တွေမှာ ကောက်ထားတဲ့ စာရင်းပါ။ အခု ၂၀၁၅ နောက်ပိုင်းမှာ ဒီထက်ပိုလာဖို့ ပဲ ရှိပါတယ်။ ဒါကြောင့် လူတွေအားလုံး အသား၊ငါး နဲ့  နို့ ထွက် ပစ္စည်းတွေကို တစ်လတစ်ကြိမ်လောက်ပဲ စားပေးတဲ့ အထိ ထိန်းထားနိုင်ဖို့  အကြံပြုတာပါ ဟု ၄င်းက ဆက်လက် ပြောပြသည်။

သို့ သော် ဖော်ပြပါအတိုင်း မထိန်းချုပ်နိုင်လျင် အသားအစား ငါးနှင့်ပင်လယ်စာကို ပိုစားပေးပြီး ၄င်းတို့  ကိုလည်း ဟင်းသီးဟင်းရွက် များများဖြင့် တွဲဖက်စားပေးခြင်းဖြင့် ကင်ဆာဖြစ်ပွားနိုင်ခြေ များကို လျော့ ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...