iPhone ထက်ပိုကောင်းတဲ့ Android Phone ရဲ့ အားသာချက် (၁၄) ချက်



စမတ်ဖုန်းတစ်လုံး ၀ယ်ယူချင်ရင်တော့ အဓိက အားဖြင့် Android နဲ့ iPhone နှစ်မျိုးထဲကပဲ စဉ်းစားရွေးချယ် ကြရမှာ ဖြစ်ပါတယ်။ Android ထက်ပိုကောင်းတဲ့ iPhone ရဲ့ အားသာချက်တွေ ရှိသလို Android က iPhone ထက်ပိုကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ Android Phone ရဲ့ အားသာချက်တွေကို ရေးပေးမှာ ဖြစ်ပြီး နောက်တစ်ပတ်မှာတော့ iPhone ရဲ့ အားသာချက်တွေကို ရေးပေးမှာ ဖြစ်ပါတယ်။ အားသာချက်၊ အားနည်းချက်တွေကို လေ့လာပြီး သင့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဖုန်းကို ရွေးချယ်ဝယ်ယူရမှာ ဖြစ်ပါတယ်။

iPhone ကို ၀ယ်ယူမယ်ဆိုရင်တော့ Storage အပိုင်းမှာ ကန့်သတ်ချက်တွေရှိပါတယ်။ iPhone မှာ Internal Storage သာပါရှိပြီး Android Phone အများစုမှာလို microSD Card ထည့်သွင်းလို့ မရပါဘူး။


Android Phone တွေမှာတော့ ဘက်ထရီ ယိုယွင်းပျက်ဆီးစပြုလာရင် ဖြုတ်ပြီး ဘက်ထရီ အသစ်တစ်ခုနဲ့ လဲလှယ်နိုင်ပါတယ်။ iPhone မှာတော့ ဘက်ထရီကို ဖြုတ်လို့မရပါဘူး။


HTC One , LG G3 , Galaxy S5 , Galaxy S6 တို့အပါအ၀င် Android Phone အချို့မှာ Infrared Blaster ပါရှိပြီး TV Remote Control အဖြစ် အသုံးပြုနိုင်ပါတယ်။ iPhone တွေမှာတော့ အဲဒီစွမ်းရည် မရှိပါဘူး။


Android မှာ Screenshot တွေ၊ ဒေါင်းလုပ် ပြုလုပ်ထားတဲ့ ဓါတ်ပုံတွေနဲ့ Messenger တွေကနေ သိမ်းဆည်းထားတဲ့ ဓါတ်ပုံတွေကို သီးခြား ဖိုဒါတွေမှာ ထားရှိပေးထားပါတယ်။ Android ရဲ့ ဖိုင်စနစ်ဟာ အသုံးပြုသူ မြင်တွေ့နိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပြီး Apple ကတော့ သင့်ရဲ့ ဖိုင်တွေကို ထင်သာမြင်သာရှိအောင် ပြုလုပ်ပေးထားခြင်း မရှိပါဘူး။


Android မှာ သီချင်းတွေကို လွယ်ကူစွာ ကူးထည့်နိုင်ပါတယ်။ Apple နဲ့ iOS 8 မှာတော့ ဖုန်းထဲကို သီချင်းထည့်ချင်ရင် iTune ကိုအသုံးပြုရမှာပါ။ နောက်ပြီး iOS မှာ ဖုန်းထဲက ဓါတ်ပုံတွေကို ကွန်ပြူတာထဲ ကူးထည့်ချင်ရင် iPhoto ကို အသုံးပြုမှရမှာပါ။


သင့်ရဲ့ Android Phone ကို အားသွင်းဖို့ ဘယ်လို micro-USB ကြိုးမျိုးကိုမဆို သုံးနိုင်ပေမယ့် iPhone ကို အားသွင်းချင်ရင် Lightning Cable ကိုသာ သုံးရမှာ ဖြစ်ပါတယ်။


Google App Store ၀က်ဆိုက်ကနေ Android Phone ထဲကို App တွေ တိုက်ရိုက် အင်စတောလုပ်နိုင်ပါတယ်။ Apple App Store ၀က်ဆိုက်ကနေတော့ iPhone ထဲကို တိုက်ရိုက် App တွေ အင်စတောလုပ်လို့မရဘဲ iTunes သို့မဟုတ် App Store App ကနေသာ အင်စတောလုပ်နိုင်တာပါ။


Android Tablet တစ်ခုမှာ User Account များစွာ ပြုလုပ်နိုင်တဲ့အတွက် တက်ဘလက်တစ်ခုကိုပဲ လူများစွာဟာ ကိုယ်ပိုင်ဒေတာ၊ Apps ၊ Settings များနဲ့အသုံးပြုနိုင်ပါတယ်။ iPad မှာ ဒီလို လုပ်လို့မရပါဘူး။


Apple Maps App ဟာ Google Maps App လောက် မကောင်းပါဘူး။ iPhone မှာ Google Maps ကို Default အနေနဲ့ အသုံးပြုလို့မရပါဘူး။


iPhone မှာ လက်ဗွေရာ ဒါမှမဟုတ် Passcode နှစ်မျိုးနဲ့သာ ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ Android Device အများစုမှာတော့ Patterns , Face Unlocks စတဲ့ အခြားရွေးချယ်မှုတွေ ပြုလုပ်နိုင်ပါတယ်။


Home Screen မှာ Widgets တွေ ထည့်တာလိုမျိုး Android Phone တွေမှာ iPhone ထက် ပိုပြီး Customize လုပ်နိုင်ပါတယ်။ ဖုန်းရဲ့ Interface ကို ပြောင်းလဲပေးနိုင်တဲ့ Apps များစွာကို Android အတွက် ထုတ်လုပ်ပေးထားပါတယ်။


Android Phone အချို့မှာ Apps များစွာကို တစ်ပြိုင်နက် အသုံးပြုလို့ရပါတယ်။ ဥပမာ အနေနဲ့ Samsung ဖုန်းတွေမှာ Multi-Window Mode ပါရှိပါတယ်။ Samsung ဖုန်းမဟုတ်တဲ့ Android Phone တွေအတွက်လည်း Multi-Window Mode လို အသုံးပြုနိုင်တဲ့ Floating Apps များစွာ ရှိပါတယ်။


Android Phone တွေမှာ Notification တွေကို စကရင်ရဲ့ ထိပ်ဆုံးမှာ အမြဲပြသပေးထားတဲ့အတွက် မှတ်မိစေပါတယ်။


Android ရဲ့ Alarm Clock ဟာ သင့်ရဲ့ အိပ်စက်ချိန် ဘယ်လောက်ကျန်သေးလဲဆိုတာ ပြသပေးပါတယ်။ iPhone မှာ ဆိုရင်တော့ သင်ကိုယ်တိုင် ရေတွက်ရမှာပါ။


MyanmarDigitalLife
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...