မိခင်နို့ တိုက်ကျွေးလျှင် ကလေး IQ မြင့်မား

သမန်းကျား၊ ရတနာပုံ

မိခင်နို့ တိုက်ကျွေးထားသော ကလေးများသည် IQ စွမ်းရည် ပို၍မြင့်မားကြောင်း ကလေးပေါင်း ၃၅၀၀ ကျော် ကို မွေးကင်းစမှ အရွယ်ရောက်သည် အထိ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ ခဲ့သော ဘရာဇီးနိုင်ငံ သုတေသီများက ဆိုသည်။

မိခင်များအနေဖြင့် မိမိမွေးဖွား လိုက်သော ရင်သွေးကို နို့ တိုက်ကျွေးမည်သို့ မဟုတ် နို့ ချိုတိုက်ကျွေးမည် ဟူသည်မှာ ၄င်းတို့ ၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သော်လည်း ဆေးပညာအမြင်အရ ကလေးများကို အနဲဆုံး ၆-လပြည့်သည်အထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ကြောင်း ယခင်ကလည်း ကျယ်ပြန့်  စွာဖော်ပြခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိခင်နို့ သည် IQ ကိုလည်း မြင့်မားစေသည် ဟူသည့် တွေ့ ရှိချက်ကြောင့် ကလေးကိုမိမိနို့ တိုက်ကျွေးသော မိခင် အရေ အတွက် ပိုလာလိမ့်မည်ဟု သုတေသီ များက မျှော်လင့်နေကြသည်။

ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်ကောင်းတယ်၊မကောင်းဘူးဆိုတာ မိခင်ရဲ့  ပညာအရည်အခြင်း၊ မိသားစု ၀င်ငွေ၊ မွေးကင်းစကိုယ်အလေးချိန် အစရှိတဲ့အချက်တွေနဲ့ လည်း သက်ဆိုင်ပေမယ့် မိခင်နို့ ကတော့ အဓိကအကျဆုံး လိုအပ်ချက်ဖြစ်တာကို တွေ့ ရပါတယ်ဟု ဘရာဇီးနိုင်ငံ၊ ပီလိုတပ်တက္ကသိုလ်မှ ဒေါက်တာ ဘာနာဒိုလက်ဆာ က ပြောပြသည်။

ဘရာဇီးတွင် လူတန်းစား အယုတ်အမြတ်အလတ်မရွေး မိခင်နို့ တိုက်ကျွေးကြသော်လည်း နို့  တိုက်ကျွေးသော ကာလမတူညီကြောင်း၊ အချို့ က တစ်နှစ်ခန့် အထိ နို့ တိုက်ကျွေးသော်လည်း အချို့ က တစ်လခန့် သာ နို့ တိုက် ကျွေးကြောင်း၊ မိခင်နို့ ကို ပိုသောက်ရသော ကလေးများက IQ အရာတွင်လည်း ပိုသာသည်ကို ခိုင်လုံစွာတွေ့ မြင် ရကြောင်း၊ ကျောင်းပညာရေးနှင့် ဘ၀စွမ်းရည်များတွင်လည်း သာလွန်ကောင်း မွန်ကာ ကျောင်းပြီးသွား၍ လုပ်ငန်း ခွင် ၀င်သောအခါလည်း လစာပိုရသော ရာထူးများ တွင် နေရာရကြ သည်ကိုတွေ့ ရကြောင်း သိရသည်။

မိခင်နို့ မှာ Long-chain saturated fatty acid လို့ ခေါ်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဖက်တီး အက်ဆစ် ပါဝင်ပါတယ်။ ဒါကြောင့်လည်း မွေးကင်းစအချိန်မှာ မိခင်နို့ ကို ပိုသောက်ရလေ၊ အဲဒီ ဖက်တီး အက်ဆစ် ပိုရလေဖြစ် ပြီး ဦးနှောက်ဖွံ့ဖြိုးမှုပိုကောင်းလေဖြစ်တဲ့ အတွက် ကလေးတစ်ယောက် ရဲ့  ဘ၀ တစ်လျှောက်လုံး ကောင်းစားရေးကို မျှော်ကိုးပြီး မိခင်ဖြစ်သူက (၆) လတော့ မဖြစ်မနေ နို့ ချိုတိုက်ကျွေး သင့်ပါတယ်ဟု ဘာနာဒိုလက်ဆာ က ဆက်လက်ပြောပြသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...