သင့်အတွက် အမှန်တကယ် Megapixels ဘယ်လောက် လိုသလဲ

( How Many Megapixels Do You Really Need? )

စကားဦး

ကျွန်တော်သည် ကင်မရာတစ်လုံးကို ကြော်ငြာရာတွင် အမွှန်း တင်ကာ တစ်ခုတ်တရ ဖေါ်ပြ လေ့ ရှိသည့် Megapixel နှင့် ပတ်သက်၍ ဆောင်းပါး အတော်များများကို ဘာသာပြန်ကာ မှတ်စုများရေးသား ခဲ့ပါသည်။

အချို့သော မှတ်စုများတွင် Megapixel နှင့် ပတ်သက်၍ ကြိုးကြား ကြိုးကြား တို့ ထားသော်လည်း မှတ် အမှတ် (၇၆) “ Pixels သို့ မဟုတ် ပုံပြင်ထဲက ယုံတမ်း ကစားတစ်ခု “ မှတ်စု - တွင်မူ အတော် အသေး စိတ် ရေးခဲ့ပါသည်။

ပုံကောင်း တစ်ပုံ ဖြစ်လာစေရန် Pixel တစ်ခုထည်းက စွမ်းဆောင်ခြင်း မပြု နိုင် ၊ Pixel များတိုင်း ပုံ ကောင်း ထွက်မည်ဟု ပြော၍မရ ဆိုသည်ကို ပေါ် လွင် လာစေရန် ဖြစ်ပါသည်။

ကျွန်တော် အဓိကထား ဆိုလိုသည် မှာ ထိပ်တန်း DSLR ကင်မရာ ကြီးများကို ဆိုလိုခြင်း မဟုတ်ပါ။ ထိပ် တန်း DSLR ကင်မရာ ကြီးများသည် ၄င်းတို့၏ အထူးပြု သက်ဆိုင်ရာ ကဏ္ဍအလိုက် Megapixels များ ရှိကြ ပါသည်။

ဥပမာ အား ဖြင့် Nikon Line တွင် အငြိမ်ပုံများကို အဓိကထား ရိုက်သည့် D 800, D 800E, D 810 ကဲ့ သို့ ကင်မရာ များသည် 36.3 MP ရှိကြ စေကာမူ Speed ကို အဓိက ထားကာ အမြန် ရိုက် ကြ သော Nikon Flagship ကင်မရာ ကြီး များ ဖြစ်ကြသည့် D 4, D4s တို့ မှာ မူ 16.2 MP သာ ရှိ ပြီး Canon Flagship ကင်မရာ ဖြစ်သည့် 1 D X ကဲ့ သို့ ကင်မရာ ကြီး သည် လည်း 18 MP သာ ရှိသည် ကို တွေ့ ရပါသည်။

ကျွန်တော် ယခု ဆိုလိုသည်မှာ သာမန် Consumer သုံး ကင်မရာများအတွက် အဓိကထား ရေးသား ရခြင်း ဖြစ်ပါသည်။

ယခု ရေးသားမည့် မှတ်စုသည် ဆောင်းပါး ရှင် Sally Wiener Grotta ၏ How Many Megapixels Do You Really Need? ဆောင်းပါးကို ဘာသာပြန်ထား ခြင်း ဖြစ်ပါသည်။ ၄င်း၏ရေးသားချက်မှာ အကြိုး အကြောင်း အတော် ဆီလျှော်သည့်အတွက် သာမန် ဓါတ်ပုံဝါသနာရှင်များ အနေ နှင့်သိသင့်သည်ဟု ယူဆ သောကြောင့် ဆီလျှော် အောင် ဘာသာပြန်ကာ မျှဝေ လိုက်ခြင်း ဖြစ်ပါသည်။

သင့်အတွက် အမှန်တကယ် Pixels ဘယ်လောက် လိုသလဲ။



သာမန်သုံး Consumer ကင်မရာများတွင် Sensor Size 1.5 X 1 Inch အရွယ်သည် Sensor size အကြီး ဆုံးသော အပိုင်းတွင် ပါဝင်သည်။ ယခု အချိန် တွင် ကင်မရာ များတွင် Megapixel ကို အသားပေး နေကြ သည်။ Cell Phone တစ်လုံး ရှိ ကင်မရာ ၏ Megapixel သည် သာမန် Point and Shoot ကင်မရာ ထက် ပို များသည် ဆိုလျှင် အဆိုပါ Cell Phone ကင်မရာသည် သာမန် Point and Shoot ကင်မရာထက် ပို အဆင့်မြင့်သည်၊ ပိုကောင်းသည် ၊ ပုံထွက် ပိုကောင်းမည် ဟု သာမန်အားဖြင့် ဆိုကြပေမည်။ ဤသို့ ထင်လျှင် မှား ပေလိမ့်မည်။

Megapixels နှင့် Pixel Size

Megapixels သည် ကလိုရီ ( Calories ) ကဲ့သို့ပင်ကို အရေ အတွက် ( Quantity ) ဖြင့် တိုင်းခြင်းဖြစ် သည်။ အရည်အသွေး ( Quality ) ဖြင့် တိုင်း ခြင်းမဟုတ်။ ပုံတစ်ပုံကို ပုံ ဖေါ်ရာတွင် သင့်အနေနှင့် အတိုင်း အတာ တစ်ရပ်အထိ ရှိသည့် Megapixels အရေအတွက် လိုပေသည်။

သို့ရာတွင် အစား အသောက် တစ်ခုတွင် ပါဝင်သည့် ကလိုရီ ပမာဏကဲ့သို့ပင် ကလိုရီ များတိုင်း အဟာရ မဖြစ်သည်ကို သိထားရန် လိုပါသည်။ ထို့ အတူပင် ကင်မရာတစ်လုံးရှိ Pixels သည် အရေအတွက် များတိုင်းလည်း ပုံကောင်း ထွက်လာမည်ဟု ဆို၍ မရပါ။

ကင်မရာ တစ်လုံး၏ ပုံ ထွက်သည် အတော် ရှုပ်ထွေး လှသည့် ကင်မရာ တစ်လုံး၏ Process ဖြစ်သည်။ ကင်မရာ တစ်လုံး ပုံ ထွက် ကောင်း ရန်မှာ Pixels အရေ အတွက် တင် သာမက Image Sensor Design, ကင်မရာ၏ ကွန်ပြူ တာ ဟု ဆိုရ မည့် Firmware, ကင်မရာ တည်ဆောက်ထားသည့် Engineering စသည် တို့ အပေါ်တွင် ပါ တည် နေပါသည်။ ပုံ ထွက် ကောင်း ခြင်းသည် Pixels အရေ အတွက် တစ်ခု ထည်း အလုပ် မဟုတ်ပါ။

Camera Sensor Size

ကင်မရာ တစ်လုံး၏ ပုံရိပ် ဖမ်းယူသည့် နှလုံးသားမှာ Sensor ဖြစ်ပေသည်။ Sensor က ပုံရိပ် ဖမ်းယူ သည့် ဖြစ်စဉ်သည် နည်းပညာ သဘော အရ အလွန် နက်နဲသည့်အတွက် အလွယ် ပြောရပါက Sensor ပေါ် ရှိ Pixels ( အခြေခံ အား ဖြင့် Photosite များ ဖြစ်သည် ) များသည် မိုး ရေခံ သည့် ပုံး ( Bucket ) ကဲ့ သို့ ဖြစ်သည်။ Lens မှ ၀င်လာသည့် အလင်း ( Photon ) ကို အဆိုပါ ပုံး ကလေး များက မိုးရေကို ရေပုံး နှင့် ခံ သကဲ့သို့ ခံယူသည်။



Pixel ပုံး ကလေးများက မိုး ရေခံသကဲ့သို့ Photon ကို ခံယူနေပုံ။

Sensor ကြီးလျှင် ရေခံ သည့် ပုံးဟု ဆိုရမည့် Pixels လည်း ကြီး သည်။ အလင်း ( Photon ) ကို များ များ ခံယူ နိုင်သည်။ ထို့ ကြောင့် Photon ကို process လုပ်ရာတွင် မနိုင်ဝန် ထမ်း ရသောကြောင့် ဖြစ်ပေါ် လာသည့် Unwanted Signals ( Noise ) အဖြစ် နည်းသည်။

Pixels ပုံး ကြီးသည့်အတွက် အလင်း ( Photon ) ကို ခံရာတွင် များများ ခံယူနိုင်သဖြင့် ဘေးရှိ ပုံးများ ( Pixels) အတွင်းသို့ မဆန့် သော Photon များ လျှံ မကျ သည့်အတွက် ဂရိန်ထသည်ဟု ဆိုသည့် Noise ထခြင်း နည်း ပြီး ပုံရိပ် ထပ် ခြင်း Ghosting ဖြစ်ခြင်း နည်းသည်။



Light Signal ( Photon ) ကို ဖမ်းယူရာတွင် Pixal Size ( Photosite) အကြီး နှင့် အသေး တို့ အတွင်း ရှိနေသည့် Signal and Noise Ratio ကို ပြသည့် ပုံ။

ဥပမာ ပြရ လျှင် 8 Megapixels Smart Phone ၏ Sensor Size သည် အက်စ်ပရင် အဖြား ကျ ဆေးပြား ကလေး အရွယ် မျှသာ ရှိသည်။ 8 Megapixels Compact Camera ၏ Sensor Size သည် လက်သည်း ခွံ ခန့် အရွယ် ရှိသည်။ Smart Phone ကင်မရာ Sensor ထက် များစွာ ကြီးသည်။

ထို့ ကြောင့် အဆိုပါ ကင်မရာ နှစ် ခု ၏ Sensor များက ထုတ်ပေးသည့် ပုံရိပ် အရည် အသွေးသည် လည်း အထက်တွင် ဆိုသကဲ့သို့ Sensor အကြီး Compact Camera မှ ဖေါ် ပေးသည့် ပုံရိပ်သည် Smart Phone Camera ထက် Noise နည်းသည် Ghosting ဖြစ်ခြင်း နည်းသည်။ ပုံထွက် ပိုကောင်းသည်။

သို့ သော် Apple မှ ထုတ်သည့် iPhone 5s မှာ မူ 8-Megapixel ဖြစ်စေကာမူ Point and Shoot ကင်မရာများ၏ Sensor Seize ပမာဏ အရွယ်မျှ ကြီး ထားသည်။

Advanced Compact ကင်မရာ၊ Mirrorless ကင်မရာ၊ Semipro and Professional DSLR ကင်မရာ များ၏ Sensor size များသည် Compact ကင်မရာ Semsor Size ထက် များစွာ ကြီးသည်။ အကြမ်း အားဖြင့် APS-C ကင်မရာ ၏ Sensize သည် စာပို့ တံ ဆိပ်ခေါင်း အရွယ်ခန့် ရှိသည်။



Sensor Size အရွယ် အမျိုးမျိုး ပုံ။

Full Frame ကင်မရာ Sensor Size မှာမူ တစ်လက်မ ခွဲ တစ်လက်မ (1.5 by 1 inches ) အရွယ် ခန့် ဖြစ်သောကြောင့် အထက်ပါ ကင်မရာ Sensor အရွယ်များထက် ပို၍ သိသာစွာ ကြီးသည်။ ဥပမာ အားဖြင့် နှိုင်းယှဉ် ပြောရပါက အဆိုပါ APS-C, 8-Megapixel ကင်မရာက ထုတ်ပေးသည့် ပုံရိပ်သည်။ 8-Megapixel Compact ကင်မရာက ထုတ်ပေးသည့် ပုံရိပ်ထက် ပိုသာလွန်ကောင်း မွန်သည်။ Full Frame 8-Megapixel ကင်မရာ Sensor က ထုတ်ပေးသည့် ပုံမှာမူ အထက်ပါ ကင်မရာ များ၏ ပုံထက် များစွာ သာသည်။



Sensor Size အရွယ် အမျိုးမျိုး နှိုင်းယှဉ် ထားသည့်ပုံ။

အောက်ပါ ဖယား များ မှာ ကင်မရာ အမျိုး အစားလိုက် ၄င်း တို့ Sensor အမျိုး အစားအလိုက် ပုံဖေါ်ပေးသည် Photosite အရွယ် ပမာဏ များ ကို ဖေါ် ပြ ထားခြင်း ဖြစ်ပါသည်။
 
Sensor "Type"
Imaging Area dimensions (width x height x diameter in mm)
1/2.7-inch
5.37 x 4.04 x 6.72
1/2.5-inch
5.76 x 4.29 x 7.18
1/1.8-inch
7.18 x 5.32 x 8.93
1/1.7-inch
7.6 x 5.7 x 9.5
2/3-inch
8.8 x 6.6 x 11.07
Four Thirds
18.0 x 13.5 x 22.5
APS-C (Canon )
22.2 x 14.8 x 26.7
APS-C (Nikon)
23.7 x 15.7 x 28.4
APS-C (Sony)
23.6 x 15.8 x 28.4
(Canon professional DSLR)
28.1 x 18.7 x 33.8
Full Frame (=35mm frame)
36 x 24 x 44.3
  
Camera Resolution
Sensor Type
Image Resolution (pixels)
Photosite surface area microns)
6 megapixels (1)
1/2.5-inch
2816 x 2112
2.045 x 2.045
7.1-megapixels (2)
1/2.5-inch
3072 x 2304
1.875 x 1.875
8 megapixels (3)
1/2.5-inch
3264 x 2448
1.76 x 1.76
10 megapixels (4)
1/1.8-inch
3648 x 2736
1.97 x 1.97
6.1 megapixels (5)
23.7 x 15.6
3008 x 2000
7.88 x 7.88
10.0 megapixels(6)
17.3 x 13.0
3648 x 2736
4.74 x 4.74
10.0 megapixels(7)
23.5 x 15.7
3872 x 2592
6.07 x 6.07
10.1 megapixels(8)
28.1 x 18.7
3888 x 2592
7.23 x 7.23
12.8 megapixels(9)
 35.8 x 23.9
4368 x 2912
8.19 x 8.19
(1) Nikon Coolpix L6 (2) Olympus SP550UZ (3) Sony Cyber-shot DSC-T100
(4) Canon PowerShot G7 (5) Nikon D40, (6) Olympus E-410, (7) Pentax K10D, (8) Canon EOS-1D Mark III, (9) Canon EOS5D
Megapixels ၏ အရာရောက် ပုံမှာမူ သင်သည် ပုံမည်မျှ ကြီးကြီး ထုတ်မည်နည်း ဆိုသည့် အချက် ပင် ဖြစ်သည်။ ပုံကြီးကြီး ချဲ့လျှင် ပုံကို အနုစိတ် ဖေါ် ရန် Pixels များများ လိုသည်။

Social Networks များတွင် သုံးသည့် ပုံများ၏ Pixels များ။

အောက်ပါပုံသည် Facebook, twitter, Linkedin စသည့် Social Media များတွင် သုံးသည့် Pixels ပမာဏနှင့် Print Size ဖြစ်သည်။



စင်စစ်အားဖြင့် လူအများစု Print လုပ်ကြသည့် ပုံရွယ်အစားအတွက် Pixel ပမာဏ များစွာ မလိုလှပါ။

Social Networks တွင် အများဆုံးသုံးသည့် Pixel ပမာဏ အချို့ကို အောက်တွင် ဖေါ်ပြပါမည်

A Twitter photo
-
375 x 375 pixels ( equal mere 0.15 Megapixels
A Facebook timeline photo
-
960 x 720 ( equal 0.69 Megapixels
Google + Cover Photo
-
2.53 Megapixels

Print လုပ်သည့် အခါ အများဆုံးသုံးသည့် Megapixels

သာမန်လူများ အနေဖြင့် များသော အားဖြင့် Highest Resolution File ကို တစ်ခါ တစ်ရံ မှသာ Print လုပ်လေ့ ရှိကြပါသည်။ ဓါတ်ပုံကို အများသုံး Print လုပ်လေ့ ရှိကြသည့် Size နှင့် Pixels ပမာဏမှာ ( 4 X 6 inches) နှင့် ( 8 X 10 Inches ) တို့ ဖြစ်ပါသည်။

( 8 X 10 Inches ) ကို Print လုပ် ပါက ( 300 Pixels per Inch ) ဆိုလျှင် အတော် ကောင်းသည့် ပုံ ထွက်သည်။ အဆိုပါ 300 Pixels per Inch ကို အလျှားလိုက် နှင့် ဒေါင်လိုက် မြှောက်လျှင် ( 300 X 8 = 24,00) နှင့် ( 300 X 10 = 3000 ) 2,400 X 3,000 pixels ဖြစ်လာပါသည်။ 2,400 X 3,000 pixels သည် 7.2 Megapixels ဖြစ်ပါသည်။

ဆိုလိုသည်မှာ စီးပွားရေး ကြော်ငြာ ပိုစတာ ကြီးများ မဟုတ်မူဘဲ သာမန်သုံး ဓါတ်ပုံ ( 8 X 10 Inches Size ) ကို Print ထုတ်ရန်အတွက် 7.2 MP ဆိုလျှင် အတော် ကောင်းသည့် ပုံရပါသည်။

Adding extra megapixels for cropping

ဓါတ်ပုံ ရိုက် ပြီးမှ မိမိ လိုသကဲ့ သို့ Composition ရရန် အတွက် ပုံ ကို Crop လုပ်သည့် အချိန် မျိုး လည်း ရှိပါသည်။ ၍ ကဲ့ သို့ Crop လုပ်ပါ က မူရင်းပုံ ၏ Pixels များ ဆုံးရှုံး ပါသည်။ ထို့ကြောင့် ၀ါရင့် Professional Photographer များသည် မရိုက် မှိ ထည်းက လို ခြင်း သည့် Composition ကို ရအောင် လွင် ချပြီးမှ သာ ခလုပ် နှိပ် လေ့ ရှိပါသည်။

အချို့ သော Visual real estate photographer များမှာ မူ ရိုက်ပြီးမှ အတော် များများ ပြန် Crop လုပ် ကြရသည့် အနေအထားမျိုး လည်း ရှိပါသည်။ အဆိုပါ အခြေအနေ မျိုး အတွက် မူ Crop လုပ် လိုက်လျှင် ဆုံးရှုံး များမည့် Pixels များအတွက် ပါ ထည်းသွင်း စဉ်း စားကာ သာမန်သုံး Pixels အနေအထား မှ 50% to 70% အထိ ပိုသော Pixels နှင့် ရိုက်ရန် လိုပါမည်။

အောက်ပါပုံမှာ အရည် အသွေးကောင်း ဓါတ်ပုံတစ်ပုံ Print လုပ်ရန်အတွက် ဓါတ်ပုံ Size အလိုက် အကြမ်း ဖျဉ်း လိုအပ်သည့် Pixels အရေအတွက်ကို ပြသည့် ဇယားဖြစ်ပါသည်။



Pixel များများ လိုသည့် အခြေအနေမျိုး

သို့ရာတွင် အထက်တွင် ဖေါ် ပြခဲ့သကဲ့သို့ ပုံကို ကြီးကြီးချဲ့ ရသည့် လုပ်ငန် မျိုး တွင် သော်လည်း ကောင်း၊ အချို့ သော Macro Photography ရိုက်သည့် အချိန် တွင် ရုပ်ပုံ ကြီးလောစေရန် များများ Crop လုပ်ရန် လို သည့် အခြေအနေ မျိးတွင် သော်လည်း ကောင်း Pixels များများ သုံးရန် လိုပါလိမ့်မည်။

Credit: ဆရာဦးစိုးလှိုင် (Country Road)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...