Pad Thai ဆန်ပြားခေါက်ဆွဲကြော်



ထိုင်းစတိုင် ဆန်ပြားခေါက်ဆွဲပါ။ နေ့လည်စာ၊ ညနေစာအဖြစ် အလွယ်တကူ လုပ်စားနိုင်ပါတယ်။ ဆန်ပြား(သို့)ဆန်ခေါက်ဆွဲကို ကြက်သား၊ ၀က်သား၊ ပင်လယ်စာ၊ ပဲပင်ပေါက် တို့နဲ့ ရောကြော်ထားတာပါ။ ၀တ်ရည်က ရိုးရိုးခေါက်ဆွဲကို သုံးထားတာပါ။ ပြီမှ ပဲပင်ပေါက်၊ မြေပဲ၊ သံပရာသီး၊ ကြက်သွန်မြိတ် တို့ဖြင့် တွဲဖက်ပြီ သုံးဆောင်ရပါတယ်။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
ဆန်ပြားခေါက်ဆွဲ(သို့)ဆန်ခေါက်ဆွဲ – ၃၀၀ ဂရမ်
ပုဇွန်ကျား – ၁၅၀ ဂရမ် (အမြှီချန် အခွံနွှာထားပေးပါ)
ကြက်အူချောင်း – ၂ချောင်း (အစောင်းပါးပါးလှီး ဆီနည်းနည်းဖြင့် ကြော်ထားပေးပါ)
ဂုံး – စားပွဲတင်ဇွန်း ၃ဇွန်းစာ (optional)
ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆွမ်းအုပ် ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
ငရုတ်သီးအနှစ် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သွန်မြိတ် – စည်းဝက် (၁လက်မခွဲအရွယ် ပိုင်းဖြတ်ထားပါ)
ဟူစိုင် – စည်းဝက် (၁လက်မခွဲအရွယ် ပိုင်းဖြတ်ပါ)
ပဲပင်ပေါက် – လက်၂ဆုပ်စာ
ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
သံပရာသီး – ၁လုံး (အ၀ိုင်းပါးပါးလှီးထားပါ)
မြေပဲ – စားပွဲတင်ဇွန်း ၅ဇွန်း (မညက်တညက်ထောင်းပါ)


ပြင်ဆင်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲ ရေများများထည့်ပြီ ရေဆူလာလျှင် ဆားအနည်းငယ်ထည့်၊ ဆန်ခေါက်ဆွဲထည့်ပြီ ၄-၅မိနစ်ခန့် တည်ထားပေးပါ။

၂။ ပြီလျှင် ဆန်ခေါက်ဆွဲကို ဇကာဖြင့် ပြန်စစ်ထားပေးပါ။

၃။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီ ဆီပူလျှင် ကြက်ဥ ၂လုံးကို အ၀ိုင်းပြား ကြော်ပေးပြီ ပန်းကန်ထဲ ပြန်ဖယ်ထားပါ။



၎။ ပြီလျှင် ဒယ်ထဲ ကြက်သွန်ဖြူ ထည့်ပြီ ပုဇွန်၊ ဂုံးတို့ကို တလှည့်စီ အရောင်ရအောင် ၁မိနစ်ခန့် ကြော်ပေးပြီ ပြန်ဖယ်ထားပါ။



၅။ ခွက်တစ်ခုထဲတွင် ဆော့ရည်အတွက် (ပဲငံပြာရည်၊ ငါးငံပြာရည်၊ ရေ(စားပွဲတင်ဇွန်း ၂ဇွန်း) တို့ကို ရောမွှေထားပါ။

ချက်ပြုတ်နည်း

၁။ ဆန်ပြားခေါက်ဆွဲကြော် စကြော်လို့ရပါပြီ။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးအနှစ်တို့ကို ထည့်ပေးပြီ မိနစ်ဝက်ခန့် ဆီပူထိုးပါ။



၂။ ပြီမှ ပုဇွန်၊ ဂုံး၊ ဆော့ရည်တို့ကို ထည့်ပေးပါ။



၃။ ထို့နောက် ခေါက်ဆွဲ၊ ကြက်အူချောင်း ထည့်ပြီ သမအောင် ဆီပြန်သည်အထိ ၂မိနစ်ခန့် တည်ထားပါ။

၎။ နောက်ဆုံးမှ ကြက်သွန်မြိတ်၊ ဟူစိုင်၊ ပဲပင်ပေါက် ဖြူးပြီ မီးပိတ်လိုက်ပါ။



၅။ အရသာရှိသော ဆန်ပြားခေါက်ဆွဲကြော်ကို ကြက်ဥ၊ ပဲပင်ပေါက်၊ မြေပဲ၊ သံပရာသီး၊ ငရုတ်သီးလှော်မှုန့်တို့ဖြင့် အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ…


 
 
C@Wutyee Food House
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...