April Fool နေ့ နောက်ကွယ်က လျှို့ဝှက်ချက်

ဧပြီလ ၁ ရက်နေ့မှာ ကိုယ်နဲ့ ရင်းနှီးတဲ့ ချစ်သူ၊ ခင်သူတွေကို ပြန်ပြီး စနောက်လေ့ ရှိတာ အနောက်နိုင်ငံတွေမှာ အစဉ်အလာ တစ်ခု လို ဖြစ်နေပါပြီ။ ဒါပေမယ့် ဧပြီအရူးလုပ်တယ်ဆိုတဲ့ ကိစ္စနောက် ကွယ်က သမိုင်းကြောင်း လျှို့ဝှက်ချက် ကိုတော့ လူတိုင်း သိချင်မှ သိကြပါလိမ့်မယ်။

ဧပြီအရူးနေ့( ဧပြီလ ၁ ရက်နေ့) ဖြစ်ပေါ်လာပုံ က ပြက္ခဒိန်နှစ်ခုကနေ အစပြုတာ ဖြစ်ပါတယ်။ ၄၆ ဘီစီ မှာ ရောမဘုရင် ဂျူးလီးယက်ဆီဇာက အသစ်ဖြစ် တဲ့ အစပြုမှုကို ကိုယ်စားပြုတဲ့ နတ်ဘုရားဂျန်နက်စ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဇန်န၀ါရီ ၁ ရက်နေ့ကို နှစ်တစ်နှစ် ရဲ့ပထမဆုံးနေ့အဖြစ် သတ်မှတ်မယ်လို့ ကြေညာခဲ့ပါ တယ်။ ဒါပေမယ့် ခရစ်ယာန်တွေ အတွက်တော့ နှစ် တစ်နှစ်ရဲ့ ပထမဆုံးနေ့ရက်ဟာ ဧပြီ ၁ ရက်နေ့ပဲ ဖြစ်ပါ တယ်။ အကြောင်းကတော့ ဧပြီ ၁ ရက်နေ့ဟာ အီစတာပွဲတော်နေ့ဖြစ်တဲ့ ဧပြီ ၅ ရက်နေ့လည်း နီးကပ်နေ တဲ့ အတွက် နှစ်သစ်ရဲ့ ပထမဆုံးနေ့အဖြစ် သတ်မှတ်ရင် ပိုသင့်တော်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် ခရစ်တော်ဟာ လည်း အီစတာပွဲတော်နေ့ နံနက်မှာ ရှင်ပြန်ထမြောက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်အဆိုတစ်ခုကတော့ ဧပြီ ၁ ရက်နေ့ ရောက်ရင် ကမ္ဘာကြီးရဲ့ လည်ပတ်မှုဟာ အီကွေတာနဲ့ နီးစပ်သွားပြီး အဲဒီအချိန်ရောက်ရင် တကမ္ဘာလုံးဟာ နွေဦးရာသီနဲ့အတူ အသစ်ပြန်ဖြစ်တယ် ဆိုတာပဲ ဖြစ် ပါတယ်။ ပုပ်ရဟန်းမင်းကြီး XIII ဟာလည်း ဇန်န၀ါရီ ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ချင်ခဲ့ ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ ဘယ်နေ့ကို ဘယ်လိုနေ့မျိုးလဲဆိုတာ စဉ်းစားရခက်နေရင်တော့ တခြားတစ်ယောက်ရဲ့ စနောက်မှုကို ခံရဖို့ သေချာနေပါပြီ။ ဧပြီအရူးနေ့အဖြစ် အမေရိကန်၊ဘရာဇီး၊ ကနေဒါနဲ့ အင်္ဂလန်တို့မှာ နောက်ပြောင်စနောက်လေ့ ရှိကြပြီး စကော့တလန်မှာ ဆိုရင် နှစ်ရက်တောင် လုပ်တယ်လို့ သိရပါတယ်။ ပြင်သစ်မှာတော့ Fish Day လို့ ခေါ်ကြပြီး တစ်ယောက်ယောက် ရဲ့ကျောကုန်း မှာ စက္ကူနဲ့လုပ်ထား တဲ့ ငါးအရုပ်တွေ ကပ်လေ့ရှိပါတယ်။

ဂျူးလူမျိုးတွေ ဆိုရင်လည်း တောင်ပေါ်မှာ ရှိတဲ့ ဘုရားကျောင်းပေါ်မှာ UFO ဂြိုဟ်သားယာဉ်ပျံတွေ ပျံဝဲနေတဲ့ ဗီဒီယိုဖိုင်တွေ၊ ဂျေရုဆလင်မှာ ရှိတဲ့ အနောက်ပိုင်းက နံရံကြီးကို ကြော်ငြာရှင်တွေဆီ ရောင်းဖို့ စီစဉ်နေ တယ် စတဲ့ ဗီဒီယိုဖိုင်တွေကို အွန်လိုင်းမှာ တင်ပြီး စနောက်လေ့ ရှိပါတယ်။

စာရေးဆရာကြီး မာ့ခ်တွင်း ပြောဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “ ဧပြီင်္လရဲ့ ပထမဆုံးရက်ကို ကျွန်တော် တို့ကို တစ်ခု သတိထားမိစေပါတယ်။ ကျွန်တော်တို့ဟာ နှစ်တစ်နှစ်ရဲ့ ၃၆၄ ရက် ဖြစ်တယ်” ဆိုတာပါပဲ။

Ref - theblaze.com
Planet Myanmar News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...