ကားစီးခြင်း နှင့် ဘေးအန္တရာယ်

ယေဘုယျအားဖြင့် ကားတစ်စီးမှာ ယာဉ်မောင်းသူနေရာ၊ ယာဉ်မောင်းသူ၏ ဘေးဖက်ထိုင်ခုံနေရာ၊ ယာဉ်မောင်း သူ၏ အနောက် ဖက် တည့်တည့်နေရာ၊ ယာဉ်မောင်း ထိုင်ခုံဘေး၏ အနောက်ဖက်နေရာ ဆိုပြီး လေးနေရာ ရှိကြပါတယ်။ ယာဉ်မောင်းနေစဉ် မ တော်တဆ ယာဉ် တိုက်မှုဖြစ်တဲ့အခါ မည်သည့်နေရာ က အန္တရာယ် အရှိဆုံးလို့ သင်ယူဆပါသလဲ?

နံပါတ်(၁) အန္တရာယ် အများဆုံးနေရာ။
ယဉ်မောင်း၏ဘေးတွင် လိုက်ပါလာသော ခရီးသည်က အန္တရာယ် အများဆုံးဖြစ်ပါတယ်။ အရှိန်ပြင်းပြင်း ယာဉ်တိုက်မှုဖြစ်တဲ့အခါ များသောအားဖြင့် ထိုနေရာရှိခရီးသည်ဟာ ကားရှေ့ မှန်ကိုခွဲထွက်၍ လူတစ်ကိုယ် လုံးအပြင်ဖက်သို့ လွှင့်စင်ကျ၍သော်လည်း ကောင်း၊ ကားရှေ့ စက်ဖုံးပေါ်သို့ သော်လည်းကောင်း ကျတတ် ပါတယ်။ ဒါ့ပြင် ဘေးတံခါးပွင့်၍လည်း အောက်သို့ ပြုတ်ကျနိုင်ပါ သေးတယ်။ အကယ်၍ ကားဘေးတံခါး မပွင့်(သို့ )ကားရှေ့ မှန် မကွဲခဲ့သော်ငြား ထိုထိုင်ခုံရှိခရီးသည်မှာ နဖူး နှင့် ရှေ့ မှန်၊ ငယ်ထိပ် နှင့် ကားအမိုး၊ ဒူး နှင့် ဒိုင်ခွက်၊ ရင်ဘတ်၊ ၀မ်းဗိုက်၊ ကားတံခါး မှန်တင်/မှန်ချ လက်ကိုင်များ စသည်တို့ ဖြင့် ထိခိုက်မိနိုင်ပါ တယ်။ ဒါကြောင့် အန္တရာယ်ကိုရှောင်တဲ့ အနေဖြင့် ဖြစ်နိုင်ရင် ယာဉ်မောင်းသူ ၏ဘေးထိုင်ခုံမှာ မထိုင်ကြဖို့  အကြံပြုလိုပါတယ်။

နံပါတ်(၂) အန္တရာယ် အများဆုံးနေရာ။
ယာဉ်မောင်းသူမှာ ၄င်းရှေ့ မှ စတီယာရင် ခံနေတာကြောင့်၊ သူ့ ဘေးထိုင်ခုံက ခရီးသည်လိုမျိုး ကားရှေ့ မှန် ကနေပြီး အပြင်ဖက် ကို လွင့်စဉ်ကျမသွားနိုင်ပါဘူး။ ဒါကြောင့် ယာဉ်မောင်းသူက ဒုတိယ အန္တရာယ် အများ ဆုံးလို့ ဆိုနိုင်ပါတယ်။ ယာဉ်မောင်းသူက နဖူး နှင့် ရှေ့ မှန်၊ ရင်ဘတ် နှင့် စတီယာရင်၊ ငယ်ထိပ် နှင့် ကားအမိုး၊ ဒူး နှင့် ဒိုင်ခွက်မျက်နှာစာ တို့ ဖြင့် ထိခိုက်မိနိုင်ပါတယ်။

နံပါတ်(၃) အန္တရာယ် အများဆုံးနေရာ။
တတိယ အန္တရာယ်အများဆုံး သူကတော့ ယာဉ်မောင်းထိုင်ခုံဘေး၏ အနောက်ဖက် တည့်တည့်နေရာဖြစ် ပါတယ်။ ယာဉ်တိုက်မှု ဖြစ်တဲ့အခါမှာ ၄င်းခရီးသည်ဟာ ရှေ့ ထိုင်ခုံ၏ နောက်မှီဖြင့်သော်လည်းကောင်း၊ ၄င်းခုံဘေးရှိ တံခါးမှန်တင်/မှန်ချ လက်ကိုင်များ ဖြင့်သော်လည်းကောင်း တိုက်မိနိုင်ပါတယ်။ အကယ်၍ ယာဉ်တိုက်မှုအရှိန်ပြင်တဲ့အခါမှာလည်း၊ သူ့ ရှေ့ တည့်တည့်မှာ ထိုင်နေ တဲ့ခရီးသည်က အပြင်ဖက်သို့  လွင့်စဉ်ကျသွားတဲ့အခါ၊ ၄င်းနောက်တည့်တည့်ခုံမှ ခရီးသည်ဟာ အရှေ့ ဘက်ရှိ လစ်လပ်နေတဲ့ ခုံ ပေါ် သို့ ရောက်သွားနိုင်ပြီး၊ ကားရှေ့ ခန်းမှ ဒိုင်ခွက်မျက်နှာစာ၊ ရှေ့ မှန်၊ အမိုး၊ ရှေးဘေးတံခါး နှင့် မှန်တင်/မှန်ချ လက်ကိုင် တို့ ဖြင့်ပါ ထပ်မံတိုက်မိ၍ ထိခိုက်နိုင်ပါတယ်။

နံပါတ်(၄) အန္တရာယ် အများဆုံးနေရာ။
ယာဉ်မောင်းသူ၏ နောက်ဖက် တည့်တည့်နေရာကို အန္တရာယ် အနည်းဆုံးနေရာလို့ သတ်မှတ်နိုင်ပါတယ်။ အကြောင်းရင်းက တော့၊ ယာဉ်မောင်းသူမှာ စတီယာရင် ခံနေတာကြောင့် ၄င်းဘေးမှာ ထိုင်နေတဲ့ ခရီး သည်လိုမျိုး အပြင်ဖက်ဘက်ကိုဖောက်၍ လွင့် စင်ကျသွားတာမျိုး မရှိနိုင်ခြင်း(သို့ )ယာဉ်မောင်းက ခါးပတ် ကြိုး သိုင်းပတ်၍ မောင်းရတာကြောင့်လည်း ဘေးတံခါးမှပွင့်ထွက်မ ကျခြင်း စသည် တို့ ကြောင့် နောက်က ခရီးသည်ကို အကာအကွယ်ပေးထားသလိုဖြစ်နေပါတယ်။ ဒါကြောင့် ယာဉ်တိုက်ခိုက်မှု ဖြစ်တဲ့အခါ၊ ၄င်းရှေ့ ရှိ ယာဉ်မောင်းထိုင်ခုံ၏ နောက်မှီနှင့်သော်လည်းကောင်း၊ ဘေးတံခါး မှန်တင်/မှန်ချနှင့်သော် လည်းကောင်း တိုက်မိတဲ့ဒဏ်ရာများသာ ရရှိနိုင်ပါတယ်။

ဆက်လက်၍ အကြံပြုလိုသည်မှာ ကားတစ်စီးမှာ အကောင်းဆုံး စွမ်းဆောင်ရည် ရှိစေရန်အတွက် သက်ဆိုင်ရာ အစိပ်အပိုင်း အသီး သီးရဲ့ ကြံ့ခိုင်မှု အခြေအနေကို အကောင်းဆုံး အနေအထားမှာ ရှိနေဖို့  လိုအပ်ပါတယ်။ အိမ်စီးကားရယ်မှမဟုတ်ပါဘူး။ စက်တပ် မော်တော်ယာဉ် အားလုံးအတွက် အောက်ပါ အတိုင်း စစ်ဆေးသင်ပါတယ်။

(က) ATF ဆီ
ATF (Automatic Transmission Fluid)ဆီဟာ အင်္ဂျင်၊ ပါဝါစတီယာရင် လုပ်ဆောင်ချက်များတွင် အဓိက အကျဆုံးကြားခံ ပစ္စည်းဖြစ်တာကြောင့် မိုင် ၂၄၀၀၀ မှ ၃၆၀၀၀ ကြားမောင်းနှင်ပြီးပါတိုင်း ATF ဆီ လဲလှယ်ရန် လိုအပ်ပါတယ်။

(ခ) ဘက်ထရီ နှင့် ကြိုးများ
ဘက်ထရီအိုးများ ယိုစိမ့်မှု ရှိ မရှိ၊ ဆက်သွယ်ထားသောကြိုးများ သန့် ရှင်းမှုသေချာမှု ရှိ မရှိ၊ သံချေးတ က်ခြင်း ရှိ မရှိ စသဖြင့် ပုံမှန် စစ်ဆေးသင့်ပါတယ်။ ဘက်ထရီအိုးများကို သုံးနှစ်ထက်ပို၍ မသုံးစွဲသင့်ပေ။

(ဂ) ခါးပတ်ကြိုးများ
အင်ဂျင်၊ ဒိုင်နမို နှင့် မော်တာများကြား ဆက်သွယ်ထားသော ခါးပတ်ကြိုးများ လျော့နေခြင်း၊ ပုံမှန်အခြေ အနေ မရှိခြင်းများ ဖြစ် နေပါက အင်ဂျင်ခန်းတွင်းမှ ဆူညံသံများ ထွက်ပေါ်လေ့ရှိပါတယ်။ ဒါကြောင့် ခါးပတ်ကြိုးများကို စံနစ်တကျရှိစေရန် စစ်ဆေးပြု ပြင်ပါ။ မိုင် ၆၀၀၀၀ မှ ၉၀၀၀၀ ကြား မောင်းနှင်ပြီးပါက ခါးပတ်ကြိုးများကို လဲလှယ်ပေးပါ။

(ဃ) ဘရိတ်
ဘရိတ်စံနစ်တစ်ခုလုံးမှာ ပါဝင်သော ရှူးများ၊ ဆုံများ၊ ဒရမ်များ နှင့် အစိတ်အပိုင်းအားလုံးကို ခြောက်လ တစ်ကြိမ် ကျွမ်းကျင်သူ များနှင့် စစ်ဆေးသင့်ပါတယ်။ ဘရိတ်ဆီကို မိုင် ၂၄၀၀၀ မောင်းနှင်ပြီးတိုင်း အသစ် လဲလှယ်ပါ။

(င) ရေတိုင်ကီ
ကားအင်ဂျင်အတွက် အဓိကကျသောစံနစ်တစ်ခုဖြစ်ပြီး ရေတိုင်ကီအတွင်းရှိ ရေပမာဏကို အမြဲစစ်ဆေးပေး ရပါမယ်။ ရေဆုံးရှုံးမှု ပမာဏ များပြားနေခြင်းဟာ ရေတိုင်ကီ ယိုစိမ့်ခြင်း(သို့ )ရေပိုက်များ ပေါက်နေခြင်း တို့ ဖြစ်တတ်၍ စစ်ဆေးခြင်း နှင့် အသစ်လဲ လှယ်ခြင်းများ ပြုလုပ်ပေးရပါမယ်။

(စ) အင်ဂျင်ဝိုင် နှင့် ဆီစစ်ဆန်ခါ
အင်ဂျင်ဝိုင်ကို ကားမိုဒယ်အမျိုးအစားပေါ် မူတည်၍ အနည်းဆံးမိုင် ၃၀၀၀ မှ အများဆုံးမိုင် ၅၀၀၀ မောင်းနှင်ပြီးတိုင်း လဲလှယ် သင့်ပါတယ်။ ဆီစစ်ဆန်ခါများကိုလည်း အလားတူပင် လဲလှယ်သင့် ပါတယ်။

(ဆ) အိတ်ဇော
ပုံမှန်မဟုတ်သော အသံများ ထွက်ပေါ်ခြင်း၊ ဆူညံသံ များလာခြင်းများ ဖြစ်ပေါ်လာပါက မပျက်မကွက် စစ်ဆေးခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်ပေးရပါမယ်။

(ဇ) ပလပ်များ
ကားအင်ဂျင်မီးကူးရန် အဓိက လုပ်ဆောင်ပေးရသည့် အစိပ်အပိုင်းဖြစ်ပြီး မိုင် ၃၀၀၀၀ မောင်းနှင်ပြီးတိုင်း စစ်ဆေးသင့်ပါတယ်။ လိုအပ်ပါက လဲလှယ်ပါ။

(စ်) တာယာမ်ား
ကားတာယာများ၏ ဖိအား နှင့် ပန်းအခြေအနေကို ပုံမှန်စစ်ဆေးပေးရပါမယ်။ မိုင် ၆၀၀၀ မောင်းနှင်ပြီးတိုင်း တာယာများကို လဲလှယ် အသုံးပြုသင့်ပါတယ်။

(ည) ရေသုတ်တံများ
အချို့ ရေသုတ်တံများဟာ သတ်မှတ်ဆပ်ပြာဆီကိုသာ အသုံးပြုရန် ကန့် သတ်ထားသည်ကို သတိပြု ပါ။ ရေသုတ်တံရှိ ရော်ဘာ အဖုံးများကိုလည်း ခြောက်လတစ်ကြိမ် လဲလှယ်သင့်ပါတယ်။

(ဋ) အခြားအစိတ်အပိုင်းများ
ပါဝါဆီ၊ ဆီပိုက်၊ တိုက်ရော့၊ အလိုင်းမင့်၊ ရှောအတ်ဇောဘား နှင့် ဘောဂျိုင်းများကိုလည်း ပုံမှန်အခြေအနေ ရှိ မရှိကို တစ်လ တစ်ကြိမ် ပုံမှန် စစ်ဆေးသင်ပါတယ်။ အင်ဂျင်လေစစ်ဆန်ခါများ၊ လေအေးပေးစက် နှင့် အပူပေးစက်တွင် အသုံးပြုထားသော လေစစ်ဆန်ခါများကို သုံးလတစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ ကားဆေးသား တာရှည်ခံစေရန်အတွက် ပုံမှန်ရေဆေးသင့်ပြီး အ ရောင်တင်ခြင်း၊ ဖယောင်းတိုက်ခြင်း များကိုလည်း တစ်လနှစ်ကြိမ်ခန့်  ပြုလုပ်သင်ပါတယ်။

သတိပြုရန်။
(က) ယာဉ်တိုက်မှု ကင်းဝေးစေရန်၊ မိုင်ကျော်၍မမောင်းပါနှင့်။ (ခ) ကားပြိုင်မမောင်းပါနှင့်။ (ဂ) မူးယစ် အရက်သေစာ သောက်သုံးပြီးမမောင်းပါနှင့်။ (ဃ) အာရုံလွင့်ပြန့် ရင်း မမောင်းပါနှင့်။ (င) ဖုန်းပြောရင်း မမောင်းပါနှင့်။ (စ) အိပ်ငိုက်ရင်း မ မောင်းပါနှင့်။ (ဆ)ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးပါ။

မှတ်ချက်။
ဂျာမနီနိုင်ငံရှိ နှလုံးရောဂါ ကျန်းမာရေး စင်တာတစ်ခုမှ လေ့လာစမ်းစစ်ချက်များအရ၊ ကားဟွန်းသံ ဆူးညံ သံတွေက စိတ်အနှောင့် အယှက်ဖြစ်စေရုံသာကမ၊ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်းကို ပို၍မြန်ဆန် လာစေကြောင်း၊ နှလုံးရောဂါ နှင့် ဆက်စပ်မှု ရှိကြောင်း၊ ထိုဆူညံသံတွေကြောင့် အမျိုးသားတွေမှာ ၅၀ ရာခိုင်နှုန်းပို၍ နှလုံးသွေးကြောပိတ်ဆို့ စေနိုင်ကြောင်း၊ ထို့ ကြောင့် ကားလမ်းမ ဘေး နေထိုင်ရသော အိမ်များဟာ နှလုံးကျန်းမာရေးကို အနှောင့်အယှက်ဖြစ်စေကြောင်း ကျန်းမာရေး သတိပေး ထားပါတယ်။

(ကိုးကား… Daily Health Tips@ happy family driving car)

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...