ဖိုးလပြည့် (ခ) နေရွှေသွေးအောင် ရင်ဖွင့်ပြီ

ကျွန်တော် စဉ်းစားတယ်ဗျ … အတိုက်အခိုက်ခံ လာရတဲ့ အခါ အရင်တုန်းက လိုဘာမှမပြော ဘဲနေ မလား၊ အမှန်အတိုင်း ရှင်းပြ မလားဆိုတာ…

ကျွန်တော် ပထမဆုံးအကြိမ် Public ကိုစာရေး ရှင်းပြခဲ့တာက တက္ကသိုလ်ဘောလုံးပွဲ လုပ်တုန်းက ပါ။ တစ်ခုသွားတွေ့ရတာ မြန်မာ လူမျိုးတော်တော် များများက ကော လာဟလကို ယုံလွယ်တယ် ဆိုတာနဲ့ ကောင်းကောင်းမွန်မွန် ရှင်းပြ တော့လည်း လက်ခံတတ်ကြတယ် ဆိုတာပါပဲ…

အခုလည်း Exile မီဒီယာသ မားတစ်ယောက်က သူ့ဂျာနယ်မှာ ပေါက်ကရ ရေးထားတာတွေ့ရပါ တယ်။ သိုသိုသိပ်သိပ်ပင်နေလို သော်လည်း အရင်ကလို အမြင် ကတ်ပုဒ်မနဲ့ စော်ကားတိုင်း ခံရမယ့် ခေတ်မ ဟုတ်တော့လို့ လူထုကြား ပျံ့နေတယ်လို့ယူဆရတဲ့ ကောလာ ဟလသတင်းမှားများကို အမှန်အ တိုင်းပြန် လည်တင်ပြ အပ်ပါတယ်။

၁။ စင်ကာပူတွင် ကျောင်းတက် သည်ဆိုသည့်ကိစ္စ

မည်သည့်နိုင်ငံ၏တက္ကသိုလ် ကိုမှ လေ့လာရေးအဖြစ် အလည် အပတ်ပင်မရောက်ရှိဖူးပါ။ ဘယ် လိုစပြီး သတင်းထွက်လာမှန်းကို ပင်မသိပါ။ စင်ကာပူနိုင်ငံရှိမည် သည့် တက္ကသိုလ်/ကျောင်းများ တွင်မဆိုလည်း စုံစမ်းနိုင်ပါသည်။ လေယာဉ်/ရဟတ်ယာဉ်ဖြင့်နေ့ချင်း ပြန်သွားတက်ဖို့ဆိုတာကတော့ ပို ၍ပင်ဝေးသော ကိစ္စဖြစ်ပါသည်။

၂။ မင်းသမီးများနှင့်ကိစ္စ

ဝတ်မှုန်ရွှေရည်နှင့် ခိုးပြေး သည်၊ Suzuki ကားပေးသည်ဆို သည်မှာ မဟုတ်ကြောင်း အစက တည်းက ရှင်းပြဖူးပါသည်။ ပေး လည်းမပေးနိုင်သလို ပေးလည်း ယူမည့် သူမဟုတ်ပါ။ ၂ဝဝ၉ ခုနှစ် သူ့မွေးနေ့ပွဲ သွား တက်ပြီး နောက် ရက်မှာပင်အဲ့လိုပြောလာခြင်းဖြစ် ပါသည်။ သူ့ကိုပေးခဲ့သည့် လက် ဆောင်က Ralph Lauren Lotion နှင့် ရေမွှေးဘူးဖြစ်ပါသည်။ မိုးယုစံ နှင့်လည်းလက်ထပ်သည်ဟု Freedom News Group က သတင်း မှားဖြန့်ဖူးပါသည်။ အဲ့ဒီfacebook page က ဗုဒ္ဓဘာသာ ပတ်သက်လာလျှင်တောင် မအေ နှမ ကိုင်တုတ် တတ်ကြောင်းကြားဖူးပါသည်။

မိုးစက်ဝိုင်တစ်ယောက်လည်း သူ့စရိတ်နဲ့သူဘောလုံးပွဲ လာတက် ပေးတာတောင် တော်တော်အကြိတ် ခံလိုက်ရရှာပါသည်။ ပြိုင်ကားမှာ ကျွန်တော့်သူငယ်ချင်း ကားဖြစ် ပြီး ကျွန်တော့်သူငယ်ချင်းက ကား မောင်း၊ ကျွန်တော်က မိုးစက်ဝိုင် ဖလားယူလာသည်ကို စင်ပေါ်မှ စောင့်ကာ လက်ခံပေးခြင်းဖြစ်ပါ သည်။ (ကား တံခါးဖွင့်ပေးနေသည့် သူမှာ Restaurant မှငှားထားသော Waiter တစ်ဦးသာဖြစ်ပါသည်)

နောင် ကောလာဟလထွက် လာလျှင် လူထုနှင့်ထိတွေ့မှုရှိသည့် သက်ဆိုင်ရာအနုပညာရှင်များကို တိုက်ရိုက်မေးလျှင် ပိုကောင်းမည်ဟု ထင်ပါသည်။

၃။ ရဟတ်ယာဉ်မောင်း/အသုံး ပြုသည်ဟူသော ကိစ္စ

လုံးဝမမောင်းဖူး/မသင်ဖူးပါ။ ဝါသနာလည်းမပါပါ။ ရဟတ်ယာဉ် နဲ့ ဘဲကင်ဝယ်ပေးရသည်ဟု ရေး တာ ကတော့ ဘာပြောရမှန်းတောင် မသိတော့ပါ။ မှတ်မှတ်ရရ ရဟတ် ယာဉ်ကိစ္စ မဇ္ဈိမက ရေးသားခဲ့ခြင်း ဖြစ် ပါသည်။ သို့သော် မဇ္ဈိမသည် အတိုက်အခံလုပ်ခဲ့သော မီဒီယာ များအနက် နောက်ပိုင်းတွင်သိက္ခာ ရှိရှိ ရေး သားရပ်တည်မှုပြုလာ သည် ဟု မြင်ပါသည်။

၎။ ဗိုလ်ချုပ်ကြီးတင်အောင်မြင့် ဦး၏သား ကော်ဖီဆိုင်ကိုဘူဒိုဇာ ဖြင့် ထိုးသည်ဟူသော ကိစ္စ

မှတ်မိသလောက် ငါးထောင် တန်ကော်ဖီကိုမှာ၍ မရဟုဆိုသဖြင့် ကျွန်တော်က ဘူဒိုဇာဖြင့် ထိုးချ ခိုင်းသည် ဟုရေးထားပါသည်။ လုံးဝ မဟုတ်သလို ထိုကဲ့သို့လည်း ဘယ် သူမှလုပ်၍ရမည်မဟုတ်ပါ။ သူ့ ဟာသူ ငြိစွန်းသဖြင့် ဖျက်ခိုင်းခဲ့ ခြင်းဖြစ်သည်ဟုသိရပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ကာ ယကံရှင်များကို သာမေးကြပါဟု တိုက်တွန်းပါသည်။

၅။ မန်ယူဝယ်မည်ဆိုခြင်း

Chelsea ပရိသတ်ဖြစ်ပါသည်။Joe Cole, Robben, Drogba, Ballack, Lampard, Essien, Terry, Carvalho, Cech တို့ခေတ်ကိုအကြိုက် ဆုံးဖြစ်ပါသည်။ မန်ယူမှ လွဲ၍ လည်း အကုန်အားပေးပါသည်။ ကျွန်တော့်လို နာမည်ကြီး ထမင်း ငတ်ကောင်မပြောနှင့် မြန်မာပြည် ရှိ ဘယ်သူဌေးမှ မန်ယူမဝယ်နိုင် ပါ။ ဘယ်သူဌေးကမှလည်း ဒီ လောက်နိုင်ငံတကာက မျက်စိ ဒေါက်ထောက်ကြည့်၊ ပိတ်ဆို့နေ ချိန်တွင် ဘယ် Club ကိုမှ ဝယ်ဖို့မ ကြိုးစားခဲ့ပါ။

၆။ The Whole Burma First

Top 10 List တွင်ပင် မပါပါ။ ‘သားကိုပေးပါ’လို့ အတင်းသွား ပြောရင်တော့ ပေးကောင်းပေးနိုင် ပါသည်။ စာဖတ်သူကော ရာထူးရှိ တိုင်း အဲ့လိုကြီးမျက်နှာပြောင်တိုက် သွားပြောချင်မည်လား၊၊ လူထဲက လူ သာဖြစ်သော ကျွန်တော်သည် လည်း မတောင်းခဲ့ပါ။၂ဝဝ၆-၂ဝဝ၇ ပညာသင်နှစ်က TTC က တစ်နိုင်ငံလုံး အဆင့်(၆)သာ ချိတ် ပါသည်။ ကျွန်တော့်အကြောင်း သိ ချင်လျှင် ကျွန်တော့်ကို ပညာသင် ပေးခဲ့သော ဆရာ၊ ဆရာမများကို မေးနိုင်ပါသည်။

၇။ ယာဉ်ထိန်းရဲကို ထိုးကြိတ် သည်ဟူသော ကိစ္စ

လုံးဝမဟုတ်ပါ။ သိလိုက်ရ သည်က လုပ်စားနိုင်ငံရေးသမား များက နှစ်ဖက်စလုံးမှာ ရှိတယ် ဆိုတာပဲဖြစ်ပါ သည်။ မီဒီယာအချို့ နှင့်ပူးပေါင်းအကွက်ဆင်ခဲ့ခြင်းဖြစ် ကြောင်းလည်း ပြောခဲ့ဖူးပါသည်။ သတင်းထွက် ထွက်ချင်းကတော့ အစိုးရတစ်ဖွဲ့လုံးကို စာပို့ရှင်းပြခဲ့ဖူး ပါသည်။ သူပြောသလို မီးစိမ်းခိုင်း တာ မီးဝါသွား၍ ဆင်းထိုးသည် ဆို သည်မှာလည်း မဟုတ်ပါ။ ဘယ်သူ မှလည်း အဲ့လိုလုပ်လို့ရမည်မထင် ပါ။ အခုခေတ်က ပွင့်လင်းမြင်သာ စွာ တရားစွဲဆိုနေကြသောခေတ် ဖြစ်ပါသည်။ သူသာ အမှန်ဆိုပါ လျှင် အခုနာမည် ကြီးနေသော ဘာအဖွဲ့အစည်း၊ ညာအဖွဲ့အစည်း များနှင့် ပူးပေါင်းတရားစွဲပါဟုသာ ပြောလိုပါသည်။

၈။ ဂျာနယ်တိုက် ဝင်စီးသည်ဟူ သော ကိစ္စ


- နိုင်ဝင်း (ခ) မိုးဟိန်းသည် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် အမေရိကသို့ နိုင်ငံရေး ခိုလှုံခွင့်ဖြင့် သွားရောက် နေထိုင်ခဲ့သူဖြစ်ကြောင်း သိရပါ သည်။ မြန်မာပြည်သို့ ပြန်ဝင်ခွင့် ရချိန်တွင် ‘ဒေါ်စု၊ NLD နှင့် ၈၈ အကြောင်းအကုန်သိထားပြီးဖြစ်၍ အတွင်းစည်းမှတိုက်ခိုက်မည်’ဟု အကြောင်းပြကာ ဝန်ကြီး တစ်ဦးထံ ဂျာနယ်ထုတ်ရန် သွားရောက်အ ကူအညီတောင်းခဲ့ကြောင်း သိရပါ သည်။ သူ့အပြောကို ယုံကြည်ကာ ဝန်ကြီးသားအနေဖြင့်လည်း နိုင် ဝင်း(ခ)မိုးဟိန်းမိသားစုကို နေစရာ အစ၊ ဗီဇာကိစ္စအလယ်၊ သူ့ကလေး ကျောင်းတက်ရန်အဆုံး ထောက်ပံ့ ပေးခဲ့ပါသည်။ ဒါကြောင့်လည်း နိုင်ဝင်း(ခ)မိုးဟိန်းက ရှိသမျှလူအ ကုန်လိုက်ဖဲ့နေသော်လည်း ထိုဝန် ကြီးနှင့် သူ့ကိုကူညီခဲ့သည့် ဘဏ် သူဌေးကြီးတစ်ယောက် အကြောင်း မရေးရဲခြင်း ဖြစ်ပါသည်။

- ကျွန်တော်တို့ကို ချိုးချိုးဖဲ့ဖဲ့ရေး လာသောအခါ ကျွန်တော်က ဝန် ကြီးသားကို ထိုကဲ့သို့မရေးပါရန် မေတ္တာ ရပ်ခံ ခဲ့ပါသည်။ ဝန်ကြီး သားက မိုးဟိန်းကိုထိန်းမရဖြစ်နေ ကြောင်း၊ သူ့ကိုထိတာနဲ့ ၈၈ အကူ အညီယူ၍ ပွဲကြမ်းမည်ဟုပင် ခြိမ်း ခြောက်လာကြောင်း၊ ဖြစ်ခဲ့သည့် ကိစ္စများအတွက် အလွန်အားနာ ကြောင်းပြောကာ သူ့ကို ပြောမရ သည့်အဆုံး ဂျာနယ်ဆက်ထုတ် ခြင်းမပြုနိုင်ရန် (ဝန်ကြီးသားက သူ့ပိုက်ဆံဖြင့်ပင် ဝယ်ထား သည့်) ကွန်ပျူတာများကို သွားရောက် သိမ်းဆည်းခဲ့ကြောင်း သိရပါသည်။

- ကျွန်တော် ဝင်ရောက်စီးနင်း ခဲ့ခြင်း မဟုတ်သော်လည်း ကျွန် တော့်ကြောင့် သူ့ဂျာနယ်ဆက်ထုတ် ဖို့အကြီး အကျယ်အခက်တွေ့သွား သလို ယခုလည်း ပြည်နှင်ဒဏ် အ ပေး ခံထားရ၍ စိတ်နာနေမှာဖြစ်ပြီး နည်းမျိုးစုံဖြင့်လည်း ကျွန်တော်တို့ ကို နာမည်ဖျက်ရန် ဆက်လက်ကြိုး ပမ်းနေမှာသာ ဖြစ်ပါသည်။

၉။ မူးယစ်ဆေးဝါးသုံးသည် ဆို သောကိစ္စ


- ဆေးလိပ်နံ့ပင် မခံနိုင်ပါခင် ဗျား… အရက်လည်းမသောက် တတ်ပါ။ ဒါကိုသိသော ကျွန်တော့် မိတ်ဆွေ များကလည်း ကျွန်တော့် ကောင်းကြောင်းလေး လည်း ပြော ပေးကြပါ။ အခုမှ ပြောပေးလျှင် လည်း ‘ဖားသည်’ ဟုတော့ မပြော တန်ရာပါ။

- ဦးမောင်ဝိတ်နှင့် ပေါင်း၍ ဆေးချသည်ဆိုသည်မှာ ဝေလာ ဝေးပါ။ သိသူများလည်း မေးကြည့် ကြပါ။ ကျွန်တော့်သင်္ကြန်မဏ္ဍပ် လာလည်သည်ကို အကြောင်းပြု ကာ ကောလာဟလထွက်ခြင်း ဖြစ် ပါသည်။

၁ဝ။ ပြိုင်ကားကိစ္စ

- ဝါသနာပါပါသည်။ လေယာဉ် ကွင်းနားရှိ ပြေးလမ်းမဟုတ်သော မြေကွက်လပ်၌လည်း မောင်းဖူးပါ သည်။ ဟိုလိုမျိုး ဒေါ်လာသန်းချီ ကားပြိုင်သည်ဆိုတာတော့ လျှောက် ပြောတာပါ။ ယခုလည်း ကျွန်တော့် တွင် ဘာပြိုင်ကားမှမရှိပါ၊ ပြိုင်ကား နှင့်ဆောင့်ကြွားဆောင့်ကြွားနေရ သည်ကိုပင် လုံးဝမနှစ်သက်ပါ။ ပြိုင်ကား လည်း မစီးပါ။ ကျွန်တော် ပြိုင်ကားနှင့်ရမ်းသည်ကို တွေ့က တစ်ခါတည်းဓာတ်ပုံရိုက် Internet ပေါ်တင်ပါ။

၁၁။ ဆီးဂိမ်းတွင် ကတ်ပြားမပါဘဲ ဝင်သည်ဟူသောကိစ္စ

- ကြောက်ပါပြီခင်ဗျား… နောက်ဆို ကတ်ပြားကို အချိန်ပြည့် ဆွဲထားပါ့မည်။

၁၂။ အထွေထွေ

- ဦးတေဇက ‘မိမိသည် နိုင်ငံ တော်အကြီးအကဲ သားမက်မဟုတ် ကြောင်း’ ၂ဝဝ၆ ခုနှစ်ခန့်က ပြော ခဲ့ဖူးပါသည်။

- မိမိ၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ဦးဇော်ဇော်ပုံမှာ ၂ဝဝ၇ ခုနှစ် ဆီဒိုးနားဟိုတယ် မွေးနေ့ပွဲကပုံ ဖြစ်ပါသည်။ ကုန်ကျစရိတ်မှာ လည်း ပုံမှန်ဖြစ်ပါသည်။အနီ ရောင်တိုက်ပုံမှာ အနီရောင်ကို ကြိုက်၍ ဝတ်ခြင်း ဖြစ်ပါ သည်။ ယတြာချေခြင်းမဟုတ်ပါ။

- တပ်မတော်ခေါင်းဆောင်များ သည်လည်းပဲ တချို့ရေးသားစွပ်စွဲ နေသလို ဗေဒင်၊ ယတြာများကို အယုံအကြည် အစွဲအလမ်း မရှိလှ ပါ။

- သမ္မတအရွေးခံမည်ဟုလည်း သတင်းထွက်ဖူးပါသည်။Freedom News ကပဲ ဖြစ်ပါသည်။ လုံးဝမဟုတ် ပါ။ အသက်လည်း မမီပါ၊ စိတ်လည်း မဝင်စားပါ။ သိရ သလောက် လက်ရှိလူများပင်ဆင်း ပြေးချင်နေကြ ပါသည်။

- ကမ္ဘာအေးဘုရားလမ်းတွင် မည်သည့်တပ်မြေ၊ ဝန်ကြီးဌာနပိုင် မြေမှမပိုင်ပါ။ တကယ်ရှိသည်ဆို လျှင်  လည်း လာမေးမနေပါနှင့်။ တစ်ခါတည်း ကျူးကျော်တဲများ ထိုး၍ အလကားသာ ယူသွားပါ။

- တခြား ဘာမှန်းမသိသော ကိစ္စများလည်း ရှိပါလိမ့်မည်။ အ ဓိပ္ပာယ်မရှိသောကိစ္စများသာ ဖြစ် ၍ မရေးတော့ပါ။

အခုလို ရှင်းပြတာကလည်း စိတ်ဆိုးဒေါသထွက်လို့ မဟုတ်ဘဲ အမှန်အတိုင်းသိစေလို၍သာ ဖြစ် ပါသည်။ တိုက်ခိုက်လာမှုရှိ၍လည်း အမှန်အတိုင်း ရှင်းပြခွင့်ရရှိခြင်း ဖြစ်ပါသည်။

ကောလာဟလများကို ဂရု စိုက်ရန်မလိုဟု ဆိုသော်လည်း အရင် တပ်ခေါင်းဆောင်များကို နာမည်ဖျက်ချင် တိုင်း ကျွန်တော်တို့ က တစ်ခါမှမကျူးလွန်ခဲ့သော ပြစ်မှု များဖြင့်အမြဲတစေ အပုပ်ချခံ ရမည်ဆိုသည်မှာတော့ အဓိပ္ပာယ် မရှိပါ။ မြန်မာပြည်တွင် ဒီမိုကရေစီ အမည်ခံကာ မီဒီယာကိုလက်နက် သဖွယ် ဆိုးဆိုးရွားရွား အသုံးပြု တိုက်ခိုက်နေကြသည်ကို လောက် ကိုင်ကိစ္စတွင်မှ ပြည်သူလူထုက အထိုက်အလျောက် သဘော ပေါက်နားလည်လာခြင်း ဖြစ်ပါ သည်။

ကျွန်တော်တို့တိုင်းပြည်သည် အရှေ့တောင်အာရှအချမ်းသာဆုံး တိုင်းပြည်မှ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် စာရင်းဝင်သွားခဲ့ဖူးပါ သည်။ တပ်မတော်အစိုးရလက် ထက်တွင်လည်း စစ်ဝင်မတိုက်ရုံ တမယ် အပြင်း အထန် ဖိအားပေး၊ ပိတ်ဆို့မှုများနှင့် ထပ်မံကြုံတွေ့ခဲ့ရ ပြန်သည်။ အခုလည်း နိုင်ငံတကာ က ဝင်ဆံ့လက်ခံ မည်ရှိသေး ပြည်တွင်းစစ်၊ ဆန္ဒပြဆူပူမှုများ၊ ပေါ်လစီမတည်ငြိမ်မှု၊ အချင်းချင်း မညီညွတ်မှုအပြင် ‘ကိုယ့်ခွင် ထဲဝင် လာပါက တွယ်လိုက်မည်’ဟူသော အယူအဆ၊ အတွေးအခေါ်များကို ဆက်လက်ဖက် တွယ် ထားသူများ ရှိနေသမျှ တိုင်းပြည်က ဘယ်လိုမှ တိုးတက်နိုင်မည် မဟုတ်ပါ။

သို့ဖြစ်ပါ၍ အမိနိုင်ငံတော် ကြီး ကမ္ဘာ့အလယ်တွင် တစ်ဖန် ဝင့်ကြွားစွာ ရပ်တည်နိုင်ဖို့အရေး ကျွန်တော့်တို့ အားလုံးက မေတ္တာ ရှေ့ထား သံသယစိတ်များဘေး ဖယ်ကာ တိုင်းရင်းသားမောင်နှမ အချင်းချင်း လက်တွဲ ညီညီပူးပေါင်း ၍ သူများနိုင်ငံများထက် နှစ်ဆ ကြိုးစားမှပင် တော်ကာကျမည်ဖြစ် ကြောင်း အစီရင်ခံတင်ပြ ရင်း ကျွန် တော်၏ စာကိုလည်း ဤနေရာတွင် အဆုံးသတ် နိဂုံးချုပ် အပ်ပါသည်။

(အထက်ပါစာသည် ဖိုးလပြည့်၏ ဖေ့ဘွတ်ခ်တွင် တင်ထားသောစာ ဖြစ်ပြီး၎င်း၏ ခွင့်ပြု ချက်ဖြင့် ဖော်ပြ ခြင်းဖြစ်သည်။)

Popular Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...