စီးကရက်မီးခိုးက ဆေးယဉ်ပါး ဘက်တီးရီးယားတစ်မျိုးကို ပို၍ကြမ်းတမ်း အားကောင်းစေနိုင်

သမန်းကျား၊ ရတနာပုံနေ့ စဉ်။

ပဋိဇီဝဆေးယဉ်ပါး သည့်အတွက် စူပါ ဘက်တီးရီးယားဟု သတ်မှတ်ထားသည့် MRSA ဘက်တီးရီးယား သည် အရေ ပြား၊ သွေးကြောနှင့် ခွဲစိပ်ဒဏ်ရာတို့ မှ ကူးစက်ပြီး အဖျားပြင်းလွန်းခြင်း သို့ မဟုတ် နျူမိုးနီး ယားဖြစ်စေခြင်းတို့ ဖြင့် လူ့ အသက်ကို အချိန်မရွေး အန္တရယ်ပေးတတ် ရာဝယ် ဆေး လိပ်မီးခိုးငွေ့ ကြောင့် MRSA သည် ပို၍ပင် ကြမ်းတမ်း အားကောင်းလာသည် ကိုတွေ့ ရှိရာကြောင်း အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီများက ဆိုသည်။

နဂိုကတည်းက ပဋိဇီဝဆေးကို ယဉ်ပါးနေတဲ့ MRSA ဘက်တီးရီးယားဟာ ဆေးလိပ်မီးခိုးငွေ့ နဲ့ တွေ့ ရင် ပိုလို့  တောင် ခံနိုင်ရည်ရှိလာပြီး ကြမ်းတမ်းရန် လိုလာလေ့ရှိတာကို တွေ့ ရပါတယ်။ ဆေးလိပ်သောက် တာဟာ လူ့  အသက်ရှူစနစ်ကို ထိခိုက်စေပြီး ခန္ဓာကိုယ်ခုခံအားစနစ်ကိုလည်း ထိခိုက်စေတယ်ဆိုတာ အားလုံးအသိပါ။

အခု နောက်ဆုံးလေ့လာတွေ့ ရှိချက်အရ ဆေးလိပ်မီးခိုးငွေ့ က ဒီ MRSA ဘက်တီးရီးယားကို ပိုလို့ တောင် ကြမ်းတမ်း ခက်ထန်လာစေပုံဟာ သိပ်ဆိုးတဲ့ခွေးတစ်ကောင်ကို တုတ်တစ်ချောင်းနဲ့  သွားဆွနေတဲ့အတိုင်း အခြေအနေကို ပိုဆိုးစေပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

ဆေးရုံဆေးခန်းတွေမှာ ဆေးလိပ်သောက်တဲ့လူနာ အများအပြားတွေ့ ဖူးပါတယ်။ သူတို့ မှာ MRSA ဘက်တီးရီးယား ကူးစက်အမှု လူတိုင်းနီးပါးမှာ ဖြစ်နေတာကို တွေ့ ရပါတယ်။ သေချာ စမ်းသပ်ကြည့် တဲ့အခါ ဆေးရုံဆေးခန်း ရောက် ဖူးသူတိုင်းမှာ MRSA ဘက်တီးရီးယား ကူးစက်နိုင်ပေမယ့် ဆေးလိပ် မသောက်သူတွေမှာ ခန္ဓာကိုယ်ရောဂါခုခံ ကာ ကွယ် စနစ်က MRSA ဘက်တီးရီးယားတွေကို အချိန် အတိုင်းအတာတစ်ခုအတွင်းမှာ နိုင်နင်းတာကို တွေ့ ရပါတယ်။ ဆေးလိပ်သောက်သူတွေမှာတော့ ဒီ MRSA ဘက်တီးရီးယားဟာ ပိုပိုပြီး ဆိုးလာတာကို တွေ့ ရပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

သာမန်လူတွေ နားလည်အောင် ပြောရမယ်ဆိုရင် ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ကူးစက်ခံရ လွယ်ပြီး အဲဒီရောဂါတွေ တစ်ကြိမ်ဖြစ်ပွားပြီးရင် သက်သာပျောက်ကင်းဖို့  မလွယ်သလို အခြားရောဂါမျိုးစုံကိုလည်း ကူးစက်ခံ ရစေမှာဖြစ်တဲ့အတွက် ဆေးလိပ်သောက်ခြင်းကို တတ်နိုင် သလောက် လျော့ချဖို့  တိုက်တွန်းပါ တယ်ဟု ၄င်းက ဖြည့်စွက်ပြောပြသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...