ထိုင်းရိုးရာ အစားအစာ တစ်မျိုးဖြစ်ပြီး အဝါရောင် ခရမ်းကြွပ်သီးကို သုံးလေ့ ရှိကြပါတယ်၊ ရွှေဖရုံ သီးပြုတ် အပါအဝင် ရေနွေးဖျောထားသည့် အသီး အရွက်များ၊ သခွါးသီးကဲ့သို့ လတ်လတ်ဆတ်ဆတ် အသီးအရွက် များဖြင့် တွဲဖက်စားလေ့ ရှိကြပါတယ်။

***... ခရမ်းကြွပ်သီး ဝက်ခေါက်ကြော် ငပိထောင်း အတွက် လိုအပ်တာလေးတွေ…

1. ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
2. ငရုတ်သီးစိမ်း – စားနိုင်သလောက်
3. သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. ဝက်ခေါက်ကြော် – လက်တစ်ဆုပ်ခန့် (အဆီ၊အသားတွဲနေသော ဝက်ခေါက်ကြာ်ကို သုံးနိုင်လျှင် ပိုကောင်းပါသည်။)
5. ပူစီနံ (mint) – ၁၅ ရွက်ခန့်
6. မီးကင်ထားသော (သို့) paper towel ဖြင့် ဖုံးကာ microwave ထဲ စက္ကန့် ၃၀ ခန့်ထည့်ထားသော စိမ်းစားငပိ (shrimp paste) – ထမင်းစားဇွန်း ၁ ဇွန်းခန့်
7. ခရမ်းကြွပ်သီး – ၂ လုံး
8. ငါးငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်း
9. သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်းခွဲခန့်

#. ခရမ်းကြွပ်သီးကို အလယ် အူတိုင်ထုတ်ကာ ပါးပါးလှီးပြီး ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်) ထည့်ဖျော် ထားသော ရေထဲ စိမ်ထားပါ။ အလယ်အူတိုင် များကိုပါ စိမ်ထားပါ။

#. ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း နှင့် သကြားကို ဦးစွာထောင်းပါ။

#. အနည်းငယ်ချိုးခြေထားသော ဝက်ခေါက်ကြော် နှင့် ခရမ်းကြွပ်သီး၏ အလယ်အူတိုင်များ ထည့်ကာ အတော်လေး ညက်အောင်ထောင်းပါ။

#. ပူစီနံ နှင့် ငပိထည့်ကာ ရောနှောသွားအောင် ထောင်းပေးပါ။

#. ပြီးလျှင် ငါးငံပြာရည်၊ သံပုရာရည်၊ ရေစစ် ဆယ်ထုတ်ထားသော ခရမ်းကြွပ်သီးတို့ဖြင့် ခပ်ဖွဖွ နယ်ပေးပြီးနောက် ခရမ်းကြွပ်သီး ဝက်ခေါက်ကြော် ငပိထောင်းလေး ကြိုက်နှစ်သက်ရာ အသီးအရွက် များဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...