ဝက်သက်ရောဂါ ကူးစက်ပြန့် ပွားမှုမရှိအောင် မိဘများ ထိန်းသိမ်းပေးနိုင်

သမန်းကျား၊ ရတနာပုံနေ့ စဉ်။

ဝက်သက်ဗိုင်းရပ်သည် အလွန်ကူးစက် လွယ်သည့် အတွက် ကာကွယ်ဆေးကို နှစ်စဉ် ထိုးနှံပေးနေ ကြသော်လည်း အမေရိကန်ပြည်ထောင်စုတွင်ပင် ၀က်သက်ရောဂါ ကာကွယ်ဆေး အချိန်မှီ မထိုး ကြသူ များကြောင့် ယမန်နှစ် ဒီဇင် ဘာ လမှစတင်ကာ ၀က်သက်ရောဂါဖြစ်ပွား ကူးစက်လျက်ရှိပြီး ကယ်လီ ဖိုးနီးယားတွင် ကလေးပေါင်း ၁၃၀ ဦးထက် မနဲတို့ သည် ၀က်သက်ရောဂါကို ခံစားနေရသောကြောင့် မိဘများအနေဖြင့် ၀က်သက်ရောဂါ ပြန့် ပွားကူးစက်မှု မရှိ အောင် စနစ်တကျ ထိန်းချုပ်ပေးနိုင်ရန် သက်ဆိုင် ရာက ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း သိရသည်။

ဝက်သက်ဖြစ်ရင် ကိုယ်အပူချိန်တက်မယ်၊ ချောင်းအဆက်မပြတ်ဆိုးမယ်၊ တစ်ကိုယ်လုံး ယားနာ ဖုတွေ ပေါက်လာမယ်။ စနစ်တကျ မထိန်းချုပ်နိုင်ရင် ကူးစက်ရ အင်မတန်လွယ်ကူတဲ့ ဗိုင်းရပါဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု မှာ ၀က်သက်ရောဂါကို အမြစ်ဖြတ်ပြီးပြီလို့  ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှုဟာ မမှန်ဘူးဆိုတာ အရင်နှစ် ဒီဇင်ဘာ လ ကနေ စပြီး အထောက်အထားတွေကို တွေ့ နေရပါပြီ။ ၀က်သက်ရောဂါ ကူးစက်ပြန့် ပွားမှုနှူန်းကို မိဘတွေက အများကြီး ထိန်းသိမ်းပေးနိုင်ပါတယ်ဟု သုတေသီ တစ်ဦးက ပြောပြသည်။

ဝက်သက်ရောဂါဖြစ်ပွားနေသူအား တိုက်ရိုက် ထိတွေ့ မိခြင်းကြောင့်လည်းကောင်း၊ ၄င်းချောင်းဆိုး၊ နှာခြေလိုက် သည့် လေနှင့် ထိတွေ့ မိခြင်းဖြင့်လည်းကောင်း ကူးစက်နိုင်ပြီး ချောင်းဆိုးခြင်းမှ အမြန်ဆုံးနှင့် အများဆုံး ကူးစက် နိုင်ကြောင်း သိရသည်။ သို့ သော် ကမ္ဘာ့လူဦးရေတွင် ၀က်သက်ရောဂါ ကာကွယ်ဆေး ထိုးမထားသည့် လူဦးရေက ပိုများနေသည့်အတွက် တစ်ချိန်ချိန်တွင် ၀က်သက်ရောဂါသည်လည်း တစ်ကမ္ဘာလုံးကို ခြိမ်းချောက်နိုင်သော ကပ် ရောဂါဆိုးကြီး ဖြစ်လာနိုင်ကြောင်း ယင်းသုတေသီ က ဆက်လက်ပြောပြသည်။

ကလေးများအနေဖြင့် ရောဂါကူးစက်မှု မဖြစ်ပွားအောင် နေထိုင်ရမည့်ပုံစံကို သိရှိလိုက်နာနိုင်သည့်အား နဲပါးခြင်း ကြောင့် ၀က်သက်ရောဂါသည် ကလေးများတွင် ပို၍ဖြစ်ပွားလေ့ရှိပြီး ၀က်သက်ဗိုင်းရပ် ကူးစက် လျင် အနဲဆုံး တစ်ပါတ်ခန့်  ဝေဒနာခံစားရလေ့ရှိကာ အဖျားတက်ခြင်း၊ ညောင်းညာကိုက်ခဲခြင်း၊ ကြွက်သား နာကျင်ခြင်း၊ မျက်လုံးနီ ခြင်း၊ နှာရည်ယိုခြင်း အစရှိသည့် လက္ခဏာများကို ပြလေ့ရှိကာ အဖုနီများ ထွက်လာ မှသာ လူအများက ၀က်သက် ဖြစ်နေမှန်း သိကြခြင်းဖြစ်သည်။

ထို့ အတွက် မိဘများအနေဖြင့် သား၊သမီးများကို ၀က်သက်ကာကွယ်ဆေး အချိန်မှီ ထိုးပေးခြင်း၊ ၀က်သက်ဖြစ်ပွား သော ကလေးကို သီးခြားခွဲထားခြင်းတို့ ဖြင့် အဆိုပါ ဝေဒနာရှင် ကလေးငယ်ကို ကူညီပေးနိုင်ကြောင်း သိ၇သည်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...