ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာဖြေဆိုရန် ပျက်ကွက်သူ ခုနှစ်ထောင် ကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာဖြေဆို သည့်နေ့တွက် ပျက်ကွက်သူ ခုနှစ်ထောင်ကျော် ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန် တိုင်းဒေသကြီးတွင် ဆေးရုံကြီး စာစစ်ဌာန အပါအဝင် စာစစ်ဌာနပေါင်း ၂၁၂ ခုရှိပြီး တက္ကသိုလ် ဝင်စာမေးပွဲဖြေရန် စာရင်းရှိဦးရေ ၁၀၆၁၆၇ ဦးရှိပြီး သင်္ချာဘာသာရပ်နေ့တွင် လာရောက်ဖြေဆိုသူ ၉၈၇၂၉ ဦးရှိကာ ဖြေဆိုရာခိုင်နှုန်းသည် ၉၂ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူ ဦးရေ ၇၄၃၈ ဦးရှိရာ ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၀၁ ရာခိုင်နှုန်းပျက်ကွက်ခဲ့ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

မတ် ၁၁ ရက်က စတင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၆၃၂၂၀၉ ဦးရှိခဲ့ပြီး မြန်မာစာဘာသာ ဖြေဆိုသည့်နေ့တွင် ဝင်ရောက် ဖြေ ဆိုသူ ၅၉၇၇၆၈ ဦးရှိခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၅၅ ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်း၊ ပျက် ကွက်သူ ၃၄၄၄၁ ဦးရှိခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၅ ဒသမ ၄၅ ရာခိုင်နှုန်း ပျက်ကွက်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများ မှ တစ်ဆင့်ထုတ်ပြန်ကြေညာ ချက်များအရ သိရသည်။

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မေးခွန်းတစ်စုံ သာပြုစု ခဲ့ပြီး နိုင်ငံခြားစာစစ်ဌာနအတွက် မေးခွန်းတစ်စုံနှင့် အရန်တစ်စုံသာ ထားရှိခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မေးခွန်းတစ်စုံတည်း ပြုစုထားခြင်းဖြစ်သော်လည်း မေးခွန်းအနေအ ထားသည် ထူးခြားခြင်းမရှိကြောင်း၊ သင်ခန်းစာကို သေချာလေ့လာ ကျက်မှတ်ထားသူမည်သူ မဆို ကောင်း မွန်စွာ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း၊ အထက (၁) ရန်ကင်းမှ တက္ကသိုလ်ဝင်တန်းကျောင်းသူ မမြတ်မြတ်ထက် ကပြောသည်။

“သုံးဘာသာပြီးသွားပြီ။ အကုန်လုံးတော့ဖြေနိုင်ပါတယ်။ မေးခွန်းတွေက အရမ်းကြီးခက်ခက်ခဲခဲမရှိဘူး လို့ထင်တယ်။ နောက်ဘာသာရပ်တွေမှာလဲ အကောင်းဆုံးဖြေနိုင်အောင် ကျက်မှတ်နေပါတယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် တက္ကသိုလ်ဝင် တန်းကျောင်းသူ မသီရိခင်က ပြောသည်။

Democracy Today Daily
မတ်လ (၁၅) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...