ညအိပ်ယာဝင်ခါနီး မစားသင့်သော အစားအသောက် (၅) မျိုး

အစားအသောက်ကို လူတိုင်းကြိုက်နှစ် သက်ကြပါ တယ်။ သို့ သော် ညအိပ်ယာ ၀င်ခါနီး အစား အစာတွေအ များ ကြီး စားမိတဲ့အခါ၊ အစာမကျေ ဗိုက်အင့်စေပြီး၊ အိပ်စက်ခြင်းကိုပါ အနှောင့် အယှက်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အောက်ပါ အစားအသောက် (၅) မျိုးက အိပ်စက်ခြင်းကို အဟန့် အတားဖြစ်စေနိုင်၍ အထူး သတိပြုရှောင် ရှား သင့်ပါတယ်။

(၁) အာလူးကြော်များ။

အာလူးချောင်းကြော်၊ အာလူးအကျွတ်ကြော်၊ ပြောင်းဖူးပေါက်ပေါက် စတဲ့ဆီကြော် အစားအစာတွေထဲမှာ ဆီပါဝင်မှုလွန်စွာ များ ပြားလှပါတယ်။ အကယ်၍ ညအိပ်ယာမ၀င်ခင် တီဗွီကြည့်ရင်း ၄င်းအစား အစာ တစ်မျိုးမျိုးကို လက်တဆုပ် စာလောက်စားမိတယ် ဆိုရင်ဘဲ၊ ကျေညက်စေဖို့ အတွက် အစာအိမ်ထဲမှာ အချိန်တော်တော်ကြာအောင် အစာချေဖျက်နေရပါတယ်။ နံက်မိုးသောက်၍ အိပ်ယာထတဲ့အခါမှာ မအီမလည်ဖြစ်ခြင်း၊ လေပွခြင်းတို့ ခံစားရပါလိမ့်မယ်။

(၂) လ္ဘက်ရည်/ကော်ဖီ/ကိုလာဖျော်ရည်များ။

ကဖိန်းဓာတ်များတဲ့ လ္ဘက်ရည်/ကော်ဖီပြင်းပြင်းဖြစ်စေ၊ နို့ ဓာတ်များတဲ့ လ္ဘက်ရည်/ကော်ဖီပျော့ဖြစ်စေ၊ ကိုလာ အချိုရည်ဘဲဖြစ်စေ ၄င်းကဖိန်းဓာတ်များကို ညနေ ၄ နာရီနောက်ပိုင်းကစ၍ မသောက်သင့်ပါဘူး။ ကဖိန်းဓာတ်က ဦးနှောက်နှင့် အာရုံခံအဖွဲ့ အစည်း ကို တက်ကြွအောင်လှုံ့ ဆော်ပေးတာကြောင့်၊ သင့်ရဲ့ အိပ်စက် အနားယူချိန်ကို ဓါးပြတိုက် ခံရတတ်ပါတယ်။

(၃) အပူအစပ် အစားအစာများ။

ပူစပ်သော အစားအစာများကို စားပြီးတဲ့အခါ၊ အစာအိမ်မှ အက်ဆစ်တွေ အထွက်များလာပြီး၊ ဘေးထွက် ဆိုးကျိုး အဖြစ် ရင်ပူခြင်း၊ လေပွခြင်း၊ လေချဉ်တက်ခြင်း၊ ဗိုက်နာ ဗိုက်အောင့်ခြင်းဖြစ်ရုံ သာမက ည အိပ်ပျော်နေစဉ် အာခြောက် ၍ရေငတ်ခြင်းတို့ ကိုပါဖြစ် စေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ညစာဟင်းလျာကို အချို (အဖြူထည်) ချက်စားပေးနိုင်ရင် ပိုကောင်းပါတယ်။

(၄) ရေခဲမုန့် /သကြားလုံးအပါအ၀င် အချိုအစားအစာများ။


အချိုကဲတဲ့ အစားအစာတွေကို နံက်(သို့ မဟုတ်)နေ့ လည် မှာစားပေးနိုင်ပါတယ်။ သို့ သော် ညနေစောင်းမှ စ၍ မစားသင့်တော့ပါ ဘူး။ အဘယ်ကြောင့်ဆိုသော် ၄င်းသွားရည်စာ မုန့် အချိုများက ဦးနှောက်ခွန်အား ကိုကောင်းမွန်စွာလှုံ့ဆော်ပေးတာကြောင့်၊ သွယ်ဝိုက်သော နည်းအားဖြင့် နှစ်ခြိုက်စွာ အိပ်မောကျခြင်း ဇီဝဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေပါတော့တယ်။

(၅) အရက်သေစာများ။

အရက်သောက်ပြီးနောက် ချက်ချင်း အိပ်ပျော်သွားတာကြောင့် လူအများစုက အရက်ကို ညအိပ်ယာဝင်ခါ နီးသောက်သင့်တယ်လို့  ထင်မှတ် မှားနေကြပါတယ်။ အမှန်တကယ်မှာတော့ အရက်က အိပ်စက်ခြင်းကို လုံးဝဖျက်ဆီး ပစ်ပါတယ်။ ဘေးအမြင်မှာ အရက် မူး၍ အိပ်ပျော်နေတယ်လို့ ထင်ရသော်လဲ၊ ကာယကံရှင် ကတော့ အိပ်မက် ဆိုးတွေမြင်မက်ခြင်း၊ ဂယောင်ဂတမ်းပြောဆိုအော် ဟစ်ခြင်း၊ ချွေးထွက်ခြင်း၊ ခေါင်း ကိုက်ခံခြင်း စတဲ့ဝေဒနာများဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်လေ့ မရှိပါဘူး။ အရက်ကို ဆေးဖြစ်ဝါးဖြစ် မှီဝဲကြသူ များအတွက် အရက်သောက်ရန် အသင့်တော်ဆုံးအချိန်မှာ ညအိပ်ယာမ၀င်ခင် ၄-နာရီခန့် အလိုမှာဖြစ် ပါတယ်။ (ဥပမာ ည ၁၀ နာရီအိပ်ယာဝင်သူဖြစ်ပါက ညနေ ၆ နာရီနောက်ပိုင်းမှစ၍ အရက်မသောက် သင့်တော့ ပါဘူး)

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...