အားဖြည့်အချိုရည်များကြောင့် လူငယ်များ၌ပင် နှလုံးရောဂါရနိုင်

ကဖင်းဓါတ် ပုံမှန် စားသုံးမှုမရှိ သည့် လူငယ်များ သည် အားဖြည့် အချိုရည် သောက်သုံးသည့် အခါ သွေးပေါင် ချိန်မြင့်တက် လာသည်ကို တွေ့ ရပြီး နှလုံးရောဂါများ ခံစားရနိုင် သည့် အန္တရာယ်  ရှိကြောင်း အမေရိ ကန်နိုင်ငံMayo Clinic သုတေသီ များက ဆိုသည်။

အသက် (၁၉) နှစ်မှ (၄၀) ကြား အမေရိကန်လူငယ် (၂၅) ဦးကို အားဖြည့်အချိုရည်နှင့် အာနိသင်မဲ့ အချို ရည် တစ်ဗူးစီ အလှည့်ကျ သောက်သုံးစေပြီး နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တို့ကို တိုင်းတာမှုများ ပြုလုပ်ခဲ့ သည်။ အားဖြည့်အချိုရည် (သို့) အာနိသင်မဲ့အချိုရည်တို့ မသောက်သုံးမီနှင့် သောက်ပြီး နာရီ ၀က်အကြာ တို့တွင် နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တို့ကို တိုင်းတာခဲ့ပြီး ကဖင်းဓါတ် ပုံမှန်စားသုံးလေ့မရှိသူ များနှင့် ကဖင်းပုံမှန်စားသုံးတတ်သူ များအကြား ကွာခြားမှုများကို ပါ လေ့လာခဲ့ကြသည်။ အားဖြည့် အချို ရည်သောက် ပြီး နာရီဝက်အတွင်း သွေးပေါင်ချိန် သိသိသာသာမြင့် တက်လာပြီး အာနိသင်မဲ့ အချို ရည်သောက်ပြီးချိန်တွင် သွေးပေါင်ချိန် ပြောင်းလဲမှုမရှိသည် ကို တွေ့ရသည်။

ထို့ပြင် ကဖင်းဓါတ်ပုံမှန်စားသုံးလေ့မရှိသူများတွင် အားဖြည့် အချိုရည်သောက်ပြီး သွေးပေါင်တက် ခြင်းကို ပိုမိုထင်ရှားစွာ တွေ့မြင်ရ ကြောင်း သုတေသီများကဆိုသည်။

“ကဖင်းဓါတ် ပုံမှန်မစားသုံး ဖူးသူတွေအတွက် အားဖြည့်အချို ရည်ဆိုးကျိုးတွေဟာ ပိုသိသာထင်ရှား တတ်ပါတယ်။ လူငယ်တွေပင်ဖြစ် စေကာမူ အားဖြည့်အချိုရည်တွေ ကြောင်း နှလုံးရောဂါတွေပါ ရနိုင်ပါ တယ်”ဟု သုတေသီ Anna Svatikova ကဆိုသည်။

ဇော်ကို
Ref:NMD
Health Updates Journal No.162
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...