မိခင်နို့ ရည်လှူဒါန်းခြင်းသည် သွေးလှူဒါန်းသည်ကဲ့သို့  ဇီဝိတဒါနဖြစ်မြောက်

သမန်းကျား၊ ရတနာပုံနေ့ စဉ်

အမေရိ ကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီး ယားပြည်နယ်၊ ဆန်ဟိုဇေးမြို့ တွင် မိခင်နို့ ရည် ဘဏ်ကို ဖွင့်လှစ် ထားပြီး သားသည် မိခင်များ ပိုလျံသော မိခင်နို့ ကို သိုလှောင်ထားရှိကာ မိခင်နို့ သောက်စို့ ခွင့် မရသော ကလေးငယ်များ၊ နို့ ရည်ခမ်းခြောက်ပြီး မိမိရင်သွေးကို နို့ ဝအောင် မတိုက်နိုင်သော မိခင်များကို ထောက်ပံ့ ကူ ညီပေးနေပြီး မိခင် နို့ ရည်လှူဒါန်းခြင်း သည် သွေး လှူဒါန်းခြင်းကဲ့သို့ ပင် ဇီဝိတ ဒါနမြောက်ကြောင်း ၄င်းတို့ က ခံယူထား သည်ဟု သိရသည်။

ကျွန်မ ပထမဆုံး ကလေးမွေးတုန်းက နေ့ စဉ်ပိုလျံတဲ့နို့ ကို ရေခဲသေတ္တာထဲ သိမ်းထားတာ အောင်စပေါင်း ရာနဲ့ ချီ ရရှိ ခဲ့ပါတယ်။ ကျွန်မရဲ့ ပိုလျံတဲ့နို့ ရည်ကို ဆာလောင်နေတဲ့ မွေးကင်းစလေးတွေကို တိုက်ကျွေး ရတာ အလွန်ပဲ ပီတိဖြစ် ပါတယ်။ နောက်ကလေးတွေမွေးလာတော့ ကျွန်မရဲ့ ပိုလျံနို့ ရည်တွေကို မိခင် နို့ ရည်ဘဏ်ကို အပ်နှံခဲ့ပါတယ်။ ဘဏ်ဝန်ထမ်းက နေ့ စဉ် ကျွန်မဆီလာပြီး ကျွန်မလှူဒါန်းတဲ့နို့ ရည်ကို ယူသွားလေ့ ရှိပါ တယ်ဟု ကလေး ၃ဦးမွေးဖွား ခဲ့သည်အထိ နို့ ရည်ကိုလှူဒါန်းခဲ့သူ မိခင်တစ်ဦး က ပြောပြသည်။

မိခင်တွေက လှူဒါန်းထားတဲ့နို့ ရည်ကို ကျွန်မတို့ အခကြေးငွေနဲ့  ရောင်းချနေတာ မဟုတ်ပါဘူး။ နို့ ရည် သယ်ယူ ပို့ ဆောင်ခ၊ ထိန်းသိမ်းစောင့်ရှောက်ခတွေကိုပဲ အလှူခံမယ့်သူတွေက မျှဝေကျခံရတာဖြစ်ပါတယ် ဟု နို့ ရည်လိုအပ် လျှင် ဆေးရုံအရောက် သွားရောက်ပို့ ဆောင်ပေးသော မိခင်နို့ ရည်ဘဏ် ၀န်ထမ်း တစ်ဦးက ပြောပြသည်။ မိခင် နို့ ရည်အလှူခံရာတွင် မိခင်ဖြစ်သူကို သွေးစစ်ခြင်း၊ ရောဂါကူးစက်ခံထားရမှု ရှိ၊မရှိစစ်ဆေးခြင်း၊ နို့ ရည်မှ တဆင့် ကူးစက်နိုင်သော ရောဂါရှိ၊မရှိ သွေးစစ် အဖြေရှာခြင်း တို့ ကိုပြုလုပ် ရကြောင်း သိရသည်။

ကလေးတွေအတွက် ၂မျိုး အကျိုးရှိပါတယ်။ တစ်ခုကတော့ မိခင်တွေ လှူဒါန်းထားတဲ့နို့ ရည်နဲ့  အသက် ဆက်နိုင် ကြတာပေါ့။ နောက်ထပ်အ ကျိုးကျေးဇူး တစ်ခုကတော့ မိခင်နို့ ရည်ကို များများသောက်ခွင့်ရလေ IQ မြင့်လေပဲ ဖြစ် တဲ့အတွက် မွေးကင်းစ ကလေးငယ်တိုင်း မိခင်နို့ ရည်သောက်ခွင့် ရအောင် အခုလို မိခင်နို့ ရည်ဘဏ်တွေ ဖွင့်ပြီး ကူညီပေးနေတာဖြစ်ပါတယ်ဟု ဆန်ဟိုဇေး မိခင်နို့ ရည်ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...