မြို့ ကြီးများ၊ မီဂါစီးတီးများနှင့် သတိထားစရာများ

သမန်းကျား၊ ရတနာပုံနေ့ စဉ်။

မြို့ ကြီးဆိုတာ ဘယ်လောက်ကြီး တဲ့မြို့ ကို ဆိုလို တာပါလဲ။ ကမ္ဘာပေါ်မှာ မီဂါစီးတီးလို့ ခေါ် တဲ့ မြို့ ကြီးပေါင်း ၃ ဒါဇင် ခန့်  ရှိပါတယ်။ ဒီမြို့  တစ်မြို့ မှာ လူပေါင်း ၁၀ သန်းခန့်  နေထိုင်ပါ တယ်။ မြို့ ကြီးဆိုတဲ့အတိုင်း အကျိုး ကျေးဇူး တွေ လည်း ရှိပါတယ်။ လူဦးရေ တိုးလာတာ၊ သူတို့  အခြင်းခြင်း ကူးလူးဆက်ဆံတာ၊ အခြေခံအုတ်မြစ် အဆောက်အဦးတွေ တိုးတက်ဖွံ့ဖြိုးလာတာတွေ ဟာ မြောက်များလှစွာသော အခွင့် အရေးတွေကို ဖန်တီးပေးပါ တယ်။ အခွင့်အရေးတွေနဲ့ အတူ လေထု ညစ်ညမ်းမှု၊ တိုက်ခန်းအိမ်ခန်း ငှားခဈေးနှူန်း မြင့်တက်မှု၊ အခြေခံအုတ်မြစ် အဟောင်းတွေနဲ့  မကိုက် ညီတော့ဘဲ အခြေခံအုတ်မြစ်အသစ် ကိုလည်း တည်ဆောက်မရမှု စတဲ့ ပြဿနာတွေ ကလည်း ဒွန်တွဲပြီး ပါလာပါတယ်။ ဒါကြောင့် မီဂါစီတီးတွေ နဲ့ အတူ ပါလာလေ့ရှိတဲ့ သတိထားစရာပြဿနာတွေ အကြောင်း ဆွေးနွေးသွားပါမယ်။

လူဦးရေ တိုးပွားလာတာနဲ့ အမျှ သယ်ယူပို့ ဆောင်ရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အား၊ ရေအရင်း အမြစ်၊ ဆေးဝါး၊ နေစရာနေရာ အစရှိတာတွေ ပိုပြီးလိုအပ်လာသလို ဒီလူတွေအားလုံးက စွန့် ထုတ် လိုက်တဲ့ အညစ်အကြေး၊ အမှိုက်သရိုက်၊အသုံးပြုလိုက်တဲ့ ယာဉ်တွေကြောင့် ထွက်ပေါ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ သူတို့ ဆီက ဗိုင်းရပ် တွေ၊ ဘက်တီးရီးယားတွေ၊ သူတို့ ကိုပေးရတဲ့ လစာ၊လုပ် အားခတွေဟာ အရွယ်အစားပမာဏ ကြီးမားသလို ရောဂါ၊ ပြစ်မှု၊ ဆူညံမှု ဖြစ်ပွားမှုနှူန်းလည်း တိုးလာမှာ ပဲ ဖြစ်ပါတယ်။

မီဂါစီးတီးတွေဟာ ရပ်တန့် မရနိုင်တော့တဲ့နှူန်းနဲ့  ကြီးထွားလာနေပါတယ်။ ဒီကြီးထွားမှုနဲ့ အတူ ပါလာတဲ့ လိုအပ် ချက် တွေကို ဖြည့်ဆည်းနိုင်ဖို့ အတွက် အဆက်မပြတ် ဆန်းသစ်တီထွင်နေရသလို လုပ်စရာ ရှိတာတွေကို နေ့ မနား၊ညမအား လုပ်နေရပါတယ်။ ဥပမာ အရင်တုန်းက ခုံးကျော်တံတားတစ်စီးကို အချိန် ၃ နှစ် ယူဆောက်လို့  ရပါတယ်။ အခုဆိုရင် ၈လအတွင်း အပြီးဆောက်ရတာမျိုး ရှိလာပါတယ်။ လိုအပ် ချက်တွေ ပိုများလာပြီး ပေးနိုင်တဲ့ အချိန်ကျတော့ ပိုနဲလာတဲ့အတွက် အင်မတန်ကို တက်သုတ်ရိုက် အလုပ်လုပ်နေရပါတယ်။ ဒီလိုအလုပ်လုပ်နေရတာ ကို Super Linear Scaling လို့ ခေါ်ပါတယ်။ ဆက် လက်ပြီး ကမ္ဘာ့မီဂါစီးတီးတွေ လက်ရှိကြုံတွေ့ နေတဲ့ အခက်အခဲ တွေကို လေ့လာကြည့်ရအောင်။

အီဂျစ်နိုင်ငံမြို့ တော် ကိုင်ရို ဟာ လူဦးရေထူထပ် သိပ်သည်းမှုဒဏ်ကို အပြင်းအထန်ခံစားနေရပါတယ်။ လူဦးရေ ၁၈ ဒသမ ၅ သန်းရှိပြီး လူနေအိမ်ရာတွေ ထူထပ်ပြွတ်သိပ်နေတဲ့ပြဿနာကို ဖြေရှင်းဖို့  အီဂျစ်  အစိုးရ ကြိုးစားနေတာ ၁၀ နှစ်မကတော့ပါဘူး။ အရင်လကပဲ ကိုင်ရိုမြို့ ရဲ့ အရှေ့ ဘက်ခြမ်းကို မြို့ သစ်ချဲ့ ထွင်ဖို့  စီစဉ်ခဲ့ပါတယ်။ ဒီစီမံကိန်း ဟာ ပေါင် ၃၀ ဘီလီယံ တန်ဖြစ်ပြိး အချိန် ၅ နှစ် ကနေ ၇ နှစ် ယူရပါလိမ့်မယ်။ အကျယ် ၇၀၀ စတုရန်းမိုင်ရှိမယ့် ဒီ မြို့ သစ်မှာ ပန်းခြံကြီးတစ်ခြံကို ထည့်သွင်းတည်ဆောက်သွားမှာဖြစ်ပြီး အဲဒီပန်းခြံဟာ နယူးယောက်မြို့ ရဲ့  Central Park ရဲ့  ၂-ဆ ပိုကြီးနေပါလိမ့်မယ်။ ဒါပေမယ့် လူတွေဟာ သူတို့ အလုပ်နဲ့ ဝေးရာကို မပြောင်းချင်ကြ သလို အဲဒီမြို့ သစ်ဟာ အလိုလိုနေရင်း ဆင်းရဲသားရပ်ကွက် ဖြစ် လာနိုင် တဲ့ ပြဿနာ ရှိနေပါသေးတယ်။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့  မှာ အိမ်ဈေးနှူန်းတွေဟာ မယုံကြည်နိုင်လောက်အောင် မြင့်မားနေပါတယ်။ လူဦးရေ ၁၀ သန်း ထက်မနဲရှိပြီး အိမ်ကို ၀ယ်ဝယ်၊ဌားဌား ဈေးအလွန်ကြီးပါတယ်။ လန်ဒန်မြို့ ရဲ့  အိမ်ခြံမြေဈေးဟာ ယူကေတစ် ခွင်လုံးမှာ အရောင်းအ၀ယ်လုပ်နေကြတာထက် ၂-ဆ ဖြစ်နေပါတယ်။ လန်ဒန်မှာမွေးဖွားသူအတော်များများဟာ ကြီးမြင့်လွန်းတဲ့ ဈေးနှူန်းတွေကို မတတ်နိုင်တော့တဲ့ အတွက် မြို့ ငယ်တွေကို ထွက်သွားခဲ့ကြရပြီး သူတို့ ရဲ့  မိရိုး ဖလာ တစ်ထပ်အိမ်တွေနေရာမှာ နိုင်ငံခြား ရုံးတွေ၊ကုမ္ပဏီကြီးတွေ ထွက်ပေါ်လာပါတယ်။

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ ။ လူ ၂၁ သန်း နေထိုင်ပါတယ်။ ဒါဟာ နယူးယောက်မြို့ နဲ့  လူဦးရေခြင်းတူတယ် ဆိုပေ မယ့် မွန်ဘိုင်းဟာ နယူးယောက်ရဲ့  တစ်ဝက်လောက်ပဲ ရှိပါတယ်။ မြို့ ပတ်ရထားတွေ ဟာ မြို့ တစ် ဖက်နဲ့ တစ်ဖက် ကို အနဲဆုံး မိနစ် ၅၀ ကြာပါတယ်။ နိုင်ငံတကာမှာ ဒီခရီးကို ၂၅ မိနစ် အများဆုံးကြာ ပါတယ်။ ဘူတာတိုင်းမှာ အဆင်းအတက် များလွန်းတဲ့အတွက် အခုလို အချိန်ပိုကြာတာလို့  သိရပါ တယ်။ မြို့ ပြကျယ်ပြန့် လာတဲ့ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး ၁၉၉၁ ခုနှစ်မှာ တိုက်တာအဆောက် အအုံဆောက်လုပ်ရာမှာ အထပ်အမြင့်ကို ကန့် သတ် လာခဲ့ပါတယ်။ ဒါပေမယ့် မြို့ ကြီးဟာ ဒေါင်လိုက် မကျယ်တော့ဘဲ အလျားလိုက်ကျယ်သွားပါတော့မယ်။ အဲဒီလို ကျယ်သွားတဲ့အတွက် ရထားလိုင်းတွေ တိုးချဲ့ ပြေးဆွဲပေးရပြန်ပါတယ်။

မွန်ဘိုင်းမြို့ ပတ်ရထားတစ်စီးမှာ ရထားတွဲ ၉ တွဲပါပါတယ်။ ခရီးသည် ၂၆၂၈ ဦး ဆန့် ပါတယ်။ ဒါဟာ ၈၇၆ ဦးက ထိုင်ပြီး ၁၇၅၂ ဦးက မတ်တပ်ရပ်စီးရမှာပါ။ ဒါပေမယ့် ရထားတစ်စီးဟာ ရုံးဆင်းရုံးတက်ချိန်မှာ ခရီးသည် ၄၅၀၀ လောက်ကို တင်ဆောင်မောင်းနှင်နေရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ ။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုအန္တရယ်နဲ့ ကြုံတွေ့ နေရပါတယ်။ တစ်နေ့ နေ့  မှာ ပင်လယ်အောက် မြုပ်သွားမယ့် မြို့ တော်ပါပဲ။ ဒီနှစ်ဖေဖော်ဝါရီလမှာ သည်းထန်စွာ ရွာသွန်းခဲ့တဲ့ မုတ်သုံမိုး ကြောင့် လူဦးရေ ၁၄ သန်းနေထိုင်တဲ့ ဂျာကာတာမြို့ ကြီးမှာ လူပေါင်း ၆၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ပါတယ်။ မတ်လမှာလည်း မိုးကြီးရေလျံတဲ့အတွက် လူ ၄ ဦးသေဆုံးပြီး အယောက် ၂ သောင်းကျော်ကို ဘေးကင်းရာ ရွှေ့  ပြောင်း ပေးခဲ့ရပါတယ်။

အင်ဒိုနီးရှားပင်လယ်ပြင်ဟာ တစ်နှစ်ကို ၆-၉ မီလီမီတာနှူန်း မြင့်တက်လာနေပါတယ်။ ဒီ အတွက် အစိုးရက ဒေါ်လာ ၄၀ ဘီလီယံ အကုန်အကျခံပြီး အရှည် ၃၂ ကီလိုမီတာရှိတဲ့ ပင်လယ်ရေကာတံတိုင်း ကြီးကို အချိန် နှစ် ၃၀ ယူပြီး တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ရှန်ဟိုင်း။ တရုတ်နိုင်ငံ ရဲ့  စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှူန်ဟာ တစ်နှစ်ကို ၇ ရာခိုင်နှူန်း အနည်းဆုံး ရှိတဲ့အတွက် မီဂါစီးတီးအရေအတွက်လည်း များလာပြီး တရုတ်အစိုးရဟာ ဒီမြို့ ကြီးတွေရဲ့  လိုအပ်ချက်တွေကို အမှီဖြည့်ဆည်းနိုင်ဖို့  မနဲကြိုးစားနေရပါတယ်။ ဒီအတွက် ရှန်ဟိုင်းမှာ စတီး၊ ဘိလပ်မြေ၊ မှန် စက်ရုံတွေ အများကြီး ထပ်မံတိုးချဲ့ ဖွင့်လှစ်ထုတ်လုပ်နေရပါတယ်။

အဲဒီမြို့ မှာ လေထုညစ်ညမ်းမှုကတော့ တစ်ကမ္ဘာလုံးမှာ အဆိုးရွားဆုံး ပဲလို့  ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုလေထုညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံမှာ နှစ်စဉ် လူအယောက် ၅ သိန်းထက်မနဲ သေဆုံးနေပါ တယ်။ လေထဲမှာ ဆာလဖိတ်၊ နိုက်ထရိတ်၊ အမိုးနီးယား၊ ဆိုဒီယမ်ကလိုရိုက်၊ ကာဗွန်၊ တွင်းထွက်ဖုန် မှုန့် ၊ ရေခိုးရေငွေ့ တို့ ပါဝင်နေတဲ့အတွက် လူတိုင်းနီးပါးမှာ အဆုပ်ကင်ဆာဖြစ်ပွားဖို့  ရာနှူန်းပြည့် ဖြစ် ပါတယ်။

 မြို့ ပြကျယ်ပြန့် လာတာ ကောင်းတဲ့လက္ခဏာလို့  ယူဆနိုင်ပေမယ့် သူ့ နောက်ကွယ်မှာ ကြီးမား တဲ့ ပြဿနာတွေ ရှိနေနိုင်တယ်ဆိုတာကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...