ကိုယ်ခံအား တိုးမြှင့်ချင်သူတွေဟာ ကိုယ့်ခံစားချက်တွေကို နေ့တိုင်း ချရေးသင့်

စိတ်ရှုပ်စရာတွေ လျော့ပါး သွားစေမယ့် အပြင် ကိုယ်ခံအား တိုးမြှင့်ချင်သူတွေဟာ ကိုယ့်ခံစား ချက်တွေကို နေ့တိုင်း ချရေးသင့်တာ သင် ကြုံတွေ့ နေရတဲ့ ပြသနာတွေကို ရေးချခြင်းက သင့်ရဲ့ ကိုယ်ခံအားကို တိုးမြင့်ရာမှာ အထောက် အကူ ဖြစ်စေတယ်လို့  သုသေတန ပြုလုပ် သူတွေ က ဆိုပါတယ်။

University of Auckland ရဲ့လေ့လာ သုံးသပ်ချက် အရ မိမိတို့ရဲ့ စိတ်ခံစား မှုတွေကို ရေးချလေ့ ရှိ သူတွေ က နေ့စဉ်ပုံမှန် လှုပ်ရှားသွား လာနေသူတွေ ထက် စိတ်သက်သာမှု သုံးဆပို ရရှိပါတယ်။

စမ်းသပ်မှုအနေဖြင့် ပါဝင်သူ ကျား၊ မ ဦးရေ ၅၀ ခန့်ကို နေ့စဉ် ၂၀ မိနစ်ခန့် ၃ရက်ဆက်တိုက် စာရေး ခိုင်းပြီး နောက်ဆုံး ရလဒ်ကတော့ အဖွဲ့ရဲ့  တ၀က် ခန့်ဟာ သူတို့ ကြုံတွေ့နေရတဲ့ စိတ်ဓာတ်ကျစရာတွေ ကို ရေးသားကြပြီး ကျန်တ၀က်ကတော့ စိတ်ခံစား ချက်ရေးသားဖော်ပြခြင်း မရှိဘဲ နောက်နေ့တွေမှာ လုပ်ရမယ့် လုပ်စဉ်တွေကိုသာ ရေးချကြပါတယ်။ ၂ပတ် အကြာမှာ ပါဝင်သူများကို ပြန်လည် စမ်းစစ်ကြည့် ရာမှာတော့ စိတ်ခံစားမှုကို ရေးသားထားတဲ့ အဖွဲ့က စိတ်သက်သာမှု ၇၆ ရာခိုင်နှုန်း ရှိချိန်မှာ ကျန်ရှိတဲ့ တခြားအဖွဲ့က ၄၂ ရာခိုင်နှုန်းသာ ရှိနေပါတယ်။

Dr Elizabeth Broadbent က အခုလိုစိတ်နဲ့ ကိုယ် ဆက်နွယ်မှုကိုလေ့လာခြင်းဟာ လူသားတွေရဲ့ စိတ်ဝေဒနာတွေကို ကုသပေးနိုင်တယ် ဆိုတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။ အနာဂတ်မှာလည်း အခုလို စာရေးခြင်းဖြင့် နာတာရှည်ရောဂါတွေကို ကုသပေးနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် စမ်းသပ်မှုမှာတော့ ဒဏ်ရာရထားတဲ့ အားကစားသမား အယောက် ၅၀ ခန့်ကို အပတ်စဉ် မိနစ် ၂၀ ခန့် ၊ ၃ ပတ်အတွင်း ရေးချခိုင်းတဲ့အခါ လူတ၀က်ခန့် ကသာ ဒဏ်ရာကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ရေးချတာတွေ့ရပြီး ကျန်တ၀က်ကတော့ ခံစားမှုနှင့် မသက်ဆိုင်တဲ့ အကြောင်း အရာတွေကိုသာ ရေးချထားကြပါတယ်။ Glasgow Caledonian University ရဲ့ လေ့လာမှုအရ ခံစား ချက်တွေကို ထည့်ရေးထားတဲ့အဖွဲ့မှာ ဒဏ်ရာပျောက်ကင်းမှု ပိုမိုလျင်မြန်နေပါတယ်။

အခုလို ခံစားမှုတွေကိုရေးချခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့ပါးလာစေနိုင်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းတွေ က အိပ်စက်ခြင်းကို နှောက်ယှက်စေနိုင်ပါတယ်။ ဒါ့ပြင် နှစ်ခြိုက်စွာအိပ်စက်ခြင်းက ဒဏ်ရာတွေကို ကုသ ရာမှာ အလွန်အရေးပါကြောင်းကို သိရှိရပါတယ်။

Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...