အလုပ်ခွင် ၀င်နေသူတွေရဲ. ရှောင်ရန်၊ ဆောင်ရန်

နံပါတ် (၁)
လုပ်ဆောင်သင့်တာ - တရားထိုင်ပါ။ တစ်နေ.အနည်းဆုံး နာရီဝက်လောက် တရားထိုင်၊ တရားမှတ် တတ်တဲ့ သူတွေက အာရုံစူးစမ်းမှုအား ပိုကောင်းတယ် လို. လေ့ လာတွေ.ရှိသူတွေ ကပြောပါတယ်။
ရှောင်ရမယ့်အရာ - ညအိပ်ရေး ပျက်မခံပါနဲ.။ အာရုံ စူးစိုက်နိုင် စွမ်းတွေကိုလျော့ ကျစေပါ တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းက အကောင်းဆုံး လန်းဆန်းတက်ကြွမှု ကိုပေးပါတယ်။

နံပါတ် (၂)
လုပ်ဆောင်သင့်တာ - အသစ်အသစ်တွေကို စူးစမ်းလေ့လာပါ။ အတွေးသစ်အမြင် သစ်တွေတွေးခေါ်ကြည့် ပါ။ သီချင်းအမျိုးအစား၊ အစားအသောက် ကအစ မတူတာတွေလေးတွေကို ခံစားလေ့လာကြည့်ပါ။
ရှောင်ရမယ့်အရာ - ဥာဏ်သုံးစဉ်းစားရတဲ့ အလုပ်တွေကို ရှောင်ပြေးတာမျိုး မလုပ်ပါနဲ.။ အချိန်နဲ. စွမ်းအင် ခွန်အားတွေကို အကျိုးရှိရှိ အသုံးချဖို.လည်း လိုပါတယ်။ ဥာဏ်ရည်ဥာဏ်သွေး ကျမသွားအောင် အမြဲလို စဉ်းစားတွေးခေါ်နေဖို.လည်း လိုပါတယ်။

နံပါတ် (၃)
လုပ်ဆောင်သင့်တာ - ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူက ဥာဏ်ရည် ဥာဏ်သွေးကို အသုံးပြုပြီး အလုပ်ပို လုပ်ပါတယ်။ အောင်မြင်ချင်၊ လုပ်ကိုင်ချင်တာတွေ များတဲ့အတွက် ပိုကြိုးစား လာပါတယ်။ တော်ရုံနဲ. အလျော့မပေးတော့ပါဘူး။
ရှောင်ရမယ့်အရာ - တစ်ယောက်တည်း အကောင်အထည်ဖော် လုပ်ဆောင်တာမျိုး မလုပ်ပါနဲ.။ ကိုယ့် ဘာသာ တစ်ယောက်တည်း စဉ်းစားတွေးတောပြီး ပြသနာတွေကိုလည်း တစ်ယောက်တည်း အတင်းဖြေရှင်းနေတာမျိုး မလုပ်ပါနဲ.။ တချို.ပြသနာ၊ အရေးကိစ္စတွေက အသင်းအဖွဲ.ရဲ. အတွေးအမြင် အကူအညီတွေ လိုအပ်ပါတယ်။

နံပါတ် (၄)
လုပ်ဆောင်သင့်တာ - သင်ယူပါ။ လူတော်လူတတ် ပညာရှင်ကြီးတွေ တွေးခဲ့၊ လုပ်ခဲ့တာတွေကိုကြည့်ပြီး အဲ့ဒီ့အချက်တွေပေါ်ကနေ ငါဘာတွေလေ့လာ သင်ယူလို.ရနိုင်မလဲဆိုတာအမြဲရှာဖွေပါ။
ရှောင်ရမယ့်အရာ - သိုးတစ်ကောင်လို မကျင့်ကြံပါနဲ.။ တခြားလူတစ်ယောက် လုပ်ကိုင်လို. အဆင်ပြေ တာနဲ. သင့်အတွက်လည်းအဆင်ပြေနိုင်မယ်လို.မတွေးပါနဲ.။ အကြံဥာဏ်ယူ အတုယူတာနဲ. အတုခိုးပြီး လိုက်လုပ်တာ မတူပါဘူး။

နံပါတ် (၅)
လုပ်ဆောင်သင့်တာ - အာရုံစိုက်ပါ။ သေသေချာချာ နားထောင်ပါ။ စိတ်ရှည်ရှည်ထားပြီး အမြဲတမ်းလည်း သတိရှိနေပါ။
ရှောင်ရမယ့်အရာ - အဖြေကိုပဲ တန်းမစဉ်းစားပါနဲ.။ ပြသနာအခက်အခဲကိုသေချာ သိနားလည်အောင် ကြိုးစားပါ။ ပြီးမှာဘယ်လိုဖြေရှင်းတာအကောင်းဆုံးဖြစ်မလဲဆုံးဖြတ်ပါ။

နံပါတ် (၆)
လုပ်ဆောင်သင့်တာ - ဖြစ်နိုင်တယ်၊ လုပ်နိုင်တယ်လို.ပဲတွေးပါ။ လက်ခံပါ။ အသစ်အသစ်တွေကို စူးစမ်း အကောင်အထည်ဖော်ပြီး ရလဒ်ကိုလေ့လာပါ။
ရှောင်ရမယ့်အရာ - မဖြစ်နိုင်ဘူးလို.ချည်းပဲ မငြင်းပါနဲ.။ နည်းလမ်းဟောင်းတွေက ရလဒ်အဟောင်းတွေ ပဲပေးနိုင် ပါလိမ့်မယ်။

နံပါတ် (၇)
လုပ်ဆောင်သင့်တာ - ဆွေးနွေးပါ။ မေးပါဖြေပါ။
ရှောင်ရမယ့်အရာ - ငြင်းခုံရန်ဖြစ်တာမျိုး မလုပ်ပါနဲ.။

နံပါတ် (၈)
လုပ်ဆောင်သင့်တာ - လှုပ်ရှားမှုတွေပြုလုပ်ပါ။ လမ်းလျှောက်နေတဲ့အချိန် ဒါမှမဟုတ် လမ်းလျှောက်ပြီးတဲ့ အချိန်မှာဆိုရင် ဦးနှောက်က အကြံဥာဏ်ကောင်းတွေ သာမန်ထက် ၆၀% လောက် ပိုထွက်နိုင်ပါတယ်။
ရှောင်ရမယ့်အရာ - အပျင်းမထူပါနဲ.။ ကိုယ်လိုချင်တဲ့ ပန်းတိုင်နဲ. အောင်မြင်မှုကိုရအောင် အချိန်နဲ. ခွန်အားတွေကို အမြဲတမ်း အသုံးချနိုင်အောင်ကြိုးစားပါ။

Wilson Chan (YK)

Credit : Pinterest
https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.3276958
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...