ချွေးထွက်လေ ရနံ့ပိုသင်းလေးဖြစ်တဲ့ ရေမွှေးကို သိပ္ပံပညာရှင်တွေ တီထွင်

ချွေးပိုထွက်လေ အနံ့ပို ထွက်လေဖြစ်တဲ့ ပထမ ဆုံး ရေမွှေး အမျိုးအစားကို ထုတ်လုပ် လိုက်ပြီကြောင်း ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်တွေ က ပြောဆိုခဲ့ပါတယ်။ Queen’s University Belfast မှ သုတေသီတွေက ဒီရေမွှေး အမျိုးအစား သစ်မှာ အစိုဓာတ်နဲ့ ထိတွေ့တဲ့အခါ အနံ့အသက်ပို ထုတ်ပေးကြောင်း ထုတ်ပြန်ချက် တစ်ခုမှုာ ပြောဆို ခဲ့ပါတယ်။

ရေမွှေးမှာ အနံ့အသက် မရှိဘဲ ဆားကို အရည်ပုံစံအဖြစ်နဲ့ ionic liquid ကို အသုံးပြုထားပါတယ်။ ရနံ့မရှိတဲ့ ionic liquid က ရေနဲ့ ထိတွေ့မှု ရတဲ့အခါ ရနံ့ထုတ်ပေးကာ လူတစ်ယောက်ရဲ့ အရေပြားသို့ ရေမွှေးရဲ့ ရနံ့ပိုထွက်စေ တယ်လို့ ဆိုပါတယ်။ ဒီရေမွှေး အမျိုးအစားသစ်က ကိုယ်အနံ့ဆိုးတွေကိုလည်း ဖယ်ရှားပေး တယ်လို့ ဆိုထားပါသေးတယ်။

Ref: NYdaily
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...