အလုပ်နဲ့ လူနဲ့ မပြတ်ရင် အရည်အသွေးနဲ့ ပြတ်သွားနိုင်ပါတယ်။

သမန်းကျား၊ ရတနာပုံနေ့ စဉ်

အလုပ်များတာနဲ့  အလုပ်များများ လုပ်တာနဲ့  အလုပ် များများပြီးအောင် စီမံခန့် ခွဲတတ်တာနဲ့  မတူပါဘူး။ သင် အောင်မြင် လာတာနဲ့ အမျှ အလုပ်များလာမှာ ပါပဲ။ ဒါပေမယ့် အဲဒီအလုပ်တွေ အားလုံးကို သင် တစ်ယောက် တည်းကပဲ လုပ်နေမယ် ဆိုရင် အောင်မြင်မှုကနေ ဆုတ်ယုတ်မှုဖြစ် သွားတယ် ဆိုတာ လက်မခံချင်ဘဲ လက်ခံနေရ ပါလိမ့်မယ်။

ဒီကမ္ဘာပေါ်မှာ အောင်မြင်နေသူတွေဟာ အလုပ်များများပြီးအောင် စီမံခန့် ခွဲတတ်ပြီး ကိုယ်ပိုင်အချိန်ကို စနစ်တကျ ယူတတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့  စနေ၊ တနင်္ဂနွေတွေမှာ အလုပ်မလုပ်ကြပါဘူး။ အီးမေးနေ့ တိုင်းမစစ်ပါဘူး။ ဖုန်းကို Vibraton Mode မှာပဲ ထားတတ်ကြပြီး သဘာဝလောကအလှနဲ့  နီးစပ်နိုင်သမျှ နီးစပ်အောင် နေကြပါတယ်။

မနက်ပိုင်းကို မိမိအတွက် အသုံးပြုကြပါတယ်။ နေ့ လည်ပိုင်းကနေကျမှ အလုပ်နဲ့ အခြားလူတွေအတွက် အချိန်ကိုပေးကြပါတယ်။ ညနေပိုင်း လည်းရောက်ရော မိသားစုအတွက် အချိန်ပေးပြန်ရော။ အများပြည်သူ ရုံးပိတ်ရက်၊ အားလပ်ရက်တွေမှာ ခရီးတို ထွက်တာတွေ လုပ်ကြပါတယ်။ အလှူအဒါန်းလေးလည်းလုပ်၊ လူမှုရေးလေးလည်းသွား၊ ပျော်ရွှင်မှုတွေနဲ့ လည်း စည်ကားနေအောင် ဘ၀ကို အရည်အသွေးပြည့် ၀စွာ နေထိုင်ကြသူတွေဖြစ်ပါတယ်။

ဒီလူတွေဟာ ဘယ်လိုလူတွေလဲ။ အလုပ်ကို ပိုမြန်၊ပိုကောင်းအောင် လုပ်တတ်ကြသူတွေဖြစ်ပါတယ်။ တစ်ရက် တစ်ရက် နာရီအနည်းငယ်ပဲ အလုပ်လုပ်ကြပေမယ့် အလုပ်ပြီးမြောက်မှုနှူန်းက အားရကျေနပ် ဖွယ် ကောင်းလှပါ တယ်။ အလုပ်ကို ပိုမြန်၊ပိုပြီး၊ပိုကောင်းအောင် လုပ်တတ်ကြသူတွေရဲ့  သဘောသဘာဝ ကို ကမ္ဘာကျော် လုပ်ငန်း ရှင်တစ်ဦးက အခုလိုပဲ ဝေဖန်သုံးသပ်ပြထား ပါတယ်။

တစ်နေကုန်၊တစ်ညလုံး မနားမနေအလုပ်လုပ်တဲ့အတွက် လူတစ်ယောက်ဟာ ပိုပြီးအောင်မြင်လာမယ်၊ လုပ်ကိုင် နိုင်စွမ်းတွေလည်း တိုးတက်လာမယ်လို့  ထင်နေတာလား။ လူတစ်ယောက်ရဲ့  လုပ်ကိုင်နိုင် စွမ်းဟာ တစ်နာရီ ကြာလိုက်တိုင်း လျော့သွားလေ့ရှိပါတယ်။ အထူးသဖြင့် တစ်ပါတ်မှာ အလုပ်ချိန် နာရီ ၅၀ထက်ပိုသွားရင် အဲဒီလူ ဟာ ဘာအလုပ်မှဆက်လုပ်လို့ မရအောင် ထုံသွားလေ့ရှိပါတယ် လို့  Talent Smart ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သူ Travis Bradberry က ပြောပါ တယ်။

Travis က Hotwire.com ရဲ့  တွဲဖက်တည်ထောင်သူလည်းဖြစ်၊ အိမ်ခြံမြေရောင်းဝယ်ရေးဝက်ဘ်ဆိုက် Zillow ရဲ့  အမှုဆောင်အရာရှိလည်းဖြစ်တဲ့ Spencer Rascoff ကို ထောက်ပြပြီး ဥပမာပေးပါတယ်။ Spencer ဟာ စနေ၊တနင်္ဂ နွေ တွေမှာ ‘အလုပ်’ ကို ရှောင်ပါတယ်။ ‘အလုပ်’ ဆိုတဲ့ စက်ယန္တရားကြီးကို မီးပလပ်ဖြုတ်လိုက်ပြီး အနားပေးလိုက် ပါတယ်။ ဒီ ၂ရက်မှာ အဲဒီစက်ယန္တရားကြီးရဲ့  ကြံ့ခိုင်မှုကိုပဲ သူလုပ်ပါတယ် လို့  Travis က ရှင်းပြပါတယ်။

အောင်မြင်တဲ့လူတွေဟာ စနေ၊တနင်္ဂနွေနေ့ တွေမှာ နေထိုင်မှုပုံစံကို ပြောင်းလိုက်ပြီး အနားယူ၊ အပန်းဖြေပြီးတော့ အားသစ်ပြန်လည်ပြည့်ဖြိုးလာအောင် လုပ်ရကောင်းမှန်း သိကြပါတယ်။ တစ်ပါတ်မှာ ၂ရက် အလုပ်မလုပ်တဲ့ အတွက် အလုပ်ချိန်လျော့သွားပါတယ်။ ဒါပေမယ့် တနင်္လာနေ့ အလုပ်ပြန်စတဲ့အခါ လန်းဆန်းတက်ကြွနေတဲ့ အတွက် အလုပ်တွေကို တစ်ခဏလေးနဲ့  ပြီးတာမို့  အလုပ်ချိန်နဲပြီး အလုပ်ပြီးမြောက်မှုက များနေခြင်းဖြစ်ပါတယ်။

စနေ၊တနင်္ဂနွေနေ့ တွေမှာ နေထိုင်မှုပုံစံ ဘယ်လိုပြောင်းရမလဲဆိုရင် အဆက်အသွယ်ဖြတ်ရ ပါမယ်။ သော ကြာနေ့  ညနေပိုင်းကနေ တနင်္လာနေ့ မနက်ပိုင်းအထိ သင့် အီးမေးလ်၊ အလုပ်ဝက်ဆိုက်၊ အလုပ်ဖုန်း တွေ ကို ပိတ်ထားရပါ မယ်။ အိမ်အလုပ်တွေကို လျော့ချပါ။ တစ်ပါတ်လုံး မလုပ်ထားတော့ အိမ်အလုပ်တွေ ပုံနေပါလိမ့်မယ်။ တစ်နေကုန် လုပ်လည်း ပြီးမှာမဟုတ်ပါဘူး။ တစ်ကယ်တော့ တစ်သက်လုံးလည်း ပြီးသွား မှာ မဟုတ်ပါဘူး။ ဒီတော့ အိမ်အလုပ် ကို အချိန်အကန့် အသတ်နဲ့ ပဲ လုပ်ပါ။ ဒါမှမဟုတ် အမျိုးအစားခွဲ လုပ်ပါ။

စနေ၊တနင်္ဂနွေ ဆိုတာ ရုံးအလုပ်ကနေ အိမ်အလုပ်ပြောင်းလုပ်ဖို့ မဟုတ်ဘဲ အားဖြည့်လန်းဆန်းဖို့  ဆိုတာ ကို မမေ့ပါနဲ့ ။ စိုစိုပြည်ပြည်ဖြစ်မယ့် အစီအစဉ် တွေ ဆွဲပါ။ အိမ်မှာ တီဗီထိုင်ကြည့်မယ့်အစား ပန်းခြံထဲက တီးဝိုင်းကို သွားအားပေးလိုက်ပါ။ အိမ်က လမ်းလျှောက် စက်မှာ ပျင်းခြောက်ခြောက် လမ်းလျှောက်နေမယ့် အစား တောင်တက်ခရီးလေး သွားလိုက်ပါ။ မလုပ်ဖူးသေးတာ ဒါမှ မဟုတ် မလုပ်တာကြာပြီဖြစ်တဲ့ တစ်ခုခု ကို လုပ်ပါ။ တနင်္လာနေ့ ရုံးတက်တဲ့အခါ သင့်စိတ်ဓါတ်ထဲ အရည်သွေးတွေ ပါသွားပါလိမ့်မယ်။

မနက်ခင်းတွေဟာ ‘Me Time’ လို့ သတ်မှတ်ပါ။ တစ်ပါတ်လုံး ရုံးကို၊ မိသားစုကို အချိန်ပေးခဲ့ပြီးပါပြီ။ စနေ၊တနင်္ဂနွေ ၂-ရက်၊ မနက်ပိုင်းတွေမှာ ဘယ်သူ့ အတွက်မှ အချိန်မပေးပါနဲ့ ။ ချစ်သူအတွက်လည်း မပေးပါနဲ့ ။ မိုးကောင်းကင် အောက်မှာ ကိုယ့်တစ်ယောက်တည်း လွတ်လပ်ပျော်ရွှင်စွာ နေကြည့်လိုက်ပါ။ မနက်အိပ်ယာကနိုးပြီး ၂နာရီကနေ ၄နာရီအတွင်းဟာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံး အချိန်ဖြစ်ပါတယ်။ အကျိုးရှိရှိ အသုံးချပါ။

အလုပ်နဲ့ လူနဲ့ မပြတ်ရင် အရည်အသွေးနဲ့ ပြတ်သွားပါမယ်။ အလုပ်ကိုလုပ်သာလုပ်နေရပြီး အရည် အသွေးနဲ့  အလုပ်ပြီးမြောက်မှုနှူန်းကို ထိခိုက်စေပါလိမ့်မယ်။ သစ်ခုတ်သမားလိုပဲ သစ်ပင်ကို ခုတ်နေတာ ချဉ်းမဟုတ်ဘဲ ပုဆိန်သွေးတဲ့အချိန်လည်း ထားရှိကြဖို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...