မိမိကိုယ်ကို ကျေနပ်ပါ ၊ ရောင့်ရဲ တင်းတိမ်ပါ

လူတိုင်းက မိမိကိုယ်ကို ကိုယ့်ထက် သာတဲ့လူနဲ့ နှိုင်း ယှဉ်ပြီး သိမ်ငယ် တတ်ကြပါတယ်။ မိမိကိုယ်ကို ပြန် အားပေးပြီး ရောင့်ရဲတတ်ဖို့ နဲ့ ကျေနပ်တတ်ဖို့ ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။

တကယ်တမ်း ကိုယ့်ထက်သာတဲ့ လူတွေဆိုတာက ကိုယ့်ထက် အဘက်ဘက်ကနေ သာလွန်နေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ကံ ၊ ဥာဏ် ၊ ၀ီရိယ အစ ရှိတဲ့ အကြောင်းအရာတွေ အကုန်လုံးက သာ လွန်နေ တဲ့ အတွက်ကြောင့်ဖြစ် ပါတယ်။ ကံ အရမ်းကောင်းနေပေမဲ့ ဥာဏ် နဲ့ ၀ီရိယက ယှဉ်တွဲပြီး ပါမလာ ဘူးဆိုရင် အောင်မြင်မှု ရရှိမှာ မဟုတ်သလို ဥာဏ် နဲ့ ၀ီရိယက ကောင်းနေပေမဲ့လည်း ကံက ပါမလာဘူး ဆိုရင်တော့ အများလို အောင်မြင်မှုမျိုး ကိုရရှိမှာ မဟုတ်ပါဘူး။

ဒါကြောင့် အများလို အောင်မြင်မှုမျိုးကို သူတို့လို ချက်ချင်းလက်ငင်း ရရှိလိမ့်မယ်လို့တော့ ဘယ်တော့ မှ တွေးမထားပါနဲ့။ မိမိဟာ ဥာဏ်နဲ့ ၀ီရိယကို အားစိုက်ကြိုးစားနေပြီ ဆိုရင်တော့ ဆက်ကြိုးစားပါ ကံ အကြောင်းတရားဟာ သူ့ဟာသူ အလိုလို ရောက်လာပါလိမ့်မယ်။ အနှေးနဲ့ အမြန်ပဲ ကွာပါလိမ့်မယ်။ မိမိဟာ ကံအရမ်းကောင်းနေတဲ့ လူတစ်ယောက်ဆိုရင်တော့ ဥာဏ်နဲ့ ၀ီရိယကို အားထုတ်ကြိုးစားလိုက်ရင် သင်မျှော်လင့်နေတဲ့ အောင်မြင်ကို လျှင်မြန်စွာ ရရှိမှာဖြစ်ပါတယ်။

ဒါကြောင့် ဘ၀အတွက် ကြိုးစားနေချိန်မှာ အများကို အရမ်းမကြည့်ပါနဲ့။ ကြည့်တော့ကြည့်ပါ သူတို့ ဘယ်လို ကြိုးစားခဲ့တယ် ဆိုတဲ့ ကြိုးစားမှုကို အတုယူဖို့ ကြည့်ပါ။ မိမိကိုယ်ကို ကျေနပ်နိုင်မှ ရောင့်ရဲ တင်းတိမ် နိုင်ပါမှ မိမိဘ၀အတွက် စိုးရိမ်ကင်းကင်းနဲ့ ကြိုးစားနိုင်မှာဖြစ်ပါတယ်။

Written By Aung Ko Htet
#akh_mmitknowledge
Knowledge Bank
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...